💕Ep 6💕

8.3K 623 14
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 6

ရုံးပိတ်ရက်ဖြစ်တာကြောင့် စစ်မင်းပိုင်တယောက် အိမ်နေရင်းဝတ်တဲ့ဆွဲသားအင်္ကျီအဝါရောင်လက်ရှည်လေးနှင့်....   စပန့်သားဘောင်းဘီအနီရောင်ခြေရှည်လေးကိုတွဲဖက်၍ဝတ်ဆင်လျှက် ခြံထဲဆင်း၍သူစိုက်ပျိုးထားသော...  နှင်းဆီအဖြူပန်းပင်များနှင့် ကျန်သည့်ပန်းပင်အချို့ကို ရေပိုက်ဖြင့်ပက်ဖြန်းနေမိသည်။

*တီတီ.. တီတီ*

အပင်တွေကိုရေဖြန်းနေစဥ် ခြံရှေ့မှကားဟွန်းတီးသံကြောင့် ရေဘားကိုပိတ်၍ရေပိုက်ကိုခဏချထားပြီး ခြံတံခါးအနားသို့သွားလိုက်သည်။

"ဘယ်သူများလဲလို့တွေးနေတာ ခွန်းဖြစ်နေတာပဲ ခဏနော် ကိုယ်တံခါးဖွင့်ပေးမယ်"

သူ့ရဲ့စကားကိုခွန်းကပြုံးပြလျှက်ခေါင်းငြိမ့်ပြတာမို့ စစ်မင်းပိုင်လဲခြံတံခါးဖွင့်လိုက်တယ်။ ခြံတံခါးပွင့်သွားသည်နှင့် ခွန်းဆက်ပိုင်၏ကားအပြာရောင်လေးသည် ခြံထဲသို့မောင်းဝင်လာ၏။ စစ်မင်းပိုင်လဲ ခြံတံခါးပြန်ပိတ်ပြီး ခွန်းရဲ့ကားလေးအနားသို့ လျှောက်သွားလိုက်တယ်။

"ကိုစစ် မနက်စာစားပြီးပြီလား"

ကားပေါ်ကဆင်းလာတဲ့ ခွန်းက လက်ထဲမှာတော့ငါးဆင့်ချိုင့်လေးတခုကိုကိုင်ထားပြီး အပြုံးမျက်နှာနဲ့ သူ့ကိုမေးလာတယ်။

"မစားရသေးဘူး ခွန်းရဲ့ .. ဒီနေ့အလုပ်ပိတ်လို့ အစောကြီးနိုးနေတာနဲ့ အပင်တွေရေဖြန်းနေတာ"

"ဒါဆိုအတော်ပဲ အိမ်မှာအုန်းနို့ခေါက်ဆွဲချက်လို့ ဒီအိမ်ကမိသားစုစားဖို့လာပို့ရင်း သွန်းခ ကိုအပြင်သွားဖို့လာခေါ်တာ"

ခွန်းဆက်ပိုင်က ငါးဆင့်ချိုင့်လေးကိုသူ့ထံသို့ကမ်းပေးရင်းပြောတာမို့ သူလဲ ထိုချိုင့်လေးကိုယူလိုက်ပြီး နှစ်ယောက်သား အိမ်ထဲဝင်လာခဲ့၏။

"ခွန်း ခဏထိုင်ဦးနော် ကိုယ် ခွန်းသောက်ဖို့ကော်ဖီဖျော်လာခဲ့မယ်"

"ဟုတ်ကဲ့ ကိုစစ်"

စစ်မင်းပိုင်လဲ ခွန်းကိုပြောပြီးသည်နှင့်မီးဖိုဆောင်ထဲဝင်ကာ ချိုင့်ထဲမှအုန်းနို့ခေါက်ဆွဲတွေကို အရည်နှင်အဖက်ခွဲ၍ ပန်းကန်လေးထဲလှယ်ထည့်ပြီး ခွန်းဆက်ပိုင်သောက်ရန်အတွက်ကော်ဖီတခွက်ဖျော်၍ ပြန်ထွက်လာခဲ့သည်။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now