💕Ep 16💕

7.1K 483 4
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 16

အဖွားနှင့်ဂျက်စမင် နိုင်ငံခြားသို့ပြန်သွားသည့်အချိန်မှစ၍ အိမ်လေးဟာနဂိုအတိုင်းသာယာစိုပြေသလိုရှိသွား၏။ စစ်မင်းပိုင်စိုက်ထားသောပန်းပင်လေးတွေပျက်စီးသွားရသည့်အတွက် သွန်းခက အပြင်မှပန်းမျိုးစေ့တွေ အပင်တွေဝယ်လာပြီး ဦးစစ်နှင့်အတူ ခြံထဲမှအပင်စိုက်နေခြင်းဖြစ်၏။

"ဒီပန်းအိုးတွေကို ဘယ်နေရာမှာထားရမလဲ ဦးစစ်"

နှင်းဆီပွင့်အဖြူရောင်နှင့်ပန်းရောင်စပ်ထားသောပန်းအိုးလေးကိုမရင်း သွန်းခမေးလိုက်ခြင်းဖြစ်သည်။

"ခြံရဲ့ဘယ်ဘက်ထောင့်လေးမှာထားပေးနော် မောင်"

စစ်မင်းပိုင်ကပြန်ဖြေလိုက်တော့ သွန်းခလည်း ခြံရဲ့ဘယ်ဘက်ထောင့်နေရာတွင် ပန်းအိုးလေးကိုချထားလိုက်သည်။ စွပ်ကျယ်အင်္ကျီချိုင်းပြတ်အမဲရောင်လေးကို ဂျင်းဘောင်းဘီနက်ပြာရောင်ဒူးတိုလေးဖြင့်တွဲဖက်ဝတ်ဆင်ထားသော သွန်းခဟာ အသားဖြူလွန်းတာကြောင့် နေအပူရှိန်ကြောင့် အသားတွေပင်နီရဲနေ၏။ မောင့်ရဲ့နဖူးထက်မှချွေးတွေကို သူ့ရဲ့လက်ဖဝါးဖြင့်တယုတယသုတ်ပေးမိသည်။

"ပင်ပန်းနေပြီလားမောင်"

သူမေးလိုက်တော့ မောင်က သူ့ရဲ့နဖူးထက်သို့ အနမ်းနုနုခြွေရင်း ပြုံးရွှင်သောမျက်နှာထားဖြင့်ပြန်ဖြေလေ၏။

"မပင်ပန်းပါဘူး ဦးစစ်ရဲ့ မောင်ကအခုလိုဦးစစ်နဲ့အပင်တွေစိုက်နေရတာကိုပဲ ပျော်နေတာပါဗျာ"

အိုမင်းသည်အထိမောင်နဲ့ယခုလိုအချိန်တွေကုန်ဆုံးခွင့်ရလျှင်သိပ်ကောင်းမည်ဟု သူတွေးမိပါ၏။

"အဖွားကြီး ရှင့်ကိုယုံစားမိလို့ အခုအဲလက်စ်က ကျွန်မကိုမုန်းသွားပြီ!!"

ကျွန်းသားဖြင့်ပြုလုပ်ထားသော အိမ်အပေါ်ထပ် လှေကားထိပ်တွင် ဂျက်စမင်နှင့်ဒေါ်မျိုးသူဇာအောင်တို့နှစ်ယောက် စကားများနေခြင်းဖြစ်၏။ ဂျက်စမင်၏အပြောကြောင့်ဒေါ်မျိုးသူဇာအောင်ဟာ ဂျက်စမင်ထံသို့မယုံနိုင်သော မျက်ဝန်းများဖြင့်ကြည့်လေ၏။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now