💕Ep 25💕

7.6K 498 3
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 25

*ပြန်လာခဲ့ပါဦးစစ်ရယ်.. မောင်သိပ်လွမ်းနေပြီ.. "

ဆိုရှယ်မီဒီယာပေါ်တွင် ပွက်လောရိုက်နေသောသတင်းကတော့ သွန်းခ၏ယောက်ျားပျောက်ရှာပုံတော်ဖွင့်ခြင်းဖြစ်၏။

"အငယ့်ကို သူ့ခင်ပွန်းလိုက်ရှာနေတယ်ဆိုတာ ညီညီသိတယ်မဟုတ်လား.. အငယ့်ရဲ့ဖုန်းကိုသိမ်းပြီး TVကိုပါကြည့်ခွင့်ပိတ်ထားတာတော့ ညီညီလွန်ပြီထင်တယ်"

ဖန်သားပြင်မှာမြင်နေရတဲ့သွန်းခ၏အငိုမျက်ဝန်းနဲ့ပြောစကားတွေကိုနားထောင်ပြီး စစ်ရှိန်သာသည် စစ်လွန်းသာဘက်သို့ကြည့်ရင်းမေးလိုက်၏။

"အခုချိန်မှာ ညီညီတစ်ကိုယ်ကောင်းဆန်ပါရစေကိုကို.. အငယ်သာ သူ့ယောက်ျားက သူ့ကိုနည်းမျိုးစုံနဲ့လိုက်ရှာနေတဲ့အကြောင်းသိရင် မေမေ့ကိုလဲမစွန့်နိုင်.. သူ့ယောက်ျားကိုလဲတွေ့ချင်စိတ်နဲ့ပိုပြီးရတက်မအေးဖြစ်ရပါလိမ့်မယ်.. မေမေရဲ့နောက်ဆုံးချိန်လေးမှာ အငယ့်ကိုရှိစေချင်တယ်.. ဒါ့ကြောင့် ဗီလိန်ဆန်သင့်ရင်လဲဆန်ရမှာပဲ ကိုကို"

ညီဖြစ်သူ၏စကားကြောင့် စစ်ရှိန်သာ သက်ပြင်းချမိသည်။ သူကတော့အကြီးဆုံးမို့ အငယ်တွေအတွက်အကောင်းဆုံးတွေသာဖြစ်စေချင်ပါသည်။

"ကိုကိုတို့တွေ အငယ့်ကိုဒီလိုလုပ်တာ မတရားဘူးထင်တယ်.. အငယ်ကသူငယ်နှပ်စားကလေးတစ်ယောက်မဟုတ်ဖူးညီညီ.. သူ့ယောက်ျားသူ့ကိုရှာနေတဲ့ကိစ္စကိုသူလဲသိမှာပဲ.. ဒါပေမယ့် မေမေ့ကိုသာသူရွေးချယ်ခဲ့လို့ သူ့ယောက်ျားဆီကိုပြန်ချင်တာတောင်မပြန်ပဲသီးခံနေတယ်လို့ ကိုကိုထင်တယ်"

"ဒါဆိုလည်းဘာတွေပူဆွေးနေမှာလဲကိုကိုရယ်.. အငယ်တောင် သူ့အသိစိတ်နဲ့သူ ဖာသိဖာသာနေတာပဲလေ.. ဖြစ်နိုင်ရင်တော့ အငယ့်ကိုအဲ့ကောင်လေးနဲ့လုံးဝသဘောမတူနိုင်ဘူး ကိုကို.. နောက်ကိစ္စကိုနောက်မှရှင်းကြတာပေါ့"

ပြောပြီးသည်နှင့်Sofaပေါ်မှထကာထွက်သွားသောညီဖြစ်သူ၏ကျောပြင်ကိုသာ သူ ငေးကြည့်နေမိသည်။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now