💕Ep 8💕

8.1K 607 12
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 8

"အင်းးး... ဟင်းး.. ဂျက်စမင်... အရမ်းချစ်တယ်.. ဟင်းး"

စစ်မင်းပိုင်အိပ်နေရင်း မောင့်ရဲ့ညည်းသံကြားတာကြောင့် စိုးရိမ်စွာဖြင့်အိပ်နေရာမှထထိုင်မိသည်။ ထို့နောက် မောင့်ကိုကြည့်လိုက်တော့ မျက်လုံးတွေမဖွင့်ပဲ တကိုယ်လုံးတုန်ယင်နေ၏။ ထို့ကြောင့် သူလဲမောင့်ရဲ့နဖူးထက်သို့ သူ့ရဲ့လက်ဖမိုးတင်လျှက် ကိုယ်အပူချိန်စမ်းမိသည်။

"ကျစ်! မီးခဲကြီးလိုပူခြစ်နေတာပဲ မောင်ဖျားပြီထင်တယ်"

လက်ကနာရီကိုကြည့်မိတော့ မနက်နှစ်နာရီခွဲခန့်သာရှိသေးသည်။ စိတ်ပူစွာဖြင့်တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်နေတဲ့ သူ့ရဲ့လက်ကို မောင့်ရဲ့လက်နှစ်ဖက်က ဆုပ်ကိုင်လာ၏။

"အရမ်းနွေးတယ်ပဲ ဂျက်စမင်ရယ် မောင့်ကိုဖက်ထားစမ်းပါ"

မောင့်နုတ်မှတမ်းတတဲ့နာမ်စားဟာ သူမဟုတ်ပါပဲ မိန်းကလေးတစ်ဦး၏နာမည်ဖြစ်နေတာကြောင့် ဝမ်းနည်းမှု့ကလှိုက်တက်လာပြန်သည်။

{ဂျက်စမင်ဆိုတဲ့မိန်းကလေးကို မနာလိုလိုက်တာမောင်ရယ်}

သူစိတ်ထဲကတွေးရင်း မျက်ဝန်းအိမ်၌ မျက်ရည်တို့ကတွဲခိုလာပြန်သည်။ အလွယ်တကူမျက်ရည်ကျတတ်တဲ့သူ့ကိုယ်သူလဲမုန်းမိပါသည်။ ကျလုဆဲဆဲမျက်ရည်တို့ကို အားလပ်နေသောလက်ဖဝါးတဖက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။

"ဒီတိုင်းထိုင်နေလို့မဖြစ်သေးပါဘူး.. မောင့်ကို ရေပတ်ဝတ်ကပ်ပေးမှတော်ရာကျမယ်"

ပြောရင်းဖြင့် မောင့်ရဲ့လက်တွေနှင့်ဆုပ်ကိုင်ထားသော သူ့ရဲ့လက်ကို ရုန်းထွက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်မှဆင်းကာ အခန်းအပြင်ထွက်၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ထို့နောက် မီးဖိုဆောင်ထဲဝင်ကာ ရေခဲသေတ္တာထဲမှ ရေခဲရေဗူးကိုထုတ်လျှက် ရေခဲရည်အနည်းငယ်ကို ကြွေဇလုံလေးထဲသို့ထည့်လိုက်သည်။

ထို့နောက် ဆေးသေတ္တာထဲမှအဖျားကျဆေးကိုယူလျှက် ရေချက်အေး(ရေသန့်ကိုကျိုချက်ထားသော သောက်သုံးရန်ရည်တမျိုး)ကို ဖန်ခွက်လေးထဲထည့်ကာ လင်ဗန်းတချပ်ပေါ်သို့ ရေခဲရေထည့်ထားသောရေဇလုံနှင့် ဆေးသောက်ရန်ဖန်ခွက်လေးရယ် ဆေးကိုပါ ဗန်းပေါ်တင်လျှက် အပေါ်ထပ်သို့ယူလာကာ အခန်းထဲပြန်ဝင်လာခဲ့သည်။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now