Part - 2

21.9K 2.1K 195
                                    

ရုံးခန်းထဲဆိုဖာတွင်ထိုင်ကာ လက်ငြိုးနဲ့လက်မထိပ်ဖျားကိုတစ်လှည့်စီကိုက်ပြီး စဥ်းစားနေမိသည်။ မျက်လုံးထဲ ငွေတွေပဲ မြင်နေသည်မို့ ခက်တော့ခက်နေလေပြီ။
အဖေ ဦးဂေါ်လီကို တစ်ပတ်ရိုက်နိုင်ခဲ့သည်မို့တော့ ရင်ထဲပေါ့သွားသည်။

အိမ်ထောင်ပြုဟုဆိုကာ ရွာကဘကြီးဘုန်းကြီး၏တူမ သူသူသန်းဆိုသည့် ငုံးဥမနဲ့ လက်ထပ်တဲ့လေ။ ငယ်ငယ်တည်းက ငုံးဥမဆိုတာ ပေါက်ကျော်မပေမို့
ဘယ်လိုမှအဆင်မပြေနိုင်။ ပန်းထောင်ကိုင်မလေး ကိုယ်တိုင်ငမ်းခဲ့ရတဲ့ အလှလေးထွေးရီကလည်း အိမ်ထောင်ပြုတော့မယ်ဆိုတော့ ဘဝက ရင်နင့်နေရတဲ့အထဲ
အဖေပေးစားတာကလည်း ယောက်ကျလုံးမနဲ့မို့
အေးရင်ကျူးသလိုပဲ ငိုချင်းချချင်သွားသည်။ အိမ်ထောင်ပြုပေးမယ် အဖေ့ကိုမြေးတွေ တစ်ဒါဇင်လောက်မွေးပေးပြီး ရွာကအဖေ့လည်ကွင်းတွေ ဘောလုံးကွင်းဆောက်ပေးဖို့ပြင်ထားဟုဆိုကာ ကတိပေးကာ ရွာပြန်ခိုင်းလိုက်သည်။ အဖေများပြောလိုက်တာများ နင့်နေတာပဲ။

'အဲ့လောက်မြေးတွေသာရရင် တစ်ယောက်မကဘူး
ဆယ်ယောက်ယူခဲ့ ငါကျွေးမယ်တဲ့လေ.....' မဟုတ်ရင်တော့
နောက်နှစ်ရွာဦးဘုန်ကြီးကျောင်းဘုရားပွဲပြီးလျှင် စေ့စပ်တောင်းရမ်းပွဲလုပ်တော့မည်ဟု ရာဇသံပေးသည်။
ကျွန်တော်မယူလျှင် အဖေက မိန်းယူမည်ဟု ပြောကာ
ထိုမိန်းမကိုပဲ အမွေတွေပေးပစ်မည်ဟု ချိန်းခြောက်ပြီး
သားအဖြစ်မှ စွန့်ပစ်မည်တဲ့။

"အမလေး ကိုညီသုနောင် ရဲ့ အဖြစ်ဆိုးလိုက်တာ"

ကိုယ့်ဘာသာရေရွတ်ပြီး ရင်ဘတ်စည်တီးကာ
လဒမိုင်မှိုင်ပြီး မျောက်ထိုင်ထိုင်နေမိချိန်
ဖူဂျီမဆိုလား ဖူဂျွန်မဆိုလား ဆပ်ပြာသည်နှစ်ကောင်၏
စပ်ဖြီးဖြီးရုပ်ကြီးက တံခါးဖွင့်သံနှင့်အတူ လူပါဝင်လာတော့သည်။စိတ်ရှုတ်ရတဲ့အထဲ မျက်နှာပိုးမသတ်ပဲ လင်ယူခိုင်းနေသည့် နှစ်ကောင်ကိုလဲ ထုသတ်ချင်မိသည့်စိတ်က အကြိမ်ကြိမ်ပင်။ ရန်ကုန်မှာပေါင်းစရာ သူငယ်ချင်းထပ်ရကြည့် အဲ့ဖူဂျီမနှစ်ကောင်ကို ကန်ချပစ်မည်ဟုတေးထားသည်။

ရုပ်ရှင်ကားတွေကြည့်သည်။ ပြီးလျှင် အသံစုံကိုထွက်နေသည်က နားမချမ်းသာစရာ။ ရုံးဖွင့်ထားသည်က သုံးယောက်မို့ အတူတူရှိချိန်တွင် အမြဲတစေ နှစ်ကောင်သားခေါင်းပူးပြီးကို ဟိဟိ၊ ခိခိနဲ့ အော်လည်းမရ၊ ဆဲလဲမရ။
ကျွန်တော့်ကိုလဲ အုတ်ခဲသားလေးကလည်း မိဘတွေကို
ရိုင်းဆိုင်းတယ်ဆိုပဲ။ ကျွန်တော့်အဖေနာမည်ကိုအဖျားဆွတ်ကာ 'ဂေါ်လီ့သား'ဟုခေါ်ရင်ခေါ် မခေါ်လျှင်လည်း အုတ်ခဲလေးဟုခေါ်ပြန်သည်။ ကျိန်းထားပါသည်။
အဲ့အဓိပ္ပါယ်သိတဲ့နေ့ လည်မြိုနင်းသတ်မည်ဟုပင်။
ဒီလောက်ဆဲတာကိုများ ဖြုံတယ်မထင်လေနှင့်။ တဟားဟားနှင့် နှစ်ကောင်သား ထရယ်ကြသည်မို့ စိတ်ဆိုးရသည်ကလည်း အခါခါပင်။နောက်ဆုံးရွာက ရည်းစားကိုသတိရသွားပြန်သည့် စိတ်ကြောင့်

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now