💕Ep 18💕

6.8K 515 5
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 18

စစ်လွန်းသာတစ်ယောက် မနက်စာစားရန်အတွက် အောက်ထပ်သို့ဆင်းလာသောအခါ ထမင်းစားခန်းထဲတွင် သူ့အား နောက်ကျောပေးအနေထားဖြင့် မတ်တပ်ရပ်၍ ဖုန်းပြောနေသောအစ်ကိုဖြစ်သူကိုတွေ့လိုက်ရ၏။ ထို့နောက် သူလည်းထမင်းစားဝိုင်းတွင်ထိုင်ကာ အိမ်ထိန်းကြီးစီစဥ်ပေးသောမနက်စာကိုစားနေလိုက်သည်။

"အေး.. ဦးဇေရတုတို့ရဲ့မွေးစားသား စစ်မင်းပိုင်ဆိုတဲ့ကောင်လေးရဲ့အကြောင်းကို တစ်ခုမကျန်အကုန်စုံစမ်းပေး"

"........."

"သူ့အကြောင်းကိုသာခရေစေ့တွင်းကျသည်အထိအကုန်သိရမယ်ဆိုရင် မင်းတို့အတွက်လုပ်အားခအဖြစ် သိန်းတစ်ရာပေးမယ်"

သိန်းတစ်ရာဆိုသည့်စကားကြောင့် စစ်လွန်းသာတစ်ယောက် ကော်ဖီသောက်နေတာပင် သီးသွားရလေ၏။

"အဟွတ်! အဟွတ်"

{သိန်းတစ်ရာဆိုသည့်ငွေပမာဏက အလွန်များလွန်းသည်မဟုတ်လား။ ပြီးတော့ ကိုကို့ရဲ့စကားထဲမှာ စစ်မင်းပိုင်ဆိုတဲ့နာမည်ကြားလိုက်မိတယ်။ စစ်မင်းပိုင်ဆိုတဲ့လူက ဘာများအရေးပါလို့ ကိုကိုက အခုလိုငွေကုန်ခံရသလဲ။}

စစ်လွန်းသာစိတ်ထဲကတွေးနေမိ၏။ စစ်ရှိန်သာသည် စစ်လွန်းသာ၏ ချောင်းဆိုးသံကြောင့် ဖုန်းပြောရင်း လည်ပြန် တစ်ချက်လှည့်ကြည့်သည်။ ထို့နောက်ဖုန်းဆက်ပြောပြီးသည်နှင့် စစ်လွန်းသာ၏ဘေးခုံတွင်ဝင်ထိုင်လိုက်လေ၏။

"ကိုကို အစောကဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

မအောင့်အီးနိုင်စွာဖြင့် စစ်လွန်းသာသည် အစ်ကိုဖြစ်သူအား မေးခွန်းထုတ်လိုက်လေ၏။ ထိုအခါ စစ်ရှိန်သာ၏မျက်နှာသည် ပဂတိဖြူစင်စွာဖြင့်ပြုံးလျှက်ပင်ပြန်ဖြေသည်။

"ကိုကိုတို့တွေ ညီငယ်လေးကိုပြန်တွေ့ရတော့မယ်ထင်တယ် ညီညီ"

အစ်ကိုဖြစ်သူ၏စကားကြောင့် စစ်လွန်းသာသည် မယုံနိုင်သလိုမျိုး မျက်ဝန်းမျက်ဝိုင်းစက်သွားရ၏။

"ကိုကို.. ကိုကို တကယ်ကြီးပြောနေတာလား"

အံ့ဩမဆုံးဖြစ်နေတဲ့ စစ်လွန်းသာ၏ပုံစံကိုကြည့်ရင်း စစ်ရှိန်သာလဲ ခေါင်းငြိမ့်ပြ၏။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Donde viven las historias. Descúbrelo ahora