💕Ep 24💕

7.5K 500 9
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 24

အရေးပေါ်အခန်းရှေ့ရှိခုံတန်းပေါ်တွင် ခေါင်းငိုက်စိုက်ကျကာထိုင်နေသော စစ်ရှိန်သာထံသို့ လူတစ်ယောက်အပြေးရောက်လာ၏။ စစ်လွန်းသာသည် အကိုဖြစ်သူထံမှဖုန်းဆက်အကြောင်းကြားသည်နှင့် ချက်ချင်းပဲဆိုင်ကယ်ထုတ်လျှက် ဆေးရုံသို့အပြေးလာခဲ့ခြင်းဖြစ်၏။

"ကိုကို.. ကိုကို.... ညီငယ်လေးကိုတွေ့ပြီဆို ဘယ်မှာလဲဟင်..  ဘာလို့ဆေးရုံကိုလာခိုင်းတာလဲ"

စစ်လွန်းသာသည် အစ်ကိုဖြစ်သူအနားသို့ရောက်သည်နှင့် အမောပင်မဖြေနိုင်သေးပဲ တရစပ်မေးခွန်းတွေဆက်တိုက်မေး၏။ စစ်ရှိန်သာသည် ညီဖြစ်သူ၏အသံကြားမှသာ ခေါင်းငိုက်စိုက်ကျနေရာမှခေါင်းမော့လာ၏။

"ညီငယ်လေး ကားအက်စီးဒင့်ဖြစ်လို့အရေးပေါ်အခန်းထဲရောက်နေတယ်ညီညီ.. ကျန်တဲ့ကိစ္စတွေကိုတော့ ကိုကိုနောက်မှရှင်းပြပါ့မယ်"

စစ်ရှိန်သာ၏စကားကြောင့် စစ်လွန်းသာသည် ယောက်ျားတန်မဲ့ မျက်ရည်များပင်ဝေ့ဝဲလာ၏။ယခုမှပြန်ဆုံရမယ်ရှိသေးတဲ့ညီငယ်လေးသည် သေမင်းနှင့်စစ်ခင်းနေရသည်တဲ့လား။

"ကိုကို... ညီ.. ညီငယ်လေး ဘာမှမဖြစ်လောက်ပါဘူးနော်.. ပြောစမ်းပါ ကိုကို.. ညီငယ်လေး အန္တရာယ်ကင်းမှာပါလို့ ပြောစမ်းပါဗျာ"

စစ်လွန်းသာသည် ငိုကြီးချက်မနှင့် စစ်ရှိန်သာ၏ရင်ဘတ်ကို လက်သီးဆုပ်ဖြင့်တစ်ဘုန်းဘုန်းထုရင်းမေးလေ၏။ စစ်ရှိန်သာလည်း စစ်လွန်းသာ၏ခန္ဓာကိုယ်လေးကိုသာ ပွေ့ဖက်ထားမိသည်။ သူလဲအခုလိုအချိန်မှာ ဘာမျှရေရာစွာမပြောနိုင်။ ညီငယ်လေးဘေးကင်းပါစေဟုသာဆုတောင်းရုံရှိမည်။ ထိုစဥ်အရေးပေါ်အခန်းထဲမှ ခွဲစိတ်ခန်းဝတ်စုံပြာကိုဝတ်ဆင်ထားသည့် ဆရာဝန်တစ်ဦးထွက်လာ၏။

"ဒေါက်တာ.. ကျွန်တော့်ညီလေးအခြေနေ...."

စစ်လွန်းသာသည် ဒေါက်တာအနားသို့သွားကာ စစ်မင်းပိုင်၏အခြေနေအား စိုးရိမ်တကြီးမေးလေ၏။

"လူနာက ခက်ခဲတဲ့အချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်ဗျာ.. ခဏနေရင်ရိုးရိုးလူနာဆောင်ပြောင်းပြီးတဲ့အခါ လူနာကိုဝင်တွေ့နိုင်ပါပြီ"

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now