Extra IV (U & Z) ❌🚫

10.3K 504 58
                                    

"ယောကျာ်း...."

"ဟင်....."

"Darling....."

"yes...."

ရင်ခွင်ထဲခေါင်းပစ်ရုံတင်မက တစ်ကိုယ်လုံးပစ်ဝင်ကာ မှီခိုနေသည့် ညီသုက သူ၏ဖုန်းကိုကြည့်ကာ အမျိုးစုံခေါ်နေသည်။ ဉာဏ်သုတစ်ယောက်မှာလဲ ပေါင်ပေါ်တွင် Mac Bookကြီးတင်ကာ ဂဏန်းပေါင်းစက်ဖြင့် ငွေအမောက်များကိုပေါင်းနေလေသည်။

ဂေါ်လီ့သား၏ သူ့ယောကျာ်းကျားအား အခုပဲထသတ်တော့မည်ဟု ကြုံးဝါးနေသော ဂြိုလ်ကြည့်ကို ဉာဏ်သု
တစ်ယောက်မမြင်ချေ။ ဆံပင်အရှည်ကို ချထားသည်မို့ အလုပ်လုပ်ရင်း ဉာဏ်သုတေစ်ယောက် သူ့လင်လေး၏
မနေ့ညတည်းကရေမချိုးရသေးသော အနံ့အသက်ကို ယခုနေ့လည်အထိ မရွံမရှာနမ်းရှုံ့နေသည်။
အဖျားပျောက်ခါစမို့ အစိမ်းရောင်ဆံနွယ်လေးများမှာ လျော်ဖွတ်ခြင်းမပြုရသေးသည်က ၄ရက်ရှိနေလေပြီ။

"လောင်ကုန်း...."

"ဗျ...."

"ဒီဘဲငနာကတော့ အမွှေးတွေတစ်ပင်ခြင်းဆွဲနှုတ်ခံချင်နေလား.... ဘယ်လိုကြောင့် အရှက်မရှိ ထူးနေတာလဲ......"

ရင်ခွင်ထဲမှနေကာ ကောက်ခါငင်ခါ ထအော်လေသော
ညီသုကြောင့် ဉာဏ်သုမှာအူကြောင်ကြောင်ဖြစ်သွားရသည်။

'သူ ငါ့ကိုလာချွဲနေတာမဟုတ်ဘူးလား.... '

"ကိုယ့်ကိုခေါ်နေတာမဟုတ်ဘူးလား....."

"ခင်ဗျားလို လူအိုကြီးကိုခေါ်စရာလား....အဆင်လေးတွေကို ခေါ်နေတာပေါ့...."

ပြောကာဆိုကာရယ်နှင့် သူ၏ဖုန်းကိုအသည်းအမဲ ငုံ့ကြည့်နေသည်။

"မြင်သလား မြင်သလား...ဒီမှာ ဘက်ခွန်းနီလေး၊ ကျန်းလောင်ရှီး၊ ကုန်းလောင်ရှီးနဲ့ ကိုကိုလော်ယွင်ရှင်း၊ ဝမ်းရိပေါ်နဲ့ ချန်ဖေးယွီ....သူတို့ကိုခေါ်နေတာ...ခင်ဗျားကိုများ ချွဲပစ်ပြီးခေါ်စရာလား....."

ဂျွတ်ဆတ်ဆတ်နဲ့ပြန်ပြောနေပုံမှာ အကြွေးလာတောင်းနေသည့် အဒေါ်ကြီးများလိုပင်။ ဆံပင်အရှည်က စုတ်ဖွားနှင့် အကျီမတော်မရော် ကျွန်တော့်Tshirtကြီးကောက်စွပ်ထားကာ အောက်မှာလဲ ဘောင်စာအတိုလေးသာရှိသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now