Part - 57 (Unicode)

9K 812 57
                                    

"ဟာ....အဖေဆိုခိုင်းလို့ ကျွန်တော်ဆိုပေးတာတာလေ
ကဲ...ခု ကျွန်တော့်ထိုင်ခုံပြန်ရင် ဗိုက်ကြောကိုပြတ်နေအောင်ဆွဲခံရမှာ.... နားရွက်လိမ်ဆွဲရင်ဆွဲ မဟုတ်ရင် ကျောပုတ်တဲ့အထိ အထုခံရမှာ.....ခုဒီကိစ္စ ဒီမှာအပြီးရှင်းရမယ်.....ဟား......"

"ရင်ကိုတိုးဝှေ့ဆဲပါ ညီ လို့ဆိုလို့ရတယ်လေ....
ဒါကတော့ အဖေ့သမက်ရွေးချယ်တာပါပဲ.........
ကဲ....ဝင်းဦးရဲ့ တိမ်လွှာမို့မို့လွင်ဆိုမလား....
တွံတေးသိန်းတန်ရဲ့ ၄၀ကျော်အချစ်ဆိုမလား....."

တဟားဟားနဲ့ရယ်နေကြသူများအကြား
ဉီး​ဂေါ်လီရဲ့အသံကထွက်လာပြန်သည်။

"တွံတေးသိန်းတန်ရဲ့ မိအေးဘယ်မှာလဲ ဆိုတဲ့
သီချင်းပါဆိုချင်ရသေးတယ်.....ကွ.......
ဒါတွေဆို​​ပြီးရင် ရှင်းပေးမယ်ကွာ......."

ပြောလဲပြောပြီး မိုက်ကို ကိုင်လို့ ချစ်ကောင်းစတိုင်နဲ့
လက်ခံလား ပရိတ်သတ်ကြီးဟုဆိုကာ စင်အောက်ကပရိတ်သတ်ကို မိုက်ထိုးပေးသည်မို့ ဉာဏ်သုအဖွားကိုယ်တိုင်ဦးဆောင်လို့ ထောက်ခံကြောင်း အော်နေလေသည်။

ဖိုးသားလေးကိုချီထားရင်း ကိုဉာဏ်နဲ့ဖေဖေတို့ပြောနေသည်များကို ရယ်နေမိသည်။ ကိုဉာဏ်က ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့လောက်သိတာ ဘယ့်နှယ် တွံတေးသိန်းတန်ဆိုခိုင်းတုန်း၊ တွံတေးသိန်းတန်ဆိုရင်လည်း အသံတူရမယ်၊ ဝင်းဦးဆိုရင်လဲ ဟန်ပန်ပါတူရမယ်ဆိုသည်မို့ မွေးနေ့လာ လူအပေါင်းပါ ရယ်နေကြပြီး အဘွားဆို သဘောတွေကိုကျနေသည်က ပါးစပ်ကိုမစိပေ။ အဖေကိုယ်တိုင် ဝင်းဦးစတိုင်လုပ်ပြပြီး စကားပြောနေသည်ကို ကိုဉာဏ်ကပါ ပခုံးတွန့်လို့ပြန်လုပ်ပြနေရသည်မို့ ဘယ်သူမရယ်ပဲ နေနိုင်မည်လဲ။
တကယ့်ကို ကျွန်တော့်ထက်ဂေါ်နေလေပြီ။

"အကို ခင်ဗျ........"

အသံလာရာကြည့်မိတော့ ဝိတ်တာကောင်လေးတစ်ယောက်ပင်။

"ညီလေးပြော....."

"ကားပါကင်မှာစောင့်နေတယ် အခုလာခဲ့ပေးပါတဲ့...အရေးကြီးတာပြောစရာရှိလို့ပါတဲ့...ခင်ဗျ....
နန္ဒမိုးနေ လို့ပြောခိုင်းလိုက်ပါတယ်.........."

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now