💕Ep 23💕

7.3K 480 3
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 23

"အော် ခွန်း ဘယ်ကနေဘယ်လို လမ်းမှားပြီးရောက်လာတာလဲ..."

စစ်မင်းပိုင်တစ်ယောက် စာရင်းတွေလုပ်နေတုန်း ရုံးခန်းထဲကို ... လူတစ်ယောက်ဝင်လာတာမို့မော့ကြည့်လိုက်တော့ ခွန်းဆက်ပိုင် ဖြစ်နေလေသည်...။

"လမ်းမှားလာတာမဟုတ်ပါဘူးဗျာ.. ဒီအနီးနားကို အလုပ်ကိစ္စနဲ့ခနလာရင်း ကိုစစ်ကိုသတိရလို့ဝင်လာခဲ့တာပါ မတွေ့တာကြာပြီနော်ကိုစစ်..."

ခွန်းဆက်ပိုင်က ပြောလဲပြောရင်း စစ်မင်းပိုင်နှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်...။

"ဟုတ်တာပေါ့ အကိုတို့တွေမတွေ့ရတာကြာပြီပဲ.. အကိုလဲသွန်းနဲ့အတူပြင်သစ်ကိုလိုက်သွားတာ မနေ့ကမှပြန်ရောက်တယ်..."

စစ်မင်းပိုင်ကပြောလိုက်တော့ ခွန်းဆက်ပိုင်က ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း သဘောကျစွာပြုံး၏။

"မတေွ့တာကြာပြီဆိုတော့ ကျွန်တော်တို့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး အေးအေးဆေးဆေးစကားပြောကြရအောင်လေ ရတယ်မို့လားကိုစစ်..."

"ဟက် ဟက်! ရပါတယ်ဗျာ.. .. ဒါဆိုအကိုတို့ကုမ္ပဏီနားကစားသောက်ဆိုင်လေးကိုသွားရအောင်လေ.. အဲ့မှာဆိုတိတ်ဆိတ်မှုရှိတယ် "

ထို့နောက် သူတို့နှစ်ယောက်လုံး ကုမ္ပဏီနားတွင်ရှိသော စားသောက်ဆိုင်သို့ထွက်လာခဲ့ကြ၏။ စားသောက်ဆိုင်သို့ရောက်သည်အခါတွင် စားစရာအချို့မှာ၍ စကားလက်ဆုံကျနေကြသည်။

"ဒါနဲ့ ဒီရက်ပိုင်း ခွန်းဘာတွေလုပ်နေလဲ"

"အိမ်မှာ ကျွန်တော့်ရဲ့အဖေတူအမေကွဲညီလေးရောက်နေတယ်လေ.. သူ့ကျောင်းကိစ္စတွေလိုက်လုပ်ပေးနေရတာနဲ့ပဲ မအားတာနဲ့သွန်းဆီကိုတောင်မလာဖြစ်ဘူး.. သွန်းရောနေကောင်းရဲ့လား ကိုစစ်"

"ကောင်းပါတယ်.. အိမ်ကလူတွေအားလုံးနေကောင်းကြပါတယ်"

"ဒါဆိုကျွန်တော်နောက်ရက်မှပဲသီးသန့်အလည်လာဦးမယ်"

"ကောင်းပါပြီဗျာ.. ခွန်းလာမယ့်အချိန်ကျရင်ဖုန်းကြိုဆက်လေ ကိုယ်မုန့်လုပ်ကျွေးမယ်..."

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Tahanan ng mga kuwento. Tumuklas ngayon