Part - 44

11K 1.1K 24
                                    

"သေချာလား ကိုကို...."

ငြိမ်နေပြီးမှ တော်တော်လေးကြာမှ မေးလာသည့်ငယ့် မျက်နှာလေးငြိုးနေပြန်သည်။ ကျွန်တော်တောင်လက်ခံဖို့ရာ
မနည်းအားတင်းခဲ့ရသည်မဟုတ်လား။ စသိစဥ် ကိုယ့်ကိစ္စနဲ့ကိုယ်မို့ သက်သက် ဖောက်ပြန်ခဲ့သည်ဟု တွေးမိပြီး
သားကိုလက်ခံဖို့ရာ စိုးရွံ့ခဲ့မိသည်။သို့သော်လည်း ထိုစိတ်တို့နဲ့အတူ အားငယ်ခဲ့ရသည်။ သွားလေသူကို စိတ်ဆိုးခဲ့ရသလို စိတ်မကောင်းလဲဖြစ်ခဲ့ရပြီး များစွာသောရသတွေခံစားခဲ့ရသည်မဟုတ်လား။ သို့သော်လည်းDNAမှာ ကျွန်တော်နှင့်လုံးဝတူနေလေ၏။ ကျွန်တော့်သားဆိုသည်ကို လက်ခံလိုက်ရသည်။ ကလေးငယ်အာယ
ပိုချစ်ပေးကာ အရာရာဂရုစိုက်ပေးဖို့တွေးထားသည်။ ဘဝမှာ ဘယ်သူ့ရှေ့တွင်မှ ဒူးထောက်ကာ အောက်မကျို့ခဲ့ဖူးသော်ငြား သားအတွက်နဲ့မျက်ရည်ကျကာ ဒူးထောက်ခဲ့ဖူးပါသည်။ သားရဲ့ဖေဖေ ညီ၏ အအရှေ့တွင်။ ကျွန်တော့်အဆိုးတွေကို သိထားသည့်ငယ်က သားကိုလက်ခံနိုင်ဖို့ရာ အချိန်လိုမည်ထင်ပါသည်။ ငယ် သာ သားနဲ့သူ့ကိုရွေးခိုင်းလျှင် ကျွန်တော်သားကိုရွေးမိမည်ထင်သည်။ ထိုစကားကို ငယ့် နှုတ်ဖျားမှ ထွက်ကျမလာဖို့ မျှော်လင့်မိပါ၏။

"DNAစာရွက်မှာ ကိုယ့်သားပဲ ငယ်......"

"ကိုကို့သားဆိုတော့ ကျွန်တော်လဲချစ်ပေးပါ့မယ်.....
ငယ့် ကို မထားခဲ့ပါနဲ့နော်........."

ကားမောင်းနေသည့် ကိုကို့ ဘက်သို့လှည့်ကာ သူ၏ကျောနောက်ကိုလက်လျိုဝင်ပြီး ခါးကိုဖက်လိုက်မိ၏။ ဗိုက်သားပြင်ပေါ်ခေါင်းလေးဖွဖွကပ်ကာ ကျလာတော့မည့် မျက်ရည်တို့ကိုထိန်းနေသော်လည်း ထိန်းထားမရတော့ပေ။

"ငယ်.... ကိုယ် ကားမောင်းနေတယ် ဖယ်ပေးဦးလေ....."

ပါးပြင်ပေါ်သို့ပေါက်ခနဲကျလာသည့် မျက်ရည်စက်ကို လူမသ်ိအောင် သုတ်ဖယ်လိုက်သည်။ ရှေ့ခန်းမှမြင်ကွင်းကြောင့်လား။ ကြားလိုက်ရသည့် စကားတွေကြောင့်လားတော့မသိပေ။ ရင်ဘတ်ကြီးတစ်ခုလုံး ဘယ်နားကနာမှန်းပင်မသိတော့ ထုံထိုင်းနေသည်။ မျက်လုံးရွဲတွေနဲ့ပါပဲ ယောင်ရမ်းကာ
နောက်ကြည့်မှန်မှမြင်နေရသည့် ကျွန်တော်မပိုင်သောအငှားလူသားကြီးအား ငေးနေမိစဥ်
မျက်ဝန်းချင်းဆုံသည်။ ကိုဉာဏ့် မျက်ဝန်းထဲ ညီဆိုပြီး ခေါ်လိုက်သယောင်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now