Part - 33

10.7K 1.2K 67
                                    

ရုံးကိုမသွားဖြစ်ပဲ ကိုဉာဏ့်ကားက ဝပ်ရှော့ပို့ထားရသည်မို့ သူ့အလုပ်ကိုလိုက်ပို့ပေးပြီး ရုံးခန်းထဲခဏထိုင်ကာ အိမ်ပြန်လာတော့အချိန်က ၁၀နာရီခွဲသာရှိသေးသည်။ ခြံရှေ့ရောက်တော့ အမျိုးသမီးတစ်ဦးကိုတွေ့ရသည်။ ခေါင်းကိုခေါင်းပေါင်းပေါင်းထားပြီး အသားအရည်ကလဲဖြူဖတ်နေသည်။ စွတ်စွတ်ဖြူ​​နေသည့်နှုတ်ခမ်းနဲ့ အသက်ကိုမနည်းရှူနေရသည့် သူမကိုကြည့်ကာ လက်ထဲတွင်ချီထားသည့်ကလေးလေးကိုအကြည့်ရောက်သွားစဥ် မခိုင်တော့သောခြေကြောင့်ထင် သူမကထိုင်လျက်ပါပဲ အိမ်ရှေ့မြင်ခင်းပေါ်ပြိုကျသည်။ ကားကိုခြံရှေ့ထိုးရပ်ကာ ဟွန်းတီးလိုက်ပြီး ကားထဲမှ ထွက်ကာ ထိုကလေးလေးနှင့် သူမအနားသို့အပြေးသွားလိုက်မိသည်။

"အစ်မ ရရဲ့လား......"

လှုပ်ပင်မလှုပ်နိုင်တော့ မတ်မတ်လဲမရပ်နိုင်တော့သည်မို့
မြက်ခင်းပေါ်ခဏထိုင်ကာ မောင် ပြန်လာမည့် တံခါးဝရှေ့ထိုင်စောင့်နေမည်လို့ တွေးလိုက်သည်။ သို့သော်ပြာဝေမူးနောက်လာသည့် ခေါင်းကြောင့် ထိုင်လျက်ပြုတ်ကျချိန် သားလေးကိုတော့ တင်းကြပ်စွာဖက်ထားလိုက်ပါသည်။
မောင့်သားလေးတစ်ခုခုဖြစ်၍မရပေ။ ကျွန်မမသေခင်လေးတော့ သားလေးကိုစိတ်ချချင်သည်။ ဘယ်လောက်ပဲ မုန်းခဲ့သော်လည်း သားလေးကိုတော့မောင့်ဆီပို့ပေးခဲ့ကာ ဘဝတစ်လျှောက်လုံး အမေမရှိတော့သည့်တိုင်  အဖေနဲ့တော့ ရှင်သန်စေချင်သည်။ ကားရပ်သံကြားသော်လည်း မူးမိုက်နေသည့် မျက်ဝန်းက ပြာဝေဝေနဲ့ ဘယ်သူဆိုသည်ကိုသေချာမမြင်ရ။ မပြီပြင်ဝိုးတစ်ဝါးနဲ့ အရိပ်များကထပ်လျက်ပင်။ ထိုစဥ်မှာပဲ အသံကြားလိုက်ရသည်။
မောင့်အသံတော့မဟုတ်ပေ။

"သား........"

"မိန်းကလေး......အမ....အမ....."

လဲကျသွားတော့မည့် သူမကိုယ်ကိုခြေထောက်နဲ့ထိန်းကာထားပြီး လက်ထဲက ကလေးကိုအရင်ချီလိုက်သည်။ ငြိမ်နေသည့်ကလေးလေးက သူ၏မိခင်ဘာဖြစ်သွားသည်ကိုမသိလေဘူးထင်။ ခြံစောင့်ဉီးလေးအပြေးလာသည်။

"မိနပ်ရေ......."

ကျွန်တော့်အော်သံကြောင့်ထင် အိမ်ထဲမှ ဒေါ်ကြီးပြေးထွက်လာသည်မို့ ထိုအမျိုးသမီးကိုကူကယ်ရန် အိမ်ထဲပို့ဖို့ရာ ကလေးကိုဒေါ်ကြီးလက်ထဲထည့်လို့  ကျွန်တော်နဲ့ဦးလေးကြီးက သူမကိုယ်ကိုသယ်ရသည်။ ချွေးစေးတွင်ပင်ထွက်ကာ အသက်ရှူသံကြီးကလည်းပြင်းထန်လွန်းနေသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now