Part - 23

11.2K 1.4K 111
                                    

နေ့လည်ထမင်းသွားစားပြီးတည်းက အိမ်ပြန်ရောက်တာနဲ့ အိပ်လိုက်ကြတာ တစ်ချိုးတည်းပင်။ ကိုကိုနဲ့ကျွန်တော်တိုင်ပင်စရာပင်မလို နှစ်ယောက်သားဖက်ပြီး အိပ်ပျော်သွားကြသည်က ယခုဘယ်အချိန်ရှိပြီလဲမသိရသေးပေ။ ဘေး
​တွင်အိပ်ပျော်နေသည့် ကိုကို့ ကို တစိမ့်စိမ့်ကြည့်နေမိသည်။
ကိုကိုကလေ အိပ်နေတာလေးတောင် ခန့်နေတုန်းပါပဲလား။
ကိုကို့ နဖူးကို အနမ်းချွေရန် မွေ့ယာအထက်မှ ခပ်ရွရွလေးထလိုက်သည်။ ကိုကို့ နှုတ်ခမ်းနားသို့ ခေါင်းလေးရောက်စဥ်
စားပွဲပေါ်မှ ဖုန်းမြည်သံကြားရလေတော့သည်။

"ကိုယ်တိုင်ချက်ထားတဲ့ ကြက်ပေါင်းစွပ်ပြုတ်ကို
ခွေးကျွေးလိုက်တာ
ကျေးဇူးတင်စကားဆိုသွားတယ်သိလား....."

ထိုစာကိုပို့လိုက်ပြီးနောက် မျက်ရည်များစွာက ပါးပြင်ပေါ်သို့လှိမ့်၍ကျသည်။ ကျွန်တော်တကယ် ဝမ်းနည်းသလို၊ နောင်တလဲရပါသည်။ ပို့လိုက်တဲ့စာလေးတစ်ကြောင်းကြောင့် ကိုယ့်သဘောနဲ့ကိုယ် ချက်ပြုတ်ပေးထားမိသည်။ ပြန်လာစားမှာလား၊ မလာဘူးလားမသိသည့် လူတစ်ယောက်ကို စောင့်နေမိခြင်းက ကျွန်တော့်အမှားပေ။

ညနေကအပြေးတစ်ပိုင်းနဲ့ ကိုဇေ့ဆီသို့သွားဖြစ်သည်။
မမသာအိမ်မှာရှိပြီး ကိုဇေ က ၃နာရီမှ ပြန်လာမည်ဆိုသည်ကြောင့် မမကိုပဲ အပူကပ်လိုက်သည်။
ကြက်ပေါင်းစွပ်ပြုတ်ကို ဘယ်လိုလုပ်ရမလဲ ကိုယ်တိုင်မသိသည်ကြောင့်ပင်။ လူတိုင်းကိုလိုက်ကာ အပူကပ်မိသည်။
မမနဲ့စျေးမှာလိုတာသွားဝယ်ပြီး အိမ်ပြန်လာတော့ မမကိုကျွန်တော့်အိမ်သို့ခေါ်ပြီးသာ ချက်ပြုတ်ခဲ့သည်။
ကြက်သားကိုအကောင်လိုက်အရင်ကြော်ပြီး ပေါင်းသည့်အရသာကို ကိုဉာဏ် ကြိုက်သည်လို့ အန်တီလေးအပြောကြောင့် အကောင်လိုက်ကို ဆီပူပူနဲ့ကြော်လို့ ဆီစင်တာလောက်ကို စာမဖွဲ့တော့ပါ။ ကျွန်တော့်အတွက်ချက်ပြုတ်ခဲ့စဥ်က ကိုဉာဏ့် ဒဏ်ရာပိုရခဲ့သည်မဟုတ်လား။ ဆီပေါက်လို့ စင်တာလောက်က အရေးလား။ ပေါင်းနေစဥ်အတွင်း အဖုံးကို ဖွင့်ကာ နူ၊းမနူးကြည့်မိတော့ အဖုံးကိုဘယ်လိုဖွင့်ရသည်မသိတဲ့ ကျွန်တော်၊ မျက်နှာကို အပူငွေ့တွေ အလုံးအရင်းလိုက် လာရိုက်ပြီး ပူသွားတာကိုလဲမမှုခဲ့။ အိုးထဲရေမရှိတော့တာတွေ့လို့ စွပ်ပြုတ်လေးပျက်စီးသွားမည့်စိတ်နဲ့ ပူနေတာကိုခဏဖယ် ရေနွေးအိုးကို ကမန်းကတန်းအဖုံးဖွင့်ပြီး အိုးထဲရေဖြည့်လိုက်စဥ် ရေနွေးအိုးကိုသေချာမကိုင်တတ်လို့ ရေနွေးပူတို့လက်ကို စီးကျကာ အပူလောင်သွားသည်ကိုလဲ ဂရုမစိုက်အားချေ။အရေးကြီးတာ ရေတွေခမ်းပြီးအငွေ့ရိုက်လို့ အနံ့မကောင်းတာတွေ အိုးနဲ့ကပ်ပြီးကျန်နေမှဆိုသည်စိတ်တို့က အတွေးထဲ မင်းမူနေသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now