Part - 58 (Unicode)

9.4K 823 37
                                    

(This Chapter is mature contacts 18+ .......
Please, don't read the under eighteen.........)

....

အတင်းဖက်ထားသည့် ကိုဉာဏ့်ကြောင့် အသက်ရှူကကြပ်လာရသည်။ သားတွေကလည်းမရှိသည့် ကုတင်အထက်မှာနှစ်ယောက်သားလုံးထွေးနေသည်က စောင်တောင်မအုပ်နိုင်။ ယခုတော့ချမ်းလာပြီး အမူးနည်းနည်းပြေလေပြီမို့
ထရန်ပြင်ရလေပြီ။ ကိုဉာဏ် ကတော့ ဖက်ပြီးကို အိပ်မောကျလို့ပင်။ မျက်နှာချင်းဆိုင်အနေအထားဖြစ်​
နေသည်မို့ သူ့မျက်နှာပြေဖြေလေးကို တို့ထိလို့ကိုင်တွယ်ကာ ပြုံးလိုက်မိပါသည်။

'ရှက်ဖို့တော့ကောင်းသား........'

ပြုံးစိစိနဲ့ပါပဲ ဘေးကအမူးသမားရင်ခွင်ထဲကထွက်ကာ
မှောက်လျားထိုးလေးလှည့်လိုက်ပြီး ​ပါးပြင်ကိုမသိအောင်ခိုးနမ်းလိုက်တော့ မျက်နှာစူပုတ်ပြီး လှုပ်လာသည်။
ညကဖြစ်ခဲ့တာတွေက ပျော်စရာတွေကြီးပဲဟုထင်ပါသည်။

နန္ဒမိုးနေခေါ်သည်မို့ ကားပါကင်သို့သွားရန်ပြင်လိုက်စဥ် ဝိတ်တာကောင်လေးအား ကားပါကင်သို့ ဘယ်လိုသွားရမည်လဲမေးရာ ဓာတ်လှေကားနှင့်သွားရန် ညွှန်ပြ၏။ သူပြောပြသည့် ဓာတ်လှေကားသို့သွားစဥ် ပွဲကျင်းပနေသည့်နေရာနဲ့ ခပ်လှမ်းလှမ်းရောက်လေ ဟော်တည်ကြီးကတိတ်ဆိတ်လာသည်၊၊ ကြောက်လာသည်မို့ ကားပါကင်တော့မရောက်လိုက်ပါ။

'ညီသုက လူထက် သရဲကိုပိုကြောက်တယ်......ဒါပဲ....
အဲ့တော့ လာရာလမ်းကိုပြေးပြီ......'

လေအလျင်လို လှစ်ခနဲပြေးနေမိသည်က ခမ်းမရှိရာဆီသို့။
လူဆိုပါက တုတ်တပြတ်၊ဓားတပြတ်နဲ့ သူချ၊ကိုယ်ချ ဆွဲလို့ရသည်။ သရဲက မတော်တဆဘယ်က ဘွားခနဲပေါ်လာမလဲမသိပေ။ သေးတောင်ကြောက်၍ သွားမပေါက်ဖြစ်ပါ။ မတော်တဆ အိမ်သာခွက်ထဲက ခေါင်းကြီးထွက်ပြီး လာရယ်ပြနေမှ အဲ့ဒီအတိုင်းထွက်ပြေးမိရင် ဟော်တည်ကြီးထဲ CCTV တွေနဲ့ရော လူတွေနဲ့ပါ တို့လို့တန်းလန်းကြီး ကျော်မကောင်းကြားမကောင်းနာမည်ကြီးနေမည်။ လုံးဝဂေါ်ထွက်ပြီး အရှက်ပါ လင်ဗန်းတီးသလို ဗြန်းဗြန်းနဲ့ ကွဲမည့်ကိန်း။

ယခုကားပါကင်ကလည်း ဘယ်လောက်မီးလင်းနေနေ
ကားတွေကြားက ဘွားခနဲပေါ်လာလေမလား။ မီးတွေကိုပဲ မှိတ်လို​က်၊ဖွင့်လိုက် ဆော့ပြလေမလား။မသာကာ လူမပါတဲ့ ကားကြီးနဲ့ ဝင်ကျုံးလေမလားမတွေးနိုင်သေး။ အရင်ဆုံးစီးမည့် ဓာတ်လှေကားထဲ ကိုယ်ကတစ်ယောက်တည်း သရဲကပါလာပြီး မီးတွေမှိတ်လိုက်ဖွင့်လိုက်နဲ့ ကိုယ့်ကိုစနောက်လေမလား။ အခန်းကြီးထဲအသံပေးလို့ ရယ်နေလေမလား။
ကြောက်ပါသည်။ အတွေးတို့မဆုံးသေး ပွဲခင်းတံခါးဝတွင် ကိုဇေနဲ့တွေ့ရလေသည်မို့ ပျော်သွား​ခြင်းက အမှန်။
ကိုဇေလဲ သားတွေနဲ့ပတ်သတ်သည့်ကိစ္စ အရိပ်အမြွက်ပြောဖူးသည်မို့ သိနေလေသည်။ ဒါကြောင့် ခေါ်သွားလိုက်သည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now