Part - 53(Unicode)

10K 926 95
                                    

"ထ....ထ...ညီ ခြေထောက်တွေနာမယ်.....
မျက်ရည်တွေလဲကျလို့.......... "

"ခ​င်ဗျားကြောင့်လေ.....မကောင်းတဲ့လူကြီး......"

ပြန်ကာရန်တွေ့ပြီးနောက် နှခေါင်းကိုရှုံ့ကာမျက်ရည်များသုတ်လို့ ညီ ရယ်​နေလေသည်။ မတ်တပ်ရပ်ရန် တွဲထူပေးလိုက်ပြီးနောက် မျက်ရည်များသုတ်ဖယ်ပေးပြီး
ကိုယ်တိုင်လဲမျက်ရည်တို့ကို သုတ်ဖယ်လိုက်သည်။

"အဖွားတို့ရော ကိုဉာဏ်...ညီ့ ကိုစိတ်ဆိုးနေကြလားဟင်..."

ခေါင်းငုံ့သွားကာ မျက်နှာငယ်ကြသွားသည့် ကိုဉာဏ့် လှ​ပသေသပ်သောစကားတို့နဲ့ နှစ်သိမ့်ပေးရန် မဟာပထဝီမြေကြီးနဲ့တိုင်ပင်ကာ စဥ်းစားနေသည်ထင်ပါရဲ့ ခေါင်းကြီးကိုငုံ့လို့ပင်။

"ကိုယ့်အမှားတွေပါ.....ကိုယ်....."

"ကိုယ်တွေခေါင်းတွေအသာထား....
ကိုဉာဏ့် လက်ကို ကျွန်တော်တွဲလိုက်ပြီလေ...
အတူတူရင်ဆိုင်ကြစို့...... "

ကျွန်တော့်ညာဘက်ကို ညီက သူ၏လက်နှစ်ဖက်နဲ့ သေချာစွာဆုပ်ကိုင်လို့ အားပေးပြုံးကို ထယ်ဝါခန့်ညားစွာပြုံးပြလေသည်။

"ညီ့ ကိုပဲ လိုတယ်....."

"ကျွန်တော့်အတွက်လဲ ကိုဉာဏ်ရှိရင်ရပြီ....."

နောက်ဆုံးတော့ ညီ့ ဆုံးဖြတ်ချက်အတိုင်း အဖွားရှိရာ ကျွန်တော်အိမ်သို့သာ မုန့်ဆိုင်ထဲမှ ထွက်လာခဲ့လိုက်ကြသည်။ ညီ့ ဖေဖေကိုတော့ ညီ ကိုယ်တိုင်ဖုန်းဆက်ပြီး ကျွန်တော့်အိမ်သို့လာရန် ခေါ်လိုက်သည်။ ယောက္ခမကြီး၏ဖုန်းထဲမှ အော်သံကို ကားမောင်းနေရင်းအတိုင်းသားကြားရသည်မို့ ဒေါသတို့ထွက်နေမည်မှာသေချာလေသည်။

ကျွန်တော့်လက်ကိုဆုပ်ကိုင်လို့ ကားမောင်းနေသည့် ကိုဉာဏ်က မီးပွိုင့်မိလိို့ ကားရပ်တိုင်း သူရှိရာအရပ်သို့တစ်ဖက်စောင်းကာထိုင်နေသည့် ကျွန်တော့်ကိုကြည့်လို့ လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းမွှေးနေလေသည်။ထိုအချိန်ဆို ညီသုတို့ကလည်းမျက်နှာကြီးကို ပြုံးဖြီးလို့ ပါးစပ်ပင်စိမရတော့ချေ။
တကယ့်ကို အပျော်လွန်နေသည်က အမှန်ပင်။ ရှင်းရမှာက
နောက်မှ ယခုက ချစ်ရမည့်အချိန်။

He & Me - သူရယ် ကိုရယ် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin