Part - 50(Unicode)

9.5K 880 19
                                    

ကျွန်တော်ဆေးရုံထဲ လက်ဖျားခြေဖျားအေးနေလေပြီ။ ကိုဉာဏ့်ကို ခေါ်သွားသည့် အခန်းထဲ တစ်ခုခုဖြစ်မည်ကို တွေးပူသည်။ မတော်တဆမီးတွေလောင်ကုန်ရင် ဘယ်လိုလုပ်မည်လဲ။ ခေါင်းကသွေးတွေအများကြီးထွက်ထားသေးသည်။ သွေးလိုသည်ဆိုခြင်းကြောင့်လည်း သွေးအိတ်တွေဝယ်ရသည်။ ဘယ်လောက်ကြာကြာ ထိုင်စောင့်နေရသည်မသိ။ ပတ်ဝန်းကျင်ကိုလဲ ကြည့်နေရသေးသည်။
ကျွန်တော်ငယ်ငယ်ကလို တစ်ဖက်အခန်းကမီးတွေလောင်နေမလားအတွေးနဲ့ တစ်ဖက်အခန်းကိုလဲ ပတ်ကြည့်နေမိသေးသည်။ မနေနိုင်တော့သည့်နောက်ဆုံး...

"အဖွား...... အဲ့အခန်းထဲလေ.....ကိုဉာဏ် ဝင်သွားတဲ့အခန်းထဲ ကျွန်တော်ပါဝင်ချင်တယ် အဖွား......... ပြောပေးပါလား....... မတော်တဆ မတော်တဆလေ........"

"သုတနောင် ရဲ့ လူနာရှင်....... "

"ကျွန်မတို့ပါ.....သုခမောင်ပါ........"

ဆရာဝန်က စာရွက်ကြီးကိုကြည့်ပြီး
အဖွားကိုကြည့်နေလေသည်။ရင်တွေပူ၊ ရင်တွေတုန်ကာ
ဘယ်နားမီးလောင်မလဲ တွေးနေမိပြီး ကိုဉာဏ့် အထဲမှာရောက်နေသည်မို့ စိတ်တို့ကအထောင်းမသက်သာပေ။
ကြောက်စိတ်ကိုဖယ်နေစဥ်မှာပဲ အော်သံတွေက ကြားနေရသည်။ ဆရာဝန်ကလည်း ဘာတွေလုပ်နေသည်မသိတော့။
ဆရာဝန်က ခန္ဓာကိုယ်ကို လှုပ်ကာ ကနေသည်လား ။
ဝေဝေဝါးဝါးမျက်ဝန်းတို့ကို ခေါင်းခါထုတ်ကာ မျက်လုံးမှိတ်လိုက်ဖွင့်လိုက်လုပ်နေမိသည်။

'အားတင်းထားရမယ်.....လဲကျလို့မဖြစ်ဘူး.....
ကိုဉာဏ် ဘယ်လိုနေမလဲမသိရသေးဘူး.......'

မျက်ရည်တို့က ပိုးပိုးပေါက်ပေါက်ကျလာသည်။ မပြီပြင်ဝိုးတဝါးပုံရိပ်တွေကြား ဖိုင်တွဲကိုငုံ့ကာကြည့်နေသည့်ဆရာဝန်က မျက်စိမျက်နှာပျက်လို့ပင်။
အဖွားအသံတို့ကိုဝေဝါးဝါးကြားလိုက်ရသည်။

"ခေါင်းထိပြီးဆေးရုံရော​က်လာတာလေ ဆရာ......"

"ဒါဆိုရင်တော့ လူနာဆုံးပါပြီ..........."

"ကိုဉာဏ်......."

ခပ်တိုးတိုးရေရွတ်ပြီးနောက် တင်းထားသမျှစိတ်တို့က သဲထဲရေသွန်လိုက်မိသလို အရာမထင်တော့ချေ။
နောက်ဆုံးလဲကျသွားသည်ကိုသိသည်။ အဖွားရဲ့ ကျွန်တော့်နာမည် ခေါ်သံကိုကြားလိုက်ရသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now