💕final💕

13.7K 552 16
                                    

Uni

💕ခေတ်သစ်မင်းကုသ💕

Final

ပရောဂျက်အတွက်အစည်းအဝေးပြီးသည်နှင့် လက်တွင်ပတ်ထားသောနာရီအား စစ်ရှိန်သာကြည့်လိုက်သည်။ နာရီလက်တံအတိုဟာ သုံးဂဏန်းကိုညွှန်ပြနေပြီး နာရီလက်တံအရှည်လေးဟာ ခြောက်ဂဏန်းကိုညွှန်ပြနေတာမို့ ဆုံလယ်ခုံနောက်ကျောတွင်လွှားထားသောကုတ်အင်္ကျီကိုယူ၍  အဖြူရောင်ရှပ်အင်္ကျီပေါ်မှထပ်ဝတ်လိုက်ပြီး ကားပါကင်ရှိရာဆီသို့ထွက်လာခဲ့၏။

"ဦး ရောက်တာကြာပြီလားဟင်"

ကျောင်းဝန်းထဲမှကျောပိုးအိတ်လေးလွယ်လျှက် သူ့အားမြင်သည်နှင့် ဝမ်းသာအားရပြေးထွက်လာသောအကောင်​ေပါက်ကို လက်နှစ်ဖက်ဆန့်တန်း၍ရင်ဖွင့်လျှက်ဆီးကြိုလိုက်၏။

"ကိုယ်လဲအစောကမှရောက်တာပါကလေးရယ်.. မင်္ဂလာပွဲအတွက်ဝတ်စုံရွေးဖို့ အချိန်စောပြီးလာလိုက်တာ"

သူ့အသက်ကြီးနေပြီမို့ ငယ်ငယ်ရွယ်ရွယ်လေးကိုချစ်သူတော်ထားရသော စစ်ရှိန်သာဟာ အကောင်ပေါက်လေးကိုစိတ်မချသောကြောင့် ကျောင်းမပြီးခင်မင်္ဂလာဆောင်ရန် အကောင်ပေါက်လေး၏မိဘနှင့်အကိုဖြစ်သူထံမှာ ကြိုးစား၍တောင်းရမ်းထားရသည်လေ။ အကောင်ပေါက်လေးရဲ့အဖေဖြစ်ပြီး ညီညီ့ချစ်သူခွန်းဆက်ပိုင်ရဲ့ ဖခင်ဖြစ်တဲ့ သူ့ရဲ့ယောက္ခထီးကြီးက အစပိုင်းမှာသဘောမတူပေမယ့် အခုတော့သဘောတူပေးလိုက်ပါပြီ။

"ဒါဆိုလည်းသွားကြမယ်လေဦး"

မိုးထက်မာန်ကပြောတော့ စစ်ရှိန်သာလည်း ကားတံခါးဖွင့်ပေးလိုက်သည်။ မိုးထက်မာန် ကားပေါ်သို့ရောက်မှ သူပါအခြားတစ်ဖက်ကတက်၍ ကားလေး၏ဦးတည်ရာသည် မင်္ဂလာဝတ်စုံရောင်းတဲ့ဆိုင်ဆီသို့ ခပ်ရွေ့ရွေ့မောင်းထွက်သွားလေသည်။

"မောင် သားကိုရေချိုးပေးလိုက်ဦးနော်"

"အချစ်က မောင်နဲ့ကျမှအတူချိုးမှာလား"

သားကိုပွေ့ချီရင်း ဦးစစ်၏နားအနားသို့မျက်နှာတိုးကပ်၍မေးလိုက်တော့ ဦးစစ်၏မျက်နှာလေးနီမြန်းသွားပြီး သွန်းခကိုတွန်းထုတ်၏။

You've reached the end of published parts.

⏰ Last updated: Sep 20, 2022 ⏰

Add this story to your Library to get notified about new parts!

ေခတ္သစ္မင္းကုသ ခေတ်သစ်မင်းကုသ(Z+U)Where stories live. Discover now