Part - 29

10.6K 1.3K 145
                                    

တံခါးကိုသော့နဲ့ဖွင့်နေသံကြားလိုက်ရပြီး လော့ခ်ပွင့်သံကြားလိုက်ရသည်။ အိပ်ချင်ယောင်ဆောင်နေလိုက်ပါသည်။
ဘယ်သူဆိုတာ မပြောပဲလဲသိနေပါ၏။ ​ပြန်လာပြီလားဟုဆိုကာ ဖလှဲတကင်း မနှုတ်ဆက်ချင်သည်ကြောင့် ငြိမ်နေလိုက်သည်။ မွေ့ယာအိခနဲနိမ့်ကျသွားကာ စောင်ကိုပါ လစ်ဟဖွင့်လိုက်သည့် သူ့ကြောင့် လူကအေးသွားရသည်။
ဒီလူမနက်လင်းနေပြီကို ဝင်အိပ်ဦးမလို့လား။

"ညီ...နိုးပြီလား....."

နှုတ်ဆက်လိုက်ခြင်းအား တစ်ချက်ကလေးသာလှည့်ကြည့်လာပြီး ခေါင်းငြိမ့်ပြကာ ရေချိုးခန်းဝင်သွားသည့် ညီကလည်း ညဝတ်အကျီမဟုတ်သည့် မနေ့ညခင်း ပွဲတွင် ဝတ်ထားသည့်အဝတ်အစားများနှင့်ပင်။ ဂရုစိုက်မနေတော့ပါ။သူ့ဘာသူ ဘာပဲဝတ်ဝတ် ကိုယ်နဲ့မဆိုင်လေသည်မို့ ခပ်အေးအေးသာနေလိုက်တော့သည်။

ညကပြန်ရောက်တည်းက အဝတ်အစားပင်မလဲချင်၍
ဒီအတိုင်းသာအိပ်ပစ်လိုက်တော့သည်။ အိပ်မပျော်၍ လူးလှိမ့်နေခြင်းဆိုပိုမှန်မည်။မနက်လင်းခါနီးမှ မှေးခနဲအိပ်ပျော်စဥ် ကိုဉာဏ် အိမ်ပြန်ရောက်လာခြင်းပေ။
သွားတိုက်နေရင်း ကိုဇေ့ ကိုမြင်ယောင်လာပြီး ကိုဇေပြောခဲ့သောစကားများ နားထဲကြားယောင်လာတော့ သက်ပြင်းမောကို ချလျက် မျက်နှာသစ်၊ သွားတိုက်ကာ အဝတ်လဲပြီး မနက်ခင်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရန် ပြင်လိုက်ရတော့သည်။

'ကိုဇေ လာမှလာပါ့မလား.....'

............

အိမ်ရှေ့ရောက်နေသည်မို့ ကိုဇေ့ အိမ်ထဲဝင်လိုက်သည်။
ညကကိစ္စကိုလည်း မဖြစ်ခဲ့ဖူးဟုသာတွေးလိုက်ပါမည်။
မတော်တဆဖြစ်သွားခြင်းမှာ ကျွန်တော်လဲ​စိတ်ရှုတ်ထွေးကာ လုပ်မိလုပ်ရာလုပ်လိုက်ပြီး ငြိမ်နေမိ၍ ရှေ့တိုးလာသည့် ကိုဇေ။ ကျွန်တော့်ထက်ကောင်းသေသာ သူကိုတွေ့နိုင်မှာပါ။
ညီအကိုတွေလို ၊ သူငယ်ချင်းတွေလိုပဲနေကြတာကောင်းသည်မဟုတ်လား။ ဖြူဖြူစင်စင် သံယောဇဥ်နဲ့ တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ကာ သွားအတူ၊လာအတူ၊ စိတ်တူ၊ ကိုယ်တူ သူငယ်ချင်းစည်းက ပျော်ဖို့ပိုကောင်းပါသည်။
ချစ်မိရင်၊နာကျင်ပြီး၊အမြဲတစေပူပန်နေရသည်မဟုတ်လား။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now