Part - 41

11.2K 1.2K 61
                                    

ရေချိုးပြီးသည်နှင့် အိမ်နေရင်းအကျီအဖြူကိုဝတ် မှန်ရှေ့ထိုင်ပြီး ရှည်လျလျဆံနွယ်တို့ကို စုကာချီနှောင်ရန် ဖြီးသင်နေချိန် အခန်းတံခါးဖွင့်သံကြောင့်ကြည့်လိုက်မိတော့ ကိုဉာဏ်ဖြစ်နေသည်။ ကြားသားမိုးကြိုးနေ့လည်၁နာရီကြီး အိမ်ပြန်လာလို့ပါလား။ ဘာမှပြောမနေတော့ပါပဲ ကိုယ့်လုပ်စရာအလုပ်သာဆက်လုပ်နေမိ၏။ မှန်ထဲမှ ကိုဉာဏ့်အရိပ်ကနီးကပ်သည်ထက်နီးကပ်လာပြီး ကျွန်တော့်အားအနောက်ဘက်ကျောမှသိုင်းဖက်လာသည်။ သူ့လုပ်ပုံကြောင့် ဆံပင်ပဲဆက်ဖြီးရမလား။ ချပဲချထားပြီး ဘာဖြစ်လာလဲပဲ မေးရမလား။ ပခုံးထက်မေးတင်လာပြီး မျက်လွှာချလို့ ကြမ်းပြင်ကိုငေးနေသည်။ ဆံပင်ကိုဖြီး မနေတော့ပါပဲ ရှေ့မှခေါင်းစည်းကြက်ပေါင်ကွင်းကိုယူကာ စုကာချီလိုက်သည်။ သူ့ကိုကြည့်တော့ ပခုံးပေါ်မေးတင်ကာ အသက်ထွက်ပြီလားလဲမသိ ငြိမ်သက်နေပုံက ကျောက်ရုပ်ကြီးပမာ။

"ကိုယ်စိတ်မကောင်း​ဖြစ်​နေတယ် ညီ........."

"အဆင်ပြေမှပြောပြ ငြိမ်နေဆိုလဲ ငြိမ်နေပေးမယ်....
ဒါပေမယ့် ခင်ဗျားအသားယူတာတွေ
များနေပြီမထင်ဘူးလား......"

မှန်ထဲကြည့်ပြီးသာ သူ့ကိုထိုသို့ဆိုလိုက်ပြီး ကြည့်နေလိုက်တော့ ကိုဉာဏ် ကလည်း တစ်ချက်ရယ်ကာ ကျွန်တော့်ကိုစောင်းငဲ့ကြည့်လာသည်။

"သားက ကိုယ့်သားတဲ့လေ........"

"ဘယ်လို......"

ထိုစကားကြားတော့ ပြုံးနေရင်းမှချက်ခြင်းတည်သွားသည့် ညီ့ကို ကြည့်ကာ တုန်လှုပ်မိသွားသည်ကတော့အမှန်ပင်။
ကျွန်တော်တောင် မတည်ငြိမ်သေးသည့်စိတ်၊ ဝမ်းနည်းကာ သားအတွက်စိတ်မကောင်းဖြစ်ရ၏။ ကိုယ့်ဘဝကို အားငယ်ကာ သားတစ်ယောက်ရှိနေခြင်းကိုတောင် မသိရလေသလားဆိုပြီး ဖခင်မပီသလိုခံစားနေရသည်မဟုတ်လား။ ညီ လဲ ကျွန်တော့်ကိုမကောင်းတဲ့ လူလို့တွေးနေမှာမဆန်းပေ။

"DNAက 99.99% ကိုယ်နဲ့တူတယ်တဲ့လေ....."

'သံယောဇဥ်တွယ်မိတဲ့သားနဲ့ပါ
ကျွန်တော်ခွဲရတော့မှာပေါ့ဟုတ်လား ခင်ဗျားရယ်.....'

"ကောင်းတာပေါ့....သားလေး လောကကြီးမှာမိဘမဲ့ဆိုပြီး
အားမငယ်ရတော့ဘူး.....အမေမရှိပေမယ့် အဖေရှိသေးတယ်... အဖေ့မေတ္တာတွေနဲ့ ဘဝခရီးသာယာမှာပါ....
ကျွန်တော့်လိုပေါ့......."

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now