Part - 17

11.2K 1.4K 87
                                    

ငယ်နဲ့ဖုန်းပြောနေစဥ် တံခါးဖွင့်သံကြားတော့ ​ကြည့်လိုက်မိရာ ညီ တစ်ယောက် နားကိုကိုင်ပြီး ရှုံ့မဲ့ကာရယ်ဖြင့် ဆိုဖာပေါ်လျှောက်သွားလေသည်။ ညီ့ပုံစံကြည့်ရသည်က တော်တော်လေးကိုမသက်မသာဖြစ်နေပုံမို့ သနားမိပြီး ကိုယ်ပါစိတ်မကောင်းဖြစ်မိသည်။ ညနေဘက် ထမင်းစားချိန်လည်း
အဖွားနှင့်အန်တီလေး အပြင်မှာစားကြသည်မို့ သူရယ်၊ကိုရယ် နှစ်ယောက်တည်းသာ။ ဆန်ပြုတ်ကိုပင် ပါးစပ်မဟနိုင်ပါပဲ နည်းနည်းချင်းစားနေပြီး မျက်ရည်ဝဲနေသည်မို့ ချော့မော့ရသေး၏။ ဘာစားချင်လဲမေးသော်ငြား ခေါင်းသာခါပြီး ပါးတစ်ခြမ်းကိုသာကိုင်နေ၏။
ငယ်နဲ့ဖုန်းပြောရင်းအာရုံကမရတော့ပေ။ ဆိုဖာကိုသာ အကြည့်ရောက်ရောက်နေမိသည်။

"ကိုကို....ဘာတွေကြည့်နေတာလဲ
အနောက်တစ်လှည့်လှည့်နဲ့.........."

"ဘာမှမဟုတ်ပါဘူး ငယ်ရဲ့....."

မျက်မှောင်ကြုတ်နေသည်က လုံးဝကိုသိသာလွန်းနေသည်။ ကိုကိုဘာတွေဖြစ်နေသည်လဲမသိရပေ။

"ဒါနဲ့ဟိုတစ်ယောက်နဲ့ အခန်းခွဲအိပ်ပြီလား....."

ခေါင်းခါပြသည့် ကိုကိုကြောင့် စိတ်ထဲတော့ ကွက်ခနဲဖြစ်သွားသည်။ယခုနက ပြုံးရွှင်နေပြီး နေလို၊လလိုဝင်းပနေသည့် ကိုကို့ မျက်နှာအခြေအနေမှာ ချက်ချင်းဆိုသလို လ ငပုတ်ဖမ်းပြီး ကောက်ခါငင်ခါကြီး နေ ထကြတ်သလို အရောင်အသွေးတို့က မှိုင်းရီကာမဲညစ်ပြီး ပျော်ရွှင်မှုမပြတော့ပါပဲ စိုးရိမ်ကာစိတ်ပူနေသည့်ပုံဖြစ်နေသည်မို့ ကိုယ်တိုင်လဲမပျော်တော့ပေ။ ကိုကို ဘာဖြစ်သွားသည်လဲမသိတော့ပေ။

"ကိုကို......"

ငြီးနေသည့်အသံသည်က တိတ်ဆိတ်နေသည့် အခန်းထဲထွက်ပေါ်၍လာလေသည်။ ညီ ဘယ်လောက်တောင်နာကျင်ကိုက်ခဲနေသည်မပြောတတ်ပေ။ အိပ်နေရင်းတောင် ငြီးငြူနေသည်မို့ ပစ်စလက်ခတ်၊ပစ်မထားချင်တော့၊
ပစ်မထားနိုင်တော့ချေ။ ငယ်၏ ကိုကိုခေါ်သံကိုလည်း
ပြန်၍ထူးရပေဦးမည်။

"ငယ်..... ညီသု နေမကောင်းဘူး....
ကိုယ်ဂရုစိုက်ပေးလိုက်ဦးမယ်........"

ဒါကြီးကလွန်သွားသည်ဟု ထင်ပါသည်။ နေမကောင်းတာ နေကောင်းတာကိုပါ လိုက်ဂရုစိုက်နေရလောက်အောင်
အဲ့လောက်ထိလိုလို့လား။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now