💕Ep 14💕

7.7K 580 11
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 14

မနက်သောစောစောစီးစီး ခရီးဆောင်အိတ်ကို လက်တဖက်ကဆွဲရင်း အိမ်ထဲသို့ဝင်လာသည့်ကောင်လေးကို... ခွန်းဆက်ပိုင် ဧည့်ခန်းထဲကSofaပေါ်တွင်ထိုင်း မျက်မှောင် ကြုတ်၍ကြည့်နေမိသည်... ။

"အဟမ်း!!"

အတန်ကြာသည်အထိ သူ့ကိုမြင်ပုံမပေါ်သေးတဲ့ကောင်လေးကြောင့် ... ခွန်းဆက်ပိုင် ချောင်းဟန့်လိုက်သည်...။ ထိုသို့ချောင်းဟန့်သံကြားမှ ကောင်လေးက သူ့ဘက်သို့လှည့်ကြည့်လာသည်... ။ထို့နောက် ပါးစပ်ကိုနားရွက်တက်ချိတ်မတက်ရယ်ကာ ... ခွန်းဆက်ပိုင်ထိုင်နေရာသို့ ခရီးဆောင်အိတ်ကိုဆွဲရင်း လျှောက်လာလေသည်..။

"ဟီး.. daddyက ကိုကိုနဲ့နေရမယ်ပြောလို့ ရောက်လာတာပါခင်ဗျ"

သူ့ကို ကိုကို ဟုခေါ်သော အရှေ့ကကောင်လေးကို.. ခေါင်းအစခြေအဆုံး ခွန်းဆက်ပိုင်ကြည့်လိုက်သည်...။ ဖြူစုတ်စုတ်အသားအရည်နှင့် ဆံပင်ကလဲ  ...မိုးကြိုးပစ်ကေကိုမှ နီကြောင်ကြောင်အရောင်ကလဲဆိုးထားသေးသည်..။

ဝတ်ထားသည့်အဝတ်အစားဟာလည်း ရပ်စ်ပါ လိုလို ပန့်စ် လိုလို အပေါက်အပြဲများစွာရယ် ဘောင်းဘီမှာလဲသံကြိုးတွေ တို့လို့တွဲလောင်းတွေနှင့် လက်မှာလဲ ဂေါ်ကွင်းတွေဝတ်ထားသေးသည်..။ ဒီကြားထဲ မျက်လုံးကို အိုင်းလိုင်နာက ဆိုးထားသေးတာမို့ တကယ့်လမ်းသရဲစတိုင်လို အမြင်ကပ်စရာကောင်းလှသည်...။ အရပ်ကလဲ ဓာတ်တိုင်တွေလိုမိုးထိုးနေတာမို့ အသက်ဆယ့်ငါးနှစ်ပါဟုပြောလျှင်တောင် ယုံနိုင်ဖွယ်မရှိပေ..။

"ငါ့အိမ်မှာနေရင် ငါ့စည်းကမ်းအတိုင်းလိုက်နာရမယ်... အကယ်၍ မနေနိုင်ဘူးဆိုရင် ခုချက်ချင်းပြန်လဲ ရတယ်!"

"ခစ်ခစ်"

ခွန်းဆက်ပိုင်ထိုသို့ပြောလိုက်တော့ ကောင်လေးက သူ့နုတ်ခမ်းအနားသို့ .... လက်သီးဆုပ်ကပ်ရင်း သဘောကျစွာရယ်နေတာမို့ ခွန်းဆက်ပိုင်မျက်မှောင်ကြုတ်မိသည်... ။ ရယ်တာကလည်း မိန်းမလိုမိန်းမရ ခစ်ခစ်တဲ့!.. ။ ရယ်ပါလား ယောက်ျားလေးပီပီသသ ဟား ဟားပေါ့။ စလာတည်းကဒေါက်မကျိုးတဲ့သောက်ချိုးတွေနဲ့!။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now