💕Ep 4💕

8.7K 709 11
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 4

မနက်မိုးလင်းတော့ အာရုံဦးရောင်နီတချို့က မျက်နှာပေါ်စူးစိုက်ကျနေတာမို့... စစ်မင်းပိုင်တယောက် မျက်လုံးလေးပွတ်ကာ အိပ်ယာပေါ်မှလူးလိမ့်ရင်းထလိုက်သည်...။  ဘေးနေရာကိုအကြည့်ရောက်တော့ ကလေးငယ်ဟာ အိပ်နေဆဲပင်ဖြစ်သည်။

ညက ဘယ်အချိန်များလာဝင်အိပ်တာပါလိမ့်ဟုအတွေးတော့ဝင်မိပေမယ့်.. ကုမ္ပဏီသွားရမှာမို့ သူလဲအိပ်ယာပေါ်မှဆင်းကာ ရေချိုးခန်းထဲဝင်လိုက်လေသည်....။ ကိုယ့်ကိုမုန်းနေသော်လည်း တအိပ်ယာတည်းအတူအိပ်သေးတာမို့အနည်းငယ်စိတ်သက်သာရာရပါသည်လေ။

"သားစစ် နိုးပြီလား..."

ရေချိုးအဝတ်စားလဲပြီးသည်နှင့် ကလေးငယ် အိပ်ယာနိုးလျှင်စားဖို့အတွက်...  မနက်စာပြင်ရန် အောက်ထပ်သို့ဆင်းကာ မီးဖိုဆောင်ကိုဝင်လေတော့... ဒေါ်မြသီတာက အိမ်အကူတွေကို ဟင်းတွေချက်ဖို့အတွက် ညွှန်ကြားနေလေသည်....။ သူ့ကိုမြင်သောအခါ မိခင်ဖြစ်သူက အပြုံးလေးနှင့်မေးလေ၏။

"ဟုတ်ကဲ့ မေမေ.. သား ကုမ္ပဏီမသွားခင် သွန်းလေး နိုးလာရင်စားဖို့အတွက် မနက်စာပြင်ပေးမလို့ မေမေ..."

မိခင်ဖြစ်သူ၏ခါးကိုသိုင်းဖက်ကာ ကလေးများသဖွယ် ရင်ခွင်ထဲတိုး၍ဖြေလိုက်သောအခါ မိခင်ဖြစ်သူက သူ့ခေါင်းမှဆံပင်အချို့ကို သူမ၏လက်ဖြင့်ပွတ်သပ်ပေးရင်းနှစ်လိုဖွယ်ပြုံး၏။

"သားစစ်ရယ် အလုပ်သမားတွေရှိတာပဲ ခိုင်းမှပေါ့...."

"ရပါတယ် မေမေရဲ့.. သားကိုယ်တိုင် သွန်းလေးအတွက် မနက်စာလုပ်ပေးချင်လို့ပါ..."

"ဟုတ်ပါပြီကွယ် ယောက်ျားကိုသိတတ်နေလိုက်တာ... ဒါဆို မေမေ ဘုရားဝတ်ပြုဦးမယ်နော်..."

"ဟုတ်ကဲ့ မေမေ..."

မိခင်ဖြစ်သူထွက်သွားတော့ သူလဲ ကလေးငယ်အတွက်.. ထမင်းကြော်နှင့် ကြက်ဥကြော်ကာ.. နွားနို့လေးကျိုလိုက်ပြီး ခွက်လေးထဲထည့်ကာ... အဆင်သင့်ပြင်ထားလိုက်သည်.... ။ မနက်စာပြင်ဆင်ပြီး အခန်းထဲ​ြပန်ဝင်လာတော့ အိပ်ယာပေါ်တွင်ကလေးငယ်မရှိတော့ပေ... ။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now