Part - 4

15.6K 1.7K 114
                                    

အခန်းထဲရောက်တော့ အကျီတွေကို ထည့်ထားသော လာ့ဂေ့ချ်ကြီးကရှိမနေပေ။အိတ်တွေသယ်သွားသော ကောင်မလေးနှစ်ယောက်လည်းမတွေ့ရ။ ဟိုဘဲကြီးကိုကြည့်လိုက်မိရည ဝရံတာကိုတံခါးပိတ်ပြီး ဖုန်းပြောနေသည်ကအပြင်ဘက်တွင် ဟိုလျှောက်ဒီလျှောက်နဲ့ဖြစ်နေတော့သည်။ တစ်ခုခုကိုလေးလေးနက်နက်ရှင်းပြပြီး သူကိုယ်တိုင်စိတ်မောနေသယောင်ပင်။သူပဲစိတ်မောနေသည်မှ မဟုတ်လေပဲ ကျွန်တော်လဲအဖေ့ကို ဘယ်လိုရှင်းရမည်မသိသည်ကြောင့် စိတ်မောသည်။

ယောကျာ်းယူလိုက်ပြီလို့ပဲပြောရလေမလား။
စပွန်ဆာရှာလိုက်တာလို့ပဲပြောရမလား။
သကြားဖေဖေကသူ့ဘာသူ အမ်းချင်လို့ သူ့ကိုလက်ထပ်ပါပြောလို့ သနားပြီးလက်ထပ်လိုက်တာလို့ပဲ ပြောရလေမလား။ လမ်းတွေပျောက်ရပါတယ်။ သူအလုပ်လာငှားစဥ်က
အဖေကိုယ်တိုင်ရှိနေသည်မို့ အဖေ့ကိုဘယ်လိုလိမ်ရမည်လဲ။
ညီသုဆိုတာ ဖေဖေ့ကိုတစ်ခါမှမလိမ်ဖူးခဲ့သည်မို့
စဥ်းစားမရတော့ချေ။နောက်ဆုံးအကြံရသွားသည်မို့ ငုံးဥမရဲ့အ​ဖေဆီ ကိုစာပို့လိုက်ပါသည်။

"ဖေဖေ သားမိုက်ကိုခွင့်လွှတ်လိုက်ပါ......
သူများသားကို ပြစ်မှား၊စော်ကားမိလို့
ယောကျာ်းယူလိုက်ရပါပြီ..."

ငါကအထက်အရပ်ကပဲ အာ့ကြောင့်ဒီလို စာပို့လိုက်ပြီ။

ငါအောက်အရပ်ကိုဆင်းရဖို့မှ မရှိတာ ငါကမိန်းမလှလှလေးကိုယူဦးမှာ။ ကိုဉာဏ်ဆီမှာခြောက်လအလုပ်လစာတွေလဲ ရနေချိန် ငါ့ကုမ္ပဏီလဲလုပ်လို့ ငါ့အင်ယောကျာ်းက ပြောတယ်ဆိုတော့ အမလေး...ညီသုနောင် ဘဝကြီးသာယာလွန်းနေပြီ။ ပခုံးတစ်ခါဖက် တစ်သိန်း၊ တစ်နေ့တစ်ကြိမ်လောက်ဖက်ရင်ပဲ တစ်လဆို... ဝိုး ငွေထုတ်ကြီး။
စိတ်ချဖေဖေ...ခြောက်လကျော်ရင် ဖေဖေ့အတွက်မြေးတွေမွေးပေးနိုင်မယ့် စယဆိုက်ပြည့်၊ဂိုက်ပြည့် ချောချောလှလှ ဆော်လေးတစ်ပွေကိုရှာပြီး ယူပြခဲ့ပါမယ်။
ခုတော့ ကို့လက်ကလွတ် ဗြွတ်ပဲမို့.... ငုံးဥမအဖေနဲ့ ဖေဖေဖြေရှင်းလိုက်ပါဟုပဲ စိတ်မကောင်းစွာ ရင်ထဲမှ အနှစ်အပြည့် ဝမ်းနည်းခြင်းနဲ့ ဖေဖေ့ဆီစာတစ်စောင်ပို့လိုက်ပါသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now