Extra

1.1K 47 0
                                    

"ဦးရီးတော်နှစ်...ဖေဖေနဲ့မေမေတို့ကို လာမခေါ်ခိုင်းလို့ရမလား။ ကျွန်တော် ဦးရီးတော်တို့ ဆီမှာပဲအိပ်မယ်လေ"

အားချွမ်က စကားများနေသော သူ၏ပေါင်ပေါ်မှ ငါးနှစ်အရွယ် ကလေးလေးဝူလေးအား ကြည့်ရင်း ပြုံးလိုက်သည်။ ထိုကလေးသည် ယွီယန်တို့၏ သားလေး တစ်ယောက် ဖြစ်လေသည်။ ယွီယန်တို့နှင့် သူတို့ဟာ အိမ်ခွဲနေပေမယ့် မကြာခဏဆိုသလို တူဖြစ်သူလေးဟာ အားချွမ်တို့ဆီတော့ လာလည်ပေသည်။ ထိုနေ့တွင်တော့ ယွီယန်တို့က မနက်စောစော လာပို့ထားပြီး ညနေဘက်မှ ပြန်လာခေါ်လေသည်။ တစ်ခါတစ်လေတွင်တော့ မပြန်ပဲ သူတို့ဆီမှာသာ အိပ်လေသည်။

"ဒီနေ့တော့မရဘူး အရူးလေး...နောက်နေ့မှပဲ လာအိပ်တော့"

အားချွမ်၏ စကားကြောင့် ထိုကလေးဟာ နှုတ်ခမ်းဆူသွားကာ စိတ်ကောက်သွားလေသည်။ အားချွမ်က ပြုံးလိုက်ပြီး ထိုကလေး၏ ပါးဖောင်းဖောင်းလေးအား တစ်ချက်မျှ ညစ်လိုက်တော့သည်။

"ဒီနေ့မရလို့ပါ...မဟုတ်ရင် မင်းရဲ့ဦးရီးတော်လေးက ရွှေစိတ်တော်ညိုးသွားပါလိမ့်မယ်....ဟုတ်ပြီလား"

"သားတော်"

ယွီယန်က သူမ၏သားဖြစ်သူအား ခေါ်လိုက်လေသည်။ ဝူလေးသည်လည်း အားချွမ်၏ ပေါင်ပေါ်မှဆင်းကာ သူ၏မိခင်ဆီသို့​ ပြေးသွားလေသည်။ ယွီယန်က သူမ၏ သားဖြစ်သူအား ဆွေ့ခနဲပွေ့ချီလိုက်ကာ အိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။

"အစ်ကိုတော် ဒီနေ့ဘယ်သွားတာလဲ?"

သူမက အစ်ကိုဖြစ်သူ အရိပ်အယောင်အား မတွေ့သည့်အတွက် အားချွမ်အား မေးလိုက်သည်။ အားချွမ်က ထိုစကားကြောင့် သက်ပြင်းဖြည်းဖြည်းလေး ချလိုက်လေသည်။

"လုပ်စရာရှိလို့ဆိုပြီး မနက်ထဲက သွားတာ...မိုးတောင်ချုပ်တော့မယ် မလာသေးဘူး။ ကြည့်ရတာ ညဥ့်နက်မှပြန်ရောက်မယ်ထင်မယ်တဲ့...သူပြောတာပဲ"

အားချွမ်က ဆိုပြီးနောက် ခေါင်းငုံ့သွားလေသည်။ ထို့နောက် စကားတစ်ခွန်းအား ဆိုဖို့လုပ်လိုက်ပေမယ့် သူ၏ပါးစပ်အား ပြန်ပိတ်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့။ ထိုအခါယွီယန်က တစ်ခုအား သတိရသွားလေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now