💕Ep 17💕

6.8K 480 3
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 17

သွန်းခရေချိုးပြီးသည်နှင့် ခါးတွင်သဘတ်ပိုင်းပတ်ကာ အခန်းထဲကထွက်လာတော့ ကုတင်ပေါ်တွင် ကန့်လန့်​ြဖတ်အနေထားဖြင့် အိပ်ပျော်နေသော ခင်ပွန်းဖြစ်သူကိုတွေ့လိုက်ရသည်....။

"ဟက်! ခရီးပန်းသွားတယ်ထင်ပါရဲ့ အိပ်နေတာများ ဆင်အော်ရင်တောင်နိုးမယ်မထင်ဘူး..."

သွန်းခ ပြောလဲပြောရင်း အင်္ကျီမဝတ်သေးပဲ ဦးစစ်၏ခန္ဓာကိုယ်လေးအားပွေ့ချီကာ... ကုတင်ပေါ်တွင် အတည့်အနေထားပြောင်း၍ ခေါင်းအုံးပေါ်သေချာနေရာချရင်း စောင်ခြုံပေးလိုက်သည်....။ ထို့နောက် အင်္ကျီဝတ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်...။

"အကိုလေး ဘာအလိုရှိလို့လဲ..."

သွန်းခကိုမြင်တော့ အိမ်အကူအဒေါ်ကြီးက မေးလေသည်...။

"အိမ်မှာ နွားနို့ရှိလားဒေါ်ကြီး... "

"အစိမ်းပဲရှိတယ်အကိုလေး... တကယ်လို့အကိုလေးသောက်ချင်ရင် ဒေါ်ကြီးအခုပဲကျိုပေးမယ်လေ..."

"ဒါဆို ကျွန်တော့်ကိုနွားနို့ကျိုပေးပါလား ဒေါ်ကြီး.. ကျွန်တော်သောက်ဖို့တော့မဟုတ်ဖူး... ကျွန်တော့်ရဲ့ယောက်ျားကိုတိုက်ချင်လို့ပါ... "

"ဟုတ်ကဲ့အကိုလေး ခနထိုင်စောင့်နော်..."

သွန်းခလဲ ခုံပေါ်တွင်ထိုင်လိုက်ပြီး အဒေါ်ကြီး နွားနို့ကျိုတာကိုစောင့်နေလိုက်သည်...။

"ဖွားကိုရော ထမင်းကျွေးပြီးပြီလား ဒေါ်ကြီး..."

" ကျွေးပြီးပြီအကိုလေး..ဒီရက်ပိုင်းခံတွင်းမတွေ့ဘူးထင်ပါရဲ့ သခင်မကြီးက ထမင်းနည်းနည်းပဲစားတယ် အကိုလေး..."

အဒေါ်ကြီးပြောတဲ့စကားကြောင့် သွန်းခ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း...

"ဘာပဲ​ြဖစ်ဖြစ် အနည်းငယ်ဝင်အောင်တော့ကျွေးပေးပါ ဒေါ်ကြီး... ဖွားကအရမ်းပိန်သွားတယ်..."

"ဟုတ်ကဲ့ အကိုလေး.. ဒါနဲ့ အကိုလေးရဲ့ခင်ပွန်းက ချစ်စရာလေးနော်..."

အဒေါ်ကြီးထံမှ စစ်မင်းပိုင်နှင့်သက်ဆိုင်သောစကားပြောလာတာမို့ သွန်းခပြုံးမိသည်...။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now