💕Ep 2💕

11.1K 790 75
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 2

ယနေ့ဟာဆိုလျှင် ဦးဇေရတုတို့အိမ်ရှိလူကုန် အလုပ်ရှုပ်နေကြသည်... ။ ပြင်သစ်မှာရှိတဲ့ သူတို့ရဲ့ရင်နှစ်သည်းညှာလေးဖြစ်သူပြန်လာမှာမို့... ထမင်းဟင်းကအစ ဒေါ်မြသီတာကိုယ်တိုင် မီးဖိုဆောင်သို့ ဝင်၍ချက်ပြုတ်နေခြင်းဖြစ်သည်... ။  စစ်မင်းပိုင်ကတော့.. အခိုင်းစေတွေနဲ့အတူ ဟင်းပွဲထမင်းပွဲတွေပြင်ဆင်ပေးနေသည်... ။

"သားစစ်.... မေမေ့ကို ဒီဟင်းပွဲလေး လာမြည်းပေးစမ်းပါဦး..."

ဒေါ်မြသီတာ၏ခေါ်သံကြောင့်... စစ်မင်းပိုင်လဲ.. မိခင်ရဲ့အနားသို့သွားလိုက်ပြီး.. ဟင်းအိုးထဲမှ ဟင်းအနည်းငယ်ခပ်ကာ မြည်းကြည့်လိုက်သည်...။

"ကောင်းပါတယ် မေမေရဲ့.."

"အပေါ့အငံ အ​ေနတော်ပဲလား သားစစ်.."

မီးဖိုဆောင်သို့မဝင်တာကြာပြီဖြစ်တဲ့ဒေါ်မြသီတာဟာ သူမ၏ဟင်းချက်လက်ရာကို အယုံကြည်မဲ့နေဟန်ရှိ၏။

"အနေတော်ပဲ မေမေ.."

စစ်မင်းပိုင်ကပြောလိုက်တော​့ ဒေါ်မြသီတာဟာ စိတ်ကျေနပ်စွာပြုံးတယ်။

"ဒါဆို မေမေ့ကို ဟင်းပန်းကန်လေးယူပေးပါဦး... ဒါလေးပြီးရင် အကုန်အဆင်သင့်ဖြစ်ပြီ..."

စစ်မင်းပိုင်လဲ မိခင်ဖြစ်သူကို ဟင်းထည့်ရန်အတွက် ကြွေပန်းကန်လုံးတစ်ခုယူပေးလိုက်တော့.... ဒေါ်မြသီတာလဲ ပန်းကန်ထဲသို့ ဟင်းအိုးထဲမှ ဟင်းတွေခပ်ထည့်ကာ.. စားပွဲပေါ်တင်၍ အုပ်စောင်းလေးဖြင့် အုပ်ထားလိုက်သည်..။

"မေမေ ရေသွားချိုးတော့လေ.. ကျန်တာ သားလုပ်ထားလိုက်ပါ့မယ်..."

"ဟုတ်ပါပြီရှင်... ဒါဆို မေမေရေချိုးတော့မယ်နော်..."

"ဟုတ်ကဲ့ဗျ..."

ဒေါ်မြသီတာထွက်သွားတော့.. စစ်မင်းပိုင်လဲ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေလေသည်..။

ကြီးမားကျယ်ပြန့်သည် ခြံဝန်းကြီးထဲသို့  ...  မီးခိုးရောင် Mercedes-Benz(CLA) ကားလေးတစ်စီးဝင်လာသည်...။ စစ်မင်းပိုင်လဲ ကားသံကြားတာမို့အိမ်ရှေ့သို့ထွက်လာခဲ့သည်... ။ ထို့နောက် ကားတံခါးပွင့်သည်နှင့် ဦးစွာမြင်တွေ့ရသည်က.. အကန့်သတ်နှင့်ထုတ်ထားသည့် brand newဖြစ်သော နိုင်ငံခြားထုတ်ကုန် ထိပ်ချွန်ဖိနပ်အမည်းရောင်လေးကိုစီးထားသော ခြေထောက်လေးတစ်စုံဟာ.... ကားပေါ်မှ ဆင်းလာသည်.. ။ အခိုင်းစေတွေကတော့ ခေါင်းငုံ့အရိုသေပေးနေကြသည်.. ။ စစ်မင်းပိုင်ကတော့ ကားပေါ်ကဆင်းလာမည့်ကောင်လေးကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်..။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now