Part - 16

11.8K 1.4K 126
                                    

​မြန်မာပလာဇာမှ Pizza Companyတွင်ထိုင်နေရင်း စားပွဲထိုး
လာချပေးသည့် ပီဇာကိုသွားအဖြီးသားနှင့်ကြည့်နေမိသည်။ မုန့်ဝယ်ကျွေးရန် ဖေဖေ့အား ပူဆာလိုက်ချိန် မငြိုမငြင်​ခေါင်းငြိမ့်သည်မို့ သားအဖနှစ်ယောက်သား အပြင်ထွက်ကြ၏။
စားချင်တာမှာဟု ပြောလာပါသောကြောင့် မှာချလိုက်ချိန် ၄သောင်းကျော်သွားသည်။ ခပ်ပြုံးပြုံးဖြင့် ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန်၅ရွက်ထုတ်ပေးသည့် ဖေဖေဦးဂေါ်လီက ခုတစ်လောအရမ်းကိုသဘောကောင်းနေသည်။

"ဖေ​​ဖေ့အတွက်..... "

"ငါ့သားကတော်လိုက်တာ... ဒီလိုဆိုင်ကြီးကနားကြီးမှာ
ဘယ်လိုစားသောက်ရတယ်ဆိုတာသိနေပြီ....."

"ဖေဖေကတော့ပြောပြန်ပီ....အာ့ကြောင့်ရန်ကုန်လာနေပြောတာပေါ့....နောက်ဆိုနေရာအနှံ့သားက ဖေဖေ့ကိုလိုက်ပို့ပေးမယ်......"

သားအဖနှစ်ယောက်စားသောက်ရယ်မောနေစဥ် ရယ်သံကြားရသည်မို့ကြည့်လိုက်မိရာ ဂျပုမကိုတွေ့ရလေသည်။

"ဟယ် ညီသု....အန်ကယ်ရောပါလား....."

"နင်တို့နှစ်ကောင်တည်း လှိမ့်နေတာလား ဂျပုမ....."

လက်ကျန်ပီဇာကို ပါးစပ်ထဲထည့်ပြီးမော့ကြည့်လိုက်ချိန်...

"ညီ နဲ့ အန်ကယ်လ်....မုန့်လာစားကြတာလား...... "

"က်ိုဇေ....."

သိနေကြတာလားဆိုသည့် ဝက်မစကားမှအစပြုကာ
နောက်ဆုံးကိုဇေနှင့် သူငယ်ချင်းမနှစ်ကောင်ပါ တစ်ဝိုင်းတည်းထိုင်ရင်း စကားပြောဖြစ်ကြသည်။ နောက်ဆုံး ယွန်းမမှီဆိုသည့် ဝက်မလေးရဲ့အကိုတစ်ဝမ်းကွဲမှာ ကိုဇေ ဟုသိလိုက်ရလေသည်။

"ညီသုလေ ကိုဇေ မှတ်မိလား.....
ဒုတိယနှစ်လောက်ကလေ..........."

ဝက်မဖြစ်သူ သူ၏အကို့အား မေးနေသည်မို့  တွေးနေပါသော ကိုဇေမှာ တော်တော်လေးကို အတိတ်ကိုပြန်လည်တူးဆွနေရသယောင်ပင်။ ကျွန်တော်လည်း ယွန်းမမှီ၏  စကားကိုအံ့သြမိပါသည်။

'ကျွန်တော်တို့ဆုံဖူးလို့လား ကိုဇေ.....'

"အိမ်မှာစာလုပ်ဖို့ပါလာတဲ့ ကတုံးနဲ့ကောင်လေးလေ......"

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now