💕Ep 21💕

7.4K 488 5
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 21

"အို မေမေ့သားလေးတွေပြန်လာကြပြီလား..."

ခြံထဲတွင်ကားရပ်လိုက်သည်နှင့် ဒေါ်မြသီတာသည် ... ကားပေါ်မှဆင်းလာသော စစ်မင်းပိုင်နှင့်သွန်းခကို ပွေ့ဖက်ကာဆီးကြိုလေသည်...။

"ဖွားက သက်သာနေပြီပြောလို့ ပြန်လာဖြစ်တာ မေမေ.."

သုံးယောက်စလုံးအိမ်ထဲဝင်လာရင်း စစ်မင်းပိုင်ကပြောလိုက်ခြင်းဖြစ်သည်..။

"မေမေ့ကို သားတို့ရဲ့ဖွားက ဖုန်းကြိုဆက်ပါတယ် သားရဲ့.. ကဲ မေမေ့သားတွေလဲ ပင်ပန်းလာရောပေါ့ နားလိုက်ကြဦးနော်..."

"ဟုတ်ကဲ့မေမေ.."

ထို့နောက်စစ်မင်းပိုင်နဲ့သွန်းခလဲ အပေါ်ထပ်က သူတို့အခန်းဆီသို့ ဝင်လာကြသည်...။

" လန်းသွားအောင်ရေချိုးမလား မောင်.. ကိုယ် ရေစပ်ပေးမယ်လေ.."

ထိုကဲ့သို့အသေးအဖွဲကအစ ဂရုစိုက်မှုတွေကြောင့် စစ်မင်းပိုင်အပေါ်တွင်..  သွန်းခရဲ့ခံစားချက်တွေ ပျော်ဝင်နေမိသည်...။

"အွန်း မောင့်ကို အင်္ကျီချွတ်ပေးဦးလေဗျ..."

ခရီးဆောင်အိတ်ကို ကုတင်ဘေးတွင်ထားလိုက်ပြီး ရေချိုးဖို့ ...အင်္ကျီချွတ်ပေးရန် သွန်းခတစ်ယောက် စစ်မင်းပိုင်ရှေ့တွင်... မတ်တပ်ရပ်လိုက်သည်.. ။စစ်မင်းပိုင်လဲ သွန်းခရဲ့ အင်္ကျီကြယ်သီးလေးကို တစ်လုံးစီသေချာဖြုတ်ပေးလေသည်...။

" ရေစိမ်မချိုးနဲ့နော် ဖျားနေမယ်..."

ကြယ်သီးဖြုတ်ပေးရင်း မှာတမ်းခြွေနေတဲ့စစ်မင်းပိုင်ဟာ ... တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာသည်ဆိုတာ ဝန်ခံရမည်...။

"ဦးစစ်က ချစ်ဖို့ကောင်းလိုက်တာ..."

ရုတ်တရက်ပြောလိုက်သော သွန်းခ၏စကားကြောင့် စစ်မင်းပိုင် ...မယုံနိုင်စွာ သွန်းခကို မျက်ဝန်းဝိုင်းလေးဖြင့်မော့ကြည့်လေသည်..။ သွန်းခသည် သူ့ကိုကြည့်နေသော ဦးစစ်အား အသည်းယားစွာဖြင့်... ဦးစစ်ရဲ့ခါးကိုသူ့လက်တစ်ဖက်​ဖြင့် ပွေ့ဖက်လိုက်ပြီး... ရင်ဘတ်ချင်းနီးကပ်စေရန် ဆွဲယူလိုက်၏။ ထို့နောက် စစ်မင်းပိုင်ရဲ့ လည်တိုင်ကို ငုံ့ကာနမ်းတဲ့ ...မောင့်ကြောင့် စစ်မင်းပိုင်လဲ မောင့်ရဲ့ မို့မောက်နေတဲ့ရင်အုပ်ကျယ်တွေထက်.. လက်ဖဝါးလေးနှစ်ဖက်ဖြင့်တွန်းနေမိသည်... ။ သို့သော် မောင်သည် လွှတ်ပေးခြင်းမရှိပါပဲ သူ့ရဲ့နုတ်ခမ်းဖူးလေးကိုဆွဲငုံရင်း အနမ်းတစ်ခုဖန်တီးလေသည်...။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Tempat cerita menjadi hidup. Temukan sekarang