အပိုင်း(၃၁)

570 48 2
                                    

အကုန်ပြင်ဆင်ပြီးနောက် ဆန်ပြုတ်က အတော်အေးနေပြီ။ အားချွမ်လည်း အစကမစားဖို့လုပ်ပေမယ့် အသံမည်နေသော ဗိုက်ကြောင့်သက်ပြင်းချလိုက်ပြီး အရှေ့ကဇွန်းဆီသို့ လက်လှမ်းလိုက်သည်။

အေးသွားတာတောင် ဆန်ပြုတ်ရနံ့က နှာခေါင်းထဲ ကလီကျီစယ်နေသည်။ ကြက်သားဆန်ပြုတ်ဖြစ်သောကြောင့် အထဲမှကြက်သားလေးတွေဟာ ထိလိုက်တာနဲ့အိခနဲ နူးညံ့လေသည်။ ဒါဟာပြီးပြီရော လုပ်ထားသည့်ဆန်ပြုတ်မဟုတ်ဘဲ သေချာလုပ်ထားသည့်ဆန်ပြုတ်နှင့် တူလေပြီး အရသာလည်းရှိလေသည်။ ဒါမှမဟုတ် ဗိုက်ဆာနေလို့များလား။

တကယ်တော့ အနှီဆန်ပြုတ်ဟာ အစေခံတွေချက်ထားခြင်းမဟုတ်ပါ။ ဟောင်ရန်ကိုယ်တိုင်မနက်အစောကြီးထ၍ အားချွမ်အတွက်သေချာ ချက်ထားခြင်းဖြစ်လေသည်။

ထိုအချိန်တွင်

"ချွမ်အာ..."

"အဟွတ်...အဟွတ်"

တံခါးတွန်းဖွင့်သံနှင့်အတူ အားချွမ်ဟာ မြင်လိုက်ရသည့်ဟောင်ရန်ကြောင့် သောက်နေသည့် ဆန်ပြုတ်နင်သွားလေသည်။ ဟောင်ရန်လည်း အားချွမ်ကြောင့်ပြာပြာသလဲလဲ အနားကပ်လာပြီးရေနွေးဌဲ့ပေးလိုက်သည်။

"ချွမ်အာ...အဆင်ပြေရဲ့လား"

သူက အားချွမ်၏ကျောကုန်းလေးအား ပုတ်ပေးလိုက်ပြီးဆိုတော့ အားချွမ်က​ခေါင်းငြိမ့်လိုက်ပြီး သူဌဲ့ပေးလိုက်သည့် ရေနွေးကို မှုတ်သောက်နေတော့သည်။

တော်သေးတယ် အများကြီးမနင်သွားလို့...။

ခဏကြာတော့ ဟောင်ရန်ကဘေးမှ ခုံပေါ်တွင် ထိုင်လိုက်ပြီးလက်ကိုင်ပုဝါဖြင့် အားချွမ်၏ပါးစပ်တစ်ဝိုက်ကို သေသေချာချာသုတ်ပေးလိုက်သည်။ ထို့နောက် မသိမသာအားချွမ်ကိုကြည့်မိလိုက်တော့ အဝတ်လဲပြီး သပ်သပ်ရပ်ရပ်ပြင်ထားလေသည်။

ယင်းအချက်ကြောင့် ဟောင်ရန်စိတ်ထဲမှ ပြုံးမိလိုက်သည်။ အစကသူအားချွမ်ကို ငြင်းမည်ထင်ထားတာ။ အခုဆိုရင် အားချွမ်က သူ့လိုမျိုး လိုက်ဖို့အဆင်သင့်ပြင်ထားသည့်အတွက် အဆင်ပြေသွားလေ၏။

"မင်း ဘာကြည့်တာလဲ..."

မျက်မှောင်ကြုတ်လိုက် ဆိုလာသည့်အားချွမ်ကြောင့် ဟောင်ရန်ဟာ သူခိုးလူမိဖြစ်သွားသည့်အတွက် ချောင်းဟန့်လိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now