Part - 11

12.1K 1.4K 65
                                    

"ပျော်သွားလိုက်တာ ငါ့မြေးတွေက ကြည့်စမ်းပါဦး...."

ပါးစပ်အဟောင်းသားနှင့်ပဲ အဖွားကိုကြည့်လိုက်မိပါသည်။
​မိန့်မိန့်ကြီးထိုင်ကာ ပြုံးပြုံးကြီးပြောနေသော ကိုဉာဏ့် အဖွားကို ဘာပြောလို့ပြောရမှန်းမသိတော့သည်မို့ ပါးစပ်အဟောင်းသားနဲ့သာငေးနေလိုက်တော့သည်။

"အဖွား...ဒါကလေ....."

"မင်းပါးစပ်ကိုပိတ်ထား ဉာဏ်သု....
မင်းက ငါတို့မျိုးရိုးရဲ့သားတစ်ယောက်ပဲ... အိမ်ထောင်ပြုတာ gender မခွဲပဲ သဘောတူပေးတာကိုပဲကျေးဇူးတင်ပါ.....ငါပြောတဲ့အတိုင်းလုပ် မဟုတ်ရင် အမွေတွေလဲမပေးနိုင်သလို...လုပ်ငန်းတွေသိမ်းမယ်.... မြေးအဖြစ်ကပါ စွန့်မယ်....ငါ့အမိန့်ပဲ......."

ခပ်တည်တည်နဲ့ စကားတို့ကိုပြတ်သားစွာပြောလာသူ အဖွားရဲ့မျက်နှာထားကိုကြည့်ခြင်းဖြင့် ပြောလျှင်ပြောသလိုလုပ်မည်ကို မြင်နေရသည်မို့ ကိုဉာဏ့်ကိုသနားမိပါသည်။
ဖြစ်သမျှအကြောင်းအကောင်းဟုသာ တွေးလိုက်ပြီး ကူညီလက်စနဲ့ကူညီလိုက်မည်။ ကိုဉာဏ်က အမွေတွေလိုချင်ခဲ့သည်မို့ ကျွန်တော့်ကိုငှားကာ လက်ထက်ထားသည်ဟု
ဟန်ဆောင်ခိုင်းထားသည်မဟုတ်လား။ နဂိုတည်းကမှ မယုံကြည်သေးသည့် လူကြီးများက ယခုအချိန်အပြိုင်ငြင်းလျှင် ပို၍သံသယဖြစ်နေလိမ့်မည်။ ကျွန်တော်လဲ ငွေယူထားခဲ့သည်ပဲ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်မည်။

ကျွန်တော့်မှာသူငယ်ချင်းနှစ်ယောက်နဲ့အဖေသာရှိသည်။
ဘာမျှပွန်းပဲ့စရာမရှိပေ။ ဆွေဂုဏ်မျိုးဂုဏ်ဖော်ရအောင်လဲ အကုန်သေကုန်ကြပြီမို့ အဖေတစ်ခု၊သားတစ်ခုသာနေထိုင်သည်။ ပတ်ဝန်းကျင်ကိုဂရုစိုက်နေတတ်သည့်အထဲ ညီသု မပါပေ။ ကိုဉာဏ့် ကောင်လေးရဲ့ ဖျတ်ဖျတ်ခါနေမည့်ပုံလဲ မြင်ချင်သည်။ အသားလွတ် လူကို ဘလိုင်းကြီး လာဖြဲသွားသည့် သတ္တဝာလေး ဘယ်လိုနေမည်ကိုသိချင်သည်မို့
ညီသုကတော့ Yesပါ။

"ကိုဉာဏ့် သဘောက ညီသု သဘောပါပဲ ဖွားဖွား....."

ကျွန်တော့်ဘက်သို့ခပ်ပြုံးပြုံးဖြင့် စောင့်ငဲ့ကြည့်ကာ ထိုသို့ပြောလာသည့် ညီသု အား အံ့သြစွာကြည့်မိလိုက်ပါသည်။
ညီသုတစ်ယောက် လုံးဝငြင်းမည်ဟုထင်ထားသည်က မှားလေပြီ။ ကျွန်တော်ကဘာဖြစ်ဖြစ်အဆင်ပြေသည်။ ညီသု ဘက်ကိုကြည့်၍ အဖွားဖြစ်သူကို အငြင်းစကားဆိုရန်ပြင်မိခြင်းပေ။ ယခုလိုမဂ်လာဆောင်ဖြစ်ရင် ညီသုဘက်ကနစ်နာစရာတွေရှိသည်မဟုတ်လား။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now