အပိုင္း(၂၈)

603 29 0
                                    

ယွီယန်နှင့်ဝူရှင်းတို့ထွက်သွားပြီးတော့မှ ဟောင်ရန်က သက်ပြင်းသဲ့သဲ့လေး ချလိုက်တော့သည်။ အနည်းဆုံးတော့ သူအားချွမ်ကို ရသမျှကာကွယ်ပေးမည်။

ကုတင်ထက်မှ အားချွမ်ဟာ လှပပြီး အပြစ်ကင်းပေသည် ဟုဟောင်ရန်ထင်မိသည်။ အကယ်၍ သူဟာ တရားခံဆိုရင်တောင် တရားဥပဒေက်ု်ိ ဆန့်ကျင်၍ သူကာကွယ်ပေးမည်။ ဒါဟာ အားချွမ်အပေါ်သို့ ဟောင်ရန်ထားသည့် အချစ်စိတ်ပါလေ။

အမွှေးတိုင်တစ်တိုင်ကြာအချိန်အထိ ဟောင်ရန်မှာ စိုက်ကြည့်နေရာခဏကြာတော့ မျက်ခုံးတို့ တွန့်ကျူးလာပြီး နိုးထလာသော အားချွမ်ပင်။

"နိုးပြီလား..."

ဟောင်ရန်က အားချွမ်မျက်လုံးတို့ ပွင့်လာသည်ကို မြင်ပါလျက်နှင့် မေးလိုက်သည်။ အားချွမ်ကတော့ ကုတင်ထက်မှ ကုန်းရုန်းထလိုက်သည်။

"မင်း ငါ့ကိုလိမ်ခဲ့တာလား..."

အားချွမ်၏မျက်လုံးတို့ဟာ သံသယစိတ်ဖြင့် ပြည့်နေကာ မယုံကြည်သလိုအကြည့်မျိုးဖြင့် ကြည့်လိုက်မိသည်။ သို့ပေသော်လည်း ဟောင်ရန်ဟာဂရုမစိုက်ဘဲ အားချွမ်က်ို သူ၏ရင်ခွင်ထဲထည့်လိုက်သည်။

"က်ိုယ်ပြောတာ နားထောင်ပါ...ချွမ်အာ"

ဟူ၍ပြောလိုက်ပြီး ဟောင်ရန်က သူအသံပြတ်သည်ကအစ အားချွမ်ကို တစ်ခုချင်းစီရှင်းပြလေတော့သည်။ အကုန်လုံးရှင်းပြပြီးပေမယ့် အားချွမ်က စိတ်သိပ်မပြေ ဘာမှလဲမပြောပေ။ ဘာပဲဖြစ်ဖြစ် ဟောင်ရန်က သူ့ကိုလှည့်စားခဲ့တာပဲ မဟုတ်လား။ သူခွင့်မလွှတ်နိုင်ချေ။

ထိုအချိန်တွင် တံခါးပွင့်လာပြီး ဝူရှင်းက လိမ်းဆေးတစ်ခုကိုင်လာ၍ ဝင်လာ၏။

"ယောက်ဖတော်...ဒါက ကြာပွတ်ဒဏ်ရာတွေအတွက် လိမ်းဆေးပါ။ ဘယ်အမာရွတ်မဆို ပျောက်ပါတယ်...ကျွန်တော်တို့ သွားပါတော့မယ်"

ပြောပြီးသည်နှင့် လိမ်းဆေးကို စားပွဲခုံပေါ်တင်ကာ အပြင်သို့ပြန်ထွက်သွားတော့သည်။

"ဟုတ်သားပဲ...ဆေးလိမ်းရအောင် မှောက်လိုက်"

ဟောင်ရန်က ထိုသို့ပြောလိုက်ပြီး အားချွမ်၏ ကိုယ်လုံးလေးအား ဖြေးဖြေးလေး မှောက်စေလိုက်သည်။ ဖြူစင်ဝင်းပသည် နောက်ကျောပြင်ထက်မှ ကြာပွတ်ရာတို့ဟာ နေရာအန့ှံပြန့်နေသည်။ အချို့ဆိုလျှင် သွေးတို့က စိမ့်ထွက်နေသေးသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now