Part - 3

17.9K 1.8K 85
                                    

လာ့ဂေ့ချ်တစ်လုံးတည်းဟုသာပြောတာ တော်တော်ကိုကြီးသည့် လာ့ဂေချ်ကြီးပင်။ ဘေးမှာအိတ်နှစ်လုံးကလည်းပါသေးသည်။ ဘာတွေထည့်လာသည်လည်းတော့ မပြောတတ်သော်လည်း ကျွန်တော့်ကိုဧည့်ခန်းထဲထားကာ အခန်းထဲဝင်ပြီးတော်တော်နဲ့မထွက်လာ နာရီလက်တံတို့ကတရွေ့ရွေ့နဲ့ရွေ့လျားသည်မှာ ၁၂ဆိုသည့်အက္ခရာကိန်းဂဏန်းတို့ကို ကျော်ဖြစ်သွားကြသည်မှာ ၂ကြိမ်တိတိကျော်ပြီး နာရီဝက်ကြာမှ အထုတ်၃ထုပ်နဲ့ထွက်လာသည်။

"ကိုဥာဏ်.....ကူသယ်ပေး...."

လာ့ဂေ့ချ်ကိုတွန်းပြီးအထုပ်တစ်ထုပ်ကို ထိုအပေါ်သို့တင်ကာ တစ်ထုပ်ကိုလက်ကဆွဲခါးရသည်က လေးလံလွန်းနေသည်မို့ အားကိုးနဲ့ပဲ ထိုင်နေသော ကိုဥာဏ်သုခမောင် ဆိုသူကိုအကူအညီတောင်းမိသည်ကို သကောင့်သားက
နှစ်ယောက်တည်းရှိသည့်အခန်းပတ်ပတ်လည်ကို ဝေ့ဝဲကာကြည့်နေသေးသည်။ အရူးကိုလင်တော်ရမည်တော့ မဟုတ်ဘူးမလားဟု တွေးလိုက်မိပါသည်။ စဥ်းစားကြည့်လေဗျာ။
အိမ်ကိုလာကြသည်က နှစ်ယောက်အတူတူ၊ သူတစ်ယောက်တည်းထိုင်နေသည်က နာရီတော်တော်ကြာကြာ
ခွေးတစ်ကောင်၊ကြောင်တစ်မြီးပင်မရှိသော အိမ်ကြီးထဲ သူဘယ်သူ့ကိုရှာနေသည်လဲ။ ဒီလူနဲ့ရှေ့လျောက် ငါရူးသွားရင် ဒုက္ခ။ အခုလည်း ကျွန်တော့်ကိုကြည့်ကာ သူ့ကိုယ်သူ လက်ငြိုးထိုးပြီး မျက်လုံးများကသူလားဆိုသည့် အထာနဲ့မေးနေသည်။

'တကယ့် ဘဲနုံကြီး....'

အထုပ်ကလေးမှာ ကြမ်းပြင်ပေါ်အညှာအတာကင်းစွာ ဘုတ်ခနဲ​ပြုတ်ကြရသည်။ တခြားတော့မဟုတ် ညီသုနောင် ၏
ရက်စက်စွာပစ်ချခြင်း ခံရသည်ကြောင့်ပေ။ ခါးထောက်ကာရယ် နှုတ်ခမ်းတလန်ပန်းတလန်နဲ့ စွာစိလန် သာလိကာလိုကောင်။ ဘယ်သူသိမှာလဲ ခင်ဗျားနဲ့ကျုပ်နဲ့ပြောလိုက်၊ ခင်ဗျားနဲ့ကျွန်တော်နဲ့ပြောလိုက်ဖြင့် ယောက်ယက်ခတ်ကာ သူ့နာမကို အမည်မျိုးမျိုးတတ်ပြောပြီး ကျွန်တော့်ကိုတော့ ခင်ဗျားဆိုတာကြီးထပ်ကာခေါ်ခဲ့သည်က ရုံးကနေ အိမ်အထိပင်။ အလွန်ဆုံးနာရီပိုင်းအကြာလောက်ရှိသေး အခုမှ ကောက်ခါငင်ခါ ကိုဥာဏ်ခေါ်တော့ အိမ်မှာကျွန်တော့်အပြင်လူရှိလားတွေးမိသည် မှားလား။
မတွေးလို့လဲမရပေ။အိမ်ထဲဝင်တော့ အခန်းကြီးကလော့ခ်မှမခတ်ထားပဲ။ အခုလဲတစ်တွတ်တွတ်နဲ့ ကျီးကန်းလိုအသံပြဲပဲ​ဖြင့်ပြောနေလေသည်ကိုပဲကြည့်....

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now