Part - 25

11.6K 1.3K 59
                                    

မျက်နှာလွှဲထားသည့် ညီ က စိတ်ဆိုးနေဆဲဖြစ်လိမ့်မည်။
နာမည်ခေါ်သည်ကိုပင် မသိချင်ယောင်ဆောင်နေသော်လည်း ပါးလေးနှစ်ဖက်က ရဲနေသည်မှာ စတော်ဘယ်ရီအရောင်လေးကိုသမ်းနေလေသည်။ ချစ်ဖို့ကောင်းသည်။
ဟုတ်ပါသည်။ ဒီလိုပုံအား ချစ်ဖို့ကောင်းသည်ဟုခေါ်ခြင်းပေ။

"ညီ လို့....."

အပေါ်ကနေတက်ခွထား​ပြီး လက်နှစ်ဖက်ဘေးသို့ဆန့်ထားသည်မို့ရော ချုပ်ထားသည်ကြောင့်ပါ လှုပ်လို့ကမရပေ။ တညီ ညီ နဲ့ကိုခေါ်နေခြင်းမှာ သုံးကြိမ်ပြည့်လေပြီ။
စကားမပြောချင်ပါ။ သူ့မျက်နှာမြင်လျှင် အလိုလိုဝမ်းနည်းပါသည်။ တစ်နေ့လုံး၊ တစ်ညနေလုံးပင်ပန်းကာ အဖွား​ရော
တီလေးပါရှိနေသည်မို့ ပြန်လာမှာပါလေဟု တွေးမိပြီးစောင့်သည်။ ဖုန်းဆက်ခဲ့၏။ သုံးကြိမ်တိတိမကိုင်ခဲ့။ စာပို့ခဲ့သည်။ ပြန်စာမလာခဲ့ပါ။ ယခုမှလာချော့နေလို့ ရရိုးလား။

"ဖယ်ဗျာ....အသက်ရှူကြပ်တယ်...."

ပခုံးကိုတွန်းကာ ရုန်းနေသော်လည်းမရပေ။ သူ့အားကြီးနဲ့ချုပ်ထားလေ၏။ စိတ်လေပါသည်။ ရင်ဘတ်ထဲမှာလည်း
ဟာလာဟင်းလင်းကြီး နှင့် အသည်းတွေအူတွေမရှိတော့သလိုလို။ နှလုံးတစ်ခုတည်းက တုန်နေသည်။ ကျွန်တော်ပဲလားဆိုတော့မဟုတ်ပေ။ သူ့ဆီမှလည်း တဒုတ်ဒုတ်နဲ့ ရင်တုန်နေသံကြားရသည်။ ဘဲကြီးက အသက်ကြီးလာ၍ ကျန်းမာရေးချို့ယွင်းကာ လျောတော့မလားလဲမသိပေ။

"စိတ်ဆိုးနေတုန်းလား....
ဝလုံးကိုလေ စာမျက်နှာ တစ်ထောင်ရေးပြီးပြီ...."

မကြားချင်ယောင်ဆောင်ပြီး ဂရုမစိုက်သည့်ပုံနဲ့ကို မျက်နှာလွှဲကာထား၏။ ကုတင်ဘေးမှ လိုက်ကာ လွင့်နေသည်ကို အထူးအဆန်းနဲ့ လိုက်ကြည့်နေသည့် ညီ ။ ရင်တွေကလည်း တလှပ်လှပ်နဲ့ ကျွန်တော့်မှာဘာတွေဖြစ်နေသည်လဲ မသိသလို
ညီကလည်း စိတ်ဆိုးမပြေသေးပေ။

ဘယ်ဘက်ပါးကို နမ်းရှိုက်လာသည့် ကိုဉာဏ်ကြောင့် မျက်လုံးအဝိုင်းသားနဲ့ ပြုးကြည့်နေမိစဥ် ညာဘက်ပါးကို ထပ်ကာနမ်းလာ၏။ ကလေးငယ်ပုစိလေးကို အသည်းတယားယားနဲ့နမ်းရှိုက်နေသည့် မိဘများလိုပင် တရွှတ်ရွှတ်နဲ့နမ်းလေတော့ ရင်တွေလဲ တလှပ်လှပ်နဲ့ တုန်နေသည်။
နောက်နေ့မှပဲ နှလုံးရောဂါသွားစစ်ဦးမည်။ အီးစီဂျီသွားရိုက်ဦးမှပါလေ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now