💕Ep 13💕

8K 573 11
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 13

ဒေါ်မျိုးသူဇာအောင်နှင့် ဂျက်စမင်ကို ဧည့်သည်တွေရောက်လျှင်နေရန်ပြင်ဆင်ထားသည့်အခန်းတွင်နေခိုင်းစေ၏။ ဂျက်စမင်ဟာ သွန်းခကိုသူမ ပိုင်ဆိုင်နိုင်ရန်အတွက် ဒေါ်မျိုးသူဇာအောင်ကို စကားလုံးမျိုးမျိုးဖြင့်သွေးဆူအောင်ဖျားယောင်း၏။

"ဖွားဖွား... ဒီပုံစံအတိုင်းသာဆို ဂျက်စမင်တော့ အဲလက်စ်နဲ့ခွဲရတော့မယ်ထင်ပါရဲ့ အဟင့် ဟင့်"

မျက်ရည်တွေနဲ့ ငိုယိုကာပြောနေသော ဂျက်စမင်ကိုကြည့်ကာ ဒေါ်မျိုးသူဇာအောင်ဟာစိတ်မကောင်း ဖြစ်နေမိသည်။ သူမကတော့ မြေးဖြစ်သူကို ဂျက်စမင်နှင့်သာသဘောတူ၏။ ဂျင်စမင်ဆိုသည့်မိန်းကလေးဟာ ဥစ္စာပေါ ရုပ်ချောဖြစ်ပြီးထက်မြတ်သည့်မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ဂျက်စမင်ကို သူမအလွန်သဘောကျမိသည်။

"ဖွားက အဲ့သလိုအဖြစ်ခံမှာတဲ့လား သမီးရယ်... ရုပ်ဆိုးကောင်ကို ဒီအိမ်ကသူ့အလိုလိုထွက်သွားအောင် ဖွားတို့ခေါင်းအေးအေးထားပြီး ကြံစည်ကြတာပေါ့ကွယ်"

ဒေါ်မျိုးသူဇာအောင်ဟာ တည်တင်းသောမျင်နှာထားဖြင့် နုတ်ခမ်းတခြမ်းမဲ့ကာပြုံးရင်းပြောလေတော့ ဂျက်စမင်ဟာ သူမ၏စကားကြောင့် အရမ်းပျော်သွားလေတယ်။

"ဟုတ်တယ်ဖွား.... အဲ့အကောင်ဒီအိမ်မှာမရှိတော့မှ အဲလက်စ်က သမီးဆီကိုပြန်လာမှာ"

ဒေါ်မျိုးသူဇာအောင်နှင့် ဂျက်စမင်ဟာ စစ်မင်းပိုင်အား မည်ကဲ့သို့ဒုက္ခပေးရမလည်းဆိုတာ အကြံဥာဏ်ထုတ်နေလေတယ်။

ခွန်းဆက်ပိုင်တစ်ယောက် သူအရမ်းသဘောကျရသည့် စာရေးဆရာစစ်လွန်းသာ၏ ဝတ္ထုအသစ်မိတ်ဆက်ပွဲကိုရောက်နေခြင်းဖြစ်တယ်။ ဆရာကိုယ်တိုင်က စာအုပ်မှာလက်မှတ်ရေးထိုးပေးမည်ဆိုတာကြောင့် သူအရမ်းတွေ့ချင်နေတဲ့ စာရေးဆရာကိုတွေ့ရတော့မို့ သူအရမ်းစိတ်လှုပ်ရှားနေမိ၏။

"ကြွရောက်လာကြတဲ့ ဆရာစစ်လွန်းသာရဲ့စာဖတ်ပရိသတ်အားလုံးကို ရှေ့မျက်နှာနောက်ထားပြီးတောင်းပန်ပါရစေရှင်"

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Tahanan ng mga kuwento. Tumuklas ngayon