💕Ep 3💕

9.3K 719 13
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 3

ခန်းနားထည်ဝါသော မင်္ဂလာခန်းမကြီးအလယ်တွင် အဖြူရောင်သတို့သားဝတ်စုံလေးနဲ့ ကောင်လေးနှစ်ယောက်သည် လူအများရှေ့တွင် သစ္စာဆိုကာကတိကဝတ်ပြုနေသည်...။ ကလေးငယ်၏မိဘတွေရဲ့အတင်းအကြပ်စီစဥ်မှု့ကြောင့် ကလေးငယ်ကို သူပိုင်ဆိုင်ခွင့်ရတော့မည်မဟုတ်လား။

"သတို့သား စစ်မင်းပိုင်က..  သတို့သားသွန်းခကို ခင်ပွန်းအဖြစ်လက်ခံနိုင်မည်လား...."

ဖာသာ၏မေးခွန်းကြောင့် စစ်မင်းပိုင်စိတ်လှုပ်ရှားစွာ ကလေးငယ်၏မျက်နှာလေးကို မရဲတရဲလေးကြည့်မိတော့ မနှစ်လိုသည့်အကြည့်စိမ်းတွေကိုသာ လက်ခံရရှိသည်။ သူလဲ သက်ပြင်းတချက်ချရင်း ဖာသာ၏မေးခွန်းကိုပြန်ဖြေလိုက်ပါသည်။

"ဟုတ်ကဲ့ ကျွန်တော်လက်ခံနိုင်ပါတယ်...."

ကလေးငယ်ရဲ့ မျက်နှာချောချောလေးကို တမေ့တမောငေးရင်း....သူ ဖြေလိုက်မိသည်...  ။ သူ့လိုရုပ်ဆိုးတဲ့လူတယောက်အတွက် ကလေးငယ်လိုပစ်မျိုးမှဲ့မထင်ရက်အောင် အဖက်ဖက်ကပြီးပြည့်စုံတဲ့လူသားလေးကို... ယောက်ျားတော်ခွင့်ရတာဟာ သူ့အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ မင်္ဂလာတပါးပဲမဟုတ်လား။

အမေဆိုတာဘယ်မှာမှန်းမသိ...။ အဖေဆိုတာလဲ သူ့ဘဝထဲကအပြီးအပိုင်ထွက်သွားကာ ပြန်မလာတော့မယ့်လမ်းကိုကံတရားကရွေးချယ်ပေးလိုက်တာမို့...  အဖော်မဲ့တဲ့သူ့ဘဝအတွက် ကလေးငယ်ဟာ တစ်ခုတည်းသောတွယ်တာရာကောက်ရိုးမျှင်လေးတချောင်း ဖြစ်စေလိုပါသည်။

"သတို့သားသွန်းခကရော သတို့သားစစ်မင်းပိုင်ကို ခင်ပွန်းအဖြစ်လက်ခံနိုင်မည်လား...."

ဖာသာ၏ဒုတိယအကြိမ်မေးခွန်းဟာ ဖြေဆိုသူမဲ့နေသည်... ။ ကလေးငယ်၏မျက်နှာချောချောဟာ မှုန်ကုတ်နေပြီး သူ့အား မျက်ထောင့်နီကြီးဖြင့်စိုက်ကြည့်နေသည်မှာ ရန်သူကြီးတယောက်ပမာ..။ သူနှင့်မျက်ဝန်းချင်းဆုံသောခဏအတွင်း ကလေးငယ်ဟာ ချက်ချင်းပင်အကြည့်လွှဲလိုက်ပါ၏။ မင်းရဲ့စိတ်ထဲမှာ ကိုယ့်ကိုရွံစရာကောင်းတဲ့သတ္တဝါတကောင်လိုသတ်မှတ်ထားသလားကလေးငယ်ရယ်။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now