💕Ep 22💕

6.9K 473 4
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 22

*Ring...Ring...Ring....*

ရုတ်တရက် မှန်စားပွဲပေါ်တင်ထားတဲ့ သွန်းခရဲ့ဖုန်းမြည်သံထွက်ပေါ်လာသည်... ။စစ်မင်းပိုင်ယူကြည့်လိုက်တော့ အမည်မှတ်ထားခြင်းမရှိသော ဖုန်းနံပါတ်စိမ်းဖြစ်နေသည်..။

"မောင်.. ဖုန်းလာနေတယ် နာမည်မမှတ်ထားဘူး..."

စစ်မင်းပိုင်ပြောလိုက်တော့ သွန်းခလဲ စစ်မင်းပိုင်ရဲ့တီရှပ်အင်္ကျီထဲ...  ခေါင်းဝင်အိပ်နေရာမှ ထွက်လိုက်ပြီး ဖုန်းကိုင်လိုက်သည်...။

📱ဟယ်လို ဘယ်သူလဲ...📱

📲အဲလက်စ်လား.. ဒို့ပါ ဂျက်စမင်လေ...📲

ဂျက်စမင်ဆိုသည့်နာမည်ကိုကြားရသည်နှင့် သွန်းခ မျက်လုံးပြူးသွားရသည်... ။ဖုန်းနံပါတ်ပြန်ကြည့်လိုက်တော့ မြန်မာနိုင်ငံက ဖုန်းနံပါတ်ဖြစ်နေတာမို့ ... ဂျက်စမင် မြန်မာနိုင်ငံကိုရောက်နေပြီဆိုတာ သိလိုက်ရသည်....။

📱ပြောပါ ဂျက်စမင်..ဘာကိစ္စရှိလို့လဲ...📱

📲ဒို့ မြန်မာနိုင်ငံကိုရောက်နေတယ်.. အဲ့တာ အဲလက်စ်ကိုတွေ့ချင်လို့ ခနလောက်ဖြစ်ဖြစ် ဒို့ကိုလာတွေ့ပါလား....📲

📱လာမတွေ့နိုင်ဘူး ကျွန​်တော်မအားဘူး...ပြီးတော့မိုးလဲချုပ်နေပြီ မလာချင်ဘူး..📱

သွန်းခ ဖုန်းပြောနေသည်ကို စစ်မင်းပိုင်အပါဝင် ဦးဇေရတုရော... ဒေါ်မြသီတာပါ ကြည့်နေကြသည်...။

📲အဲလက်စ်ကလဲကွာ ခနလေးပဲထွက်ခဲ့ပေးပါ... ဒို့ ရှိနေမယ့်နေရာကို မက်ဆေ့ပို့လိုက်မယ်... 📲

ဒေလီယာကိုသွားတွေ့ဖို့ သွန်းခဆုံးဖြတ်ချက်ချလိုက်သည်...။ ရှင်းစရာရှိတာတော့ အပြတ်ရှင်းရမည်....။

📱ကောင်းပြီလေ ကျွန်တော်အခုထွက်လာခဲ့မယ်ဖုန်းချလိုက်တော့မယ် ဒါပဲ...📱

တစ်ဖက်ကဖုန်းချသွားသည်နှင့် ဂျက်စမင်၏နုတ်ခမ်းထက်တွင် ...အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခုဖြစ်ပေါ်လာသည်...။

"မောင် အပြင်ခနသွားဦးမယ် ဦးစစ်.. သိပ်မကြာဘူး ပြန်လာခဲ့မယ်..."

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Où les histoires vivent. Découvrez maintenant