💕Ep 15💕

8.1K 556 26
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Ep 15

စစ်လွန်းသာဟာ ဆေးရုံကုတင်ပေါ်တွင် မျက်နှာတစ်ခုလုံး ဖြူဖျော့စွာဖြင့် အိပ်စက်အနားယူနေတဲ့ မိခင်ဖြစ်သူ၏လက်ဖဝါးလေးကိုအုပ်ကိုင်ရင်း မိခင်၏မျက်နှာထက်က ချွေးစေးအချို့ကို လက်ကိုင်ပုဝါလေးဖြင့်သုတ်ပေးနေမိသည်။

"ညီညီ အိ​မ်ပြန်ပြီးနားရင်နားတော့လေ မာမီကို ကိုကိုပဲဆက်စောင့်နေလိုက်မယ်"

နောက်ပါးဆီမှကြားရသောအသံကြောင့် စစ်လွန်းသာ အနောက်သို့လှည့်ကြည့်မိတော့ လူနာဆောင်အခန်းတံခါးကိုဖွင့်၍ဝင်လာသော စစ်ရှိန်သာကိုတွေ့ရ၏။

"ဒါဆို ညီညီ အိမ်ခဏပြန်ဦးမယ် ညမှကိုကိုနဲ့အတူလာစောင့်ပေးမယ်နော်"

သူပြောလိုက်တော့ အကိုဖြစ်သူက ခေါင်းငြိမ့်ပြတာမို့ စစ်လွန်းသာလည်း အိမ်သို့သာပြန်လာခဲ့၏။

ခွန်းဆက်ပိုင်တစ်ယောက် ရေလဲဝတ်စုံအဖြူရောင်ကို ခါးတွင်ကြိုးချည်၍ဝတ်လိုက်ပြီး ရေချိုးခန်းထဲမှထွက်လာသည်။

*Ring.. Ring.. Ring*

ကုတင်ပေါ်တင်ထားသောဖုန်းမြည်သံကြောင့် ခွန်းဆက်ပိုင်လည်း ဖုန်းကိုင်လိုက်တဲ့အခါ သူ့ရဲ့အဖေဆီမှခေါ်ဆိုခြင်းဖြစ်နေ၏။ ထို့နောက် သက်ပြင်းသဲ့သဲ့ချရင်း အစိမ်းတန်းလေးကိုညာဘက်သို့ဆွဲ၍ ဖုန်းကိုနား၌ကပ်လိုက်သည်။

"ခွန်းဆက်ပိုင်.. သားငယ် မင်းဆီကိုရောက်နေပြီလား"

အဖေ့ဆီကသူ့အတွက်ချိုသာတဲ့စကားလုံးကြားရဖို့ဆိုတာ ဟိုးအရင်တည်းက သူနဲ့မသက်ဆိုင်တဲ့အရာပါ။

"အင်း မနက်ကရောက်တယ်"

"သားငယ်ရဲ့ကျောင်းကိစ္စတွေမင်းသေချာစီစဥ်ပေးလိုက်"

သားငယ်... သားငယ်... ဟက်! မယားငယ်နဲ့ရတဲ့သားကိုတော့ ဖေဖေဟာသိပ်ကိုအကဲပိုလွန်း၏။ သူကရော ဖေဖေရဲ့ သားမဟုတ်ဖူးလားလို့ မေးလိုက်ချင်ပါရဲ့။ အခုတော့တစ်ယောက်ထဲနေလာတဲ့သူ့ဘဝက မယားငယ်နဲ့ရတဲ့သားအတွက် အခိုင်းစေလုံးလုံးဖြစ်မှန်းမသိဖြစ်နေရသည်။

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now