Part - 12

11.7K 1.3K 46
                                    

"နမ်းပါ....နမ်းပါ....နမ်းပါ......"

ပွဲလာသည့်ဧည့်သည်တော်များရဲ့ လက်ခုပ်တီး၍ဆော်အော်သံ၊ စင်ပေါ်မှ ဂိမ်းဆော့လျှင် ဒိုင်လုပ်ပေးရန်ခေါ်ထားသည့် အနောင်စာအမကြီး၏ မိုက်ကြီးနဲ့ကို အော်သံများက
ခမ်းမတစ်ခုလုံးဟိန်းထွက်နေကာ မျက်နှာတစ်ခုလုံး ထူပူပြီးကိုရှက်နေမိတော့သည်။ ညီသု မျက်နှာကြီးကို ခဏဖြုတ်ကာ ရေခဲကပ်ထားချင်သည်က အမှန်ပင်။
ကိုဉာဏ့်ကို မျက်လုံးလှန်ကာမော့ကြည့်လိုက်တော့ ပြုံးပြနေသည်။

"ဘာတွေအော်နေကြတာလဲမသိဘူး....."

"နမ်းခိုင်းနေတယ်...."

နှစ်ယောက်သားတီးတိုးစကားဆိုနေစဥ်အတွင်း မိုက်သံထွက်လာသည်ကြောင့် ငြိမ်သွားကြသည်က ပွဲခင်းထဲမှ
မဂ်လာပွဲ ဂုဏ်ပြုရန်လာကြသူအပေါင်းပင်။ မီးကြည်ခဲကို
ရေနဲ့ဖြန်းလိုက်သလို ရှဲခနဲ​မြည်ကာ အရောင်ကျသွားသလို မိုက်သံကြောင့် လုံးဝငြိမ်သွားသည်။

"Please..Please...လူကြီးမင်းများ....လူကြီးမင်းများ.."

အသံလာရာကြည့်လိုက်တော့ ဟိုဆပ်ပြာသယ်သူငယ်ချင်းနှစ်ကောင်ပင်။ မိုက်တစ်ယောက်တစ်လုံးရသွားသည်က မသိလျှင် မျောက်မတွေကို အုန်းသီးပေးလိုက်သလိုဖြစ်နေလေပြီ။ လုပ်စမ်းပေါက်ကရဟုသာ အော်လိုက်သံက စိတ်ထဲတွင် ကျယ်လောင်သွားသော်လည်း လက်တွေ့တင် မျက်နှာငယ်နဲ့သာ သူတို့နှစ်ယောက်ကိုကြည့်နေမိသည်။

"ကျွန်မတို့မှာလူကြီးမင်းတို့တောင်းဆိုမှုကို သတို့သားနှစ်ယောက်မလိုက်နာပဲ မနေနိုင်အောင် နည်းလမ်းရှိပါတယ်..."

တစ်ယောက်အပြောကို နောက်တစ်ယောက်ကပါ ဆက်ပြောလာသည်။

"ဟုတ်ပါတယ်.....သူတို့နှစ်ယောက်ဟာ ဒီည ဒီစင်ပေါ်မှာ နမ်းကိုနမ်းမှ အဆင်ပြေမှာမို့.... သူတို့ရှက်နေတာကိုလဲ သနားတာမို့...."

"ဒါကြောင့် ရွေးချယ်ခွင့်ပေးပါ့မယ်...."

ပြုံးပျော်လို့ကိုပြောနေသော သူငယ်ချင်းနှစ်ကောင်ပင်။
ကိုဉာဏ့်ခါးကိုထိန်းကာဖက်ထားရင်း သူငယ်ချင်းမနှစ်ယောက်ကို သနားသယကမားရုပ်လေးနဲ့ကြည့်သည်ကို မမြင်ချင်ယောင်ဆောင်နေသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now