💕Ep 10💕

8.6K 620 10
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 10

ကုမ္ပဏီကဝန်ထမ်းတွေအားလုံးနေလည်စာ စားချိန်မို့အလုပ်ခဏနားပြီး အစာပြေထွက်စားကြသည်။ စစ်မင်းပိုင်တစ်ယောက် မနက်တည်းကဘာမျှမစားရသေးတာကြောင့် ကုမ္ပဏီ၏စားသောက်ဆောင်တွင် ထမင်းနှင့်အသားဟင်းအချို့ကို ဗန်းလေးပေါ်တင်ပြီး စားပွဲဝိုင်းတစ်ခုတွင်ထိုင်ကာ စားစရာများကိုစားနေလိုက်သည်။

*ကျွန်တော်ခင်ဗျားမျက်နှာကိုမမြင်ချင်ဘူး!!*

ကလေးငယ်ပြောခဲ့သောစကားတွေဟာ ထပ်တလဲလဲပြန်ကြားနေရတော့ ပါးစပ်ထဲသို့သွင်းလုဆဲဆဲထမင်းလုပ်ကို ပန်းကန်ထဲသို့​ြပန်ထည့်လိုက်ရင်း သက်ပြင်းချလိုက်မိတယ်။

"တစ်ယောက်တည်းထိုင်စားနေတာလား ညီစစ် အစ်ကိုရော ညီစစ်နဲ့အတူထိုင်လို့ရမလားခင်ဗျ"

မျက်စိရှေ့သို့ရောက်လာသော လယ်သာဖိနပ်အမည်းရောင်စီးထားသောခြေထောက်တစ်စုံနှင့်အတူ အေးချမ်းစွာကြားလိုက်ရသောအသံကြောင့် သူခေါင်းစိုက်ကျနေရာမှ မော့ကြည့်လိုက်တော့ ပြုံးရွှင်သောမျက်နှာအမူအရာဖြင့် နေ့လည်စာဗန်းလေးကိုကိုင်ရင်း သူ့ထံမှခွင့်ပြုချက်ကိုစောင့်နေသော အကိုစစ်ရှိန်သာကိုတွေ့လိုက်ရ၏။

"အာ ထိုင်လို့ရပါတယ်အစ်ကို"

သူပြောလိုက်တော့ အကိုစစ်ရှိန်သာက သူနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်၏။ ထို့နောက်နေ့လည်စာစားရင်း စကားစမြည်ပြောကြသည်။

"ညီစစ် မျက်နှာလဲမကောင်းပါလား နေမကောင်းဘူးလား"

စိတ်ပူစွာမေးလာတဲ့အကိုစစ်ရှိန်သာ၏မေးခွန်းကို သူ ခပ်ဖွဖွပြုံးလျှက် ငြင်းဆိုမိ၏။

"ကျွန်တော်နေကောင်းပါတယ်အစ်ကို "

အစ်ကိုစစ်ရှိန်သာက သူ့အဖြေကိုမယုံကြည်ဟန်တစ်ချက်ကြည့်၏။ သို့သော် မေးခွန်းတော့ထပ်မထုတ်ပေ။

"ဒါနဲ့ အစ်ကိုသိချင်နေတာတစ်ခုရှိတယ်.. ညီစစ်ရဲ့မျက်နှာပေါ်ကအမာရွတ်က ဘယ်လိုရတာလဲ"

သူမေးလိုက်တော့ မျက်စိရှေ့ကကောင်လေးရဲ့မျက်ဝန်းထဲမှာဆွေးရိပ်သန်းသွား၏။ သူမေးခွန်းမှား၍မေးမိပြီလားဟု နောင်တရသွားသည်။ သို့ပေမယ့် ညီစစ်က သက်ပြင်းတချက်ချရင်း သူ မေးတဲ့မေးခွန်းကိုလေးပင်စွာပြန်ဖြေ၏။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now