Zawgyi
အပိုခ်ပ္ အခန္း(၁) - အပိုင္း(၂)
ေနာက္ေလးရက္ႏွင့္ငါးရက္ေက်ာ္သည္အထိ, ဝမ္က်ိဳက ေ႐ွာင္ယဲ့ကို သူ႔ရဲဲ့ႀကိဳတင္ျပင္ဆင္ထားတဲ့ခရီးစဥ္အရ ဂ်ာမနီမွာ႐ွိတဲ့ ေက်ာ္ၾကားသည့္ေနရာေတာ္ေတာ္မ်ားမ်ားအျပင္ သဘာဝပႆာဒျဖစ္ၿပီး သိပ္ထင္ေပၚမေက်ာ္ၾကားတဲ့ ေနရာအခ်ိဳ႕ဆီကိုပါ ေခၚသြားသည္။ ေန႔တိုင္း,နာရီတိုင္းလိုလို စီစဥ္ထားသည့္အတိုင္း အံ့ဝင္ခြင္က်ပင္, အရမ္းႀကီးမပင္ပန္းရသလို အရမ္းႀကီးလည္းပ်င္းဖို႔မေကာင္းေခ်။
သို႔ေပမဲ့လည္း, ေ႐ွာင္ယဲ့ကို စြဲမွတ္ေစဆံုးအရာကေတာ့ ဂ်ာမန္ေတြရဲ႕ ရင္းရင္းႏွီးႏွီးေတြးေပးတတ္ျခင္းပင္။ သူတို႔ေတြ ပထမဆံုးဟိုတယ္မွာ သံုးညေနခဲ့တယ္။ ပထမဆံုးရက္မွာ, ဟိုတယ္ဘက္က ျပင္ဆင္းေပးခဲ့တာကေတာ့ misty rose ျဖစ္ၿပီး ဒုတိယေျမာက္ရက္မွာ ထိုပန္းေတြသည္ apricot roses ရဲ႕ အစားထိုးေနရာယူျခင္းကိုခံခဲ့ရၿပီး သံုးရက္ေျမာက္ရက္မွာေတာ့ red rose ေတြက ေနရာယူထားခဲ့သည္။
သူတုိ႔ႏွစ္ေယာက္ ဒုတိယေျမာက္ဟိုတယ္ကို ေရာက္တဲ့အခ်ိန္မွာ သူျမင္လိုက္ရတဲ့ပထမဆံုးအရာက လွပတဲ့ red rose ေတြ ျဖစ္ေနခဲ့သည္, အဲ့ red rose ေနရာမွာ ေနာက္ရက္က်ေတာ့ yellow rose က အစားထိုးေနရာယူသြားသည္။ သံုးရက္ေျမာက္ေန႔မွာေတာ့, ထိုပန္းေတြက ပန္းေရာင္ေဖ်ာ့ေဖ်ာ့ misty rose ေတြအျဖစ္ ျပန္ေျပာင္းသြားခဲ့သည္။
ေ႐ွာင္ယဲ့ ကတ္ေပၚက အဂၤလိပ္စကားလံုးေတြကို ၾကည့္လိုက္ၿပီး, "ဂ်ာမန္ေတြက ခ်စ္ေရးခ်စ္ရာနဲ႔ပတ္သတ္ရင္ေတာင္ တိက်တာလား? နာမည္အမွတ္တံဆိပ္ပါတဲ့ ကတ္ျပားကိုထားသြားတယ္,ငါတို႔ ႏွင္းဆီပန္းေတြကို မသိမွာစိုးရိမ္လို႔လား?"
တကယ္လို႔ ဒီကတ္ေတြေၾကာင့္သာမဟုတ္ရင္ ဝမ္က်ိဳက ဒီပန္းေတြကို အထူးစပယ္႐ွယ္အေနနဲ႔ ျပင္ထားတာလို႔ သူ သံသယဝင္ေကာင္းဝင္မိမွာ။ ဒါေပမဲ့ ဒီကတ္ေတြနဲ႔ဆိုေတာ့, ဒါေတြက ဟိုတယ္ရဲ႕တရားဝင္လက္ေဆာင္ေတြႏွင့္ တကယ္ တူေနသည္။ တကယ္လည္း, ဝမ္က်ိဳအေနနဲ႔ ပန္းေတြရဲ႕နာမည္ကို တကူးတကေရးဖို႔ မလိုပါဘူး, "ကိုယ္မင္းကိုခ်စ္တယ္" လို႔ေရးလိုက္ရံုနဲ႔တင္ လံုေလာက္ေနၿပီ။
ျဖည္းျဖည္းခ်င္းဝမ္က်ိဳ ျပံဳးလိုက္ၿပီး ျပန္ေတာ့မေျဖခဲ့ေပ။
မနက္ျဖန္က သူ႔ေခြး႐ူးေလးရဲ႕ေမြးေန႔ဆိုတာ သိလိုက္ရေတာ့ ဝမ္က်ိဳ မနက္ေစာေစာေရခ်ိဳးေနတဲ့အခ်ိန္မွာ ေ႐ွာင္ယဲ့ ျမန္ျမန္ဆန္ဆန္,ခိုးေၾကာင္ခိုးဝွက္ျဖင့္ လက္ေဆာင္ကို ျပင္ဆင္ကာ သူ႔အိပ္ထဲမွာ ေ႐ွာင္ယဲ့ အဲ့ဒါကို ဝွက္လိုက္ၿပီးတဲ့ေနာက္, ႏွစ္ေယာက္သားအတူတူအျပင္ကို ထြက္လိုက္သည္။
ဒီေန႔က သူတို႔ရဲ႕ဂ်ာမနီမွာ႐ွိေနမဲ့ ေနာက္ဆံုးပိတ္ရက္မတိုင္မီ တစ္ရက္ပင္။ မူလအစီအစဥ္အရ, သူတို႔ေတြ ဒီညေနခင္းကို ဝမ္က်ိဳ႕မိဘေတြနဲ႔ကုန္ဆံုးဖို႔ ဝမ္က်ိဳ႕မိသားစုအိမ္ကိုသြားမယ္,ၿပီးရင္ ေနာက္ေန႔က်ရင္ အိမ္ျပန္မယ္လို႔ သူတို႔စီစဥ္ထားတယ္။ ေ႐ွာင္ယဲ့ လက္ေဆာင္ေတြဝယ္ကာ သူ႔နဲ႔တစ္ပါတည္း သယ္လာလိုက္သည္။ ဒါက ဝမ္က်ိဳ႕ မိဘေတြနဲ႔ သူေတြ႕ရတာ ပထမဆံုးအႀကိမ္မဟုတ္ေပမဲ့လည္း သူ႔အေနနဲ႔ ဒီလိုေလာကဝတ္က်င့္ဝတ္ထံုးတမ္းကို ေက်ာ္ခ်သြားဖို႔အစီအစဥ္မ႐ွိဘူး။
တံခါးဘဲလ္ျမည္ၿပီးတဲ့ေနာက္, အခ်ိန္မဆိုင္းဘဲ တစ္ၿပိဳင္နက္တည္းဆိုသလို တံခါးပြင့္လာသည္။ အဲ့ဒါေၾကာင့္ မိဘေတြက သူတို႔ႏွစ္ေယာက္ကို ေစာင့္ေနတာပဲျဖစ္ရမယ္ဟု ေ႐ွာင္ယဲ့ ေတြးလိုက္မိၿပီး ေတာင္းေတာင္းပန္ပန္စကားဆိုလိုက္သည္, "အေဖနဲ႔ အေမ, ကြၽန္ေတာ္ ေတာင္းပန္ပါတယ္, ကားလမ္းပိတ္ေနလို႔ပါ"
"ရပါတယ္ကြယ္,စိတ္မပူပါနဲ႔, မင္းတို႔ႏွစ္ေယာက္အျမန္လာလို႔ အျပင္ဘက္ေနပူထဲမွာ ကင္ၿပီးသားမျဖစ္သြားတာ" ပါးပါးဝမ္နဲ႔မားမားဝမ္တို႔အတြဲက သူတို႔ကို တက္တက္ႂကြႂကြျဖင့္ ခရီးဦးႀကိဳျပဳ၏။
ေ႐ွာင္ယဲ့ အိမ္ထဲဝင္ကာ လက္ေဆာင္ေတြကို ေအာက္ခ်လိုက္ၿပီး ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ထိုင္ခ်လိုက္သည္။ ဝမ္က်ိဳက သူ႔ေဘးနားလာထိုင္ၿပီး ပါးပါးဝမ္နဲ႔မားမားဝမ္က သူတို႔ေနာက္က ခ်င္ခ်င္းလိုက္လာၿပီး တစ္ျခားတစ္ဖက္မွာ ထိုင္လိုက္ၾကသည္။
သူတို႔ေတြအကုန္လံုး ခဏတာမွ် အေတာ္အတန္တိတ္တဆိတ္အေနအထားျဖင့္သာ ထိုင္ေနသလိုျဖစ္ေနသည္။
“……”
ဒီတိတ္ဆိတ္ေနတဲ့ေလထုႀကီးက အရမ္းကိုမွထူးဆန္းေနတယ္လို႔ ဘာေၾကာင့္မ်ား ခံစားေနရတာလဲ?
ေ႐ွာင္ယဲ့ဘက္ကပဲ စကားစလိုက္သည္, "အေမနဲ႔အေဖ, ညစာကိုဘာစားခ်င္လဲ? ကြၽန္ေတာ္ ခ်က္ေကြၽးမယ္"
ပါးပါးဝမ္က ခပ္ျမန္ျမန္ စကားျပန္သည္, "ရပါတယ္,ရပါတယ္, သား ဒီေန႔ဘာမွမလုပ္ရဘူး"
ေ႐ွာင္ယဲ့ ေခါင္း႐ႈပ္သြားၿပီး, "ဒီေန႔ ကိစၥတစ္ခုခုမ်ား႐ွိလို႔လား?"
"အာ........" , ပါးပါးဝမ္ခမ်ာ မသက္မ႐ွဴႏိုင္သလို မြန္းက်ပ္သြားၿပီး မားမားဝမ္က ပါးပါးဝမ္အစား စကားဆက္လက္ေျပာဆိုလိုက္သည္။
"သူေျပာခ်င္တာက မင္းတို႔ႏွစ္ေယာက္က ဒီရက္ေတြမွာ ပင္ပန္းေနမွာ, အနားေကာင္းေကာင္းယူလိုက္, ညစာအတြက္ အေမတို႔ကိုသာ အပ္လိုက္ပါ"
"မွန္တယ္,မွန္တယ္, ငါေျပာခ်င္ေနတာ အဲ့လိုကြ"
ဒါနဲ႔ပတ္သက္ၿပီး တစ္ခုခုမူမမွန္သလို ေ႐ွာင္ယဲ့ ခံစားေနရသည္။ မိဘေတြထြက္သြားေတာ့မွ သူတို႔ႏွစ္ေယာက္ အေပၚက သူတို႔အိပ္ခန္းကို တက္သြားလိုက္တယ္, ၿပီးေတာ့ ေ႐ွာင္ယဲ့လည္း ဝမ္က်ိဳ႕ကို ေမးလိုက္သည္, "မင္းမိဘေတြက ဘာေတြျဖစ္ေနတာလဲ? ငါ သူတို႔ႏွစ္ေယာက္ကို ပထမဆံုးေတြ႕တဲ့အခ်ိန္ကထက္ ပိုၿပီး တည္တည္ၾကည္ၾကည္ျဖစ္ေနသလိုပဲ"
"ကြၽန္ေတာ္-ကြၽန္ေတာ္ မသိဘူး.........."
သူ႔ကိုယ္ပိုင္အိပ္ခန္းကို သူပထမဆံုး ဝင္ဖူးသလိုမ်ိဳး ဝမ္က်ိဳက အကုန္လံုးကိုလွည့္ပတ္ၾကည့္ေနၿပီး ႐ုတ္တရက္ စကားထေျပာသည္, " ကြၽန္ေတာ္ ေခါင္းနည္းနည္းကိုက္ေနတယ္။ ေ႐ွာင္ယဲ့, ကြၽန္ေတာ္နဲ႔အတူ တစ္ေရးေလာက္လာအိပ္ပါ"
ေ႐ွာင္ယဲ့ ခ်က္ခ်င္းဆိုသလို သံသယေတြကို သူ႔မသိစိတ္ထဲပစ္သြင္းလိုက္ၿပီး ဝမ္က်ိဳႏွဖူးကိုထိၾကည့္ဖို႔ အေ႐ွ႕တိုးသြားကာ, "မင္းကေတာ့ေလဘယ္လိုလုပ္ ေခါင္းကိုက္သြားရတာလဲ? မင္းမေန႔ညက ေနာက္က်မွအိပ္လို႔ျဖစ္တာ ျဖစ္ရမယ္။ ငါ မင္းကိုေစာေစာအိပ္ခိုင္းရေတာ့မွာပဲ, မင္းကိုေျပာတဲ့အတိုင္း လုပ္တာ ပိုေကာင္းမယ္"
ဝမ္က်ိဳ ေ႐ွာင္ယဲ့လက္ကို ဆြဲကိုင္ကာ သူ႔ပါးေပၚတင္ေပးလိုက္ၿပီး ခ်စ္ဖို႔ေကာင္းစြာ ေ႐ွာင္ယဲ့လက္နဲ႔ ပြတ္သီးပြတ္သပ္လုပ္လိုက္သည္, "ကြၽန္ေတာ္က လိမၼာပါတယ္ေနာ္, ကြၽန္ေတာ္ ေ႐ွာင္ယဲ့ေျပာတဲ့ အရင္ကတစ္ျခားအရာေတြအားလံုးကိုလည္း နားေထာင္ပါတယ္ေနာ္"
ေ႐ွာင္ယဲ့ အႀကိမ္ေရအနည္းငယ္မွ်ေခ်ာင္းဟန္လိုက္သည္, သူကေတာ့ သူ႔ရဲ႕မ်က္ႏွာသာမေပးသလိုတင္းမာေနသည့္ မ်က္ႏွာဟန္ကို ယဲ့ယဲ့ေလးပဲ ထိန္းႏိုင္ေတာ့တယ္,
"ျမန္ျမန္လွဲေတာ့, အရမ္း ဒုကၡေပးတာပဲ။ မင္းအိပ္ေပ်ာ္သြားတာနဲ႔ ငါအျပင္ကိုထြက္သြားမွာေနာ္"
သို႔ေပမဲ့ အဆံုးသတ္မွာ, သူကသာ တကယ္ႀကီး အရင္ဆံုးအိပ္ေပ်ာ္သြားခဲ့သည္။
သူႏိုးလာတဲ့အခ်ိန္မွာ ညေန၆နာရီ,၇နာရီ ေလာက္ ႐ွိႏွင့္ေနၿပီ။ ေနာက္ထပ္မွာ႐ွိေနသည့္ မားမားဝမ္က "ထမင္းစားဖို႔ ေအာက္ကိုျမန္ျမန္ဆင္းလာခဲ့ေတာ့" ဟု ေအာ္ေခၚခဲ့ၿပီး ေ႐ွာင္ယဲ့လည္း အဲ့အသံေၾကာင့္ ႏိုးသြားခဲ့သည္။ ေ႐ွာင္ယဲ့ မ်က္လံုးေတြကိုမဖြင့္ခင္မွာ ပြတ္လိုက္သည္,အဲ့ေနာက္ သူ႔အယ္လ္ဖာရဲ႕လက္ေမာင္းၾကား တိုးေဝွ႔ပူးကပ္ကာ ဝင္ေခြေနသည့္ သူ႔ကိုယ္သူေတြ႔လိုက္ရသည္။ သူသြားရည္က်ခဲ့တဲ့ ဝမ္က်ိဳ႕ရင္ဘက္ေပၚမွာ အကြက္ေသးေသးေလးတစ္ကြက္႐ွိေနေလရဲ႕။ ဒါေပမဲ့ ဝမ္က်ိဳကေတာ့ လံုးဝသတိမထားမိသလိုမ်ိဳး ကုတင္ေခါင္းရင္းကို ပ်င္းရိပ်င္းတြဲမွီေနကာ တည္ၿငိမ္သက္စြာျဖင့္ ဖုန္းသံုးေန၏။
႐ွက္ရြံမႈေၾကာင့္ ေ႐ွာင္ယဲ့မ်က္ႏွာက ခ်က္ခ်င္း နီျမန္းသြားခဲ့ၿပီး *ဖက္* ဆိုသည့္အသံႏွင့္အတူ သူ႔လက္ကိုေအာက္ကို႐ိုက္ခ်ကာ ဖုန္းစခရင္ကိုအုပ္လိုက္ၿပီး ဝမ္က်ိဳ႕ကို ဖုန္း ကေန မ်က္လံုးခြာေအာင္လုပ္လိုက္သည္။
"ငါ သြားရည္စက်တဲ့အခ်ိန္တုန္းက မင္း ငါ့ကိုဘာလို႔မႏႈိးတာလဲ?"
ဒီစကားလံုးေတြက အေတာ္ကေလးကို အက်ိဳးအေၾကာင္းသင့္ေလ်ာ္ျခင္းမ႐ွိေပ, ဒါေပမဲ့ ဝမ္က်ိဳကေတာ့ ျပံဳးရံုပဲျပံဳးလိုက္သည္, "ရပါတယ္". ဝမ္က်ိဳ လက္ကိုဆန္႔ထုတ္ကာ ေ႐ွာင္ယဲ့ ပါးစပ္ေထာင့္စြန္းက မေျခာက္ေသးဘဲ တစ္စြန္းတစ္စက်န္႐ွိေနသည့္အရာကို သုတ္ေပးလိုက္သည္။
"ေ႐ွာင္ယဲ့ အဲ့လိုအိပ္ေနတဲ့အခ်ိန္ဆို အရမ္းခ်စ္ဖို႔ေကာင္းတယ္..........ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကို မႏိုးရက္ဘူး"
ေ႐ွာင္ယဲ့ ခ်က္ခ်င္းဆိုသလို ဝမ္က်ဳိနဲ႔ပတ္သက္ၿပီး ေျပာစရာစကားမ႐ွိ(ၾကံရာမရ) ျဖစ္သြားသည္။
သူတို႔ေအာက္ထပ္ကိုဆင္းသြားလိုက္တယ္,ေတြ႕လိုက္ရတာကေတာ့ ညစာက ေပါလွ်ံေပါမ်ားေနၿပီး အရမ္းပံုႀကီးခ်ဲ႕ထားသည့္နီးနီး ျဖစ္ေနသည္။ စားပြဲမွာလည္း ႏွစ္သစ္ကူးက်င္းပပြဲလိုမ်ိဳး အစြန္းတစ္ဖက္ကေန အစြန္းတစ္ဖက္အထိ ဖံုးလႊမ္းထားသည့္ ဟင္းပြဲႀကီးေတြျဖင့္ ျပည့္ႏွက္ေန၏။ ေ႐ွာင္ယဲ့ အဲ့ဒါေတြအကုန္လံုးကို ၾကည့္လိုက္ၿပီး မေမးဘဲမေနႏိုင္ေတာ့အသည့္အတြက္ ေမးၾကည့္လိုက္သည္,
"အေမနဲ႔အေဖ, ဧည့္သည္ေတြလာမွာလား?"
"မလာပါဘူး,အေမတို႔ေလးေယာက္ပဲေလ"
ဒီဟင္းပြဲေတြျပင္ထားတဲ့ပြဲကို ႏွစ္သစ္ကူးရက္ကေန ႏွစ္သစ္ရဲ႕ခုနစ္ရက္ေျမာက္ေန႔အထိ လူေလးေယာက္ လံုလံုေလာက္ေလာက္ စားလို႔ရတယ္။
က်ိန္းေသတာကေတာ့ ေ႐ွာင္ယဲ့ အဲ့ဒါကို ထုတ္မေျပာလိုက္ပါဘူး။ သူ႔မ်က္ႏွာကိုထိန္းထားဖို႔အတြက္, ေ႐ွာင္ယဲ့ မို႔ေမာက္ေနသည့္ ပန္းကန္ႏွစ္ပန္းကန္အထိ စားခဲ့ေပမဲ့ သူ႔အစာအိမ္ရဲ႕ဆံေသာပမာဏကိုက နဂိုကတည္းက အကန္႔အသတ္ႏွင့္ပင္။ ေနာက္ဆံုးေတာ့, သူဆက္မစားႏိုင္ေတာ့ေပ။ ေလတက္သံႏွင့္အတူ ေ႐ွာင္ယဲ့ ဆိုဖာေပၚထိုင္က်သြားၿပီး ျပဴးထြက္လာေသာဗိုက္ကိုအသာထားကာ TV ၾကည့္ေနလိုက္သည္။
ဝမ္က်ိဳ သူ႔မိဘေတြကူၿပီး မီးဖိုေခ်ာင္သန္႔႐ွင္းေရးကိုဝိုင္းလုပ္ေပးလိုက္သည္, ၿပီးသြားေတာ့ ေ႐ွာင္ယဲ့ကို႐ွာဖို႔ ဧည့္ခန္းကိုပဲ သြားလိုက္ေတာ့တယ္။ ဝမ္က်ိဳ နာရီကိုတစ္ခ်က္ၾကည့္ကာ စကားစလိုက္သည္, "၉နာရီပဲ႐ွိေသးတယ္, အျပင္ကို ေအးေအးလူလူလမ္းေလွ်ာက္ထြက္ရေအာင္"
ေ႐ွာင္ယဲ့ ဒါက သူ႔ရဲ႕အစာေျခဖ်က္ျခင္းစနစ္ကို ကူညီေပးလိမ့္မယ္ဆိုတာ ခန္႕မွန္းမိတာႏွင့္ သူ ခ်က္ခ်င္း သေဘာတူလိုက္သည္။ အျပင္ကိုမထြက္ခင္မွာ, ေ႐ွာင္ယဲ့ တစ္ေန႔လံုး သူ႔အိပ္ကပ္ထဲမွာ႐ွိေနတဲ့ ပစၥည္းကိုထုတ္ယူကာ စစ္ၾကည့္ေနမိတယ္။ သူ စစ္ေဆးလို႔ၿပီးသြားေတာ့ သူ ေသေသခ်ာခ်ာ ဂ႐ုတစိုက္နဲ႔ အဲ့ပစၥည္းကို အိပ္ကပ္ထဲ ျပန္လွ်ိဳသြင္းကာ သိမ္းဆည္းလိုက္သည္။
ဝမ္က်ိဳတို႔မိသားစုေနအိမ္က ၿမိဳ႕လည္ေခါင္ႏွင့္မနီးေပ,အဲ့ဒါေၾကာင့္ ညဘက္ဆိုရင္, ေဘးပတ္ဝန္းက်င္က တိတ္ဆိတ္ၿပီး ေအးခ်မ္းသည္, သစ္ရြက္ေလးမ်ားကုိေလတိုက္ခတ္သြားသည့္ တရႊမ္းရႊမ္းျမည္သံႏွင့္ တစ္ျခားေနအိမ္ေတြဆီ ခပ္တိုးတိုးအသံေတြသာ ၾကားရသည္။ ေသးငယ္ၿပီးထူထပ္သည့္ ဥယ်ာဥ္ငယ္ေလးကို ျဖတ္၍ခင္းထားသည့္ ေက်ာက္တံုးလမ္းေလးတစ္ေလွ်ာက္ ႏွစ္ေယာက္သား ျဖညး္ျဖည္းခ်င္း လမ္းေလွ်ာက္ေနမိသည္။ ထို႔ေနာက္ သူတို႔ေ႐ွ႕ကျမင္ကြင္းက က်ယ္ျပန္႔လွသည့္ျမင္ကြင္းက်ယ္အျဖစ္သို႔ ေျပာင္းလဲသြားၿပီး ပင္လယ္တစ္မွ်ႀကီးမားက်ယ္ျပန္႔လွသည့္ ႏွင္းဆီပန္းခင္းႀကီးက ျမင္ကြင္းထဲ ဝင္ေရာက္လာသည္။
"ဒီေနရာက အရင္ကျမက္ဖံုးေနတဲ့လြင္ျပင္က်ယ္ႀကီးလို႔ ငါ ဘာလို႔မ်ား မွတ္မိေနရတာလဲ?" , ဟု ေ႐ွာင္ယဲ့ စိတ္႐ႈပ္စြာျဖင့္ ေျပာလိုက္သည္။
ဝမ္က်ိဳကေတာ့ သူ႔အေ႐ွ႕က ေလွ်ာက္ကာသြားေနၿပီ။ ပင္လယ္လိုပန္းၿမိဳင္လယ္မွာ, ဝမ္က်ိဳက လွည့္ၾကည့္ကာ,
"ဒီပန္းေတြကို ေနာက္ေတာ့စိုက္လိုက္တာ။ ပန္းေလးေတြက လွတယ္လို႔ ေတြးမိသြားလို႔, ၿပီးေတာ့ ေ႐ွာင္ယဲ့ကို ျပခ်င္လို႔"
"အရမ္းလွတယ္"
ေ႐ွာင္ယဲ့ သူ႔အေ႐ွ႕က ၾကည့္ေကာင္းတဲ့မ်က္ႏွာေလးထိပ္ေရာက္ေနတဲ့ ဝမ္က်ိဳ႕ရဲ႕ သိသာေပၚလြင္ၿပီး အရပ္႐ွည္႐ွည္ပံုရိပ္ကို ၾကည့္ကာ အသိအမွတ္ျပဳလိုက္သည္။ ေဘးပတ္ပတ္လည္က ပန္းေတြေၾကာင့္ မီးေမာင္းထိုးခံထားသလိုျဖစ္ေနတဲ့ ဝမ္က်ဳိက ကေလးငယ္ငယ္ေလးေတြရဲ႕ နတ္သမီးပံုျပင္ထဲက Prince Charming ပံုရိပ္ေယာင္ႏွင့္ တူလုနီးနီးပင္။
သူ႔စိတ္ကူးယဥ္အေတြးထဲက ပံုရိပ္က သူ႔ကို ေခါင္းအစေျခတစ္ဆံုးအထိ တဆတ္ဆတ္တုန္က ၾကက္သီးေမြးညင္းထသြားေစသည္။ ေ႐ွာင္ယဲ့ အေ႐ွ႕ကို ေျခလွမ္းတိုးေရြ႕လိုက္သည္။
ေ႐ွာင္ယဲ့ အနီးကပ္သြားၾကည့္ခါမွ ဒီေနရာမွာစိုက္ထားတဲ့ ႏွင္းဆီပန္းေတြက အေရာင္မ်ိဳးစံု႐ွိတယ္ဆိုတာ သူသိလိုက္ရတယ္, ဟိုတယ္မွာသူအရင္ကျမင္ဖူးတဲ့ ပန္းေတြအကုန္နီးပါးပဲ။ ပန္းေတြကို မ်က္စိပႆဒျဖစ္ေအာင္ကြက္က်ားကြက္က်ား အစဥ္လိုက္စိုက္ပ်ိဳးထားၿပီး ပန္းတစ္ပြင့္ႏွင့္တစ္ပြင့္ လိုက္ဖက္ေန၏။ ၿပီးေတာ့ ပန္းေတြေပၚျဖန္႔က်ဲထားသည့္ အလင္းေရာင္လည္း႐ွိေသးသည္, ဒါေၾကာင့္မို႔ ညဘက္ျဖစ္ေနေပမဲ့လည္း ျမင္ကြင္းကိုေတာ့ အရမ္း႐ွင္း႐ွင္းလင္းလင္းျမင္ရသည္။
သူ႔အေ႐ွ႕ကေနေလွ်ာက္ေနသည့္ ဝမ္က်ိဳက ေပါ့ေပါ့ပါးပါးျဖင့္ ပန္းအခ်ိဳ႕ကိုခ်ိဳးယူလိုက္သည္။ ေ႐ွာင္ယဲ့ ခ်က္ခ်င္းဆိုသလို ထိုျမင္ကြင္းထဲက ဝမ္က်ိဳ႕ကိုရပ္တန္႔သြားေအာင္ စကားစလိုက္သည္, " မင္းဘာေတြလုပ္ေနတာလဲ,ရပ္လိုက္စမ္း"
အနီေရာင္ပန္းပြင့္စီလက္လွမ္းေနရင္းတန္းလန္းႏွင့္ ဝမ္က်ိဳ ရပ္သြားသည္, "..........ကိစၥမ႐ွိပါဘူး, ဒီမွာပန္းေတြအမ်ားႀကီး ႐ွိပါတယ္"
"အေရအတြက္ကအေရးႀကီးလို႔လား? ပန္းေတြကို အေရးမထားဘဲ မသတ္ပစ္ဖို႔ မင္း မသင္ဖူးဘူးလား?"
“……” , ဝမ္က်ိဳ လက္ကုိျပန္႐ုတ္ကာ မဝံ့မရဲျဖင့္ စကားဆိုလိုက္သည္, "ကြၽန္ေတာ္-ကြၽန္ေတာ္ ေနာက္ထပ္အနီေရာင္တစ္ပြင့္ပဲ လိုေတာ့လို႔ပါ,အဲ့တစ္ပြင့္ေလ......"
ေ႐ွာင္ယဲ့ ေဘးတစ္ဝိုက္ကိုၾကည့္လိုက္ၿပီး အနားမွာဘယ္သူမွမ႐ွိတာကိုေတြ႕လိုက္သည္ႏွင့္ ျမန္ျမန္ဆန္ဆန္ ႏွင္းဆီနီကိုခ်ိဳးယူကာ ဝမ္က်ိဳ႕လက္ထဲမသိမသာထည့္ရင္း တီးတိုးေျပာလိုက္သည္။
"အဲ့ပန္းေတြကိုဖြက္ထားလုိက္,ၿပီးရင္ အျပင္ျပန္မထုတ္နဲ႔ဦး။ မ်က္ႏွာပ်က္ရလိမ့္မယ္။ ေနာက္တစ္ခါ, ငါမင္းအတြက္ ပန္းဝယ္ေပးမယ္"
ေ႐ွာင္ယဲ့သူ႔လက္ထဲထည့္သြားတဲ့ ႏွင္းဆီနီကို ဝမ္က်ိဳ ေငးေၾကာင္ေၾကာင္ျဖင့္သာ စိုက္ၾကည့္ေနမိသည္။ စိတ္႐ႈပ္ေထြးသြားသည့္ အမူအယာကေတာ့ သူ႔မ်က္ႏွာေပၚတြင္ ထင္ဟပ္လ်က္။
ပန္းခင္းႀကီးရဲ႕အလယ္မွာေတာ့ နဂိုျမက္ခင္းျပင္ေလးႏွင့္သာ ျပဳလုပ္ထားတဲ့အနားယူစရာေနရာတစ္ခု႐ွိေနသည္။ အိမ္နီးနားခ်င္းေတာ္ေတာ္မ်ားမ်ားက ဘီယာေသာက္ကာ ေလဟာျပင္႐ုပ္႐ွင္ၾကည့္ေနၾကသည္။ ထိုလူေတြက သူတို႔ကိုျမင္သြားခ်ိန္မွာ, သူတို႔က စိတ္အားထက္သန္စြာျဖင့္ ေ႐ွာင္ယဲ့တို႔ႏွစ္ေယာက္ကိုလည္း ႐ုပ္႐ွင္အတူတူလာၾကည့္ဖို႔ ေအာ္ေခၚၾကသည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔မွာလည္း တစ္ျခားဘာမွလုပ္စရာမ႐ွိတာေၾကာင့္ ေ႐ွာင္ယဲ့ထိုင္ခ်ကာ ခဏကထမင္းဝိုင္းမွာစားပုိးနင့္ေအာင္စားခဲ့တဲ့ ဒဏ္လည္း ေပ်ာက္သြားၿပီျဖစ္တဲ့အတြက္ အသက္ႀကီးႀကီးလူတစ္ေယာက္ ကမ္းေပးလာသည့္ဘီယာကို တစ္ငံုႏွစ္ငံုေလာက္ ယူေသာက္လိုက္သည္။
ထိုင္ခ်ၿပီးတဲ့အခ်ိန္မွာ, ဝမ္က်ိဳ႕ပံုက စိတ္မေအးသည့္ပံုမ်ိဳးျဖစ္ေနၿပီး တစ္ခုခုျဖစ္လာဖို႔ေစာင့္ေမွ်ာ္ေနသလို အခ်ိန္နဲ႔အမွ် သူ႔နာရီကိုပဲ ခိုးၾကည့္ေန၏။
ေ႐ွာင္ယဲ့ကေတာ့ အစကတည္းက ဝမ္က်ိဳဘာကိုေစာင့္ေနလဲဆိုတာ သိတယ္, အဲ့အရာ ေနာက္ႏွစ္နာရီမွာက်ေရာက္မဲ့ သူ႔ေမြးေန႔ပဲ ျဖစ္မယ္။ တမင္သက္သက္ သူတို႔ကိုလမ္းေလွ်ာက္ရင္း ဒီေနရာကိုေခၚေဆာင္ကာ သူ႔ဘဝရဲ႕ႏွစ္သစ္ကိုဝင္ေရာက္ဖို႔ အခ်ိန္နာရီက zero ကို က်ေရာက္သြားသည္အထိ ဝမ္က်ိဳက သူ႕ကို က်ိန္းေသသူနဲ႔အတူ ဒီေနရာမွာေစာင့္ဆိုင္းေစခ်င္ေနတာပဲ။
ဝမ္က်ိဳ႕ေမြးေန႔ကို ဒီေနရာမွာပဲျဖစ္ျဖစ္, အိမ္မွာပဲျဖစ္ျဖစ္ က်င္းပရတဲ့အေပၚ ကြာျခားမႈသိပ္မခံစားရဘူးဆိုေပမဲ့လည္း, သူ႔အယ္လ္ဖာက ဒီလို ၾကည္ႏူးဖြယ္ရာေလထုမ်ိဳးကို ဖန္တီးခ်င္ေနတာဆိုေတာ့, သူ႔မွာ အဆံုးထိ သူ႔အယ္လ္ဖာကို အေဖာ္ျပဳေပးရမွာေပါ့။
ဂႏ ၳဝင္လက္ရာ ၾကည္ႏူးဖြယ္အခ်စ္ဇာတ္လမ္း႐ုပ္႐ွင္ ၿပီးဆံုးသြားေတာ့, ေနာက္႐ုပ္႐ွင္တစ္ကားစတင္လာသည္။ ညအခ်ိန္ကာလသည္လည္း ေမွာင္သထက္ေမွာင္လာခဲ့သည္။ တစ္ျခားေနထိုင္သူေတြက တစ္ေယာက္ၿပီးတစ္ေယာက္ အိမ္ျပန္ဖို႔ ထြက္ခြာသြား၍ သူတို႔ထြက္ခြာသည့္အခ်ိန္မွာ ျပံဳးရယ္၍ ဂ်ာမန္လိုစကားတစ္ခ်ိဳဆိုသြားေသးတယ္။ ေ႐ွာင္ယဲ့ကေတာ့ တစ္လံုးမွနားမလည္ေပမဲ့ ဝမ္က်ိဳကေတာ့ ျပန္ေျဖသည့္အေနျဖင့္ ထပ္ခါတလဲလဲေခါင္းညႇိတ္ျပေန၏။ ေ႐ွာင္ယဲ့ သူတို႔ဘာေတြေျပာေနတာလဲဆိုတာ ဝမ္က်ိဳ႕ကို ေမးလိုက္ေပမဲ့ ဝမ္က်ိဳကေတာ့ သူတို႔က ပံုမွန္စကားမ်ိဳးကုိ ေျပာေနတာဟုသာ ျပန္ေျဖသည္။
ညသန္းေခၚမတိုင္မွီ ငါးမိနစ္အလိုမွာ, ဇာတ္ကားက ေနာက္ဆံုးေတာ့ ၿပီးသြားကာ ပိတ္ကားက အျဖဴေရာင္ေဖ်ာ့ေဖ်ာ့အလန္းတန္းေပၚလာၿပီး မဲေမွာင္က်သြားသည္။ ႀကီးမားသည့္ဝန္းႀကီးတစ္ခုလံုးမွာ, သူတို႔ႏွစ္ေယာက္ပဲ က်န္ေနသည္။
ဒီအခ်ိန္က ျပည့္ေတာ့လုနီးနီးျဖစ္ေနၿပီလို႔ ေ႐ွာင္ယဲ့ ေတြးမိၿပီး သန္းလိုက္တယ္။ ဝမ္က်ိဳ႕ပံုခံုးကိုမွီေနရာကေန ေ႐ွာင္ယဲ့ ကိုယ္ကိုေျဖာင့္တန္းကာမတ္တပ္ထရပ္လိုက္ၿပီး ဝမ္က်ိဳ႕ကို လက္လွမ္းလိုက္သည္။
ရလဒ္အေနနဲ႔ ဝမ္က်ိဳ႕လက္ေတြ ေခြၽးရႊဲေနတာကို ေ႐ွာင္ယဲ့ ေတြ႕လိုက္ရတယ္။
ခဏတစ္ျဖဳတ္ သူ ေတာင့္ခဲသြားေပမဲ့ ေ႐ွာင္ယဲ့ ရယ္ၿပီးစကားေျပာတာကို မရပ္ႏိုင္ေတာ့ေပ, "ဒီေလာက္ေတာင္ စိတ္ေတြလႈပ္႐ွားေနတာဆိုေတာ့ အဲ့ဒါက တကယ္ပဲ ကိစၥႀကီးျဖစ္ေနတာလား?"
ဝမ္က်ိဳခမ်ာ ႐ုတ္တရက္ ၾကက္ေသေသသြားသည္။ စက္႐ုပ္တစ္႐ုပ္လို သူ႔ေခါင္းကို ျဖည္းျဖည္းခ်င္းလွည့္ကာ ေ႐ွာင္ယဲ့ကို ၾကည့္လိုက္သည္, "ေ႐ွာင္ယဲ့.....ေ႐ွာင္ယဲ့ သိၿပီးသားလား?"
နာရီအခ်ိန္က ျမန္ျမန္ဆန္ဆန္က်ေရာက္တာကို ေတြ႕လိုက္ရေတာ့ ေ႐ွာင္ယဲ့ ႐ိုး႐ိုး႐ွင္း႐ွင္းပဲ ဝန္ခံလိုက္တယ္,
"ဟုတ္တယ္, မင္းငါ့ကို ဂ်ာမနီကို ခရီးသြားမလားလို႔ေမးလာကတည္းက ငါသိေနတာ"
ဝမ္က်ိဳ႕မ်က္လံုးေတြက ျပဴးက်ယ္သြားၿပီး ေမး႐ိုးေတာင္ေအာက္က်သြားကာ စကားမေျပာႏိုင္ေတာ့သည္အထိ အံ့ၾသတုန္လႈပ္သြားသည္။ စကၠန္႔အနည္းငယ္ၾကာေတာ့ ျမန္ျမန္ဆန္ဆန္ ေလေလ်ာ့သြားသည့္ပူေဖာင္းလိုမ်ိဳး ဝမ္က်ိဳ တံုးတံုးလွဲက်သြားသည္။
"ကြၽန္ေတာ္ေတာ့ အခ်ိန္ျဖဳန္းလိုက္မိၿပီ.....ကြၽန္ေတာ္ အခ်ိန္အၾကာၿပီး ျပင္ဆင္ခဲ့ရတာ ။ ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကို အံ့ၾသသြားေအာင္လုပ္ႏိုင္မယ္ဆိုၿပီး ကြၽန္ေတာ္ က်ိန္းေသ ေတြးထင္ေနမိတာ......."
"ဒါက မင္းေမြးေန႔ေလ, ဘယ္လိုလုပ္ ငါက အံ့ၾသသြားရတဲ့လူျဖစ္ရမွာလဲ, ငါကသာ မင္းကို အံ့ၾသသြားေအာင္လုပ္ရမဲ့လူ ျဖစ္သင့္တာေလ"
ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕ကို ဆြဲကာေပြ႕ဖက္၍ ဝမ္က်ိဳ႕နဖူးေပၚ နမ္းလိုက္ၿပီး, "ငါ မင္းကို အံ့ၾသသြားေအာင္ လုပ္ႏိုင္ခဲ့လား? Happy birthday ပါ "
ဝမ္က်ိဳ ခဏမွ် ေငးေၾကာင္ေၾကာင္ျဖင့္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးတဲ့ေနာက္ ႐ုတ္တရက္သေဘာေပါက္သြားသည့္ ပံုမ်ိဳးျဖစ္သြားသည္။ သူ႔မ်က္လံုးေတြက ႐ုတ္တရက္ ဝင္းလက္ေတာက္ပသြားၿပီး screen ေပၚက အလင္းေရာင္က သူ႔မ်က္လံုးစိမ္းေတာက္ေတာက္တို႔တြင္ ေရာင္ျပန္ဟပ္ေန၏။ ဝမ္က်ိဳ႕လက္ဖဝါးက ပိုၿပီးေတာ့ေတာင္ ေခြၽးၿပိဳက္ၿပိဳက္က်လာသည္။
ေ႐ွာင္ယဲ့ သူ႔အိပ္ကပ္ထဲက ကတ္၃ကတ္ကိုထုတ္ကာ သူ႔အေ႐ွ႕က ေယာက္်ားသားကိုလက္ကမ္းေပးလိုက္ၿပီး,
"ဒီမွာ, ဒီႏွစ္အတြက္ ငါမင္းကို အရမ္းကိုမွအထူးစပယ္႐ွယ္ျဖစ္တဲ့ လက္ေဆာင္ ေပးေနတာေလ"
ဝမ္က်ိဳ႕ႏွလံုးသားေလးသည္ ကဆုန္ေပါက္ကာဒုန္းဒိုင္းခုန္ေပါက္ေန၏။ ဝမ္က်ိဳ သူ႔ကိုသူစိတ္ထိန္းဖို႔ ဖိအားေပးကာ ခက္ခက္ခဲခဲ တံေတြးမ်ိဳခ်လိုက္သည္။ ၿပီးေတာ့မွ, "အဲ့ဒါေတြက ဘာလဲဟင္?" လို႔ ဝမ္က်ိဳ ေမးၾကည့္လိုက္တယ္။
"ပထမဆံုးကတ္က ခြင့္လႊတ္ျခင္းကတ္ - မင္း ဘာအမွားေတြပဲလုပ္လုပ္ ကိစၥမ႐ွိဘူး, မင္း ဒီကတ္ကိုသံုးသေရြ႕, ငါမင္းကို ခြင့္လႊတ္ေပးမယ္။ ဒုတိယကတ္က ျပစ္ဒဏ္ေပးျခင္းကတ္ - တကယ္လို႔ ငါအမွားလုပ္ခဲ့ရင္, မင္း ဆႏၵ႐ွိသလို မင္း ငါ့ကို အျပစ္ေပးလို႔ရယ္, ၿပီးေတာ့ ငါျပန္လည္းမျငင္းဘူး, ျပန္လည္းရန္ၿပိဳင္မျဖစ္ဘူး.....ေနာက္ဆံုးတစ္ကတ္ကေတာ့ ကတိကဝတ္ကတ္ - ဒီတစ္ခုက မယံုႏိုင္ေလာက္ေအာင္ထူးျခားတာေနာ္, မင္း ငါ့ကိုဘာေတြပဲေတာင္းဆိုေတာင္းဆို, ငါမင္းကို ကတိေပးမွာပဲ, ဒီကတ္ေတြအကုန္လံုးက တစ္ခါသံုးေတြေနာ္"
ေ႐ွာင္ယဲ့ ကတ္ေတြကို တစ္ခုခ်င္းစီအတည္ျပဳေပးလိုက္တယ္။ လ်ိဳ႕ဟန္ရဲ႕နဂိုအၾကံကို နည္းနည္းေျပာင္းပစ္ဖို႔ သူ႔မွာ တီထြင္ၾကံဆမႈေတြကိုအသံုးခ်လိုက္ရေသးတယ္။ အဲ့လို သခင္လိုအခြင့္အေရးတစ္ရက္စာက သူတို႔မိသားစုနဲ႔ မကိုက္ညီဘူး။ ဘာေၾကာင့္လဲဆိုေတာ့, ပထမဆံုးတစ္ခ်က္အေနနဲ႔, ဝမ္က်ဳိက သခင္နဲ႔ကြၽန္ကစားနည္းမ်ိဳးကို မႀကိဳက္ေလာက္ဘူး, ၿပီးေတာ့ ဒုတိတစ္ခ်က္ကေတာ့, မိသားစုရဲ႕ေခါင္းပိုင္းအျဖစ္ သူ႔ကိုယ္ပိုင္ေနရာက ခိုင္မာၿပီး မယိမ္းယိုင္ဘူး။
ဝမ္က်ိဳက ကတ္ေတြကို လက္ခံၿပီး တစ္ခဏေတာ့ ဘာမွမေျပာေပ။
ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕လက္က နည္းနည္းေလးလႈပ္ေနတာကို ေတြ႕လိုက္ရၿပီး ဝမ္က်ိဳစိတ္လႈပ္႐ွားသြားၿပီလို႔ ေတြးကာ မီးေလာင္ရာေလပင့္လုပ္ခ်င္ေသးတာေၾကာင့္ ဝမ္က်ိဳ႕နားအနား တိုးကပ္သြားလိုက္သည္။
"ငါေမ့ေတာ့မလို႔, ငါ ဒီေန႔အတြက္ အဲ့ဒါကိုအခုထိမေျပာရေသးဘူး——” , ေ႐ွာင္ယဲ့ သူ႔အသံကိုႏွိမ့္လိုက္ၿပီး,
"ငါမင္းကိုခ်စ္တယ္.........ငါ ေနာက္တစ္ႀကိမ္ထပ္ေျပာဦးမယ္, Happy Birthday ပါေနာ္"
ဒါက ေ႐ွာင္ယဲ့ သူ႔ကို ေန႔တိုင္းလိုလို တစ္ေန႔တစ္ခါခ်စ္ခြင့္ပန္မယ္ဆိုၿပီး ေကာလိပ္တုန္းက သူတို႔ျပဳလုပ္ခဲ့သည့္ ကတိကဝတ္ပင္။
ဝမ္က်ိဳ အဲ့ဒါကိုၾကားလိုက္ရတဲ့အခ်ိန္မွာ သူ႔ေခါင္းက ခ်က္ခ်င္းဆိုသလို ေမာ့လာၿပီး သူ႔မ်က္လံုးေတြက မီးေလာင္ကြၽမ္းသလို ေတာက္ပလာသည္။
"ညသန္းေခါင္ေက်ာ္ရင္ ကြၽန္ေတာ္ အသက္၂၂ႏွစ္ျပည့္ေတာ့မယ္"
ေ႐ွာင္ယဲ့ ခဏတာမွ် ၾကက္ေသေသသြားရ၏။ ပံုမွန္လို ဝမ္က်ိဳ႕မ်က္ႏွာကေတာ့ ရဲရဲေတာက္နီျမန္းၿပီး ဗလံုးဗေထြးေတြေျပာေတာ့မွာပဲလို႔ ေမွ်ာ္မွန္းထားတဲ့ ေ႐ွာင္ယဲ့ခမ်ာ ဘာ့ေၾကာင့္ ႐ုတ္တရက္ႀကီး ဝမ္က်ိဳက ဒီလိုေျပာလာတာလဲဆိုတာကို နားမလည္ႏိုင္ျဖစ္သြားသည္။
"အင္း, ငါသိတယ္ေလ"
"၂၂"
ဝမ္က်ိဳ မ်က္လံုးကိုမွိတ္ၿပီး အသက္ကိုျပင္းျပင္း႐ွဴသြင္းကာ ျဖည္းျဖည္းခ်င္း ႐ႈထုတ္လိုက္သည္။ သူ မ်က္လံုးေတြကို ဖြင့္လိုက္ၿပီး စကားစကိုဆက္ေျပာလိုက္ေတာ့တယ္, "ကြၽန္ေတာ္ အခု ကတ္တစ္ကတ္သံုးလို႔ရလား?"
ဝမ္က်ိဳ ခုဏက ေျပာလိုက္တဲ့စကားလံုးေတြေၾကာင့္ ဆြံ႕အၿပီးၾကက္ေသေသေနေသးတာေၾကာင့္ ေ႐ွာင္ယဲ့အေနနဲ႔, "ေကာင္းၿပီေလ,ရတယ္......ဒါေပမဲ့ အဲ့ဒါကတစ္ခါသံုးေနာ္, မင္း အဲ့ဒါကိုအခုသံုးခ်င္တာ က်ိန္းေသရဲ႕လား?"
"အင္း" , ဝမ္က်ိဳ ေခါင္းညႇိတ္ျပကာ ခြင့္လႊတ္ျခင္းကတ္ကို ဆြဲထုတ္လိုက္သည္, "ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကို အရင္ကလိမ္ခဲ့တယ္, ေ႐ွာင္ယဲ့ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးႏိုင္မလား?"
".......ဘာကို လိမ္တာလဲ?"
"ကြၽန္ေတာ့္ကို အရင္ခြင့္လႊတ္ေပးပါ,ၿပီးရင္ ကြၽန္ေတာ္ ဆက္ေျပာျပမယ္"
"ေျပာစမ္းပါ......ငါမင္းကိုခြင့္လႊတ္တယ္"
"ၿပီးသြားခဲ့တဲ့ ညေနခင္းေတြတုန္းက ကြၽန္ေတာ္ ကြၽန္ေတာ့္စာတမ္းကိုျပဳစုေနတာလည္းမဟုတ္ဘူး, အလုပ္လုပ္ေနတာလည္းမဟုတ္ခဲ့ဘူး"
ေ႐ွာင္ယဲ့ႏွလံုးထားထဲက စိုးရိမ္မႈေသးေသးေလးသည္ ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားေလရဲ႕, "အဲ့လိုကိစၥမ်ိဳးပဲ, ငါသိၿပီးသား, ၿပီးေတာ့ အဲ့ဒါနဲ႔ပတ္သတ္ၿပီး အိုေကတယ္, မင္း ခရီးအတြက္ခရီးစဥ္ေတြဆြဲေနတာကို ငါသိတယ္"
"အဲ့ဒါက ခရီးစဥ္မဟုတ္ဘူး" , လုိ႔ ဝမ္က်ိဳက ေျပာသည္, "တကယ္တမ္းက ကြၽန္ေတာ္ ဟိုတယ္မွာ ပန္းေတြစီစဥ္ေနတာ, ဒီေနရာကပန္းေတြကိုေရာပဲ, ၿပီးေတာ့ တစ္ျခားကိစၥတစ္ခ်ိဳ႕လည္းပါတယ္။ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကိုအမ်ားႀကီး လိမ္ခဲ့လို႔ ေ႐ွာင္ယဲ့ မသိခဲ့တာ, ေတာင္းပန္ပါတယ္.....ကြၽန္ေတာ္က တကယ့္ကို ေတာ္ေတာ္ေလးတံုးတာပဲ, ကြၽန္ေတာ္ ပိုၿပီးေတာ့ဆန္းသစ္တဲ့အရာမ်ိဳးကို မစဥ္းစားႏိုင္ခဲ့ဘူး..... ေ႐ွာင္ယဲ့ ကြၽန္ေတာ့္ကိုခြင့္လႊတ္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ အဲ့ဒါၿပီးေတာ့——”
ဝမ္က်ဳိက မ်က္ေမွာင္ၾကဳတ္ထားၿပီး သူ႔မ်က္ႏွာထားက စိုးရိမ္ေသာကေရာက္ေနႀကီး တည္ၾကည္ေလးနက္ေနသည္။
သူ ေ႐ွာင္ယဲ့ရဲ႕လက္ကိုဆြဲယူၿပီး ခြင့္လႊတ္ျခင္းကတ္ႏွင့္အတူ ကတိကဝတ္ကတ္ကိုပါ ျပန္ေပးလိုက္တယ္။
"ေ႐ွာင္ယဲ့ ကြၽန္ေတာ့္ကို ကတိတစ္ခုေပးတာ ကြၽန္ေတာ္ လိုခ်င္တယ္"
ေ႐ွာင္ယဲ့ရဲ႕အေတြးေတြက အနည္းငယ္မွ်ျပန္႔က်ဲသြားၿပီး, "မရဘူး, မင္းဘာလို႔ မင္းေမြးေန႔ႀကီးမွာ အရမ္းကိတည္ၾကည္ေလးနက္ေနရတာလဲ? ႐ုတ္တရက္ႀကီး ကတ္ႏွစ္ကတ္ကို တစ္ၿပိဳင္တည္းသံုးပလိုက္တယ္, အရမ္းႀကီး အလဟႆမျဖစ္သြားဘူးလား?"
ဝမ္က်ိဳက ျပန္မေျဖေပ။ ဝမ္က်ိဳ ခုဏကခူးခဲ့တဲ့ ႏွင္းဆီပန္း ေျခာက္ပြင့္ကို ေ႐ွာင္ယဲ့ဟိုတယ္မွာေတြ႕ခဲ့တဲ့ ကတ္ေတြႏွင့္အတူ သူ႔အိပ္ကပ္ထဲကေန ထုတ္ယူလိုက္သည္။
"ေ႐ွာင္ယဲ့ ဒါေတြကို မွတ္မိလား?"
"က်ိန္းေသတာေပါ့........ဘာျဖစ္ေနတာလဲ?"
"ပထမဆံုးစာလံုးေတြကို ဖတ္ၾကည့္လိုက္"
ေ႐ွာင္ယဲ့ နားမလည္ေပမဲ့ သူေျပာသလိုလုပ္ေနတုန္းပင္။ ပထမဆံုးတစ္ခုက misty rose, သူ ေကာင္းေကာင္းမွတ္မိေနစဲပဲ, ၿပီးေတာ့ ဒုတိယကတ္ကေတာ့ apricot rose လို႔ ေျပာထားတယ္, ေနာက္ေတာ့ red roses ႏွစ္ကတ္နဲ႔ yellow rose ကတ္တစ္ခု, ၿပီးေတာ့ ေနာက္ဆံုးက်ေတာ့ misty rose တဲ့။
"M,a,r,r,y,m........."
သူဆက္ၿပီးေတာ့ဖတ္ေလေလ သူ႔အသံ တိုးညႇင္းသြားေလေလပဲ, သူ စာလံုးေတြကို အသံထြက္ရံုေလးပင္ထြက္ႏိုင္ေတာ့သည့္အထိပင္။
"မင္း........"
*ေဒါင္!* ခပ္လွမ္းလွမ္းမွာ႐ွိတဲ့ ဘုရားေက်ာင္းရဲ႕ေခါင္းေလာင္းသံက အခ်ိန္ကိုျမည္ဟီးလာသည္, တည္ၿငိမ္ၿပီးျပတ္သားသည့္ ေခါင္းေလာင္းသံက အေဝးကေန ၿငိမ္ၿငိမ္ဆိမ္ဆိမ္႐ွိလွတဲ့ ဧရာမပန္းခင္းႀကီးကို ပဲ့တင္႐ိုက္ခတ္လာသည္။
ညသန္းေခါင္ေက်ာ္သြားခဲ့ၿပီ။
ေ႐ွာင္ယဲ့ သူ႔ကိုေလးနက္သည့္မ်က္ႏွာထားျဖင့္စိုက္ၾကည့္ေနတဲ့ သူ႔အယ္လ္ဖာကို ၾကည့္လိုက္သည္။ ၿပီးေတာ့ ဝမ္က်ိဳက ဒူးတစ္ဖက္ေထာက္ၿပီး ဘယ္ေနရာကမွန္းမသိ တန္ဖိုးႀကီးလွသည့္ ေရႊေရာင္ဘူးေလးတစ္ဘူးကို အျပင္ကိုထုတ္လိုက္တယ္။ သူက ေ႐ွာင္ယဲ့ေ႐ွ႕မွာပဲ ျဖည္းျဖည္းခ်င္း ဘူးကို ဖြင့္သည္။
ျမစိမ္းလက္စြပ္ေလးတစ္ကြင္းက ဘူးေလးအတြြင္းကေန ထြက္ေပၚလာခဲ့သည္။
မွိန္ျပျပအလင္းေရာင္ေအာက္မွာေတာင္ လက္စြပ္ေလးက သူေကာင္းေကာင္းသိေနတဲ့ ထိုမ်က္လံုးေတြလိုမ်ိဳး ထည္ဝါၿပီး နက္နဲသိမ္ေမြ႔သည့္ ရႊန္းလက္ေသာ အစိမ္းေရာင္အလင္းျပျပျဖင့္ ေတာက္ပေနစဲပင္။
"ဒါက ကြၽန္ေတာ့္အဘုိးရဲ႕ ဘိုးစဥ္ေဘာင္ဆက္အေမြပစၥည္းေလ, emerald , ေနာက္ဆံုး အစစကားလံုး, e "
ဝမ္က်ိဳ ရႊင္ပ်စြာျဖင့္ ရယ္ေမာလိုက္တယ္။
"ကြၽန္ေတာ္ ေနာက္ဆံုးေတာ့ လက္ထပ္ဖို႔တရားဝင္အသိအမွတ္ျပဳတဲ့အရြယ္ေရာက္သြားၿပီး, please 'marry me' , will you? "
ဝမ္က်ိဳ စိုးရိမ္တႀကီးနဲ႔ ေနာက္ထပ္စကားတစ္ခြန္းထပ္ေျပာသည့္အခ်ိန္အထိ ေ႐ွာင္ယဲ့ဘက္က အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနခဲ့သည္, "ကြၽန္ေတာ္ ကတိကဝတ္ကတ္ကို သံုးလိုက္ၿပီေနာ္, ကြၽန္ေတာ္ ေတာင္းဆိုတာမွန္သမွ် ေ႐ွာင္ယဲ့ ကြၽန္ေတာ့္ကို ကတိေပးကိုေပးရမွာေနာ္"
ေ႐ွာင္ယဲ့ လက္စြပ္ကို ညႇိဳ႕ယူဖမ္းစားခံထားရသည့္အၾကည့္ျဖင့္ စိုက္ၾကည့္ေနမိသည္။
သူ ဒီေန႔လိုေန႔မ်ိဳးကို စိတ္ကူးမယဥ္ၾကည့္ဖူးဘူး, အခုေတာ့ အဲ့ဒီ့အခ်ိန္ကာလေလး ေရာက္႐ွိလာခဲ့ၿပီ, သူ စကားမေျပာႏိုင္ဘဲ ၾကက္ေသေသေနမိသည္။ သူတို႔ႏွစ္ေယာက္ၾကားမွာ ဒီလိုလုပ္႐ိုးလုပ္စဥ္မ်ိဳး မလိုအပ္ေပ။ ဝမ္က်ိဳက တစ္ေန႔ေန႔မွာ ေပါ့ေပါ့ပါးပါးပဲ 'လက္ထပ္ရေအာင္' လို႔ ေျပာလာခဲ့ရင္ေတာင္, သူအေနနဲ႔ တံု႔ဆိုင္းေတြေဝျခင္း တစိုးတစိမွ်မ႐ွိဘဲ လက္ခံလိုက္မွာပဲ။
ဒါေပမဲ့ ဝမ္က်ိဳကေတာ့ သူ႔ရဲ႕မွတ္ဥာဏ္ထဲမွာ ဒီအခိုက္အတန္႔ေလးကို ထြင္းထုထားဖို႔ စစ္မွန္ၿပီးေလးနက္တဲ့နည္းလမ္း သံုးခ်င္ခဲ့တယ္ဆိုတာ သိသာေနတာပဲ, သူ႔ကို အလွပဆံုးအခမ္းအနားရဲ႕ အသိဥာဏ္ကိုေပးခဲ့တာပဲ။
ေ႐ွာင္ယဲ့ ၾကက္ေသေသေနရာမွ႐ုန္းထြက္ႏိုင္ခဲ့ၿပီး ဒါေတြအကုန္လံုးက နည္းနည္းေတာ့ သူ႔ကိုသေဘာက်ေစတယ္။ ဒီေခြး႐ူးေလးကေတာ့, ငါျငင္းလို႔မရတာက က်ိန္းေသေအာင္လို႔ ကတိကဝတ္ကို တကယ္သံုးလိုက္တာပဲ, ဒါေပမဲ့ ငါျငင္းမယ္ဆိုတာႀကီးက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?
သူတို႔ရဲ႕ပတ္သက္ဆက္ႏြယ္မႈနဲ႔ ပတ္သတ္ၿပီး ဝမ္က်ိဳ႕မွာ ယံုၾကည္မႈအျပည့္ မ႐ွိေသးတဲ့ပံုပဲ။
သူ႔စိတ္ထဲမွာေတာ့, ေ႐ွာင္ယဲ့ အိမ္ျပန္ေရာက္တာနဲ႔ ဒီေယာက္်ားကို သူ ေသေသခ်ာခ်ာသင္ၾကားေပးဖို႔ေတာ့ လိုေနၿပီဟု သူ႔ဘာသာသူ တစ္ကိုယ္တည္းေတြးေနမိတယ္။ ဝမ္က်ိဳ႕ကို အေပၚဆြဲထူဖို႔ ေ႐ွာင္ယဲ့ လက္လွမ္းလိုက္ၿပီး အေျဖျပန္ေပးရန္ ပါးစပ္ဟလိုက္သည္။ အဲ့အခ်ိန္မွာပဲ, မဲေမွာင္ေနတဲ့ ပိတ္ကားက ႐ုတ္တရက္ ျပန္ၿပီးလင္းလက္သြားသည္။
လ်ိဳ႕ဟန္ရဲ႕ ႀကီးမားလွတဲ့မ်က္ႏွာႀကီးက တစ္ကီလိုမီတာေလာက္ေနဆိုရင္ေတာင္ ၾကားရႏိုင္တဲ့ သူ႔ရဲ႕အသံက်ယ္က်ယ္ႀကီးႏွင့္အတူ ပိတ္ကားထက္တြင္ ေပၚလာခဲ့သည္။
"ယဲ့ေပါင္, အိုင္း!!!! မင္းသေဘာတူမယ္ဆိုတာ ငါသိသားပဲ!!!!! မင္းေနာက္ဆံုးေတာ့ လက္ထပ္ရေတာ့မွာပဲ, အုအုအု, မင္းအေဖ ငါ အရမ္းေပ်ာ္တာပဲ။ မင္းတို႔ရဲ႕ဆုေတာင္းေတြအမွန္ျဖစ္လာပါေစ, မင္းတို႔ဆံပင္ေတြျဖဴသြားတဲ့ သက္ႀကီးရြယ္အိုအထိ မင္းတို႔ေတြ ေပါင္းဖက္ရပါေစလို႔ ငါက မင္းတို႔အတြက္ အေကာင္းဆံုးဆုေတာင္းေပးလိုက္ပါတယ္!!!!!"
ေ႐ွာင္ယဲ့: “……”
ဝမ္က်ိဳ: “……”
ေပၚလာတဲ့ေနာက္တစ္ေယာက္ကေတာ့ သူ႔ရင္ဘက္ကို႐ိုက္ကာ ေခါင္းငံု႔ထားသည့္ လို႔ေယာင္ဟန္ပင္။
"ယဲ့ေကာ, မင္းေတာင္ လက္ထပ္ေတာ့မွာပဲ, ဒါေပမဲ့ ငါကေတာ့ ရည္းစားေတာင္မ႐ွိေသးဘူး.......အိုး ဘုရားေရ! ဘာေၾကာင့္မ်ား မမွ်မတလုပ္ရတာလဲ! *အဟြတ္အဟြတ္*..........ဒါေပမဲ့ ငါ မင္းတို႔ႏွစ္ေယာက္ ေပ်ာ္ရႊင္, က်န္းမာ, လိုက္ဖက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္! ေက်းဇူးျပဳၿပီးေတာ့ ငါ့ကို ဘီတာတစ္ေယာက္နဲ႔ပဲျဖစ္ျဖစ္,အိုမီဂါတစ္ေယာက္နဲ႔ပဲျဖစ္ျဖစ္ မိတ္ဆက္ေပးဖို႔ မေမ့ပါနဲ႔, ျဖစ္ႏိုင္တာကေတာ့ အယ္လ္ဖာတစ္ေယာက္ဆိုရင္ေတာင္ ျဖစ္တယ္ကြာ......"
ေ႐ွာင္ယဲ့: ".........ဒါက ဘယ္လိုအ႐ႈပ္ေတာ္ပံုေတြလဲ?"
ဝမ္က်ိဳ ႐ွက္သြားၿပီး ခပ္ျမန္ျမန္ မတ္တပ္ထရပ္လိုက္တယ္။ ဝမ္က်ိဳက ေခါင္းေပၚမွာ လက္ကိုၾကက္ေခ်ခတ္ပံုစံလုပ္လိုက္ၿပီး ဂ်ာမန္စကားျဖင့္ အေဝးကိုလွမ္းေအာ္သည္။ ေ႐ွာင္ယဲ့ သူေျပာတာကို နားမလည္ေပမဲ့ သူ အဲ့ေနရာကိုၾကည့္လိုက္ေတာ့ ခုဏကသူတို႔နဲ႔အတူထိုင္ၿပီး ဇာတ္ကားၾကည့္ခဲ့တဲ့ အသက္ႀကီးႀကီးလူႀကီးက အုိေကဆိုၿပီးလက္ဟန္ေျခဟန္ လုပ္ျပတာကို ျမင္လိုက္ရၿပီး ေ႐ွာင္ယဲ့ ေၾကာင္သြားတယ္။
ဗီဒီယိုက ခ်က္ခ်င္းပိတ္သြားၿပီး ပိတ္ကားက မဲသြားျပန္ၿပီ။ ဝမ္က်ိဳ ျပန္လွည့္ကာ စိတ္႐ႈပ္စြာျဖင့္ ေနာက္တစ္ႀကိမ္ထပ္ၿပီး ဒူးေထာက္ကာ လက္စြပ္ေလးကို ေျမႇာက္လိုက္သည္။
"ေ႐ွာင္ယဲ့ လက္ထုတ္လိုက္တာကို သူျမင္သြားၿပီး ေ႐ွာင္ယဲ့ သေဘာတူတယ္လို႔ ထင္သြားတာေလ, အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ လူေတြကိုေတာင္းဆိုထားတဲ့ ဆုေတာင္းေပးတဲ့ ဗီဒီယိုကို စဖြင့္လိုက္တာ.......ကြၽန္ေတာ္တို႔ ဒါကိုမျဖစ္ခဲ့သလိုမ်ိဳး ဟန္ေဆာင္လိုက္မယ္ေလ,ဟုတ္ၿပီလား?"
"......ေခြး႐ူးေလး" , ေ႐ွာင္ယဲ့ ႐ွက္ရြံ႕သြားသလို သူ႔မ်က္ႏွာသူ လက္ဖဝါးျဖင့္႐ိုက္လိုက္ၿပီး ,"သူ႔ကို ျပန္ဖြင့္ခြင့္ေပးလိုက္"
"မရပါဘူး ေ႐ွာင္ယဲ့ ကတိမေပးရေသးဘူး........."
ဝမ္က်ိဳ တျဖည္းျဖည္း သေဘာေပါက္သြားၿပီး သူ႔မ်က္လံုးေတြလည္း ႐ုတ္တရက္ လင္းလက္ေတာက္ပလာသည္။
"ေ႐ွာင္ယဲ့ သေဘာတူသြားၿပီလား?"
ေ႐ွာင္ယဲ့ ဆြံ႕အသြားတယ္, "ငါကတိေပးတယ္, က်ိန္းေသ ငါကတိေပးတာေပါ့, ငါ့ကိုေမးဖို႔ေတာင္ လိုေသးလုိ႔လား? ငါတို႔ရဲ႕ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး မင္းအထင္အျမင္လြဲေနတုန္းပဲလား?"
ဝမ္က်ိဳ စိတ္လႈပ္ရွားကာ ထခုန္သြားၿပီးေတာ့ ခ်က္ခ်င္းဆိုသလို ျပန္ၿပီးဒူးေထာက္ကာ သူ႔အိုမီဂါရဲ႕လက္ကိုဆုပ္ကိုင္၍ ေသေသခ်ာခ်ာ လက္စြပ္ဝတ္ေပးလိုက္သည္။ လက္စြပ္ဝတ္ေပးရံုႏွင့္ ဝမ္က်ိဳက မေက်နပ္ေသးဘဲ ေ႐ွာင္ယဲ့လက္ကို ဆုပ္ကိုင္ကာ ေ႐ွာင္ယဲ့ရဲ႕လက္ေခ်ာင္းထိပ္အေနာက္ဘက္ေလးေတြကအစ လက္တစ္ျပင္လံုးကို အေတာမသတ္ႏိုင္ဘဲ ထပ္ခါတလဲလဲ နမ္း႐ိႈက္ေနသည္။ ဝမ္က်ိဳက ခပ္ျဖည္းျဖည္း ေမာ့ၾကည့္လာသည္, ဒါေပမဲ့ သူ ေ႐ွာင္ယဲ့ကို ေမာ့ၾကည့္ဖို႔ သူ႔မ်က္ႏွာကိုလွည့္လိုက္တဲ့အခ်ိန္မွာ, အင္အားႀကီးမားတဲ့အယ္လ္ဖာ သိသိသာသာျဖစ္ေနတာေတာင္မွာ, ဝမ္က်ိဳက အရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔ အဲ့ျမင္ကြင္းက လူတစ္ေယာက္ရဲ႕ ႏွလံုးသားကို အရည္ေပ်ာ္ေအာင္ လုပ္ႏိုင္သည္။
"ေ႐ွာင္ယဲ့,ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကို အရမ္းခ်စ္တယ္.......အနာဂတ္မွာလည္း, ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကို ခ်စ္ျမတ္ႏိုးတာကို ဘယ္ေတာ့မွမရပ္တန္႔ဘူး!" ,
ဝမ္က်ိဳ ေ႐ွာင္ယဲ့လက္ဖမုိးေပၚ ထပ္ၿပီးနမ္းလိုက္သည္, သူ႔အသံက ႏူးညံ့ၿပီးေႏြးေထြးေနတာပဲ, "အဲ့ဒါဆိုရင္ ဗီဒီယို ဆက္ၾကည့္မွာလား? ကြၽန္ေတာ္ လူေတြအမ်ားႀကီး ဆုေတာင္းေပးတဲ့ ဗီဒီယိုနဲ႔ အန္ေပါင္းေတြ အမ်ားႀကီးရတာ ေတြ႕ဖူးတယ္"
အနမ္းေတြက ေ႐ွာင္ယဲ့ကို ယားယံေစတယ္, သူ႔အေတြးေတြက ဗီဒီယိုေပၚတြင္ ဆက္ၿပီးမ႐ွိေနေတာ့ေပ။
"ဘာကိုဆက္ၾကည့္မွာလဲ, အိမ္ျပန္မယ္"
ေ႐ွာင္ယဲ့ လွည့္ၿပီး လမ္းစေလွ်ာက္လိုက္ေပမဲ့ ဝမ္က်ိဳ ျပန္ဆြဲတာ ခံလိုက္ရတယ္, "ခဏ,ခဏေစာင့္ပါဦး, ခဏေနရင္ ကြၽန္ေတာ္တို႔မိဘေတြ ဆုေတာင္းေပးေတာ့မွာ, ေ႐ွာင္ယဲ့ သူတို႔ကိုမၾကည့္ခ်င္ေတာ့ဘူးလား?"
ေ႐ွာင္ယဲ့ဘက္က လံုးဝမလႈပ္ေပ, " ငါတုိ႔ ဒါကို မနက္ျဖန္မွ ထပ္ၾကည့္မယ္,အိမ္ျမန္ျမန္ျပန္ရေအာင္"
"ဟုတ္ပါၿပီ.....ေ႐ွာင္ယဲ့ အိပ္ခ်င္ေနၿပီလား? အဲ့ဒါဆိုရင္ အိမ္ျပန္ၿပီး အိပ္တာေပါ့"
"ဟုတ္တယ္,အိပ္ရာထဲသြားရေအာင္"
ေ႐ွာင္ယဲ့ ေခါင္းလွည့္ကာ ျပံဳးလိုက္ၿပီး,
"ငါ ငါ့ေလာင္ကုန္းနဲ႔ အိပ္ခ်င္ေနၿပီ"
T/n
ယူတို႔ အိပ္ေရာ အိပ္ျဖစ္မွာလား, extra ေတြကို ျမန္ျမန္ update ေပးခ်င္ေပမဲ့ ဒီပထမဆံုး extra သံုးပိုင္းက အရမ္း႐ွည္ပါတယ္, ဒီတစ္ပိုင္းဆုိ ၁ေသာင္း၁ေထာင္ေက်ာ္တယ္ေရာ္, latte ရဲ႕ limit က အမ်ားဆံုး ေလးေထာင္ေက်ာ္ေလာက္ပဲရတာဆိုေတာ့ အေတာ္ကေလး ၾကာတာပါ။ ၿပီးရင္ wattpad ကလည္း ဆိုက္ကို ဝင္ေနတာလားမသိဘူး, စာလံုးေရ ၆ေထာင္,၇ေထာင္ေက်ာ္ရင္ ထစ္ၿပီ, စာလံုးေတြ႐ုိုက္ရင္ ထစ္ၿပီး ျဖစ္ခ်င္ရာေတြျဖစ္ကုန္လို႔ ျပန္ဖ်က္အသစ္ျပန္႐ိုက္လိုက္နဲ႔ ေသာက္ရမ္းၾကာပါတယ္။
Unicode
အပိုချပ် အခန်း(၁) - အပိုင်း(၂)
နောက်လေးရက်နှင့်ငါးရက်ကျော်သည်အထိ, ဝမ်ကျိုက ရှောင်ယဲ့ကို သူ့ရဲ့ကြိုတင်ပြင်ဆင်ထားတဲ့ခရီးစဉ်အရ ဂျာမနီမှာရှိတဲ့ ကျော်ကြားသည့်နေရာတော်တော်များများအပြင် သဘာဝပဿာဒဖြစ်ပြီး သိပ်ထင်ပေါ်မကျော်ကြားတဲ့ နေရာအချို့ဆီကိုပါ ခေါ်သွားသည်။ နေ့တိုင်း,နာရီတိုင်းလိုလို စီစဉ်ထားသည့်အတိုင်း အံ့ဝင်ခွင်ကျပင်, အရမ်းကြီးမပင်ပန်းရသလို အရမ်းကြီးလည်းပျင်းဖို့မကောင်းချေ။
သို့ပေမဲ့လည်း, ရှောင်ယဲ့ကို စွဲမှတ်စေဆုံးအရာကတော့ ဂျာမန်တွေရဲ့ ရင်းရင်းနှီးနှီးတွေးပေးတတ်ခြင်းပင်။ သူတို့တွေ ပထမဆုံးဟိုတယ်မှာ သုံးညနေခဲ့တယ်။ ပထမဆုံးရက်မှာ, ဟိုတယ်ဘက်က ပြင်ဆင်းပေးခဲ့တာကတော့ misty rose ဖြစ်ပြီး ဒုတိယမြောက်ရက်မှာ ထိုပန်းတွေသည် apricot roses ရဲ့ အစားထိုးနေရာယူခြင်းကိုခံခဲ့ရပြီး သုံးရက်မြောက်ရက်မှာတော့ red rose တွေက နေရာယူထားခဲ့သည်။
သူတို့နှစ်ယောက် ဒုတိယမြောက်ဟိုတယ်ကို ရောက်တဲ့အချိန်မှာ သူမြင်လိုက်ရတဲ့ပထမဆုံးအရာက လှပတဲ့ red rose တွေ ဖြစ်နေခဲ့သည်, အဲ့ red rose နေရာမှာ နောက်ရက်ကျတော့ yellow rose က အစားထိုးနေရာယူသွားသည်။ သုံးရက်မြောက်နေ့မှာတော့, ထိုပန်းတွေက ပန်းရောင်ဖျော့ဖျော့ misty rose တွေအဖြစ် ပြန်ပြောင်းသွားခဲ့သည်။
ရှောင်ယဲ့ ကတ်ပေါ်က အင်္ဂလိပ်စကားလုံးတွေကို ကြည့်လိုက်ပြီး, "ဂျာမန်တွေက ချစ်ရေးချစ်ရာနဲ့ပတ်သတ်ရင်တောင် တိကျတာလား? နာမည်အမှတ်တံဆိပ်ပါတဲ့ ကတ်ပြားကိုထားသွားတယ်,ငါတို့ နှင်းဆီပန်းတွေကို မသိမှာစိုးရိမ်လို့လား?"
တကယ်လို့ ဒီကတ်တွေကြောင့်သာမဟုတ်ရင် ဝမ်ကျိုက ဒီပန်းတွေကို အထူးစပယ်ရှယ်အနေနဲ့ ပြင်ထားတာလို့ သူ သံသယဝင်ကောင်းဝင်မိမှာ။ ဒါပေမဲ့ ဒီကတ်တွေနဲ့ဆိုတော့, ဒါတွေက ဟိုတယ်ရဲ့တရားဝင်လက်ဆောင်တွေနှင့် တကယ် တူနေသည်။ တကယ်လည်း, ဝမ်ကျိုအနေနဲ့ ပန်းတွေရဲ့နာမည်ကို တကူးတကရေးဖို့ မလိုပါဘူး, "ကိုယ်မင်းကိုချစ်တယ်" လို့ရေးလိုက်ရုံနဲ့တင် လုံလောက်နေပြီ။
ဖြည်းဖြည်းချင်းဝမ်ကျို ပြုံးလိုက်ပြီး ပြန်တော့မဖြေခဲ့ပေ။
မနက်ဖြန်က သူ့ခွေးရူးလေးရဲ့မွေးနေ့ဆိုတာ သိလိုက်ရတော့ ဝမ်ကျို မနက်စောစောရေချိုးနေတဲ့အချိန်မှာ ရှောင်ယဲ့ မြန်မြန်ဆန်ဆန်,ခိုးကြောင်ခိုးဝှက်ဖြင့် လက်ဆောင်ကို ပြင်ဆင်ကာ သူ့အိပ်ထဲမှာ ရှောင်ယဲ့ အဲ့ဒါကို ဝှက်လိုက်ပြီးတဲ့နောက်, နှစ်ယောက်သားအတူတူအပြင်ကို ထွက်လိုက်သည်။
ဒီနေ့က သူတို့ရဲ့ဂျာမနီမှာရှိနေမဲ့ နောက်ဆုံးပိတ်ရက်မတိုင်မီ တစ်ရက်ပင်။ မူလအစီအစဉ်အရ, သူတို့တွေ ဒီညနေခင်းကို ဝမ်ကျို့မိဘတွေနဲ့ကုန်ဆုံးဖို့ ဝမ်ကျို့မိသားစုအိမ်ကိုသွားမယ်,ပြီးရင် နောက်နေ့ကျရင် အိမ်ပြန်မယ်လို့ သူတို့စီစဉ်ထားတယ်။ ရှောင်ယဲ့ လက်ဆောင်တွေဝယ်ကာ သူ့နဲ့တစ်ပါတည်း သယ်လာလိုက်သည်။ ဒါက ဝမ်ကျို့ မိဘတွေနဲ့ သူတွေ့ရတာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့လည်း သူ့အနေနဲ့ ဒီလိုလောကဝတ်ကျင့်ဝတ်ထုံးတမ်းကို ကျော်ချသွားဖို့အစီအစဉ်မရှိဘူး။
တံခါးဘဲလ်မြည်ပြီးတဲ့နောက်, အချိန်မဆိုင်းဘဲ တစ်ပြိုင်နက်တည်းဆိုသလို တံခါးပွင့်လာသည်။ အဲ့ဒါကြောင့် မိဘတွေက သူတို့နှစ်ယောက်ကို စောင့်နေတာပဲဖြစ်ရမယ်ဟု ရှောင်ယဲ့ တွေးလိုက်မိပြီး တောင်းတောင်းပန်ပန်စကားဆိုလိုက်သည်, "အဖေနဲ့ အမေ, ကျွန်တော် တောင်းပန်ပါတယ်, ကားလမ်းပိတ်နေလို့ပါ"
"ရပါတယ်ကွယ်,စိတ်မပူပါနဲ့, မင်းတို့နှစ်ယောက်အမြန်လာလို့ အပြင်ဘက်နေပူထဲမှာ ကင်ပြီးသားမဖြစ်သွားတာ" ပါးပါးဝမ်နဲ့မားမားဝမ်တို့အတွဲက သူတို့ကို တက်တက်ကြွကြွဖြင့် ခရီးဦးကြိုပြု၏။
ရှောင်ယဲ့ အိမ်ထဲဝင်ကာ လက်ဆောင်တွေကို အောက်ချလိုက်ပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။ ဝမ်ကျိုက သူ့ဘေးနားလာထိုင်ပြီး ပါးပါးဝမ်နဲ့မားမားဝမ်က သူတို့နောက်က ချင်ချင်းလိုက်လာပြီး တစ်ခြားတစ်ဖက်မှာ ထိုင်လိုက်ကြသည်။
သူတို့တွေအကုန်လုံး ခဏတာမျှ အတော်အတန်တိတ်တဆိတ်အနေအထားဖြင့်သာ ထိုင်နေသလိုဖြစ်နေသည်။
“……”
ဒီတိတ်ဆိတ်နေတဲ့လေထုကြီးက အရမ်းကိုမှထူးဆန်းနေတယ်လို့ ဘာကြောင့်များ ခံစားနေရတာလဲ?
ရှောင်ယဲ့ဘက်ကပဲ စကားစလိုက်သည်, "အမေနဲ့အဖေ, ညစာကိုဘာစားချင်လဲ? ကျွန်တော် ချက်ကျွေးမယ်"
ပါးပါးဝမ်က ခပ်မြန်မြန် စကားပြန်သည်, "ရပါတယ်,ရပါတယ်, သား ဒီနေ့ဘာမှမလုပ်ရဘူး"
ရှောင်ယဲ့ ခေါင်းရှုပ်သွားပြီး, "ဒီနေ့ ကိစ္စတစ်ခုခုများရှိလို့လား?"
"အာ........" , ပါးပါးဝမ်ခမျာ မသက်မရှူနိုင်သလို မွန်းကျပ်သွားပြီး မားမားဝမ်က ပါးပါးဝမ်အစား စကားဆက်လက်ပြောဆိုလိုက်သည်။
"သူပြောချင်တာက မင်းတို့နှစ်ယောက်က ဒီရက်တွေမှာ ပင်ပန်းနေမှာ, အနားကောင်းကောင်းယူလိုက်, ညစာအတွက် အမေတို့ကိုသာ အပ်လိုက်ပါ"
"မှန်တယ်,မှန်တယ်, ငါပြောချင်နေတာ အဲ့လိုကွ"
ဒါနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်သလို ရှောင်ယဲ့ ခံစားနေရသည်။ မိဘတွေထွက်သွားတော့မှ သူတို့နှစ်ယောက် အပေါ်က သူတို့အိပ်ခန်းကို တက်သွားလိုက်တယ်, ပြီးတော့ ရှောင်ယဲ့လည်း ဝမ်ကျို့ကို မေးလိုက်သည်, "မင်းမိဘတွေက ဘာတွေဖြစ်နေတာလဲ? ငါ သူတို့နှစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန်ကထက် ပိုပြီး တည်တည်ကြည်ကြည်ဖြစ်နေသလိုပဲ"
"ကျွန်တော်-ကျွန်တော် မသိဘူး.........."
သူ့ကိုယ်ပိုင်အိပ်ခန်းကို သူပထမဆုံး ဝင်ဖူးသလိုမျိုး ဝမ်ကျိုက အကုန်လုံးကိုလှည့်ပတ်ကြည့်နေပြီး ရုတ်တရက် စကားထပြောသည်, " ကျွန်တော် ခေါင်းနည်းနည်းကိုက်နေတယ်။ ရှောင်ယဲ့, ကျွန်တော်နဲ့အတူ တစ်ရေးလောက်လာအိပ်ပါ"
ရှောင်ယဲ့ ချက်ချင်းဆိုသလို သံသယတွေကို သူ့မသိစိတ်ထဲပစ်သွင်းလိုက်ပြီး ဝမ်ကျိုနှဖူးကိုထိကြည့်ဖို့ အရှေ့တိုးသွားကာ, "မင်းကတော့လေဘယ်လိုလုပ် ခေါင်းကိုက်သွားရတာလဲ? မင်းမနေ့ညက နောက်ကျမှအိပ်လို့ဖြစ်တာ ဖြစ်ရမယ်။ ငါ မင်းကိုစောစောအိပ်ခိုင်းရတော့မှာပဲ, မင်းကိုပြောတဲ့အတိုင်း လုပ်တာ ပိုကောင်းမယ်"
ဝမ်ကျို ရှောင်ယဲ့လက်ကို ဆွဲကိုင်ကာ သူ့ပါးပေါ်တင်ပေးလိုက်ပြီး ချစ်ဖို့ကောင်းစွာ ရှောင်ယဲ့လက်နဲ့ ပွတ်သီးပွတ်သပ်လုပ်လိုက်သည်, "ကျွန်တော်က လိမ္မာပါတယ်နော်, ကျွန်တော် ရှောင်ယဲ့ပြောတဲ့ အရင်ကတစ်ခြားအရာတွေအားလုံးကိုလည်း နားထောင်ပါတယ်နော်"
ရှောင်ယဲ့ အကြိမ်ရေအနည်းငယ်မျှချောင်းဟန်လိုက်သည်, သူကတော့ သူ့ရဲ့မျက်နှာသာမပေးသလိုတင်းမာနေသည့် မျက်နှာဟန်ကို ယဲ့ယဲ့လေးပဲ ထိန်းနိုင်တော့တယ်,
"မြန်မြန်လှဲတော့, အရမ်း ဒုက္ခပေးတာပဲ။ မင်းအိပ်ပျော်သွားတာနဲ့ ငါအပြင်ကိုထွက်သွားမှာနော်"
သို့ပေမဲ့ အဆုံးသတ်မှာ, သူကသာ တကယ်ကြီး အရင်ဆုံးအိပ်ပျော်သွားခဲ့သည်။
သူနိုးလာတဲ့အချိန်မှာ ညနေ၆နာရီ,၇နာရီ လောက် ရှိနှင့်နေပြီ။ နောက်ထပ်မှာရှိနေသည့် မားမားဝမ်က "ထမင်းစားဖို့ အောက်ကိုမြန်မြန်ဆင်းလာခဲ့တော့" ဟု အော်ခေါ်ခဲ့ပြီး ရှောင်ယဲ့လည်း အဲ့အသံကြောင့် နိုးသွားခဲ့သည်။ ရှောင်ယဲ့ မျက်လုံးတွေကိုမဖွင့်ခင်မှာ ပွတ်လိုက်သည်,အဲ့နောက် သူ့အယ်လ်ဖာရဲ့လက်မောင်းကြား တိုးဝှေ့ပူးကပ်ကာ ဝင်ခွေနေသည့် သူ့ကိုယ်သူတွေ့လိုက်ရသည်။ သူသွားရည်ကျခဲ့တဲ့ ဝမ်ကျို့ရင်ဘက်ပေါ်မှာ အကွက်သေးသေးလေးတစ်ကွက်ရှိနေလေရဲ့။ ဒါပေမဲ့ ဝမ်ကျိုကတော့ လုံးဝသတိမထားမိသလိုမျိုး ကုတင်ခေါင်းရင်းကို ပျင်းရိပျင်းတွဲမှီနေကာ တည်ငြိမ်သက်စွာဖြင့် ဖုန်းသုံးနေ၏။
ရှက်ရွံမှုကြောင့် ရှောင်ယဲ့မျက်နှာက ချက်ချင်း နီမြန်းသွားခဲ့ပြီး *ဖက်* ဆိုသည့်အသံနှင့်အတူ သူ့လက်ကိုအောက်ကိုရိုက်ချကာ ဖုန်းစခရင်ကိုအုပ်လိုက်ပြီး ဝမ်ကျို့ကို ဖုန်း ကနေ မျက်လုံးခွာအောင်လုပ်လိုက်သည်။
"ငါ သွားရည်စကျတဲ့အချိန်တုန်းက မင်း ငါ့ကိုဘာလို့မနှိုးတာလဲ?"
ဒီစကားလုံးတွေက အတော်ကလေးကို အကျိုးအကြောင်းသင့်လျော်ခြင်းမရှိပေ, ဒါပေမဲ့ ဝမ်ကျိုကတော့ ပြုံးရုံပဲပြုံးလိုက်သည်, "ရပါတယ်". ဝမ်ကျို လက်ကိုဆန့်ထုတ်ကာ ရှောင်ယဲ့ ပါးစပ်ထောင့်စွန်းက မခြောက်သေးဘဲ တစ်စွန်းတစ်စကျန်ရှိနေသည့်အရာကို သုတ်ပေးလိုက်သည်။
"ရှောင်ယဲ့ အဲ့လိုအိပ်နေတဲ့အချိန်ဆို အရမ်းချစ်ဖို့ကောင်းတယ်..........ကျွန်တော် ရှောင်ယဲ့ကို မနိုးရက်ဘူး"
ရှောင်ယဲ့ ချက်ချင်းဆိုသလို ဝမ်ကျိုနဲ့ပတ်သက်ပြီး ပြောစရာစကားမရှိ(ကြံရာမရ) ဖြစ်သွားသည်။
သူတို့အောက်ထပ်ကိုဆင်းသွားလိုက်တယ်,တွေ့လိုက်ရတာကတော့ ညစာက ပေါလျှံပေါများနေပြီး အရမ်းပုံကြီးချဲ့ထားသည့်နီးနီး ဖြစ်နေသည်။ စားပွဲမှာလည်း နှစ်သစ်ကူးကျင်းပပွဲလိုမျိုး အစွန်းတစ်ဖက်ကနေ အစွန်းတစ်ဖက်အထိ ဖုံးလွှမ်းထားသည့် ဟင်းပွဲကြီးတွေဖြင့် ပြည့်နှက်နေ၏။ ရှောင်ယဲ့ အဲ့ဒါတွေအကုန်လုံးကို ကြည့်လိုက်ပြီး မမေးဘဲမနေနိုင်တော့အသည့်အတွက် မေးကြည့်လိုက်သည်,
"အမေနဲ့အဖေ, ဧည့်သည်တွေလာမှာလား?"
"မလာပါဘူး,အမေတို့လေးယောက်ပဲလေ"
ဒီဟင်းပွဲတွေပြင်ထားတဲ့ပွဲကို နှစ်သစ်ကူးရက်ကနေ နှစ်သစ်ရဲ့ခုနစ်ရက်မြောက်နေ့အထိ လူလေးယောက် လုံလုံလောက်လောက် စားလို့ရတယ်။
ကျိန်းသေတာကတော့ ရှောင်ယဲ့ အဲ့ဒါကို ထုတ်မပြောလိုက်ပါဘူး။ သူ့မျက်နှာကိုထိန်းထားဖို့အတွက်, ရှောင်ယဲ့ မို့မောက်နေသည့် ပန်းကန်နှစ်ပန်းကန်အထိ စားခဲ့ပေမဲ့ သူ့အစာအိမ်ရဲ့ဆံသောပမာဏကိုက နဂိုကတည်းက အကန့်အသတ်နှင့်ပင်။ နောက်ဆုံးတော့, သူဆက်မစားနိုင်တော့ပေ။ လေတက်သံနှင့်အတူ ရှောင်ယဲ့ ဆိုဖာပေါ်ထိုင်ကျသွားပြီး ပြူးထွက်လာသောဗိုက်ကိုအသာထားကာ TV ကြည့်နေလိုက်သည်။
ဝမ်ကျို သူ့မိဘတွေကူပြီး မီးဖိုချောင်သန့်ရှင်းရေးကိုဝိုင်းလုပ်ပေးလိုက်သည်, ပြီးသွားတော့ ရှောင်ယဲ့ကိုရှာဖို့ ဧည့်ခန်းကိုပဲ သွားလိုက်တော့တယ်။ ဝမ်ကျို နာရီကိုတစ်ချက်ကြည့်ကာ စကားစလိုက်သည်, "၉နာရီပဲရှိသေးတယ်, အပြင်ကို အေးအေးလူလူလမ်းလျှောက်ထွက်ရအောင်"
ရှောင်ယဲ့ ဒါက သူ့ရဲ့အစာခြေဖျက်ခြင်းစနစ်ကို ကူညီပေးလိမ့်မယ်ဆိုတာ ခန့်မှန်းမိတာနှင့် သူ ချက်ချင်း သဘောတူလိုက်သည်။ အပြင်ကိုမထွက်ခင်မှာ, ရှောင်ယဲ့ တစ်နေ့လုံး သူ့အိပ်ကပ်ထဲမှာရှိနေတဲ့ ပစ္စည်းကိုထုတ်ယူကာ စစ်ကြည့်နေမိတယ်။ သူ စစ်ဆေးလို့ပြီးသွားတော့ သူ သေသေချာချာ ဂရုတစိုက်နဲ့ အဲ့ပစ္စည်းကို အိပ်ကပ်ထဲ ပြန်လျှိုသွင်းကာ သိမ်းဆည်းလိုက်သည်။
ဝမ်ကျိုတို့မိသားစုနေအိမ်က မြို့လည်ခေါင်နှင့်မနီးပေ,အဲ့ဒါကြောင့် ညဘက်ဆိုရင်, ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး အေးချမ်းသည်, သစ်ရွက်လေးများကိုလေတိုက်ခတ်သွားသည့် တရွှမ်းရွှမ်းမြည်သံနှင့် တစ်ခြားနေအိမ်တွေဆီ ခပ်တိုးတိုးအသံတွေသာ ကြားရသည်။ သေးငယ်ပြီးထူထပ်သည့် ဥယျာဉ်ငယ်လေးကို ဖြတ်၍ခင်းထားသည့် ကျောက်တုံးလမ်းလေးတစ်လျှောက် နှစ်ယောက်သား ဖြည်းဖြည်းချင်း လမ်းလျှောက်နေမိသည်။ ထို့နောက် သူတို့ရှေ့ကမြင်ကွင်းက ကျယ်ပြန့်လှသည့်မြင်ကွင်းကျယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ပင်လယ်တစ်မျှကြီးမားကျယ်ပြန့်လှသည့် နှင်းဆီပန်းခင်းကြီးက မြင်ကွင်းထဲ ဝင်ရောက်လာသည်။
"ဒီနေရာက အရင်ကမြက်ဖုံးနေတဲ့လွင်ပြင်ကျယ်ကြီးလို့ ငါ ဘာလို့များ မှတ်မိနေရတာလဲ?" , ဟု ရှောင်ယဲ့ စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။
ဝမ်ကျိုကတော့ သူ့အရှေ့က လျှောက်ကာသွားနေပြီ။ ပင်လယ်လိုပန်းမြိုင်လယ်မှာ, ဝမ်ကျိုက လှည့်ကြည့်ကာ,
"ဒီပန်းတွေကို နောက်တော့စိုက်လိုက်တာ။ ပန်းလေးတွေက လှတယ်လို့ တွေးမိသွားလို့, ပြီးတော့ ရှောင်ယဲ့ကို ပြချင်လို့"
"အရမ်းလှတယ်"
ရှောင်ယဲ့ သူ့အရှေ့က ကြည့်ကောင်းတဲ့မျက်နှာလေးထိပ်ရောက်နေတဲ့ ဝမ်ကျို့ရဲ့ သိသာပေါ်လွင်ပြီး အရပ်ရှည်ရှည်ပုံရိပ်ကို ကြည့်ကာ အသိအမှတ်ပြုလိုက်သည်။ ဘေးပတ်ပတ်လည်က ပန်းတွေကြောင့် မီးမောင်းထိုးခံထားသလိုဖြစ်နေတဲ့ ဝမ်ကျိုက ကလေးငယ်ငယ်လေးတွေရဲ့ နတ်သမီးပုံပြင်ထဲက Prince Charming ပုံရိပ်ယောင်နှင့် တူလုနီးနီးပင်။
သူ့စိတ်ကူးယဉ်အတွေးထဲက ပုံရိပ်က သူ့ကို ခေါင်းအစခြေတစ်ဆုံးအထိ တဆတ်ဆတ်တုန်ကာ ကြက်သီးမွေးညင်းထသွားစေသည်။ ရှောင်ယဲ့ အရှေ့ကို ခြေလှမ်းတိုးရွေ့လိုက်သည်။
ရှောင်ယဲ့ အနီးကပ်သွားကြည့်ခါမှ ဒီနေရာမှာစိုက်ထားတဲ့ နှင်းဆီပန်းတွေက အရောင်မျိုးစုံရှိတယ်ဆိုတာ သူသိလိုက်ရတယ်, ဟိုတယ်မှာသူအရင်ကမြင်ဖူးတဲ့ ပန်းတွေအကုန်နီးပါးပဲ။ ပန်းတွေကို မျက်စိပဿဒဖြစ်အောင်ကွက်ကျားကွက်ကျား အစဉ်လိုက်စိုက်ပျိုးထားပြီး ပန်းတစ်ပွင့်နှင့်တစ်ပွင့် လိုက်ဖက်နေ၏။ ပြီးတော့ ပန်းတွေပေါ်ဖြန့်ကျဲထားသည့် အလင်းရောင်လည်းရှိသေးသည်, ဒါကြောင့်မို့ ညဘက်ဖြစ်နေပေမဲ့လည်း မြင်ကွင်းကိုတော့ အရမ်းရှင်းရှင်းလင်းလင်းမြင်ရသည်။
သူ့အရှေ့ကနေလျှောက်နေသည့် ဝမ်ကျိုက ပေါ့ပေါ့ပါးပါးဖြင့် ပန်းအချို့ကိုချိုးယူလိုက်သည်။ ရှောင်ယဲ့ ချက်ချင်းဆိုသလို ထိုမြင်ကွင်းထဲက ဝမ်ကျို့ကိုရပ်တန့်သွားအောင် စကားစလိုက်သည်, " မင်းဘာတွေလုပ်နေတာလဲ,ရပ်လိုက်စမ်း"
အနီရောင်ပန်းပွင့်စီလက်လှမ်းနေရင်းတန်းလန်းနှင့် ဝမ်ကျို ရပ်သွားသည်, "..........ကိစ္စမရှိပါဘူး, ဒီမှာပန်းတွေအများကြီး ရှိပါတယ်"
"အရေအတွက်ကအရေးကြီးလို့လား? ပန်းတွေကို အရေးမထားဘဲ မသတ်ပစ်ဖို့ မင်း မသင်ဖူးဘူးလား?"
“……” , ဝမ်ကျို လက်ကိုပြန်ရုတ်ကာ မဝံ့မရဲဖြင့် စကားဆိုလိုက်သည်, "ကျွန်တော်-ကျွန်တော် နောက်ထပ်အနီရောင်တစ်ပွင့်ပဲ လိုတော့လို့ပါ,အဲ့တစ်ပွင့်လေ......"
ရှောင်ယဲ့ ဘေးတစ်ဝိုက်ကိုကြည့်လိုက်ပြီး အနားမှာဘယ်သူမှမရှိတာကိုတွေ့လိုက်သည်နှင့် မြန်မြန်ဆန်ဆန် နှင်းဆီနီကိုချိုးယူကာ ဝမ်ကျို့လက်ထဲမသိမသာထည့်ရင်း တီးတိုးပြောလိုက်သည်။
"အဲ့ပန်းတွေကိုဖွက်ထားလိုက်,ပြီးရင် အပြင်ပြန်မထုတ်နဲ့ဦး။ မျက်နှာပျက်ရလိမ့်မယ်။ နောက်တစ်ခါ, ငါမင်းအတွက် ပန်းဝယ်ပေးမယ်"
ရှောင်ယဲ့သူ့လက်ထဲထည့်သွားတဲ့ နှင်းဆီနီကို ဝမ်ကျို ငေးကြောင်ကြောင်ဖြင့်သာ စိုက်ကြည့်နေမိသည်။ စိတ်ရှုပ်ထွေးသွားသည့် အမူအယာကတော့ သူ့မျက်နှာပေါ်တွင် ထင်ဟပ်လျက်။
ပန်းခင်းကြီးရဲ့အလယ်မှာတော့ နဂိုမြက်ခင်းပြင်လေးနှင့်သာ ပြုလုပ်ထားတဲ့အနားယူစရာနေရာတစ်ခုရှိနေသည်။ အိမ်နီးနားချင်းတော်တော်များများက ဘီယာသောက်ကာ လေဟာပြင်ရုပ်ရှင်ကြည့်နေကြသည်။ ထိုလူတွေက သူတို့ကိုမြင်သွားချိန်မှာ, သူတို့က စိတ်အားထက်သန်စွာဖြင့် ရှောင်ယဲ့တို့နှစ်ယောက်ကိုလည်း ရုပ်ရှင်အတူတူလာကြည့်ဖို့ အော်ခေါ်ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာလည်း တစ်ခြားဘာမှလုပ်စရာမရှိတာကြောင့် ရှောင်ယဲ့ထိုင်ချကာ ခဏကထမင်းဝိုင်းမှာစားပိုးနင့်အောင်စားခဲ့တဲ့ ဒဏ်လည်း ပျောက်သွားပြီဖြစ်တဲ့အတွက် အသက်ကြီးကြီးလူတစ်ယောက် ကမ်းပေးလာသည့်ဘီယာကို တစ်ငုံနှစ်ငုံလောက် ယူသောက်လိုက်သည်။
ထိုင်ချပြီးတဲ့အချိန်မှာ, ဝမ်ကျို့ပုံက စိတ်မအေးသည့်ပုံမျိုးဖြစ်နေပြီး တစ်ခုခုဖြစ်လာဖို့စောင့်မျှော်နေသလို အချိန်နဲ့အမျှ သူ့နာရီကိုပဲ ခိုးကြည့်နေ၏။
ရှောင်ယဲ့ကတော့ အစကတည်းက ဝမ်ကျိုဘာကိုစောင့်နေလဲဆိုတာ သိတယ်, အဲ့အရာ နောက်နှစ်နာရီမှာကျရောက်မဲ့ သူ့မွေးနေ့ပဲ ဖြစ်မယ်။ တမင်သက်သက် သူတို့ကိုလမ်းလျှောက်ရင်း ဒီနေရာကိုခေါ်ဆောင်ကာ သူ့ဘဝရဲ့နှစ်သစ်ကိုဝင်ရောက်ဖို့ အချိန်နာရီက zero ကို ကျရောက်သွားသည်အထိ ဝမ်ကျိုက သူ့ကို ကျိန်းသေသူနဲ့အတူ ဒီနေရာမှာစောင့်ဆိုင်းစေချင်နေတာပဲ။
ဝမ်ကျို့မွေးနေ့ကို ဒီနေရာမှာပဲဖြစ်ဖြစ်, အိမ်မှာပဲဖြစ်ဖြစ် ကျင်းပရတဲ့အပေါ် ကွာခြားမှုသိပ်မခံစားရဘူးဆိုပေမဲ့လည်း, သူ့အယ်လ်ဖာက ဒီလို ကြည်နူးဖွယ်ရာလေထုမျိုးကို ဖန်တီးချင်နေတာဆိုတော့, သူ့မှာ အဆုံးထိ သူ့အယ်လ်ဖာကို အဖော်ပြုပေးရမှာပေါ့။
ဂန ္ထဝင်လက်ရာ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းရုပ်ရှင် ပြီးဆုံးသွားတော့, နောက်ရုပ်ရှင်တစ်ကားစတင်လာသည်။ ညအချိန်ကာလသည်လည်း မှောင်သထက်မှောင်လာခဲ့သည်။ တစ်ခြားနေထိုင်သူတွေက တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်ဖို့ ထွက်ခွာသွား၍ သူတို့ထွက်ခွာသည့်အချိန်မှာ ပြုံးရယ်၍ ဂျာမန်လိုစကားတစ်ချိုဆိုသွားသေးတယ်။ ရှောင်ယဲ့ကတော့ တစ်လုံးမှနားမလည်ပေမဲ့ ဝမ်ကျိုကတော့ ပြန်ဖြေသည့်အနေဖြင့် ထပ်ခါတလဲလဲခေါင်းညှိတ်ပြနေ၏။ ရှောင်ယဲ့ သူတို့ဘာတွေပြောနေတာလဲဆိုတာ ဝမ်ကျို့ကို မေးလိုက်ပေမဲ့ ဝမ်ကျိုကတော့ သူတို့က ပုံမှန်စကားမျိုးကို ပြောနေတာဟုသာ ပြန်ဖြေသည်။
ညသန်းခေါ်မတိုင်မှီ ငါးမိနစ်အလိုမှာ, ဇာတ်ကားက နောက်ဆုံးတော့ ပြီးသွားကာ ပိတ်ကားက အဖြူရောင်ဖျော့ဖျော့အလန်းတန်းပေါ်လာပြီး မဲမှောင်ကျသွားသည်။ ကြီးမားသည့်ဝန်းကြီးတစ်ခုလုံးမှာ, သူတို့နှစ်ယောက်ပဲ ကျန်နေသည်။
ဒီအချိန်က ပြည့်တော့လုနီးနီးဖြစ်နေပြီလို့ ရှောင်ယဲ့ တွေးမိပြီး သန်းလိုက်တယ်။ ဝမ်ကျို့ပုံခုံးကိုမှီနေရာကနေ ရှောင်ယဲ့ ကိုယ်ကိုဖြောင့်တန်းကာမတ်တပ်ထရပ်လိုက်ပြီး ဝမ်ကျို့ကို လက်လှမ်းလိုက်သည်။
ရလဒ်အနေနဲ့ ဝမ်ကျို့လက်တွေ ချွေးရွှဲနေတာကို ရှောင်ယဲ့ တွေ့လိုက်ရတယ်။
ခဏတစ်ဖြုတ် သူ တောင့်ခဲသွားပေမဲ့ ရှောင်ယဲ့ ရယ်ပြီးစကားပြောတာကို မရပ်နိုင်တော့ပေ, "ဒီလောက်တောင် စိတ်တွေလှုပ်ရှားနေတာဆိုတော့ အဲ့ဒါက တကယ်ပဲ ကိစ္စကြီးဖြစ်နေတာလား?"
ဝမ်ကျိုခမျာ ရုတ်တရက် ကြက်သေသေသွားသည်။ စက်ရုပ်တစ်ရုပ်လို သူ့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ ရှောင်ယဲ့ကို ကြည့်လိုက်သည်, "ရှောင်ယဲ့.....ရှောင်ယဲ့ သိပြီးသားလား?"
နာရီအချိန်က မြန်မြန်ဆန်ဆန်ကျရောက်တာကို တွေ့လိုက်ရတော့ ရှောင်ယဲ့ ရိုးရိုးရှင်းရှင်းပဲ ဝန်ခံလိုက်တယ်,
"ဟုတ်တယ်, မင်းငါ့ကို ဂျာမနီကို ခရီးသွားမလားလို့မေးလာကတည်းက ငါသိနေတာ"
ဝမ်ကျို့မျက်လုံးတွေက ပြူးကျယ်သွားပြီး မေးရိုးတောင်အောက်ကျသွားကာ စကားမပြောနိုင်တော့သည်အထိ အံ့သြတုန်လှုပ်သွားသည်။ စက္ကန့်အနည်းငယ်ကြာတော့ မြန်မြန်ဆန်ဆန် လေလျော့သွားသည့်ပူဖောင်းလိုမျိုး ဝမ်ကျို တုံးတုံးလှဲကျသွားသည်။
"ကျွန်တော်တော့ အချိန်ဖြုန်းလိုက်မိပြီ.....ကျွန်တော် အချိန်အကြာပြီး ပြင်ဆင်ခဲ့ရတာ ။ ကျွန်တော် ရှောင်ယဲ့ကို အံ့သြသွားအောင်လုပ်နိုင်မယ်ဆိုပြီး ကျွန်တော် ကျိန်းသေ တွေးထင်နေမိတာ......."
"ဒါက မင်းမွေးနေ့လေ, ဘယ်လိုလုပ် ငါက အံ့သြသွားရတဲ့လူဖြစ်ရမှာလဲ, ငါကသာ မင်းကို အံ့သြသွားအောင်လုပ်ရမဲ့လူ ဖြစ်သင့်တာလေ"
ရှောင်ယဲ့ ဝမ်ကျို့ကို ဆွဲကာပွေ့ဖက်၍ ဝမ်ကျို့နဖူးပေါ် နမ်းလိုက်ပြီး, "ငါ မင်းကို အံ့သြသွားအောင် လုပ်နိုင်ခဲ့လား? Happy birthday ပါ "
ဝမ်ကျို ခဏမျှ ငေးကြောင်ကြောင်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးတဲ့နောက် ရုတ်တရက်သဘောပေါက်သွားသည့် ပုံမျိုးဖြစ်သွားသည်။ သူ့မျက်လုံးတွေက ရုတ်တရက် ဝင်းလက်တောက်ပသွားပြီး screen ပေါ်က အလင်းရောင်က သူ့မျက်လုံးစိမ်းတောက်တောက်တို့တွင် ရောင်ပြန်ဟပ်နေ၏။ ဝမ်ကျို့လက်ဖဝါးက ပိုပြီးတော့တောင် ချွေးပြိုက်ပြိုက်ကျလာသည်။
ရှောင်ယဲ့ သူ့အိပ်ကပ်ထဲက ကတ်၃ကတ်ကိုထုတ်ကာ သူ့အရှေ့က ယောက်ျားသားကိုလက်ကမ်းပေးလိုက်ပြီး,
"ဒီမှာ, ဒီနှစ်အတွက် ငါမင်းကို အရမ်းကိုမှအထူးစပယ်ရှယ်ဖြစ်တဲ့ လက်ဆောင် ပေးနေတာလေ"
ဝမ်ကျို့နှလုံးသားလေးသည် ကဆုန်ပေါက်ကာဒုန်းဒိုင်းခုန်ပေါက်နေ၏။ ဝမ်ကျို သူ့ကိုသူစိတ်ထိန်းဖို့ ဖိအားပေးကာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ ပြီးတော့မှ, "အဲ့ဒါတွေက ဘာလဲဟင်?" လို့ ဝမ်ကျို မေးကြည့်လိုက်တယ်။
"ပထမဆုံးကတ်က ခွင့်လွှတ်ခြင်းကတ် - မင်း ဘာအမှားတွေပဲလုပ်လုပ် ကိစ္စမရှိဘူး, မင်း ဒီကတ်ကိုသုံးသရွေ့, ငါမင်းကို ခွင့်လွှတ်ပေးမယ်။ ဒုတိယကတ်က ပြစ်ဒဏ်ပေးခြင်းကတ် - တကယ်လို့ ငါအမှားလုပ်ခဲ့ရင်, မင်း ဆန္ဒရှိသလို မင်း ငါ့ကို အပြစ်ပေးလို့ရယ်, ပြီးတော့ ငါပြန်လည်းမငြင်းဘူး, ပြန်လည်းရန်ပြိုင်မဖြစ်ဘူး.....နောက်ဆုံးတစ်ကတ်ကတော့ ကတိကဝတ်ကတ် - ဒီတစ်ခုက မယုံနိုင်လောက်အောင်ထူးခြားတာနော်, မင်း ငါ့ကိုဘာတွေပဲတောင်းဆိုတောင်းဆို, ငါမင်းကို ကတိပေးမှာပဲ, ဒီကတ်တွေအကုန်လုံးက တစ်ခါသုံးတွေနော်"
ရှောင်ယဲ့ ကတ်တွေကို တစ်ခုချင်းစီအတည်ပြုပေးလိုက်တယ်။ လျို့ဟန်ရဲ့နဂိုအကြံကို နည်းနည်းပြောင်းပစ်ဖို့ သူ့မှာ တီထွင်ကြံဆမှုတွေကိုအသုံးချလိုက်ရသေးတယ်။ အဲ့လို သခင်လိုအခွင့်အရေးတစ်ရက်စာက သူတို့မိသားစုနဲ့ မကိုက်ညီဘူး။ ဘာကြောင့်လဲဆိုတော့, ပထမဆုံးတစ်ချက်အနေနဲ့, ဝမ်ကျိုက သခင်နဲ့ကျွန်ကစားနည်းမျိုးကို မကြိုက်လောက်ဘူး, ပြီးတော့ ဒုတိတစ်ချက်ကတော့, မိသားစုရဲ့ခေါင်းပိုင်းအဖြစ် သူ့ကိုယ်ပိုင်နေရာက ခိုင်မာပြီး မယိမ်းယိုင်ဘူး။
ဝမ်ကျိုက ကတ်တွေကို လက်ခံပြီး တစ်ခဏတော့ ဘာမှမပြောပေ။
ရှောင်ယဲ့ ဝမ်ကျို့လက်က နည်းနည်းလေးလှုပ်နေတာကို တွေ့လိုက်ရပြီး ဝမ်ကျိုစိတ်လှုပ်ရှားသွားပြီလို့ တွေးကာ မီးလောင်ရာလေပင့်လုပ်ချင်သေးတာကြောင့် ဝမ်ကျို့နားအနား တိုးကပ်သွားလိုက်သည်။
"ငါမေ့တော့မလို့, ငါ ဒီနေ့အတွက် အဲ့ဒါကိုအခုထိမပြောရသေးဘူး——” , ရှောင်ယဲ့ သူ့အသံကိုနှိမ့်လိုက်ပြီး, "ငါမင်းကိုချစ်တယ်.........ငါ နောက်တစ်ကြိမ်ထပ်ပြောဦးမယ်, Happy Birthday ပါနော်"
ဒါက ရှောင်ယဲ့ သူ့ကို နေ့တိုင်းလိုလို တစ်နေ့တစ်ခါချစ်ခွင့်ပန်မယ်ဆိုပြီး ကောလိပ်တုန်းက သူတို့ပြုလုပ်ခဲ့သည့် ကတိကဝတ်ပင်။
ဝမ်ကျို အဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာ သူ့ခေါင်းက ချက်ချင်းဆိုသလို မော့လာပြီး သူ့မျက်လုံးတွေက မီးလောင်ကျွမ်းသလို တောက်ပလာသည်။
"ညသန်းခေါင်ကျော်ရင် ကျွန်တော် အသက်၂၂နှစ်ပြည့်တော့မယ်"
ရှောင်ယဲ့ ခဏတာမျှ ကြက်သေသေသွားရ၏။ ပုံမှန်လို ဝမ်ကျို့မျက်နှာကတော့ ရဲရဲတောက်နီမြန်းပြီး ဗလုံးဗထွေးတွေပြောတော့မှာပဲလို့ မျှော်မှန်းထားတဲ့ ရှောင်ယဲ့ခမျာ ဘာ့ကြောင့် ရုတ်တရက်ကြီး ဝမ်ကျိုက ဒီလိုပြောလာတာလဲဆိုတာကို နားမလည်နိုင်ဖြစ်သွားသည်။
"အင်း, ငါသိတယ်လေ"
"၂၂"
ဝမ်ကျို မျက်လုံးကိုမှိတ်ပြီး အသက်ကိုပြင်းပြင်းရှူသွင်းကာ ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ သူ မျက်လုံးတွေကို ဖွင့်လိုက်ပြီး စကားစကိုဆက်ပြောလိုက်တော့တယ်, "ကျွန်တော် အခု ကတ်တစ်ကတ်သုံးလို့ရလား?"
ဝမ်ကျို ခုဏက ပြောလိုက်တဲ့စကားလုံးတွေကြောင့် ဆွံ့အပြီးကြက်သေသေနေသေးတာကြောင့် ရှောင်ယဲ့အနေနဲ့, "ကောင်းပြီလေ,ရတယ်......ဒါပေမဲ့ အဲ့ဒါကတစ်ခါသုံးနော်, မင်း အဲ့ဒါကိုအခုသုံးချင်တာ ကျိန်းသေရဲ့လား?"
"အင်း" , ဝမ်ကျို ခေါင်းညှိတ်ပြကာ ခွင့်လွှတ်ခြင်းကတ်ကို ဆွဲထုတ်လိုက်သည်, "ကျွန်တော် ရှောင်ယဲ့ကို အရင်ကလိမ်ခဲ့တယ်, ရှောင်ယဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား?"
".......ဘာကို လိမ်တာလဲ?"
"ကျွန်တော့်ကို အရင်ခွင့်လွှတ်ပေးပါ,ပြီးရင် ကျွန်တော် ဆက်ပြောပြမယ်"
"ပြောစမ်းပါ......ငါမင်းကိုခွင့်လွှတ်တယ်"
"ပြီးသွားခဲ့တဲ့ ညနေခင်းတွေတုန်းက ကျွန်တော် ကျွန်တော့်စာတမ်းကိုပြုစုနေတာလည်းမဟုတ်ဘူး, အလုပ်လုပ်နေတာလည်းမဟုတ်ခဲ့ဘူး"
ရှောင်ယဲ့နှလုံးထားထဲက စိုးရိမ်မှုသေးသေးလေးသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေရဲ့, "အဲ့လိုကိစ္စမျိုးပဲ, ငါသိပြီးသား, ပြီးတော့ အဲ့ဒါနဲ့ပတ်သတ်ပြီး အိုကေတယ်, မင်း ခရီးအတွက်ခရီးစဉ်တွေဆွဲနေတာကို ငါသိတယ်"
"အဲ့ဒါက ခရီးစဉ်မဟုတ်ဘူး" , လို့ ဝမ်ကျိုက ပြောသည်, "တကယ်တမ်းက ကျွန်တော် ဟိုတယ်မှာ ပန်းတွေစီစဉ်နေတာ, ဒီနေရာကပန်းတွေကိုရောပဲ, ပြီးတော့ တစ်ခြားကိစ္စတစ်ချို့လည်းပါတယ်။ကျွန်တော် ရှောင်ယဲ့ကိုအများကြီး လိမ်ခဲ့လို့ ရှောင်ယဲ့ မသိခဲ့တာ, တောင်းပန်ပါတယ်.....ကျွန်တော်က တကယ့်ကို တော်တော်လေးတုံးတာပဲ, ကျွန်တော် ပိုပြီးတော့ဆန်းသစ်တဲ့အရာမျိုးကို မစဉ်းစားနိုင်ခဲ့ဘူး..... ရှောင်ယဲ့ ကျွန်တော့်ကိုခွင့်လွှတ်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အဲ့ဒါပြီးတော့——”
ဝမ်ကျိုက မျက်မှောင်ကြုတ်ထားပြီး သူ့မျက်နှာထားက စိုးရိမ်သောကရောက်နေကြီး တည်ကြည်လေးနက်နေသည်။
သူ ရှောင်ယဲ့ရဲ့လက်ကိုဆွဲယူပြီး ခွင့်လွှတ်ခြင်းကတ်နှင့်အတူ ကတိကဝတ်ကတ်ကိုပါ ပြန်ပေးလိုက်တယ်။
"ရှောင်ယဲ့ ကျွန်တော့်ကို ကတိတစ်ခုပေးတာ ကျွန်တော် လိုချင်တယ်"
ရှောင်ယဲ့ရဲ့အတွေးတွေက အနည်းငယ်မျှပြန့်ကျဲသွားပြီး, "မရဘူး, မင်းဘာလို့ မင်းမွေးနေ့ကြီးမှာ အရမ်းကိတည်ကြည်လေးနက်နေရတာလဲ? ရုတ်တရက်ကြီး ကတ်နှစ်ကတ်ကို တစ်ပြိုင်တည်းသုံးပလိုက်တယ်, အရမ်းကြီး အလဟဿမဖြစ်သွားဘူးလား?"
ဝမ်ကျိုက ပြန်မဖြေပေ။ ဝမ်ကျို ခုဏကခူးခဲ့တဲ့ နှင်းဆီပန်း ခြောက်ပွင့်ကို ရှောင်ယဲ့ဟိုတယ်မှာတွေ့ခဲ့တဲ့ ကတ်တွေနှင့်အတူ သူ့အိပ်ကပ်ထဲကနေ ထုတ်ယူလိုက်သည်။
"ရှောင်ယဲ့ ဒါတွေကို မှတ်မိလား?"
"ကျိန်းသေတာပေါ့........ဘာဖြစ်နေတာလဲ?"
"ပထမဆုံးစာလုံးတွေကို ဖတ်ကြည့်လိုက်"
ရှောင်ယဲ့ နားမလည်ပေမဲ့ သူပြောသလိုလုပ်နေတုန်းပင်။ ပထမဆုံးတစ်ခုက misty rose, သူ ကောင်းကောင်းမှတ်မိနေစဲပဲ, ပြီးတော့ ဒုတိယကတ်ကတော့ apricot rose လို့ ပြောထားတယ်, နောက်တော့ red roses နှစ်ကတ်နဲ့ yellow rose ကတ်တစ်ခု, ပြီးတော့ နောက်ဆုံးကျတော့ misty rose တဲ့။
"M,a,r,r,y,m........."
သူဆက်ပြီးတော့ဖတ်လေလေ သူ့အသံ တိုးညှင်းသွားလေလေပဲ, သူ စာလုံးတွေကို အသံထွက်ရုံလေးပင်ထွက်နိုင်တော့သည့်အထိပင်။
"မင်း........"
*ဒေါင်!* ခပ်လှမ်းလှမ်းမှာရှိတဲ့ ဘုရားကျောင်းရဲ့ခေါင်းလောင်းသံက အချိန်ကိုမြည်ဟီးလာသည်, တည်ငြိမ်ပြီးပြတ်သားသည့် ခေါင်းလောင်းသံက အဝေးကနေ ငြိမ်ငြိမ်ဆိမ်ဆိမ်ရှိလှတဲ့ ဧရာမပန်းခင်းကြီးကို ပဲ့တင်ရိုက်ခတ်လာသည်။
ညသန်းခေါင်ကျော်သွားခဲ့ပြီ။
ရှောင်ယဲ့ သူ့ကိုလေးနက်သည့်မျက်နှာထားဖြင့်စိုက်ကြည့်နေတဲ့ သူ့အယ်လ်ဖာကို ကြည့်လိုက်သည်။ ပြီးတော့ ဝမ်ကျိုက ဒူးတစ်ဖက်ထောက်ပြီး ဘယ်နေရာကမှန်းမသိ တန်ဖိုးကြီးလှသည့် ရွှေရောင်ဘူးလေးတစ်ဘူးကို အပြင်ကိုထုတ်လိုက်တယ်။ သူက ရှောင်ယဲ့ရှေ့မှာပဲ ဖြည်းဖြည်းချင်း ဘူးကို ဖွင့်သည်။
မြစိမ်းလက်စွပ်လေးတစ်ကွင်းက ဘူးလေးအတွင်းကနေ ထွက်ပေါ်လာခဲ့သည်။
မှိန်ပြပြအလင်းရောင်အောက်မှာတောင် လက်စွပ်လေးက သူကောင်းကောင်းသိနေတဲ့ ထိုမျက်လုံးတွေလိုမျိုး ထည်ဝါပြီး နက်နဲသိမ်မွေ့သည့် ရွှန်းလက်သော အစိမ်းရောင်အလင်းပြပြဖြင့် တောက်ပနေစဲပင်။
"ဒါက ကျွန်တော့်အဘိုးရဲ့ ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းလေ, emerald , နောက်ဆုံး အစစကားလုံး, e "
ဝမ်ကျို ရွှင်ပျစွာဖြင့် ရယ်မောလိုက်တယ်။
"ကျွန်တော် နောက်ဆုံးတော့ လက်ထပ်ဖို့တရားဝင်အသိအမှတ်ပြုတဲ့အရွယ်ရောက်သွားပြီး, please 'marry me' , will you? "
ဝမ်ကျို စိုးရိမ်တကြီးနဲ့ နောက်ထပ်စကားတစ်ခွန်းထပ်ပြောသည့်အချိန်အထိ ရှောင်ယဲ့ဘက်က အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်, "ကျွန်တော် ကတိကဝတ်ကတ်ကို သုံးလိုက်ပြီနော်, ကျွန်တော် တောင်းဆိုတာမှန်သမျှ ရှောင်ယဲ့ ကျွန်တော့်ကို ကတိပေးကိုပေးရမှာနော်"
ရှောင်ယဲ့ လက်စွပ်ကို ညှို့ယူဖမ်းစားခံထားရသည့်အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
သူ ဒီနေ့လိုနေ့မျိုးကို စိတ်ကူးမယဉ်ကြည့်ဖူးဘူး, အခုတော့ အဲ့ဒီ့အချိန်ကာလလေး ရောက်ရှိလာခဲ့ပြီ, သူ စကားမပြောနိုင်ဘဲ ကြက်သေသေနေမိသည်။ သူတို့နှစ်ယောက်ကြားမှာ ဒီလိုလုပ်ရိုးလုပ်စဉ်မျိုး မလိုအပ်ပေ။ ဝမ်ကျိုက တစ်နေ့နေ့မှာ ပေါ့ပေါ့ပါးပါးပဲ 'လက်ထပ်ရအောင်' လို့ ပြောလာခဲ့ရင်တောင်, သူအနေနဲ့ တုံ့ဆိုင်းတွေဝေခြင်း တစိုးတစိမျှမရှိဘဲ လက်ခံလိုက်မှာပဲ။
ဒါပေမဲ့ ဝမ်ကျိုကတော့ သူ့ရဲ့မှတ်ဉာဏ်ထဲမှာ ဒီအခိုက်အတန့်လေးကို ထွင်းထုထားဖို့ စစ်မှန်ပြီးလေးနက်တဲ့နည်းလမ်း သုံးချင်ခဲ့တယ်ဆိုတာ သိသာနေတာပဲ, သူ့ကို အလှပဆုံးအခမ်းအနားရဲ့ အသိဉာဏ်ကိုပေးခဲ့တာပဲ။
ရှောင်ယဲ့ ကြက်သေသေနေရာမှရုန်းထွက်နိုင်ခဲ့ပြီး ဒါတွေအကုန်လုံးက နည်းနည်းတော့ သူ့ကိုသဘောကျစေတယ်။ ဒီခွေးရူးလေးကတော့, ငါငြင်းလို့မရတာက ကျိန်းသေအောင်လို့ ကတိကဝတ်ကို တကယ်သုံးလိုက်တာပဲ, ဒါပေမဲ့ ငါငြင်းမယ်ဆိုတာကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုနဲ့ ပတ်သတ်ပြီး ဝမ်ကျို့မှာ ယုံကြည်မှုအပြည့် မရှိသေးတဲ့ပုံပဲ။
သူ့စိတ်ထဲမှာတော့, ရှောင်ယဲ့ အိမ်ပြန်ရောက်တာနဲ့ ဒီယောက်ျားကို သူ သေသေချာချာသင်ကြားပေးဖို့တော့ လိုနေပြီဟု သူ့ဘာသာသူ တစ်ကိုယ်တည်းတွေးနေမိတယ်။ ဝမ်ကျို့ကို အပေါ်ဆွဲထူဖို့ ရှောင်ယဲ့ လက်လှမ်းလိုက်ပြီး အဖြေပြန်ပေးရန် ပါးစပ်ဟလိုက်သည်။ အဲ့အချိန်မှာပဲ, မဲမှောင်နေတဲ့ ပိတ်ကားက ရုတ်တရက် ပြန်ပြီးလင်းလက်သွားသည်။
လျို့ဟန်ရဲ့ ကြီးမားလှတဲ့မျက်နှာကြီးက တစ်ကီလိုမီတာလောက်နေဆိုရင်တောင် ကြားရနိုင်တဲ့ သူ့ရဲ့အသံကျယ်ကျယ်ကြီးနှင့်အတူ ပိတ်ကားထက်တွင် ပေါ်လာခဲ့သည်။
"ယဲ့ပေါင်, အိုင်း!!!! မင်းသဘောတူမယ်ဆိုတာ ငါသိသားပဲ!!!!! မင်းနောက်ဆုံးတော့ လက်ထပ်ရတော့မှာပဲ, အုအုအု, မင်းအဖေ ငါ အရမ်းပျော်တာပဲ။ မင်းတို့ရဲ့ဆုတောင်းတွေအမှန်ဖြစ်လာပါစေ, မင်းတို့ဆံပင်တွေဖြူသွားတဲ့ သက်ကြီးရွယ်အိုအထိ မင်းတို့တွေ ပေါင်းဖက်ရပါစေလို့ ငါက မင်းတို့အတွက် အကောင်းဆုံးဆုတောင်းပေးလိုက်ပါတယ်!!!!!"
ရှောင်ယဲ့: “……”
ဝမ်ကျို: “……”
ပေါ်လာတဲ့နောက်တစ်ယောက်ကတော့ သူ့ရင်ဘက်ကိုရိုက်ကာ ခေါင်းငုံ့ထားသည့် လို့ယောင်ဟန်ပင်။
"ယဲ့ကော, မင်းတောင် လက်ထပ်တော့မှာပဲ, ဒါပေမဲ့ ငါကတော့ ရည်းစားတောင်မရှိသေးဘူး.......အိုး ဘုရားရေ! ဘာကြောင့်များ မမျှမတလုပ်ရတာလဲ! *အဟွတ်အဟွတ်*..........ဒါပေမဲ့ ငါ မင်းတို့နှစ်ယောက် ပျော်ရွှင်, ကျန်းမာ, လိုက်ဖက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! ကျေးဇူးပြုပြီးတော့ ငါ့ကို ဘီတာတစ်ယောက်နဲ့ပဲဖြစ်ဖြစ်,အိုမီဂါတစ်ယောက်နဲ့ပဲဖြစ်ဖြစ် မိတ်ဆက်ပေးဖို့ မမေ့ပါနဲ့, ဖြစ်နိုင်တာကတော့ အယ်လ်ဖာတစ်ယောက်ဆိုရင်တောင် ဖြစ်တယ်ကွာ......"
ရှောင်ယဲ့: ".........ဒါက ဘယ်လိုအရှုပ်တော်ပုံတွေလဲ?"
ဝမ်ကျို ရှက်သွားပြီး ခပ်မြန်မြန် မတ်တပ်ထရပ်လိုက်တယ်။ ဝမ်ကျိုက ခေါင်းပေါ်မှာ လက်ကိုကြက်ချေခတ်ပုံစံလုပ်လိုက်ပြီး ဂျာမန်စကားဖြင့် အဝေးကိုလှမ်းအော်သည်။ ရှောင်ယဲ့ သူပြောတာကို နားမလည်ပေမဲ့ သူ အဲ့နေရာကိုကြည့်လိုက်တော့ ခုဏကသူတို့နဲ့အတူထိုင်ပြီး ဇာတ်ကားကြည့်ခဲ့တဲ့ အသက်ကြီးကြီးလူကြီးက အိုကေဆိုပြီးလက်ဟန်ခြေဟန် လုပ်ပြတာကို မြင်လိုက်ရပြီး ရှောင်ယဲ့ ကြောင်သွားတယ်။
ဗီဒီယိုက ချက်ချင်းပိတ်သွားပြီး ပိတ်ကားက မဲသွားပြန်ပြီ။ ဝမ်ကျို ပြန်လှည့်ကာ စိတ်ရှုပ်စွာဖြင့် နောက်တစ်ကြိမ်ထပ်ပြီး ဒူးထောက်ကာ လက်စွပ်လေးကို မြှောက်လိုက်သည်။
"ရှောင်ယဲ့ လက်ထုတ်လိုက်တာကို သူမြင်သွားပြီး ရှောင်ယဲ့ သဘောတူတယ်လို့ ထင်သွားတာလေ, အဲ့ဒါကြောင့် ကျွန်တော် လူတွေကိုတောင်းဆိုထားတဲ့ ဆုတောင်းပေးတဲ့ ဗီဒီယိုကို စဖွင့်လိုက်တာ.......ကျွန်တော်တို့ ဒါကိုမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်မယ်လေ,ဟုတ်ပြီလား?"
"......ခွေးရူးလေး" , ရှောင်ယဲ့ ရှက်ရွံ့သွားသလို သူ့မျက်နှာသူ လက်ဖဝါးဖြင့်ရိုက်လိုက်ပြီး ,"သူ့ကို ပြန်ဖွင့်ခွင့်ပေးလိုက်"
"မရပါဘူး ရှောင်ယဲ့ ကတိမပေးရသေးဘူး........."
ဝမ်ကျို တဖြည်းဖြည်း သဘောပေါက်သွားပြီး သူ့မျက်လုံးတွေလည်း ရုတ်တရက် လင်းလက်တောက်ပလာသည်။
"ရှောင်ယဲ့ သဘောတူသွားပြီလား?"
ရှောင်ယဲ့ ဆွံ့အသွားတယ်, "ငါကတိပေးတယ်, ကျိန်းသေ ငါကတိပေးတာပေါ့, ငါ့ကိုမေးဖို့တောင် လိုသေးလို့လား? ငါတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး မင်းအထင်အမြင်လွဲနေတုန်းပဲလား?"
ဝမ်ကျို စိတ်လှုပ်ရှားကာ ထခုန်သွားပြီးတော့ ချက်ချင်းဆိုသလို ပြန်ပြီးဒူးထောက်ကာ သူ့အိုမီဂါရဲ့လက်ကိုဆုပ်ကိုင်၍ သေသေချာချာ လက်စွပ်ဝတ်ပေးလိုက်သည်။ လက်စွပ်ဝတ်ပေးရုံနှင့် ဝမ်ကျိုက မကျေနပ်သေးဘဲ ရှောင်ယဲ့လက်ကို ဆုပ်ကိုင်ကာ ရှောင်ယဲ့ရဲ့လက်ချောင်းထိပ်အနောက်ဘက်လေးတွေကအစ လက်တစ်ပြင်လုံးကို အတောမသတ်နိုင်ဘဲ ထပ်ခါတလဲလဲ နမ်းရှိုက်နေသည်။ ဝမ်ကျိုက ခပ်ဖြည်းဖြည်း မော့ကြည့်လာသည်, ဒါပေမဲ့ သူ ရှောင်ယဲ့ကို မော့ကြည့်ဖို့ သူ့မျက်နှာကိုလှည့်လိုက်တဲ့အချိန်မှာ, အင်အားကြီးမားတဲ့အယ်လ်ဖာ သိသိသာသာဖြစ်နေတာတောင်မှာ, ဝမ်ကျိုက အရမ်းချစ်ဖို့ကောင်းလွန်းလို့ အဲ့မြင်ကွင်းက လူတစ်ယောက်ရဲ့ နှလုံးသားကို အရည်ပျော်အောင် လုပ်နိုင်သည်။
"ရှောင်ယဲ့,ကျွန်တော် ရှောင်ယဲ့ကို အရမ်းချစ်တယ်.......အနာဂတ်မှာလည်း, ကျွန်တော် ရှောင်ယဲ့ကို ချစ်မြတ်နိုးတာကို ဘယ်တော့မှမရပ်တန့်ဘူး!" ,
ဝမ်ကျို ရှောင်ယဲ့လက်ဖမိုးပေါ် ထပ်ပြီးနမ်းလိုက်သည်, သူ့အသံက နူးညံ့ပြီးနွေးထွေးနေတာပဲ, "အဲ့ဒါဆိုရင် ဗီဒီယို ဆက်ကြည့်မှာလား? ကျွန်တော် လူတွေအများကြီး ဆုတောင်းပေးတဲ့ ဗီဒီယိုနဲ့ အန်ပေါင်းတွေ အများကြီးရတာ တွေ့ဖူးတယ်"
အနမ်းတွေက ရှောင်ယဲ့ကို ယားယံစေတယ်, သူ့အတွေးတွေက ဗီဒီယိုပေါ်တွင် ဆက်ပြီးမရှိနေတော့ပေ။
"ဘာကိုဆက်ကြည့်မှာလဲ, အိမ်ပြန်မယ်"
ရှောင်ယဲ့ လှည့်ပြီး လမ်းစလျှောက်လိုက်ပေမဲ့ ဝမ်ကျို ပြန်ဆွဲတာ ခံလိုက်ရတယ်, "ခဏ,ခဏစောင့်ပါဦး, ခဏနေရင် ကျွန်တော်တို့မိဘတွေ ဆုတောင်းပေးတော့မှာ, ရှောင်ယဲ့ သူတို့ကိုမကြည့်ချင်တော့ဘူးလား?"
ရှောင်ယဲ့ဘက်က လုံးဝမလှုပ်ပေ, " ငါတို့ ဒါကို မနက်ဖြန်မှ ထပ်ကြည့်မယ်,အိမ်မြန်မြန်ပြန်ရအောင်"
"ဟုတ်ပါပြီ.....ရှောင်ယဲ့ အိပ်ချင်နေပြီလား? အဲ့ဒါဆိုရင် အိမ်ပြန်ပြီး အိပ်တာပေါ့"
"ဟုတ်တယ်,အိပ်ရာထဲသွားရအောင်"
ရှောင်ယဲ့ ခေါင်းလှည့်ကာ ပြုံးလိုက်ပြီး,
"ငါ ငါ့လောင်ကုန်းနဲ့ အိပ်ချင်နေပြီ"
T/n
ယူတို့ အိပ်ရော အိပ်ဖြစ်မှာလား, extra တွေကို မြန်မြန် update ပေးချင်ပေမဲ့ ဒီပထမဆုံး extra သုံးပိုင်းက အရမ်းရှည်ပါတယ်, ဒီတစ်ပိုင်းဆို ၁သောင်း၁ထောင်ကျော်တယ်ရော်, latte ရဲ့ limit က အများဆုံး လေးထောင်ကျော်လောက်ပဲရတာဆိုတော့ အတော်ကလေး ကြာတာပါ။ ပြီးရင် wattpad ကလည်း ဆိုက်ကို ဝင်နေတာလားမသိဘူး, စာလုံးရေ ၆ထောင်,၇ထောင်ကျော်ရင် ထစ်ပြီ, စာလုံးတွေရိုက်ရင် ထစ်ပြီး ဖြစ်ချင်ရာတွေဖြစ်ကုန်လို့ ပြန်ဖျက်အသစ်ပြန်ရိုက်လိုက်နဲ့ သောက်ရမ်းကြာပါတယ်။