Thank you Note

5.3K 311 52
                                    


He & Me ~~သူရယ်ကိုယ်ရယ် *

၇.၈လ ကနေ စခဲ့တဲ့ ဒီFicလေးဟာ ၁၇.၉လပိုင်းမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။

ဒါကလဲ စာဖတ်သူတွေကြောင့်ပါ။ ခံစားရတဲ့အချက်လေးတွေ၊ ရယ်စရာဆိုရယ်ပေးကြလို့ ငိုစရာဆိုငိုပေး၊ သနားစရာဆိုသနားပေးပြီး ပျော်စရာဆိုကြည်နူးပေးကြပြီး ရင်တမမနဲ့စောင့်ဖတ်နေရတာ စာဖတ်သူတို့ ပင်ပန်းခဲ့ပြီနော်.........

ကျေးဇူးအများကြီးလဲတင်သလို ပင်ပန်းစေမိလို့ အားနာပါတယ်...... ဒီFicကေ နည်းနည်းအပျော်လေးတွေပါပါသေးတယ်....ရယ်စရာလေးတွေပါပါသေးတယ်.....ဒါလေးက ကိုယ်ဖန်တီးလိုက်တဲ့ တစ်ခါမှမဖန်တီးဖူးတာလေးပါ။

အရင်စာဖတ်သူအဟောင်းတွေဆို AYuMiအကြောင်းသိပါတယ် ဒရမ်မာက Ficတစ်ခုလုံးမရပ်လို့ သောက်သောက်လဲဆဲကြတာလေ😅 ဂေါ်သုလေးမှာကတော့ ရိုမန့်လေးရော၊
ငိုစရာလေးရော၊ ဂေါ်တာလေးရောကို ပုံဖော်ထားရတာ ကိုယ့်အတွက်တော့မောရပါတယ်။ ကိုယ်က Dramaပဲ ရေးရတာအားသန်နေတော့ ဂေါ်သုလေးပုံဖော်တာ လိုအပ်တာရှိခဲ့ရင် ခွင့်လွှတ်ကြပါလို့လေ။

Charaterတွေအနေနဲ့ပြောရရင် .....

ဉာဏ်သု....

Playboy တစ်ယောက်ပါ။ ကောင်မလေးတွေနဲ့ပတ်အိပ်တတ်တာ Playboyတွေရဲ့ထုံးစံပါပဲ။ သူက ညီသုနဲ့တွေ့မှ ချစ်တတ်တာပါ။ သူမိန်းကလေးတွေကိုရော ငယ့်ကိုရော
ဦးနှောက်နဲ့ရွေးခဲ့တာပါ။ သံယောဇဥ်က ငယ့်ကိုရှိခဲ့တယ်ပေါ့လေ။
ကိုယ့်မှာအဲ့ Playboy charaterကို သူငယ်ချင်းတစ်ယောက်ဆီက ယူဖြစ်တာမို့ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဟိုအကောင်ရေ....
Ficကိုဖတ်ပြီးရင် ငါ့ကိုများများဆဲပါဦးနော်....☺

ညီသု.......

သူ့အချစ်ကရိုးရှင်းပါတယ်....သူမပိုင်နိုင်တဲ့လူကိုချစ်မိတယ်... မပိုင်နိုင်မှန်းသိလို့ ထွက်မသွားရခင် လုပ်ပေးနိုင်တာလုပ်ပေးခဲ့ပြီး အရမ်းမခံစားခဲ့ဘူး။ ခံစားနေလဲ သူပဲပင်ပန်းရမှာလေ။ အဲ့တော့ပေးဆပ်နိုင်သမျှပေးဆပ်ပေးတယ် ဉာဏ်သုအတွက်ကိုပေါ့လေ။

ကိုဇေ.......

၁၀နှစ်လောက်ရှိပြီဆုံးသွားတဲ့ချစ်သူကိုမမေ့နိုင်သေးဘူး။
ညီ့ကိုအမှတ်မထင်တွေ့တယ်။ ချစ်မိသွားတယ်။
ချစ်သူရဲ့နှလုံးသားနဲ့အသက်ဆက်နေတဲ့ အကိုကြီးကို စောင့်ရှောက်ပေးဖို့အတွက်ပဲ သူတွေးတယ်။ အဲ့တော့ နန္ဒမိုးနေကိုထားခဲ့တယ်။ သူကသူ့ချစ်သူကိုသိပ်ချစ်တာလေ။
ကလေးအရွယ်စိတ်ကစားတယ်ထင်ပြီးတော့ပေါ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now