Part - 49 (Unicode)

9.2K 839 63
                                    


ထအော်လာသည့် ကိုဉာဏ့်ကြောင့် လက်ထဲ၌ရှိနေသည့် ကလေးငယ်က လန့်၍တုန်သွားလေသည်။ ငိုတော့မငိုပေ။
ကလေးလေးကအနေအေးလွန်းသည်။ ၉လ ကျော် ၁၀လသားအရွယ် ရင်ခွင်ထဲ၌သာထည့်ထားသင့်သည့်အရွယ်လေးပင်။ အမေရော အဖေရော မရှိတော့သည့် ကလေးငယ်လေးကို ကျွန်တော်သနားမိသည်။

"ဖြေးဖြေးအော်စမ်းပါဗျာ.. ကလေးလန့်သွားပြီ...."

"​ဒါဆိုရုပ်တိရှိတာပြောစမ်းလေ ညီ........"

"ကိုဉာဏ်ကလည်း လုပ်ပါဗျာ.....ခေါ်သွားရအောင်....
ကလေးလေးကိုသနားတယ်... ကျွန်တော်ချစ်တယ်....
ခင်ဗျားမခေါ်ချင်နေ....ကိုမဲလုံးကို ဖေဖေ့အိမ်မှာ လက်တိုလက်တောင်းခိုင်းဖို့ ပို့လိုက်မယ်.... ရန်ကုန်မှာနေနေတဲ့ ဖေဖေလဲအဖော်ရတယ်....
ကျွန်တော့်သားလဲ ကစားဖော်ရတယ်..... "

"ညီ မဟုတ်တာတွေမပြောနေနဲ့......"

တစ်ယောက်တစ်ခွန်းစကားများကြပြီးတောက် ရုပ်တည်တည်နဲ့ကြည့်လာသည့် ညီ့ကြောင့် စိတ်ဆိုးသွားသည်ကိုသိလိုက်ပြီမို့ ကိုယ်ပဲလျော့ရလေတော့သည်။ အေးဆေးပြောပြရမည်။ ဘယ့်နှယ် ကိုယ့်ယောကျာ်းရဲ့ရည်းစားဟောင်းရဲ့ ကလေးကိုမှ အိမ်ခေါ်လာချင်နေသည့် ညီ့ စိတ်ကူးကိုတကယ်လက်လန်သည်။

"ခင်ဗျားနဲ့ကျွန်တော်က သူစိမ်းတွေ.......
ခင်ဗျားမှာ ဝင်စွက်ဖက် ပိုင်ခွင့်မရှိဘူး............"

သက်ပြင်းချကာ ဒေါသလျော့သွားသည့် ကိုဉာဏ့်ကိုကြည့်ပြီး ထိုစကားတို့ကိုမျက်ဝန်းတည့်တည့်သို့ စိုက်ကြည့်ကာ ပြောလိုက်ပါသည်။

ရုတ်ချည်းပြောင်းလဲ သွားသည့် ညီ့မျက်နှာအမူအရာတို့က တကယ်အေးစက်သွားသည်မို့ လူတစ်ကိုယ်လုံးမှသွေးများမလျှောက်နိုင်တော့လောက်အောင် အေးခဲသွားသလို ခံစားလိုက်ရသည်။ ကိုယ်ပေါ်ကုတ်တက်နေသည့် ဂူဂူးလေးကို
စောင့်ဆွဲ၍ ပင့်ချီကာ တစ်ဖက်သို့ မျက်နှာလွဲဲပီး ကျွန်တော့်ကိုကျောခိုင်းထိုင်နေသည့် ညီက တကယ်ကိုရက်စက်နိုင်လွန်းသူပင်။ ညီ နှုတ်မှ ထွက်အံမည့်စကားတို့ကို နားစွင့်ရင်း ကျောပြင်လေးကိုငေးနေမိသည့်တိုင် မည်သည့်စကားသံမှထွက်အံမလာသေးချေ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now