💕27💕

9K 488 10
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 27

သံုးနှစ်ခန့်ကြာသောအခါ......

*တင်းတောင်... တင်းတောင်... တင်းတောင်*

လူခေါ်ဘဲလ်တီးသံကြောင့် ဒေါ်မြသီတာသည်အိမ်ထဲမှထွက်လာ၏။

"ဘယ်သူနဲ့တွေ့ချင်လို့တုန်းကွဲ့"

ဒေါ်မြသီတာသည် ခြံတံခါးကိုဖွင့်ပေးရင်း သူ(မ)၏မျက်စိရှေ့မှ ရုပ်ချောချောကောင်လေးကိုမေးလိုက်သည်။ စစ်မင်းပိုင်သည် မိမိအားမမှတ်မိနိုင်ဖြစ်နေသည့် ယောက္ခမဖြစ်သူကြောင့် နုတ်ခမ်းအစုံကွေးညွှတ်သွားရ၏။

"သားပါမေမေ.. စစ်မင်းပိုင်လေ"

စစ်မင်းပိုင်၏အဖြေကြောင့် ဒေါ်မြသီတာရဲ့မျက်လုံးတွေပြူးကျယ်သွားရသည်။ ထို့နောက် မျက်ဝန်းဝိုင်းတွေမှာငွေ့ရည်ဖွဲ့လာပြီး စစ်မင်းပိုင်၏ ခန္ဓာကိုယ်ကိုပွေ့ဖက်လိုက်သည်။

"သား..သားစစ်... မေမေ့သားလေး.. အဟင့်.. မေမေသားကိုအရမ်းသတိရနေတာ.. အ..အခုတော့ မေမေ့သားလေး မေမေတို့ဆီကိုပြန်လာပြီပေါ့ အဟင့်"

စစ်မင်းပိုင်သည် ဒေါ်မြသီတာ၏ကျောပြင်လေးကို သူ့လက်ဖဝါးတစ်ဖက်ဖြင့်ပွတ်ကာနှစ်သိမ့်ပေးသည်။ သူ့ဘေးမှာအကောင်ပေါက်စလေး တစ်ကောင်ဟာနုတ်ခမ်းကြီးစူပုပ်လျှက်မျက်မှောင် ကြုတ်ပြီးရပ်နေသည်ကိုတော့သူမေ့နေဟန်ရှိသည်။

"ပါးပါး.. တားတား ညောင်း ဟွန့်"

သူညောင်းနေပါပြီဟုပြောကာ လက်ပိုက်လျှက်စိတ်ဆိုးဟန်ဖြင့်မျက်နှာတစ်ဖက်လွှဲသွားသောသားဖြစ်သူကြောင့် စစ်မင်းပိုင်လည်း အကောင်ပေါက်လေးကိုပွေ့ချီလိုက်ရသည်။

"သားလေးညောင်းနေပြီလား.. ပါးပါးတောင်းပန်ပါတယ် ဥုံဖွ"

သားလေးရဲ့ပြည့်ဖောင်းနေတဲ့ပါးလေးတစ်ဖက်ကိုအနမ်းပေးရင်း သူ့ချော့မြူလိုက်တော့ အစောကစိတ်ဆိုးနေသောအကောင်ပေါက်လေးက သွားကျဲလေးတွေနဲ့ပါးချိုင့်လေးခွက်ဝင်သည်အထိရယ်ပြလေ၏။ ဒေါ်မြသီတာဟာ ကလေးချီထားသောစစ်မင်းပိုင်ကိုတစ်လှည့် ၊ စစ်မင်းပိုင်၏လက်ထဲမှ သူ(မ)၏သားဖြစ်သူနှင့်ရုပ်ချင်းချွတ်စွတ်တူလွန်းသည့် ကလေးလေးကိုတစ်လှည့် နားမလည်နိုင်သောမျက်ဝန်းတွေဖြင့်ကြည့်နေမိသည်။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now