💕Ep 19💕

6.8K 469 0
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 19

ထမင်းဝိုင်းတွင် အဖွားဖြစ်သူနှင့်အတူ စစ်မင်းပိုင်ရော သွန်းခပါ ထမင်းလက်စုံစားနေကြသည်...။ ထမင်းစားနေစဥ်တစ်လျှောက်လုံး သွန်းခသည် စစ်မင်းပိုင်၏မျက်နှာအား အကြိမ်ကြိမ်ခိုးကြည့်နေလေသည်... ။နေ့လည်က သူ့သူငယ်ချင်းတွေကြောင့် စစ်မင်းပိုင် ငိုသွားတာကိုပြန်တွေးမိတော့... သွန်းခ၏စိတ်ထဲတွင် အမည်မသိသော ခံစားချက်ကြီးဖြစ်ပေါ်နေလေသည်...။

"မြေးငယ် ဘယ့်နှယ့်ကြောင့် မြေးကြီးရဲ့ မျက်နှာကို မမြင်ဖူးသလိုကြီးစိုက်ကြည့်နေရတုန်းကွယ်..."

စစ်မင်းပိုင်အား သွန်းခစိုက်ကြည့်နေသည်ကို အဖွားဖြစ်သူက​ြမင်၍ ပြောလိုက်တော့... စစ်မင်းပိုင်လဲ ထမင်းငုံ့စားနေရင်း သွန်းခကို မျက်လုံးဝိုင်းလေးတွေဖြင့် မော့ကြည့်လေသည်...။

"အဟွတ် ဟွတ်... အဟမ်း ဖွားကလဲ သားဘယ်မှာကြည့်နေလို့လဲ ဒီတိုင်း ထမင်းစား​ေနတဲ့ဟာကို အဟွန်းး.."

သွန်းခတစ်ယောက် အဖွားဖြစ်သူ၏စကားကြောင့် ဦးစစ်က သူ့ကိုမော့ကြည့်တဲ့အခါ.... ရှက်ရမ်းရမ်း၍ စားနေတဲ့ထမင်းပင်သီးသွားကာ ရေခွက်ထဲက....  ရေမော့သောက်ရင်း အဖွားဖြစ်သူကို ပြန်ဖြေလေသည်...။

"မသိပါဘူးကွယ်.. ဖွားက ငါ့မြေးလေးတစ်ယောက် သူ့ယောက်ျားမျက်နှာကို ကြည့်မဝဖြစ်​ေနတယ်ထင်လို့ပါ..."

အဖွားက ပြုံးစိစိဖြင့် စနောက်၍​ပြောတော့ စစ်မင်းပိုင်၏ မျက်နှာလေး... နီးမြန်းသွားကာ သွန်းခလဲ ဟင်းမပါတဲ့ ထမင်းအဖြူတွေ ပါးစပ်ထဲအတင်းထိုးထည့်ရင်း .... ထမင်းပန်းကန်ထဲ ခေါင်းဝင်မတက် ငုံ့ထားလေသည်...။

ထမင်းစားသောက်ပြီးတဲ့အခါ စစ်မင်းပိုင်က အဖွားဖြစ်သူကို ဝှီးချဲပေါ်ထိုင်စေကာ .... အခန်းဆီလိုက်ပို့ပေးရင်း အဖွားကို ကုတင်ပေါ်တွင် သေချာလှဲအိပ်စေပြီး.. သူလဲကုတင်ပေါ်တက်ကာ အဖွားဖြစ်သူ၏ ခြေထောက်လေးကို နှိပ်ပေးလေသည်...။

"ဖွားကို သားနှိပ်ပေးပါရစေနော်..."

အဖွားလဲ စစ်မင်းပိုင်နှိပ်ပေးနေတာကို ခံယူရင်း အပြုံးကလေးနှင့် .... စစ်မင်းပိုင်ကို ကြည့်နေလေသည်...။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now