Zawgyi
အပိုခ်ပ္ အခန္း(၁) - အပိုင္း(၁)
ေ႐ွာင္ယဲ့ အခုတေလာ သူ႔အယ္လ္ဖာက နည္းနည္းထူးထူးဆန္းဆန္းျပဳမူေနတယ္လို႔ ထင္ေနမိတယ္။
ပံုမွန္ဆို သူ အိမ္ျပန္ေရာက္တာနဲ႔, ထမင္းဟင္းခ်က္တဲ့အခ်ိန္(ဒါမွမဟုတ္) အိမ္သန္႔႐ွင္းေရး လုပ္တဲ့အခ်ိန္ကလြဲလို႔, ေ႐ွာင္ယဲ့ဘယ္သြားသြား, ဝမ္က်ိဳက သူ႔အနားမွာကပ္ေနတာပဲ။ ဒါေပမဲ့ အခုတေလာ, စာၾကည့္ခန္းထဲက သူ႔ကြန္ျပဴတာေ႐ွ႕မွာ ထိုင္ေနေတာ့တာပဲ။ သူ ဘာေတြၾကည့္ေနတာလဲလို႔ ေ႐ွာင္ယဲ့ ေမးတဲ့အခ်ိန္ဆို ဝမ္က်ိဳက သူ႔ graduation thesis ကို စစ္ေနတာပါလို႔ပဲ မပြင့္တပြင့္ျဖင့္သာ ျပန္ေျပာသည္။ ဒါေပမဲ့ သူ ဘြဲ႔ယူရမွာ တစ္လပဲလိုေတာ့တာေလ, အဲ့ဒါေၾကာင့္ သူ႔ thesis ရဲ႕ ေနာက္ဆံုးစာမူၾကမ္းက အေျခခံအားျဖင့္ အသင့္ျဖစ္ေန,သင့္ၿပီ။ တစ္ညလံုးၾကာေအာင္ ဘယ္အပိုင္းကိုမ်ား သူ႔မွာစစ္ေဆးေနရတာလဲ?
ၿပီးေတာ့လည္း, ဝမ္က်ိဳက ေ႐ွာင္ယဲ့ကို သူ႔ဖုန္းကိုေတာင္အထိမခံဘူး, သူေရခ်ိဳးတဲ့အခ်ိန္မွာေတာင္ ဖုန္းကို အထဲယူသြားတယ္။ ဖုန္း lock screen password ကိုပါ ေျပာင္းထားတယ္, ေ႐ွာင္ယဲ့ရဲ႕ေမြးေန႔မဟုတ္ေတာ့ဘူး။
ထူးဆန္းတယ္, အရမ္း ထူးဆန္းေနတယ္။
သူတို႔ေတြတြဲေနတာ ၃ႏွစ္ကေန ၄ႏွစ္အထိ ႐ွိၿပီလို႔ ေျပာလို႔ရေနၿပီ, သူတို႔ရဲ႕သမီးရည္းစားဆက္ဆံေရးက တည္ၿငိမ္ေနၿပီေလ, အဲ့ထက္လည္း ပိုၿပီးမခိုင္ခံ့မတည္ၿငိမ္ႏိုင္ေတာ့ဘူး, အဲ့ဒါေၾကာင့္ပဲ အေျပာင္းအလဲေပၚလာဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။
သူ႔ရဲ႕အယ္လ္ဖာ ဘယ္ေတာ့မွ မေဖာက္ျပန္ဘူးဆိုတာကို ေ႐ွာင္ယဲ့ကေတာ့ က်ိန္းေသယံုၾကည္တယ္။ ဒါေပမဲ့ ဝမ္က်ိဳ သူ႔ကိုမသိေစခ်င္ဘဲ တစ္ခုခုဖံုးကြယ္ထားတာကေတာ့ သိသာေနသည္။ အဲ့ဒါေၾကာင့္ သူ႔မွာ ေရြးခ်ယ္စရာမ႐ွိေတာ့ဘဲ, တကယ္ပဲ သူ ဝမ္က်ိဳ႕ကို ခိုးေၾကာင္ခိုးဝွက္နဲ႔ ေစာင့္ၾကည့္ေနစဥ္အတြင္းမွာ ဘာမွျဖစ္မလာဘူးလို႔သာ ဟန္ေဆာင္ရင္း မ်က္ကြယ္ျပဳလိုက္ရသည္။
ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕ကို တိတ္တဆိတ္ရက္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ခဲ့ေပမဲ့ ဘာတစ္ခုမွ ထူးထူးျခားျခား လြဲမွားေနျခင္း မ႐ွိေပ။
တစ္ခဏအတြင္း ရက္ေပါင္းမ်ားစြာကုန္ဆံုးသြားသည္မွာ ေနာက္ဆံုး ဘြဲ႕ယူရသည့္ေန႔ပင္ ေရာက္လာခဲ့သည္။
ေ႐ွာင္ယဲ့ တကူးတကကို ခြင့္ႏွစ္ရက္ယူလိုက္သည္။ သူကေတာ့ လြန္ခဲ့တဲ့၂ႏွစ္က ဘြဲ႕ရခဲ့ၿပီး ေနာက္ေတာ့ တည္ၿငိမ္တဲ့ အလုပ္တစ္ခု႐ွာေတြ႕ခဲ့သည္။ အဲ့ဒီႏွစ္ ေႏြရာသီပိတ္ရက္မွာပဲ, ဝမ္က်ဳိက သူ႔ကို သူ႔ရဲ႕မိဘေတြနဲ႔ ေတြ႕ေပးဖို႔ ဂ်ာမနီကိုေခၚသြားခဲ့တယ္။ အစကေတာ့ သူ,
"ေက်းဇူးျပဳၿပီး, အေဖအေမတို႔ရဲ႕ သားကို ကြၽန္ေတာ့္ကို ေပးပါ။ ပိုက္ဆံ႐ွာၿပီး သူ႔ကိုေထာက္ပံ့ေပးဖို႔ ကြၽန္ေတာ္ က်ိန္းေသ အလုပ္ႀကိဳးစားမွာပါ" ဆိုတဲ့စကားလို စကားမ်ိဳး ေျပာဖို႔ သူ႔ကိုယ္သူ ေမာင္းတင္ထားခဲ့ေပမဲ့ ဝမ္က်ိဳ႕မိသားစုပိုင္ ႀကီးက်ယ္ခမ္းနားလွတဲ့ စံအိမ္ႀကီးကို ျမင္လိုက္ရခ်ိန္မွာေတာ့ ေ႐ွာင္ယဲ့ အဲ့စကားေတြကို ျပန္မ်ိဳခ်လိုက္ရတယ္။
ကံေကာင္းစြာနဲ႔, ဝမ္က်ိဳ႕မိဘေတြက ၾကင္နာၿပီး ေ႐ွာင္ယဲ့ စိတ္ကူးယဥ္ၿပီးေတြးထားသလို "မင္း ငါ့သားကုိလမ္းခြဲရင္ ငါတို႔မင္းကို သန္း၅၀ေပးမယ္" ဆိုတဲ့ ေခြးေသြးဒရမ္မာမ်ိဳးလည္း မလုပ္ၾကဘူး။ သူတို႔ေတြက ေ႐ွာင္ယဲ့ကို အခက္ေတြ႕ေအာင္လုံးဝမလုပ္ေပ။ အဲ့ဒါေၾကာင့္မို႔, ဝမ္က်ဳိဘြဲ႕ယူတဲ့ေန႔မွာ သူတို႔ေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ပက္ပင္းတိုးေတြ႕ခ်ိန္မွာ, သူတို႔ေတြက အရမ္းကိုမွ ေဖာ္ေရြပ်ဳငွါၿပီး စိတ္အားထက္သန္တက္ႂကြေနကာ သူ႔ကို အသက္႐ႈက်ပ္သည္အထိ သံုးေယာက္သားတစ္ပိုင္တည္း ေပြ႕ဖက္ၾက၏။
"ေ႐ွာင္ယဲ့, မင္းကေလ အရမ္းလွၿပီးခ်စ္ဖို႔ေကာင္းေနတာပဲ!"
မားမားဝမ္က သူ႔ကိုအၾကာႀကီးၾကည့္လို႔ရေအာင္ဆိုၿပီး တည္တည္ၿငိမ္ၿငိမ္ကိုယ္ဟန္ျဖင့္ ကိုင္ထားၿပီး အဖြဲ႕လိုက္ ဓာတ္ပံု႐ိုက္ရန္ သူ႔သားကို သြား႐ွာဖို႔ သူ႔ကိုလႊတ္ေပးရမွာကို အင္တင္တင္ျဖစ္ကာသေဘာမတူလုနီးပါးပင္။
ထိုစကားကိုၾကားလိုက္ရတဲ့ အနီးအနားမွာ႐ွိတဲ့ က်ာင္းသားေတြက ဗလာမ်က္ဝန္းျဖင့္စိုက္ၾကည့္လာၿပီး ေႏြလယ္ေခါင္ပူပူမွာ ႐ုတ္တရက္ေအးခဲသြားသလိုမ်ိဳး ေက်ာခ်မ္းသြားၾကသည္။
ယဲ့ေကာက ဘြဲ႕ရၿပီးသြားၿပီဆိုေပမဲ့လည္း, သူ႔ရဲ႕ေၾကာက္မက္ဖြယ္,အံ့ၾသစရာေကာင္းလွသည့္ ဂုဏ္သတင္းကေတာ့ Tတကၠသိုလ္မွာ အေက်ာ္ေဇယ်အျဖစ္ တြင္က်န္ေနစဲပင္။ ဒီေနရာမွာ႐ွိေနတဲ့ ဘြဲ႔ရသည့္လူအားလံုးက ဝမ္က်ဳိ႕အခန္းေဖာ္ေတြခ်ည္းပဲ။ အဲ့ဒါေၾကာင့္ တကၠသိုလ္မွာျဖစ္ပြားခဲ့တဲ့ သူတို႔ႏွစ္ေယာက္ အခ်စ္ဇာတ္လမ္းရဲ႕ အုတ္ေအာ္ေသာင္းနင္းျဖစ္ခဲ့တာကို သူတို႔ထဲကေတာ္ေတာ္မ်ားမ်ား ၾကားဖူးခဲ႔ၾကသည္။ ဒါေပမဲ့ ေ႐ွာင္ယဲ့ ေက်ာင္းၿပီးသြားကတည္းက လူေတြအဲ့အေၾကာင္းေျပာသည္မွာ နည္းသထက္နည္းသြားခဲ့ၿပီ။ အဲ့ဒါေၾကာင့္, ေ႐ွာင္ယဲ့ကို အခု ေနာက္တစ္ေခါက္ ေတြ႕လိုက္ရတဲ့အခ်ိန္မွာ, အတင္းေျပာခ်င္တဲ့ ဆႏၵကို ဖံုးဖိမထားႏိုင္ေတာ့ေပ။
"သူတို႔ႏွစ္ေယာက္ တြဲေနတုန္းပဲလား? ၿပီးေတာ့ မိဘေတြကိုေတာင္ ေတြ႕ၿပီးသြားတာလားဟ? ငါ သူတို႔ႏွစ္ေယာက္ အရင္ကတည္းက ကြဲသြားၿပီလို႔ ထင္ေနတာ"
"တစ္ျခားလူေတြအတြက္ဆိုရင္ ျပႆႀကီးမဟုတ္ေပမဲ့ ယဲ့ေကာကိုေတာ့ တကၠသိုလ္ကေန က်ိန္းေသ ေဖ်ာက္ဖ်က္ လို႔မရဘူးကြ။ တကယ္တမ္းဆို, ဝမ္က်ဳိက သံုးႏွစ္ဆက္တိုက္ ငါတုိ႔ေက်ာင္းရဲ႕ Male God စာရင္းမွာ ထိပ္ဆံုးဝင္ခဲ့တာေလ။ ငါထင္တာကေတာ့ ဘီတာေတာ္ေတာ္မ်ားမ်ားေတာင္ ဝမ္က်ိဳ႕အေပၚ မ်က္စိက်ေနသလိုပဲဟ"
"ဟုတ္တယ္, ဟုတ္တယ္, လြန္ခဲ့တဲ့ရက္တုန္းက ဝမ္က်ိဳ႕ကို ခ်စ္ခြင့္ပန္ေနတာကို ငါေတြ႕ခဲ့တယ္"
"ၿပီးေတာ့ အဲ့ေနာက္ဘာျဖစ္သြားလဲ?"
"အဲ့ေနာက္ ဘာျဖစ္ရမွာလဲ, နင္သိၿပီးသား မလား? ဝမ္က်ိဳ႕ႏွလံုးသားက သူ႔ရဲ႕ 'ႏူးညံ့ညင္သာ, ခ်စ္စဖြယ္, အလြန္ ခ်စ္ျမတ္ႏိုးရၿပီး, ႏွစ္လိုဖြယ္ေကာင္းတဲ့' စီနီယာနဲ႔ ျပည့္ေနတာေလ"
လူတိုင္းလိုလို ေခါင္းကေနေျခဖ်ားတစ္ဆံုး ၾကက္သီးေမႊးညႇင္းထသြားၾကသည္။
"ဝမ္က်ိဳ႕အႀကိဳက္က သိပ္မေကာင္းဘူးလို႔ေတာ့ ငါထင္တယ္ဟ.......ယဲ့ေကာက ၾကည့္လို႔ေကာင္းတယ္ဆိုေပမဲ့......."
"ဒါေပမဲ့လည္း?"
"ဒါေပမဲ့လည္း ေဒါသကေတာ့........အဲ့ဒါေၾကာင့္ပဲ ဝမ္က်ိဳ႕လို စ႐ိုက္႐ွိတဲ့အယ္လ္ဖာမ်ိဳးကပဲ သည္းခံႏိုင္တာေလ။ ျပန္လည္းရန္မျဖစ္ႏုိင္ဘူး, ျပန္အျငင္းလည္းမပြားႏိုင္ဘူး"
"သူ အ႐ိုက္ခံရၿပီးအဆူခံရတာကို မင္းက ဘယ္လိုလုပ္သိတာလဲ?"
"တစ္ခ်က္ေလာက္ၾကည့္ရံုနဲ႔ ငါသိတယ္ကြ။ အခုတေလာ, သူ႔အသားအေရက ေတာ္ေတာ္ကို ဆုိးဆိုးရြားရြားပဲ။ ဝမ္က်ိဳကေတာ့ အိမ္မွာ ယဲ့ေကာဆီကေန ရက္ရက္စက္စက္ပညာေပးခံေနရတာပဲေနမွာ"
"မင္းက သူတို႔အိမ္မွာေနတာလား?"
"ဟာ, ငါကေတာ့မေနဘူးေလ, မင္း ငါ့ကို ျပႆနာလုပ္ခ်င္ေန--" , အတင္းေျပာေနတဲ့လူက စိတ္ညစ္သြားၿပီး အာရံုပ်က္ေစတဲ့ ေမးခြန္းေတြကိုပဲဆက္တိုက္ေမးေနတဲ့ လူကိုသိခ်င္သြားတာေၾကာင့္ ေအးတိေအးစက္မ်က္လံုးေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ လွည့္ၾကည့္လိုက္သည္။
"ယဲ့-ယဲ့ေကာ......"
"ဆက္ေျပာေလ", ေ႐ွာင္ယဲ့ လက္ပိုက္ထားရင္း ေမးေငါ့ျပလိုက္သည္, "မင္းက ေတာ္ေတာ္ေလး သတင္းစံုသိေနတာပဲ, မဟုတ္ဘူးလား? ငါတို႔အိမ္တြင္းေရးျပႆနာကို ငါ့ထက္ပိုၿပီး သိေနတာပဲ"
"မဟုတ္ရပါဘူး, ကြၽန္ေတာ္ မသိရဲပါဘူး......."
ေ႐ွာင္ယဲ့ 'ဟြန္း'ဟု ႏွာမႈတ္ကာ ေလွာင္ေျပာင္သေရာ္၍စကားနာထိုးမည့္အခ်ိန္မွာပဲ သူ႔မ်က္လံုးေထာင့္ကေန သူ႔ဆီေျပးလာေနသည့္ရင္းရင္းႏွီးႏွီးပံုရိပ္တစ္ခုကို ျမင္လိုက္ရသည္။
"ေ႐ွာင္ယဲ့"
ဘြဲယူ႔သည့္ဝတ္ရံုဆင္ျမန္းထားသည့္ ဝမ္က်ဳိက ေလလိုမ်ိဳးအျမန္ႏႈန္းျဖင့္ ေျပးလာသည္။ သူ႔ရဲ႕သြားျဖဴ ျဖဴ စီစီတန္းေလးမ်ားေပၚသည့္အထိ ျပံဳးထားၿပီး သူက ေတာက္ပကာရႊင္ပ်ပ်ျဖစ္ေနၿပီး ႐ုပ္ကေလးကလည္းၾကည့္လို႔ေကာင္းကာ ႏွစ္လိုဖြယ္ေကာင္းလွသည္။ ဒါေပမဲ့, သူ႔မ်က္တြင္းေတြကေတာ့ ညိဳမဲေနတာေၾကာင့္ သူပံုက တကယ္ပဲ အတင္းေျပာတဲ့လူေတြေျပာသလို အိမ္မွာ ရက္ရက္စက္စက္ ပညာေပးခံထားရသည့္ပံုေပါက္ေန၏။
ေ႐ွာင္ယဲ့ မ်က္ေမွာင္ၾကဳတ္ကာ သူ႔အယ္လ္ဖာရဲ႕ပါးကို ဆြဲလိုက္ၿပီး, "မင္း မေန႔ညက ဘယ္အခ်ိန္အိပ္တာလဲ? ငါကေတာ့ ပင္ပန္းလြန္းလို႔ မင္းစာၾကည့္ခန္းထဲကထြက္မလာခင္ အိပ္ေပ်ာ္သြားတာ။ မင္း ဘာေတြလုပ္ေနတာလဲ?"
ဝမ္က်ိဳက ျပံဳးၿပီးျပန္ေျဖသည္, " ဟိုဟိုဒီဒီ စစ္ၾကည့္ေနတာ"
"ဘြဲ႔ရၿပီးသြားတာေတာင္မွ မင္းရဲ႕ thesis information ေတြကို စစ္ေနရေသးတယ္ေပါ့? ငါ့ကို အ႐ူးလာလုပ္မေနနဲ႔, မင္းကိုယ္တိုင္ ႐ိုး႐ိုးသားသား လာ႐ွင္းျပစမ္း"
ေ႐ွာင္ယဲ့ တမင္တကာ ဝမ္က်ိဳ႕ကို ၿဖီးျဖန္းေျခာက္လွန္႔ဖို႔ ထပ္ၿပီး ေရခဲတံုးလိုေအးစက္စက္မ်က္ႏွာထားမ်ိဳး အသြင္ေျပာင္းလိုက္သည္ႏွင့္ အနားဝိုင္းေနၿပီး သူမ်ားတကာကိစၥထဲ စပ္စပ္စုစုလုပ္ခ်င္ေနသူမ်ားခမ်ာ ျမန္ျမန္ဆန္ဆန္ တပ္ျပန္ဆုပ္သြားၾကသည္။
"ကြၽန္ေတာ့္ စာတမ္းကိစၥမဟုတ္ပါဘူး, ဒီအတုိင္း.....ဒီအတုိင္း အလုပ္နည္းနည္း႐ွိလို႔ပါ" ဟု ဝမ္က်ိဳ႕ဘက္က ျပန္ေျဖ၏, "အိုး, ဟုတ္သားပဲ, ေ႐ွာင္ယဲ့, ေႏြရာသီပိတ္ရက္ကို ကြၽန္ေတာ္တို႔ ဂ်ာမနီသြားမလား?"
"ဂ်ာမနီက မင္းရဲ႕ေမြးရပ္ေျမမဟုတ္ဘူးလား? မင္း အဲ့ေနရာကို အခုထိမၿငီးေငြ႕ေသးဘူးလား?"
"တကယ္က ကြၽန္ေတာ္ ဂ်ာမနီမွာ ေနရာမ်ားမ်ားစားစား မလည္ပတ္ၾကည့္ဖူးဘူး, ၿပီးေတာ့ ကြၽန္ေတာ္ အလယ္တန္း မွာပဲ ဒီႏိုင္ငံကိုေရာက္လာတာေလ။ ကြၽန္ေတာ္မေရာက္ဖူးတဲ့ ေနရာေတြ အမ်ားႀကီး႐ွိေသးတယ္........ကြၽန္ေတာ့္ရဲ႕ ေနာက္ဆံုးေႏြရာသီပိတ္ရက္ေလးမွာ ကြၽန္ေတာ္ခရီးထြက္ခ်င္လို႔ပါ, အုိေကလားဟင္?"
"အိပ္မက္မက္မေနနဲ႔ေတာ့။ အခုခ်က္ခ်င္းႀကီး ငါတို႔က ဘယ္လိုလုပ္ ေႏြရာသီပိတ္ရက္ခရီးထြက္လို႔ရမွာလဲ, အဲ့ခရီးက အနည္းဆံုး ၁၀ရက္ေလာက္ၾကာမွာ, ငါ့ရဲ႕ တစ္ႏွစ္တာခြင့္နဲ႔ဆို အဲ့ခရီးသြားဖို႔ အခ်ိန္မေလာက္ဘူး"
"အဲ့ဒါဆိုရင္.........ေ႐ွာင္ယဲ့ လစာမဲ့ခြင့္ယူလို႔မရဘူးလား? တယ္လို႔ သူတို႔ေ႐ွာင္ယဲ့လစာကို ျဖတ္မယ္ဆိုရင္ ကြၽန္ေတာ္ အဲ့လစာရဲ႕သံုးဆျပန္ေပးမယ္ေလ......."
အျမဲတမ္း လြယ္လြယ္အ႐ႈံးေပးၿပီး ညႇိႏိႈင္းတတ္တဲ့ ဝမ္က်ိဳ႕က ဒီေန႔မွ ထူးထူးျခားျခား အေလွ်ာ့မေပးဘဲ မရမကေတာင္းဆိုရင္း သူ႔ကို စိုးရိမ္တႀကီးစိုက္ၾကည့္လို႔ေနသည္။
".........ဘယ္သူက မင္းပိုက္ဆံလိုခ်င္ေနလို႔လဲ?"
ေ႐ွာင္ယဲ့က ကိုယ့္ကိုယ္ကိုအရမ္း respect ႐ွိတဲ့လူမ်ိဳးပင္, ဒါေပမဲ့ သူ႔အယ္လ္ဖာနဲ႔ရင္ဆုိင္ရရင္ေတာ့, သူ႔မွာ ဘာကိုယ္ပိုင္မူမွမ႐ွိေတာ့ဘူး, "မင္း တကယ္သြားခ်င္ရင္, ငါ ခြင့္ယူလိုက္မယ္။ လစာကဘာမ်ားေရးႀကီးခြင္က်ယ္ျဖစ္ေနလို႔လဲ? တစ္လစာျဖစ္ျဖစ္, ႏွစ္လစာပဲျဖစ္ျဖစ္ အျဖတ္ခံရလည္း အဆင္ေျပတယ္"
ဝမ္က်ိဳ ခပ္ျမန္ျမန္ျပန္ေျဖလိုက္သည္, "အဲ့ေလာက္မၾကာပါဘူး, တစ္ပတ္ေလာက္ပါပဲ"
"ေကာင္းၿပီေလ, ငါတို႔ ဘယ္အခ်ိန္သြားမလဲ?"
"ဂ်ဴလိုင္လလယ္ေလာက္"
"ေကာင္းၿပီ, အဲ့ဒါဆိုရင္——”
ေ႐ွာင္ယဲ့ စကားတစ္ဝက္ေလာက္အထိပဲေျပာရေသး သူ႔ႏွလံုးသားေလးက ႏိုးႂကြားလာၿပီး သူ ႐ုတ္တရက္ သေဘာေပါက္သြားသည္။
ဂ်ဴလိုင္လလယ္, အဲ့အခ်ိန္က ဝမ္က်ိဳ႕ေမြးေန႔မဟုတ္ဘူးလား? ဒီေခြး႐ူးေလးကေတာ့ အထူးစပယ္႐ွယ္အေနနဲ႔ ဘြဲ႕ယူၿပီးအလြန္ ေမြးေန႔အတြက္ သူနဲ႔အတူ သူ႔ေမြးရပ္ေျမကို ျပန္သြားခ်င္ေနတာလား? ဒါေပမဲ့ အဲ့လိုေျပာဖို႔က်ေတာ့ ဝမ္က်ိဳ ႐ွက္ေနတာပဲေနမွာ, အဲ့ဒါေၾကာင့္ အခုတေလာ ညတိုင္းလိုလို စာၾကည့္ခန္းထဲမွာပဲေနၿပီး thesis စစ္ေဆးျခင္းဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ခိုးေၾကာင္ခိုးဝွက္နဲ႔ အစီအစဥ္ေတြဆြဲေနတာေပါ့။ ၿပီးေတာ့ သူ႔ကိုကိုး႐ိုးကားယားဖိတ္ၾကားဖို႔ အလုပ္ေတြႀကိဳးစားေနခဲ့တာပဲ..........
သူကေလ တကယ့္ကို...........အရမ္းအူေၾကာင္ေၾကာင္ထံုထံုအအနဲ႔ ခ်စ္ဖို႔ေကာင္းေနတုန္းပဲ။
ေ႐ွာင္ယဲ့ သူသိေနတာကိုမေျပာျပဘဲ, စိတ္ကိုတည္ၿငိမ္ေအာင္လုပ္ကာ ဣေႃႏၵအျပည့္ျဖင့္ စကားဆက္ေျပာလိုက္တယ္, "အဲ့ဒါဆိုရင္ ဒီကိစၥက ၿပီးၿပီေနာ္။ ငါမနက္ျဖန္ ခြင့္တင္လိုက္မယ္။ မင္းေရာ မင္း internship ဆင္းေနတဲ့ company နဲ႔ ျပႆနာ ဘာညာ႐ွိလား?"
တကယ္က ဒီေမးခြန္းကိုေမးဖို႔မလိုေပ။ မႏွစ္က ဝမ္က်ိဳတို႔မိသားစုက ျပည္တြင္းကုမၸဏီခြဲတစ္ခုကို အနာဂတ္မွာ ဝမ္က်ိဳစီမံခန္႔ခြဲဖို႔ရည္ရြယ္ၿပီး ဖြင့္လွစ္ခဲ့တယ္။ ဝမ္က်ိဳက အခုလက္႐ွိ အလုပ္သင္ျဖစ္ေနေသးေပမဲ့လည္း ကုမၸဏီမွာ႐ွိတဲ့ လူတိုင္းက သူ႔ရဲ႕ေနာက္ေၾကာင္းအေထာက္အထားကို သတိျပဳမိတဲ့အတြက္ ဝမ္က်ိဳဆိုရင္ သြားလိုရာသြား လာလိုရာလာပင္။
ေမွ်ာ္လင့္ထားသလို, ဝမ္က်ိဳက ေခါင္းညိွတ္ျပတာ,
"ဘာျပႆနာမွမ႐ွိပါဘူး!" ဟု ဆိုလာသည္။
အဲ့လိုနဲ႔ပဲ, ခရီးသြားဖို႔ ျဖစ္သြားတယ္။
ေနာက္လ,တစ္လလံုးနီးပါးကို ေ႐ွာင္ယဲ့မွာ အေတြးတစ္ခုတည္းျဖင့္သာ စိတ္ဖိစည္းလို႔ေနသည္: ႐ွာလို႔မေတြ႕ေအာင္ ခရီးေဆာင္အိတ္ထဲမွာဝွက္ထားလို႔ရၿပီး သူ႔ေခြး႐ူးေလးကို ေပ်ာ္လြန္းလို႔ေဟာင္ပါေဟာင္ေအာင္လုပ္ႏိုင္မဲ့ ဘယ္လိုလက္ေဆာင္မ်ိဳး သူေပးရမလဲဆိုသည့္အေတြးပင္။
ႏွစ္တိုင္းလိုလို ဝမ္က်ဳိက သူ႔အတြက္ဆိုၿပီး,သူေမြးေန႔အျပင္ အားလပ္ရပ္တိုင္းအတြက္ လက္ေဆာင္ႀကီးႀကီး, ေသးေသး ျပင္ဆင္ေပးခဲ့တယ္။ အဲ့လက္ေဆာင္ေတြထဲက အမ်ားစုက အရမ္းႀကီး creative မျဖစ္ဘူးဆိုေပမဲ့လည္း သူက အဲ့ဒါေတြအကုန္လံုးကို စိတ္ႏွလံုးႏွစ္ၿပီး လုပ္ခဲ့တာ။ အဲ့ဒါေၾကာင့္မို႔ ေ႐ွာင္ယဲ့လည္း ျပန္ၿပီးလုပ္ေပးခ်င္တယ္။
ဒါေပမဲ့ ခရီးေဆာင္အိတ္တစ္ခုတည္းကတင္ အေတာ္ႀကီးေနၿပီ။ နည္းနည္းေလာက္ႀကီးတဲ့လက္ေဆာင္ဆိုရင္ တစ္ခ်က္ေလာက္ၾကည့္ရံုနဲ႔ ျမင္သြားမွာပဲ။ အဲ့ေတာ့ လက္ေဆာင္အႀကီးႀကီးအစား ေကာင္းမြန္ၿပီးေသးတဲ့လက္ေဆာင္မ်ိဳးကို ေ႐ွာင္ယဲ့ စဥ္းစားလို႔ကိုမရေတာ့ဘူး။ လက္စြပ္ဆိုရင္ သူ အရင္ကေပးၿပီးသြားၿပီေလ, ၿပီးေတာ့ ဝမ္က်ဳိက ရက္နည္းနည္းေလာက္ၾကာရင္ လက္စြပ္ကို အေရာင္တင္ဖို႔ဆိုၿပီး ခြၽတ္ေပမဲ့ အဲ့လက္စြပ္ကို သူ႔လက္မွာဝတ္ထားတုန္းပဲ, နာရီကလည္း အလုပ္မျဖစ္ဘူး။ ဘာလို႔လဲဆိုေတာ့ ဝမ္က်ိဳ႕မိဘေတြက ဝမ္က်ိဳ႕ကို မႏွစ္က နာရီတစ္ခု လက္ေဆာင္ေပးၿပီးၿပီ, ပိုက္ဆံ၂သန္းေက်ာ္က်တဲ့ limited editionႀကီး, သူအေနနဲ႔ အဲ့နာရီနဲ႔ မယွဥ္ၿပိဳင္ႏိုင္ဘူး။
အဲ့ဒါေတြထက္တစ္ျခားဟာေတြဆို, ေ႐ွာင္ယဲ့ ဘာကိုမွ စဥ္းစားလို႔မရဘူး။ သူကေလးဘဝတည္းက ေ႐ွာင္ယဲ့ သူ႔အေဖကိုေတာင္ တစ္ခါမွလက္ေဆာင္ မေပးဖူးဘူး။ အဲ့ဒါေၾကာင့္ ဝမ္က်ိဳနဲ႔ ၃,၄ႏွစ္ေက်ာ္ကာလအတြက္ လက္ေဆာင္နဲ႔ပတ္သက္ၿပီး ေခါင္းေျခာက္ေအာင္စဥ္းစားၿပီးတဲ့ေနာက္, တကယ္ပဲ သူ႔ထင္ျမင္ခ်က္ေတြ အကုန္ကုန္ခန္းသြားသည္။
ကံေကာင္းစြာနဲ႔, သူ႔မွာ အျပင္ အေထာက္အပံ့ေလး႐ွိေနေသးတယ္။
"ေမြးေန႔လက္ေဆာင္လား? မင္း အဲ့လိုကိစၥမ်ိဳးကို ေတြးေနရေသးတာလား? မက္းေကာင္ေလးက မင္းဆီကေလေလးရရံုနဲ႔ တစ္ေန႔လံုးေပ်ာ္ေနမွာေလ, ဟုတ္တယ္မလား?"
တစ္ျခားဖုန္းလိုင္းတစ္ဖက္မွာ႐ွိေနသည့္ လ်ိဳ႕ဟန္က ပ်က္ရယ္ျပဳေတာ့သည္။
ေ႐ွာင္ယဲ့ အဲ့ဒါကို ျပန္မေခ်ပႏိုင္ဘဲ, "တစ္ရက္တည္းနဲ႔မလံုေလာက္ဘူးေလ, သူ႔ကိုတစ္ႏွစ္လံုးေပ်ာ္ေအာင္ လုပ္ေပးမဲ့ လက္ေဆာင္မ်ိဳးမ႐ွိဘူးလား?"
"အာ, အဲ့ဒါလြယ္ပါတယ္, မင္းကိုယ္မင္း လက္ေဆာင္အျဖစ္ေပးလိုက္ေလ, အဲ့ဒါဆိုရင္ သူ တစ္ဘဝစာလံုးေပ်ာ္သြားလိမ့္မယ္"
"အတည္ေျဖဟ" , ေ႐ွာင္ယဲ့ ျပန္ေျပာလိုက္ၿပီး, "ေ႐ွာင္ေ႐ွာင္မင္းကိုေပးတဲ့ မင္းအႀကိဳက္ဆံုးလက္ေတာင္က ဘာလဲ?"
လ်ိဳ႕ဟန္ ခဏတာမွ် ရယ္လိုက္ၿပီးမွ, " ငါ့အႀကိဳက္ဆံုး,ဟမ္? ငါမင္းကို လံုးဝမေျပာျပႏိုင္ဘူး, ေ႐ွာင္ေ႐ွာင္ အရမ္း႐ွက္သြားလိမ့္မယ္။ ဒါေပမဲ့ ငါအရမ္းႀကီးမဆိုးဘူးလို႔ ေတြးမိတဲ့ လက္ေဆာင္မ်ိဳး သူ တစ္ခါေပးဖူးတယ္"
"ဘာလက္ေဆာင္လဲ?"
"အဲ့လက္ေဆာင္က တစ္ရက္လံုးစာသခင္လိုအခြင့္အေရးရမယ္ဆိုတဲ့ လက္ေဆာင္မ်ိဳးကြာ။ အဲ့ေန႔မွာ, သူက ငါေျပာတာမွန္သမွ် လိုက္နာရမယ္။ ငါတို႔လိုမ်ိဳး မိန္းမေၾကာက္ရတဲ့ အယ္လ္ဖာေတြအတြက္ေတာ့, အဲ့ဒါကကြာ တိုတိုေျပာရရင္ အိပ္မက္ေတြတကယ္ျဖစ္လာတာမ်ိဳးကြ! စိတ္တိုစရာေကာင္းေလာက္ေအာင္ မင္းဆီကထိန္းခ်ဳပ္ခံရတဲ့ ဝမ္က်ိဳ႕အတြက္, အဲ့ဒါက ငါထင္တာကေတာ့ သူ က်ိန္းေသကို ႀကိဳက္ေလာက္မဲ့ လက္ေဆာက္မ်ိဳးပဲ"
"လဲေသလိုက္, ငါက သူ႔ကိုဘယ္ေနရာမွာ ဖိႏွိပ္ထိန္းခ်ဳပ္ထားလို႔လဲ" , ဒါေပမဲ့ အံ့ၾသစရာေကာင္းသည္က, ေ႐ွာင္ယဲ့ ဒီအၾကံျပဳခ်က္ကို အရမ္းစိတ္ဝင္စားေနမိသည္။
"ငါ အဲ့ဒါကို စဥ္းစားလိုက္ဦးမယ္"
"ကံေကာင္းပါေစ, မင္းတို႔ႏွစ္ေယာက္မွာ သာယာတဲ့ခရီးေလး႐ွိပါေစလို႔ ငါဆုေတာင္းေပးလိုက္ပါတယ္,ကျမင္းေၾကာထၿပီး ေပ်ာ္ႏိုင္ပါေစ!"
အမွတ္မထင္ တံု႔ျပန္လုိက္စကားေျပာခံလိုက္ရတဲ့ ေ႐ွာင္ယဲ့ ႐ုတ္တရက္ မယံုသကၤာျဖစ္သြားၿပီး, "ငါတို႔ႏွစ္ေယာက္ ခရီးသြားမွာကို မင္းက ဘယ္လိုလုပ္သိေနတာလဲ?"
"အာ......အမ္း, ဝမ္က်ိဳ ငါ့ကိုအရင္က ေျပာဖူးတာ!"
ေ႐ွာင္ယဲ့ အဲ့အေၾကာင္းနဲ႔ပတ္သတ္ၿပီး အမ်ားႀကီးေတြးမေနေတာ့ဘဲ, "ေကာင္းၿပီ,ကိစၥမ႐ွိပါဘူး, မင္းနဲ႔ ေနာက္မွပဲ စကားေျပာေတာ့မယ္"
ေ႐ွာင္ယဲ့ ဂြတ္ဘိုင္လို႔ေျပာကာ ဖုန္းခ်လိုက္သည္, ေနာက္ဆံုးေတာ့ စိတ္ထဲမွာ အၾကံတစ္ခုအေကာင္အထည္ေပၚလာသည္။
တစ္ရက္လံုးစာသခင္လိုအခြင့္အေရးတဲ့လား..........ေတာ္ေတာ္ေလး ေကာင္းမဲ့ပံုပဲ, သဘာဝက်ၿပီးသင့္ေတာ္တဲ့အျပင္ ေပ်ာ္ဖို႔လည္းေကာင္းတယ္, ဒါ့အျပင္ ဘာမွယူသြားစရာမလိုဘူး။ ဒါေပမဲ့လည္း, ဒါက ဆန္းသစ္တဲ့အၾကံမဟုတ္ေတာ့ ငါ နည္းနည္းေတာ့ ျပဳျပင္ေျပာင္းလဲရဦးမယ္။
သူတို႔ေတြ ခရီးစတင္ထြက္ခြာသည့္ေန႔တြင္ အရာအားလံုးသည္ အစီအစဥ္ တက်ပင္။ ေ႐ွာင္ယဲ့ မိုးေသာက္ခ်ိန္အထိ ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္သြားၿပီး ေနေရာင္ျခည္ေႏြးေႏြးက သူ႔မ်က္ခြံကို႐ိုက္ခတ္လာသည့္အခ်ိန္အထိ ထခ်င္စိတ္မ႐ွိေပ။ ျပန္အိပ္ဖို႔အေၾကာင္းစဥ္းစားရင္း သူ ကုိယ္ကို လွိမ့္လုိက္ေပမဲ့ သူ႔လက္ေမာင္းေဘးနားမွာ ဘယ္သူမွမ႐ွိဘူး။ ေ႐ွာင္ယဲ့ စိတ္႐ႈပ္ေထြးသြားၿပီး မ်က္ခြံကိုနည္းနည္းေလာက္ပင့္ၾကည့္လိုက္မွ, အိပ္ရာေပၚမွာထိုင္ေနတဲ့ ဝမ္က်ဳိကို ေ႐ွာင္ယဲ့ ေတြ႕လိုက္ရသည္, ဝမ္က်ိဳက တိုးတိုးတိတ္တိတ္သာ ခႏၶာကိုယ္ကို လႈပ္႐ွားေနသည့္အတြက္ သူ႔အက်ႌဆီကေန တ႐ွပ္႐ွပ္ျမည္သံနည္းနည္းပါးပါး ထြက္ေန၏။
ဝမ္က်ိဳ႐ွပ္အက်ႌအနားစေလးကို ေ႐ွာင္ယဲ့ လက္ေခ်ာင္းေတြနဲ႔ ဆုပ္ကိုင္ကာ ျဖည္းျဖည္းေလးဆြဲလိုက္သည္။ ဝမ္က်ိဳက ခ်က္ခ်င္း လွည့္ၾကည့္ကာ အုပ္မိုးလိုက္ၿပီး ညင္ညင္သာသာစကားဆို၏, "ကြၽန္ေတာ္ ေ႐ွာင္ယဲ့ႏိုးေအာင္ လုပ္မိသြားတာလား? ကြၽန္ေတာ္ မနက္စာျပင္မလို႔။ ေ႐ွာင္ယဲ့ျပန္အိပ္လို႔ရတယ္"
စိတ္ဆိုးသြားသည့္ေ႐ွာင္ယဲ့သည္ အိပ္ရာကေနထရပ္ကာ မ်က္ေမွာင္ၾကဳတ္ၿပီး ေခါင္းရမ္းခါျပလိုက္သည္။ ဒီလိုမနက္ေစာေစာမွာေတာင္ ေ႐ွာင္ယဲ့အသံက ပ်င္းရိပ်င္းတြဲႏိုင္ကာ အက္ကြဲေနသည္, "မင္း ဘာလို႔ မနက္အေစာႀကီးထတာလဲ.........ငါနဲ႔အတူလာလွဲ...."
ဝမ္က်ိဳ ျပန္မေျဖႏိုင္ခင္မွာပဲ, ေ႐ွာင္ယဲ့လက္ေတြက လွစ္ခနဲထြက္လာကာ သူ႔လည္ပင္းကို ရစ္ပတ္ၿပီး အားအကုန္သံုးကာ သူ႔ကုိအိပ္ရာေပၚ ဆြဲခ်သြားသည္။ ခိုအာလာတစ္ေကာင္ သစ္ပင္ကိုဖက္တြယ္ထားသလိုမ်ိဳး သူ႔အိုမီဂါဆီက ေပြ႕ဖက္ခံလိုက္ရတာေၾကာင့္ ဝမ္က်ိဳ႕ႏွလံုးသားေလးခမ်ာ ေႏြးေထြးလို႔သြားသည္။
ဝမ္က်ိဳ တခစ္ခစ္ရယ္ေမာလိုက္ၿပီး ထိုလူသားကို တင္းတင္းၾကပ္ၾကပ္ ျပန္ဖက္တြယ္ကာ ေခါင္းကိုငံု႔၍ သူ႔နားေလးအေပၚ ညင္သာေသာအနမ္းမ်ား ျဖန္႔က်ဲလိုက္သည္,
"ဟုတ္ပါၿပီ, ကြၽန္ေတာ္ ေ႐ွာင္ယဲ့ကိုအေဖာ္ျပဳေပးပါ့မယ္, အဲ့ဒါဆို ေ႐ွာင္ယဲ့ နည္းနည္းပုိၿပီး အိပ္လို႔ရၿပီ"
ဒါေပမဲ့ ေ႐ွာင္ယဲ့အိပ္စက္ျခင္းက ေႏွာင့္ယွက္ခံလိုက္ရၿပီေလ။ အိပ္သြားမဲ့အစား, သူ႔နားထဲကိုပဲ့တင္႐ိုက္ဝင္ေရာက္လာသည့္ ထိုအသံၾသၾသေၾကာင့္ ဂနာမၿငိမ္သည့္အေတြးေတြက အုတ္ေအာ္ေသာင္းနင္းျဖစ္လာသည္။
အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖင့္ ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕ရဲ႕အဖုအေဖာင္းကို ပြတ္သပ္ဖို႔ လက္ဆန္႔ထုတ္လိုက္ေပမဲ့ ဝမ္က်ိဳက ေဘာင္းဘီဝတ္ၿပီးသားျဖစ္ေနသည့္အတြက္ တကယ့္အထိအေတြ႕ကိုမခံစားလုိက္ရေပ။
"မင္းေဘာင္းဘီကို ခြၽတ္လိုက္....."
စိတ္အေႏွာင့္အယွက္ျဖစ္ကာ ေ႐ွာင္ယဲ့ မ်က္လံုးမွိတ္ေနလိုက္သည္။
အခ်ိန္အၾကာႀကီးအတူေနၿပီးခ်ိန္မွာေတာ့ ဝမ္က်ိဳ ေ႐ွာင္ယဲ့ဘာကိုေျပာခ်င္ေနလဲဆိုတာ ခ်က္ခ်င္း သေဘာေပါက္သြားသည္။ အရင္သူတို႔ေက်ာင္းေဆာင္မွာေနခဲ့တုန္းက သူတို႔ႏွစ္ေယာက္ၾကားမွာ သို႔ေလာသို႔ေလာအျဖစ္ေလးေတြနည္းနည္း႐ွိခဲ့ဖူးတယ္, ဒါေပမဲ့ေ႐ွာင္ယဲ့ ဘြဲ႕ရသြားတာနဲ႔ သူတို႔အျပင္မွာ ေျပာင္းေနလိုက္တယ္, ဒီလိုညစ္တီးညစ္ပတ္အျပဳအမူေလးေတြရဲ႕ႀကိမ္ေရႏႈန္းကလည္း သိသာထင္႐ွားစြာ ျမင့္တက္လို႔သြားခဲ့သည္။
အခုေတာင္မွ, ဝမ္က်ိဳအေနနဲ႔ ဆင္ျခင္ေနတာလို႔ ယူဆလို႔ရတယ္။ ႏွစ္လိုဖြယ္အသံျဖင့္ ဝမ္က်ိဳ ေခ်ာ့ျမဴလိုက္သည္, "ဒီေန႔ ဆယ္နာရီေက်ာ္ၾကာေအာင္ ေ႐ွာင္ယဲ့ ေလယာဥ္ေပၚမွာ ထိုင္ရမွာေလ။ ကြၽန္ေတာ္တို႔လုပ္မယ္ဆိုရင္ ေ႐ွာင္ယဲ့ အဆင္မေျပျဖစ္လိမ့္မယ္"
ေ႐ွာင္ယဲ့ကေတာ့ လံုးဝကိုဂ႐ုမစိုက္ေခ်။ ဒီလိုမနက္ေစာေစာမွာ, စိတ္ဆႏၵဆိုတာ ခပ္ျမန္ျမန္ ျမင့္တက္လာတာပဲေလ, ၿပီးေတာ့ ေ႐ွာင္ယဲ့ စိတ္မ႐ွည္ျဖစ္လာၿပီ။ ေ႐ွာင္ယဲ႕ သူ႔အယ္လ္ဖာရဲ႕ ရင္ဘက္မွာေခါင္းအပ္လိုက္ၿပီး ဗလံုးဗေထြးေရရြတ္လိုက္သည္, "ငါတို႔ အခုခ်က္ခ်င္း မလုပ္ဘူးဆိုရင္ ငါပိုၿပီးေတာ့ေတာင္ အဆင္မေျပျဖစ္ေနမွာ"
ဝမ္က်ိဳ လည္ေခ်ာင္းကို အလုပ္ေပးလိုက္သည္။ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ဖို႔ ခက္ခက္ခဲခဲႀကိဳးစားေနရင္း, ဝမ္က်ိဳ စကားျပန္လိုက္သည္, " အဲ့ဒါဆိုရင္လည္း ကြၽန္ေတာ့္လက္ပဲ သံုးမယ္ေနာ္....."
ေ႐ွာင္ယဲ့ 'ဟြန္း' ဟု အသံျပဳလိုက္ေပမဲ့ ျငင္းဆန္ျခင္းမ႐ွေပ။ ေ႐ွာင္ယဲ့ သူ႔ေျခေထာက္ေတြကို ဝမ္က်ိဳ႕ခါးမွာ ခ်ိတ္တြယ္လိုက္သည္, သူ႔အသက္႐ွဴသံေတြက သူျပန္ၿပီး အိပ္ေမာက်သြားသလို တည္ၿငိမ္ကာ ျပင္းေန၏။ ဒါေပမဲ့ လက္ေခ်ာင္းသြယ္သြယ္ေတြက သူ႔အတြင္းေပါက္ေလးထဲ ဝင္ေရာက္လာခ်ိန္မွာ, သူ ခ်က္ခ်င္းဆိုသလို သူ႔ေနာက္ေက်ာကို ေကာ့လိုက္ၿပီး တအင့္အင့္႐ႈိက္ကာ ခပ္တုိးတိုးညည္းလိုက္သည္။
"အဲ့ဒါက ဘာလို႔........" , 'စိုရႊဲေနတာလဲ' လို႔ ဝမ္က်ိဳ ေမးလိုက္ခ်င္ေပမဲ့ အဲ့ဒါကို တကယ္တမ္းထုတ္ေျပာဖို႔ရာ အရမ္း႐ွက္ဖို႔ေကာင္းသည္။ သူ႔မ်က္ႏွာက နီျမန္းေနၿပီး ဝမ္က်ိဳ ႏႈတ္ခမ္းသာဆူကာ သူ႔လက္ေခ်ာင္းေတြကို အ႐ွိန္ျမင့္လိုက္သည္။
ေ႐ွာင္ယဲ့ သူ႔ရဲ႕ေငြ႕ရည္ဖြဲ႕မ်က္လံုးေတြကို နည္းနည္းဖြင့္ၾကည့္လိုက္သည္, သူ႔မ်က္လံုးအမူအယာေတြက ႐ႈပ္ေထြးေနၿပီး, ရမၼက္ေသြးႂကြေနသည္။ သူ႔အသက္႐ွဴသံက ျမန္သြားကာ, " အခုေလးတင္..........အင္းးး.......ငါမင္းကို အိပ္မက္မက္တယ္"
အဆံုးသတ္မွာ, တကယ္ေတာ့, ဝမ္က်ိဳ သူ႔ကိုယ္သူ မခ်ဳပ္ထိန္းႏိုင္ခဲ့ဘူး။
ေလယာဥ္ေပၚကဆင္းၿပီး သူတို႔ဟိုတယ္ေရာက္တဲ့အခ်ိန္ထိ ေ႐ွာင္ယဲ့ကေတာ့ ျပင္းျပင္းထန္ထန္သတိေပးဆံုးမရင္း သူ႔ခါးနဲ႔ေက်ာကို ေထာက္ကာကုိင္ထားရသည္။
"မင္း လူေရာဟုတ္ရဲ႕လား? ဟမ္? ႏိုးေတာင္မႏိုးေသးတဲ့လူကို ဒီလိုမေကာင္းတဲ့ကိစၥမ်ိဳး လုပ္ရလား, ငါ့မွာေလ မင္းဆီက ၾကမ္းၾကမ္းတမ္းတမ္း ဖင္ခ်ခံလိုက္ရၿပီး ငါနတ္ျပည္တက္သြားၿပီလို႔ ထင္ေနတာ"
အလြန္အမင္း စမ္းတဝါးဝါးျဖစ္သြားရသည့္ဝမ္က်ိဳဘက္က ျမန္ေမး႐ွာသည္, " အဲ့-အဲ့ဒါက အရမ္းခံစားလို႔ေကာင္းတယ္လို႔ ဆိုလိုတာလား.........?"
"ငါေသေတာ့မလိုခံစားရတယ္လို႔ ေျပာတာကြ!"
(T/n ကုိယ္ကေတာ့ နတ္ျပည္တက္စကားေျပာကတည္းက သူဂိေတာ့မယ္လိုထင္တယ္လို႔ေျပာမွန္းသိတယ္ အဟိ)
ေ႐ွာင္ယဲ့ စြံ႕အသြားတယ္။ သူ႔ေဒါသကိုပံုခ်သည့္အေနနဲ႔ ေ႐ွာင္ယဲ့ သူ႔ေခြး႐ူးေလးရဲ႕အေမြးစုတ္ဖြားေခါင္းကိုသာ ခပ္ျပင္းျပင္းေလး ပြတ္သပ္လုိက္သည္။
သူေလယာဥ္စီးေနတဲ့တစ္ေလွ်ာက္လံုး လံုးဝေကာင္းေကာင္းမြန္မြန္မအိပ္ခဲ့ရဘူး။ သူ ဟိုတယ္ခန္းထဲမွာ ခရီးေဆာင္အိတ္ကိုပစ္ခ်ၿပီး တစ္ေရးတစ္ေမာအိပ္ဖို႔ အိပ္ရာေပၚ ပစ္ခုန္ကာ အစားထိုးအိပ္ေတာ့မည့္အခ်ိန္မွာပဲ သူ႔မ်က္စိေ႐ွ႕က ျမင္ကြင္းေၾကာင့္ ေ႐ွာင္ယဲ့ အံ့ၾသသြားသည္။
"ဘာလို႔ ဒီမွာပန္းေတြအမ်ားႀကီး႐ွိေနတာလဲ?"
ဟိုတယ္ခန္းရဲ႕ ဧည့္ခန္းနဲ႔အိပ္ခန္းကို ပန္းေရာင္ေဖ်ာ့ေဖ်ာ့ႏွင္းဆီပန္းမ်ားစုိက္ထိုးထားသည့္ အႏုစိတ္ကာေ႐ွးက်သည့္ ပန္းအိုး သံုး,ေလးလံုးျဖင့္ အလွဆင္ထားသည္, အရမ္းကိုမွ စိုျပည္ၿပီးလတ္လတ္ဆတ္ဆတ္ျဖစ္ေနသည့္အတြက္ ႏွင္းစက္ေလးမ်ားေတာင္ ပန္းပြင့္ဖတ္ေပၚတြင္ တင္က်န္ရစ္ေနသည္။ misty rose : လို႔ေရးထားသည့္ အိပ္ရာေဘးနားက ကတ္တစ္ခုႏွင့္အတူ, ႀကီးမားသည့္အိပ္ရာေပၚ ျဖတ္ၿပီး ျဖန္႔က်ဲထားသည့္ ပန္းေတြေတာင္႐ွိသည္။
ေ႐ွာင္ယဲ့ ကတ္ကိုၾကည့္လိုက္ေပမဲ့ သူအေနနဲ႔ vocabulary နဲ႔ပတ္သက္ရင္ မ်ားမ်ားစားစားမသိတာေၾကာင့္ သူ႔မွာ ေရြးခ်ယ္စရာမ႐ွိေတာ့ဘဲ ဝမ္က်ိဳ႕ဘက္ကို အကူအညီေတာင္းခံဖို႔လွည့္လိုက္ရသည္,
"ဒီပထမဆံုးတစ္လံုးက ဘာအဓိပၸါယ္လဲ?"
"အဲ့ဒါရဲ႕ အဓိပၸါယ္က ျမဴဆိုင္းကာမႈန္ဝါးေနေသာတဲ့ ။ ဘာလို႔လဲဆိုေတာ့ အေရာင္ကအရမ္းအရမ္းေဖ်ာ့လို႔ေလ, အဲ့ဒါကို misty rose လို႔ေခၚတာ" ဟု ဝမ္က်ိဳက႐ွင္းျပသည္, "ကြၽန္ေတာ္ ဟုိတယ္ကို booking လွမ္းလုပ္လိုက္တုန္းက ကြၽန္ေတာ္တို႔က အတြဲဆိုတာ ကြၽန္ေတာ္ေရးလိုက္တယ္, အဲ့ဒါေၾကာင့္ ဒါကို ဟိုတယ္က စီစဥ္ေပးထားတာေနမွာ"
ေ႐ွာင္ယဲ့လည္း ေခါင္းညႇိတ္ကာ, "ဂ်ာမန္ေတြက အရမ္း႐ိုမန္တစ္ဆန္လိမ့္မယ္လို႔ ငါမထင္ထားမိခဲ့ဘူး။ ဒါေပမဲ့ ဒီအေရာင္က အရမ္းမိန္းကေလးဆန္တယ္,ငါ အဲ့ဒါကိုမၾကည့္ႏိုင္ေတာ့ဘူး။ ဒီပန္းအိုးေတြကို အျပင္ဘက္ကိုေရြ႕ရေအာင္, အဲ့ဒါဆို ငါနည္းနည္ေလာက္ အိပ္လို႔ရၿပီ"
“……” တစ္ခ်ိဳ႕အေၾကာင္းျပခ်က္ေတြေၾကာင့္ စကၠန္႔အနည္းငယ္မွ်ၾကာေအာင္ ဝမ္က်ိဳ တိတ္ဆိတ္သြားသည္, ၿပီးေတာ့မွ သူ ေလးေလးပင္ပင္ျဖင့္ ေခါင္းညႇိတ္ျပကာ,
"ေကာင္းပါၿပီ........"
ေ႐ွာင္ယဲ့ရဲ႕ခါးက တကယ့္ကို အေတာ္ကေလးကိုက္ခဲေနတာေၾကာင့္ သူက အေနာက္ကေနလိုက္ကာ ဝမ္က်ိဳ႕ကို ေမးျမန္းမေနေတာ့ေပ, သူ႔ေခါင္းက ေခါင္းအံုးကိုထိသြားသည္ႏွင့္ သူအိပ္ေပ်ာ္သြားခဲ့သည္။ သူ႔ရဲ႕တေရးတေမာအိပ္စက္ျခင္းက ေန႔လည္အထိၾကာျမင္သြားေလရဲ႕။ သူႏိုးၿပီးတဲ့ေနာက္, အနီးမွာ႐ွိတဲ့ လာေရာက္လည္ပတ္သည့္ခရီးသည္ေတြသြားေရာက္သည့္ေနရာကို ဝမ္က်ိဳႏွင့္အတူ ေလွ်ာက္ပတ္သြားက ဓာတ္ပံုလည္းအမ်ားႀကီး႐ိုက္ခဲ့ၾကသည္။ အစားအစာနဲ႔ေသာက္စရာအခ်ိဳ႕ဝယ္ဖို႔ သူတို႔ေတြနယ္ခံ စူပါမားကတ္လည္း သြားခဲ့ၾကေသးတယ္။ ေဘလ္ေပးေခ်တဲ့အခ်ိန္မွာ ဝမ္က်ိဳက သူ႔ဖုန္းကိုသံုးကာေပးခ်လိုက္တယ္, ေ႐ွာင္ယဲ့ အမႈမဲ့အမွတ္မဲ့ ဝမ္က်ိဳ႕ lock code ကို ရိပ္ခနဲျမင္လိုက္ရတယ္။ အဲ့ဒါက ေ႐ွာင္ယဲ့အရင္ကသတိထားလိုက္မိတဲ့ code ဆိုတာ ေတာ္ေတာ္ေသခ်ာသည္။ lock code က သူ႔ရဲ႕ေမြးေန႔မဟုတ္ေတာ့ဘူး, ဒါေပမဲ့ အဲ့ဒါက “7922″.
ေ႐ွာင္ယဲ့ အဲ့ဒါကို ထပ္ခါတလဲလဲ ျပင္းျပင္းထန္ထန္စဥ္းစားေနတာေၾကာင့္ သူ႔ေခါင္းေတာင္ ကြဲထြက္ေတာ့မတတ္ပင္။ ဒါေပမဲ့ သူ အဲ့နံပါတ္ေတြရဲ႕ အခ်ိတ္အဆက္အဓိပၸါယ္ကို မေဖာ္ထုတ္ႏိုင္ဘူးျဖစ္ေနတယ္။
ျဖစ္ႏိုင္တာကေတာ့ ဝမ္က်ိဳ နံပါတ္ေတြကို ဒီအတိုင္း ၾကံဳရာက်ပန္း ေျပာင္းလိုက္တာပဲေနမယ္။
T/n
စာလံုးေရး ၈ေထာင္၉ရာနဲ႔၁၃လံုးပါ, အူးဝါးအမ်ားႀကီးေနာ္ ေတာ္ေတာ္ေလး ဘာသာျပန္လိုက္ရတယ္။ latte က စာ႐ိုက္ရင္ လက္ႏွစ္ဖက္သံုးတာပါ။ အေရးထဲ တစ္ဖက္ လက္အေၾကာနာေနလို႔ နားလိုက္ရပါတယ္။
Unicode
အပိုချပ် အခန်း(၁) - အပိုင်း(၁)
ရှောင်ယဲ့ အခုတလော သူ့အယ်လ်ဖာက နည်းနည်းထူးထူးဆန်းဆန်းပြုမူနေတယ်လို့ ထင်နေမိတယ်။
ပုံမှန်ဆို သူ အိမ်ပြန်ရောက်တာနဲ့, ထမင်းဟင်းချက်တဲ့အချိန်(ဒါမှမဟုတ်) အိမ်သန့်ရှင်းရေး လုပ်တဲ့အချိန်ကလွဲလို့, ရှောင်ယဲ့ဘယ်သွားသွား, ဝမ်ကျိုက သူ့အနားမှာကပ်နေတာပဲ။ ဒါပေမဲ့ အခုတလော, စာကြည့်ခန်းထဲက သူ့ကွန်ပြူတာရှေ့မှာ ထိုင်နေတော့တာပဲ။ သူ ဘာတွေကြည့်နေတာလဲလို့ ရှောင်ယဲ့ မေးတဲ့အချိန်ဆို ဝမ်ကျိုက သူ့ graduation thesis ကို စစ်နေတာပါလို့ပဲ မပွင့်တပွင့်ဖြင့်သာ ပြန်ပြောသည်။ ဒါပေမဲ့ သူ ဘွဲ့ယူရမှာ တစ်လပဲလိုတော့တာလေ, အဲ့ဒါကြောင့် သူ့ thesis ရဲ့ နောက်ဆုံးစာမူကြမ်းက အခြေခံအားဖြင့် အသင့်ဖြစ်နေ,သင့်ပြီ။ တစ်ညလုံးကြာအောင် ဘယ်အပိုင်းကိုများ သူ့မှာစစ်ဆေးနေရတာလဲ?
ပြီးတော့လည်း, ဝမ်ကျိုက ရှောင်ယဲ့ကို သူ့ဖုန်းကိုတောင်အထိမခံဘူး, သူရေချိုးတဲ့အချိန်မှာတောင် ဖုန်းကို အထဲယူသွားတယ်။ ဖုန်း lock screen password ကိုပါ ပြောင်းထားတယ်, ရှောင်ယဲ့ရဲ့မွေးနေ့မဟုတ်တော့ဘူး။
ထူးဆန်းတယ်, အရမ်း ထူးဆန်းနေတယ်။
သူတို့တွေတွဲနေတာ ၃နှစ်ကနေ ၄နှစ်အထိ ရှိပြီလို့ ပြောလို့ရနေပြီ, သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးက တည်ငြိမ်နေပြီလေ, အဲ့ထက်လည်း ပိုပြီးမခိုင်ခံ့မတည်ငြိမ်နိုင်တော့ဘူး, အဲ့ဒါကြောင့်ပဲ အပြောင်းအလဲပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူ့ရဲ့အယ်လ်ဖာ ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာကို ရှောင်ယဲ့ကတော့ ကျိန်းသေယုံကြည်တယ်။ ဒါပေမဲ့ ဝမ်ကျို သူ့ကိုမသိစေချင်ဘဲ တစ်ခုခုဖုံးကွယ်ထားတာကတော့ သိသာနေသည်။ အဲ့ဒါကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ, တကယ်ပဲ သူ ဝမ်ကျို့ကို ခိုးကြောင်ခိုးဝှက်နဲ့ စောင့်ကြည့်နေစဉ်အတွင်းမှာ ဘာမှဖြစ်မလာဘူးလို့သာ ဟန်ဆောင်ရင်း မျက်ကွယ်ပြုလိုက်ရသည်။
ရှောင်ယဲ့ ဝမ်ကျို့ကို တိတ်တဆိတ်ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့ပေမဲ့ ဘာတစ်ခုမှ ထူးထူးခြားခြား လွဲမှားနေခြင်း မရှိပေ။
တစ်ခဏအတွင်း ရက်ပေါင်းများစွာကုန်ဆုံးသွားသည်မှာ နောက်ဆုံး ဘွဲ့ယူရသည့်နေ့ပင် ရောက်လာခဲ့သည်။
ရှောင်ယဲ့ တကူးတကကို ခွင့်နှစ်ရက်ယူလိုက်သည်။ သူကတော့ လွန်ခဲ့တဲ့၂နှစ်က ဘွဲ့ရခဲ့ပြီး နောက်တော့ တည်ငြိမ်တဲ့ အလုပ်တစ်ခုရှာတွေ့ခဲ့သည်။ အဲ့ဒီနှစ် နွေရာသီပိတ်ရက်မှာပဲ, ဝမ်ကျိုက သူ့ကို သူ့ရဲ့မိဘတွေနဲ့ တွေ့ပေးဖို့ ဂျာမနီကိုခေါ်သွားခဲ့တယ်။ အစကတော့ သူ,
"ကျေးဇူးပြုပြီး, အဖေအမေတို့ရဲ့ သားကို ကျွန်တော့်ကို ပေးပါ။ ပိုက်ဆံရှာပြီး သူ့ကိုထောက်ပံ့ပေးဖို့ ကျွန်တော် ကျိန်းသေ အလုပ်ကြိုးစားမှာပါ" ဆိုတဲ့စကားလို စကားမျိုး ပြောဖို့ သူ့ကိုယ်သူ မောင်းတင်ထားခဲ့ပေမဲ့ ဝမ်ကျို့မိသားစုပိုင် ကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်ကြီးကို မြင်လိုက်ရချိန်မှာတော့ ရှောင်ယဲ့ အဲ့စကားတွေကို ပြန်မျိုချလိုက်ရတယ်။
ကံကောင်းစွာနဲ့, ဝမ်ကျို့မိဘတွေက ကြင်နာပြီး ရှောင်ယဲ့ စိတ်ကူးယဉ်ပြီးတွေးထားသလို "မင်း ငါ့သားကိုလမ်းခွဲရင် ငါတို့မင်းကို သန်း၅၀ပေးမယ်" ဆိုတဲ့ ခွေးသွေးဒရမ်မာမျိုးလည်း မလုပ်ကြဘူး။ သူတို့တွေက ရှောင်ယဲ့ကို အခက်တွေ့အောင်လုံးဝမလုပ်ပေ။ အဲ့ဒါကြောင့်မို့, ဝမ်ကျိုဘွဲ့ယူတဲ့နေ့မှာ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ပက်ပင်းတိုးတွေ့ချိန်မှာ, သူတို့တွေက အရမ်းကိုမှ ဖော်ရွေပျုငှါပြီး စိတ်အားထက်သန်တက်ကြွနေကာ သူ့ကို အသက်ရှုကျပ်သည်အထိ သုံးယောက်သားတစ်ပိုင်တည်း ပွေ့ဖက်ကြ၏။
"ရှောင်ယဲ့, မင်းကလေ အရမ်းလှပြီးချစ်ဖို့ကောင်းနေတာပဲ!"
မားမားဝမ်က သူ့ကိုအကြာကြီးကြည့်လို့ရအောင်ဆိုပြီး တည်တည်ငြိမ်ငြိမ်ကိုယ်ဟန်ဖြင့် ကိုင်ထားပြီး အဖွဲ့လိုက် ဓာတ်ပုံရိုက်ရန် သူ့သားကို သွားရှာဖို့ သူ့ကိုလွှတ်ပေးရမှာကို အင်တင်တင်ဖြစ်ကာသဘောမတူလုနီးပါးပင်။
ထိုစကားကိုကြားလိုက်ရတဲ့ အနီးအနားမှာရှိတဲ့ ကျာင်းသားတွေက ဗလာမျက်ဝန်းဖြင့်စိုက်ကြည့်လာပြီး နွေလယ်ခေါင်ပူပူမှာ ရုတ်တရက်အေးခဲသွားသလိုမျိုး ကျောချမ်းသွားကြသည်။
ယဲ့ကောက ဘွဲ့ရပြီးသွားပြီဆိုပေမဲ့လည်း, သူ့ရဲ့ကြောက်မက်ဖွယ်,အံ့သြစရာကောင်းလှသည့် ဂုဏ်သတင်းကတော့ Tတက္ကသိုလ်မှာ အကျော်ဇေယျအဖြစ် တွင်ကျန်နေစဲပင်။ ဒီနေရာမှာရှိနေတဲ့ ဘွဲ့ရသည့်လူအားလုံးက ဝမ်ကျို့အခန်းဖော်တွေချည်းပဲ။ အဲ့ဒါကြောင့် တက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ သူတို့နှစ်ယောက် အချစ်ဇာတ်လမ်းရဲ့ အုတ်အော်သောင်းနင်းဖြစ်ခဲ့တာကို သူတို့ထဲကတော်တော်များများ ကြားဖူးခဲ့ကြသည်။ ဒါပေမဲ့ ရှောင်ယဲ့ ကျောင်းပြီးသွားကတည်းက လူတွေအဲ့အကြောင်းပြောသည်မှာ နည်းသထက်နည်းသွားခဲ့ပြီ။ အဲ့ဒါကြောင့်, ရှောင်ယဲ့ကို အခု နောက်တစ်ခေါက် တွေ့လိုက်ရတဲ့အချိန်မှာ, အတင်းပြောချင်တဲ့ ဆန္ဒကို ဖုံးဖိမထားနိုင်တော့ပေ။
"သူတို့နှစ်ယောက် တွဲနေတုန်းပဲလား? ပြီးတော့ မိဘတွေကိုတောင် တွေ့ပြီးသွားတာလားဟ? ငါ သူတို့နှစ်ယောက် အရင်ကတည်းက ကွဲသွားပြီလို့ ထင်နေတာ"
"တစ်ခြားလူတွေအတွက်ဆိုရင် ပြဿကြီးမဟုတ်ပေမဲ့ ယဲ့ကောကိုတော့ တက္ကသိုလ်ကနေ ကျိန်းသေ ဖျောက်ဖျက် လို့မရဘူးကွ။ တကယ်တမ်းဆို, ဝမ်ကျိုက သုံးနှစ်ဆက်တိုက် ငါတို့ကျောင်းရဲ့ Male God စာရင်းမှာ ထိပ်ဆုံးဝင်ခဲ့တာလေ။ ငါထင်တာကတော့ ဘီတာတော်တော်များများတောင် ဝမ်ကျို့အပေါ် မျက်စိကျနေသလိုပဲဟ"
"ဟုတ်တယ်, ဟုတ်တယ်, လွန်ခဲ့တဲ့ရက်တုန်းက ဝမ်ကျို့ကို ချစ်ခွင့်ပန်နေတာကို ငါတွေ့ခဲ့တယ်"
"ပြီးတော့ အဲ့နောက်ဘာဖြစ်သွားလဲ?"
"အဲ့နောက် ဘာဖြစ်ရမှာလဲ, နင်သိပြီးသား မလား? ဝမ်ကျို့နှလုံးသားက သူ့ရဲ့ 'နူးညံ့ညင်သာ, ချစ်စဖွယ်, အလွန် ချစ်မြတ်နိုးရပြီး, နှစ်လိုဖွယ်ကောင်းတဲ့' စီနီယာနဲ့ ပြည့်နေတာလေ"
လူတိုင်းလိုလို ခေါင်းကနေခြေဖျားတစ်ဆုံး ကြက်သီးမွှေးညှင်းထသွားကြသည်။
"ဝမ်ကျို့အကြိုက်က သိပ်မကောင်းဘူးလို့တော့ ငါထင်တယ်ဟ.......ယဲ့ကောက ကြည့်လို့ကောင်းတယ်ဆိုပေမဲ့......."
"ဒါပေမဲ့လည်း?"
"ဒါပေမဲ့လည်း ဒေါသကတော့........အဲ့ဒါကြောင့်ပဲ ဝမ်ကျို့လို စရိုက်ရှိတဲ့အယ်လ်ဖာမျိုးကပဲ သည်းခံနိုင်တာလေ။ ပြန်လည်းရန်မဖြစ်နိုင်ဘူး, ပြန်အငြင်းလည်းမပွားနိုင်ဘူး"
"သူ အရိုက်ခံရပြီးအဆူခံရတာကို မင်းက ဘယ်လိုလုပ်သိတာလဲ?"
"တစ်ချက်လောက်ကြည့်ရုံနဲ့ ငါသိတယ်ကွ။ အခုတလော, သူ့အသားအရေက တော်တော်ကို ဆိုးဆိုးရွားရွားပဲ။ ဝမ်ကျိုကတော့ အိမ်မှာ ယဲ့ကောဆီကနေ ရက်ရက်စက်စက်ပညာပေးခံနေရတာပဲနေမှာ"
"မင်းက သူတို့အိမ်မှာနေတာလား?"
"ဟာ, ငါကတော့မနေဘူးလေ, မင်း ငါ့ကို ပြဿနာလုပ်ချင်နေ--" , အတင်းပြောနေတဲ့လူက စိတ်ညစ်သွားပြီး အာရုံပျက်စေတဲ့ မေးခွန်းတွေကိုပဲဆက်တိုက်မေးနေတဲ့ လူကိုသိချင်သွားတာကြောင့် အေးတိအေးစက်မျက်လုံးတွေနဲ့ မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်သည်။
"ယဲ့-ယဲ့ကော......"
"ဆက်ပြောလေ", ရှောင်ယဲ့ လက်ပိုက်ထားရင်း မေးငေါ့ပြလိုက်သည်, "မင်းက တော်တော်လေး သတင်းစုံသိနေတာပဲ, မဟုတ်ဘူးလား? ငါတို့အိမ်တွင်းရေးပြဿနာကို ငါ့ထက်ပိုပြီး သိနေတာပဲ"
"မဟုတ်ရပါဘူး, ကျွန်တော် မသိရဲပါဘူး......."
ရှောင်ယဲ့ 'ဟွန်း'ဟု နှာမှုတ်ကာ လှောင်ပြောင်သရော်၍စကားနာထိုးမည့်အချိန်မှာပဲ သူ့မျက်လုံးထောင့်ကနေ သူ့ဆီပြေးလာနေသည့်ရင်းရင်းနှီးနှီးပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
"ရှောင်ယဲ့"
ဘွဲယူ့သည့်ဝတ်ရုံဆင်မြန်းထားသည့် ဝမ်ကျိုက လေလိုမျိုးအမြန်နှုန်းဖြင့် ပြေးလာသည်။ သူ့ရဲ့သွားဖြူ ဖြူ စီစီတန်းလေးများပေါ်သည့်အထိ ပြုံးထားပြီး သူက တောက်ပကာရွှင်ပျပျဖြစ်နေပြီး ရုပ်ကလေးကလည်းကြည့်လို့ကောင်းကာ နှစ်လိုဖွယ်ကောင်းလှသည်။ ဒါပေမဲ့, သူ့မျက်တွင်းတွေကတော့ ညိုမဲနေတာကြောင့် သူပုံက တကယ်ပဲ အတင်းပြောတဲ့လူတွေပြောသလို အိမ်မှာ ရက်ရက်စက်စက် ပညာပေးခံထားရသည့်ပုံပေါက်နေ၏။
ရှောင်ယဲ့ မျက်မှောင်ကြုတ်ကာ သူ့အယ်လ်ဖာရဲ့ပါးကို ဆွဲလိုက်ပြီး, "မင်း မနေ့ညက ဘယ်အချိန်အိပ်တာလဲ? ငါကတော့ ပင်ပန်းလွန်းလို့ မင်းစာကြည့်ခန်းထဲကထွက်မလာခင် အိပ်ပျော်သွားတာ။ မင်း ဘာတွေလုပ်နေတာလဲ?"
ဝမ်ကျိုက ပြုံးပြီးပြန်ဖြေသည်, " ဟိုဟိုဒီဒီ စစ်ကြည့်နေတာ"
"ဘွဲ့ရပြီးသွားတာတောင်မှ မင်းရဲ့ thesis information တွေကို စစ်နေရသေးတယ်ပေါ့? ငါ့ကို အရူးလာလုပ်မနေနဲ့, မင်းကိုယ်တိုင် ရိုးရိုးသားသား လာရှင်းပြစမ်း"
ရှောင်ယဲ့ တမင်တကာ ဝမ်ကျို့ကို ဖြီးဖြန်းခြောက်လှန့်ဖို့ ထပ်ပြီး ရေခဲတုံးလိုအေးစက်စက်မျက်နှာထားမျိုး အသွင်ပြောင်းလိုက်သည်နှင့် အနားဝိုင်းနေပြီး သူများတကာကိစ္စထဲ စပ်စပ်စုစုလုပ်ချင်နေသူများခမျာ မြန်မြန်ဆန်ဆန် တပ်ပြန်ဆုပ်သွားကြသည်။
"ကျွန်တော့် စာတမ်းကိစ္စမဟုတ်ပါဘူး, ဒီအတိုင်း.....ဒီအတိုင်း အလုပ်နည်းနည်းရှိလို့ပါ" ဟု ဝမ်ကျို့ဘက်က ပြန်ဖြေ၏, "အိုး, ဟုတ်သားပဲ, ရှောင်ယဲ့, နွေရာသီပိတ်ရက်ကို ကျွန်တော်တို့ ဂျာမနီသွားမလား?"
"ဂျာမနီက မင်းရဲ့မွေးရပ်မြေမဟုတ်ဘူးလား? မင်း အဲ့နေရာကို အခုထိမငြီးငွေ့သေးဘူးလား?"
"တကယ်က ကျွန်တော် ဂျာမနီမှာ နေရာများများစားစား မလည်ပတ်ကြည့်ဖူးဘူး, ပြီးတော့ ကျွန်တော် အလယ်တန်း မှာပဲ ဒီနိုင်ငံကိုရောက်လာတာလေ။ ကျွန်တော်မရောက်ဖူးတဲ့ နေရာတွေ အများကြီးရှိသေးတယ်........ကျွန်တော့်ရဲ့ နောက်ဆုံးနွေရာသီပိတ်ရက်လေးမှာ ကျွန်တော်ခရီးထွက်ချင်လို့ပါ, အိုကေလားဟင်?"
"အိပ်မက်မက်မနေနဲ့တော့။ အခုချက်ချင်းကြီး ငါတို့က ဘယ်လိုလုပ် နွေရာသီပိတ်ရက်ခရီးထွက်လို့ရမှာလဲ, အဲ့ခရီးက အနည်းဆုံး ၁၀ရက်လောက်ကြာမှာ, ငါ့ရဲ့ တစ်နှစ်တာခွင့်နဲ့ဆို အဲ့ခရီးသွားဖို့ အချိန်မလောက်ဘူး"
"အဲ့ဒါဆိုရင်.........ရှောင်ယဲ့ လစာမဲ့ခွင့်ယူလို့မရဘူးလား? တယ်လို့ သူတို့ရှောင်ယဲ့လစာကို ဖြတ်မယ်ဆိုရင် ကျွန်တော် အဲ့လစာရဲ့သုံးဆပြန်ပေးမယ်လေ......."
အမြဲတမ်း လွယ်လွယ်အရှုံးပေးပြီး ညှိနှိုင်းတတ်တဲ့ ဝမ်ကျို့က ဒီနေ့မှ ထူးထူးခြားခြား အလျှော့မပေးဘဲ မရမကတောင်းဆိုရင်း သူ့ကို စိုးရိမ်တကြီးစိုက်ကြည့်လို့နေသည်။
".........ဘယ်သူက မင်းပိုက်ဆံလိုချင်နေလို့လဲ?"
ရှောင်ယဲ့က ကိုယ့်ကိုယ်ကိုအရမ်း respect ရှိတဲ့လူမျိုးပင်, ဒါပေမဲ့ သူ့အယ်လ်ဖာနဲ့ရင်ဆိုင်ရရင်တော့, သူ့မှာ ဘာကိုယ်ပိုင်မူမှမရှိတော့ဘူး, "မင်း တကယ်သွားချင်ရင်, ငါ ခွင့်ယူလိုက်မယ်။ လစာကဘာများရေးကြီးခွင်ကျယ်ဖြစ်နေလို့လဲ? တစ်လစာဖြစ်ဖြစ်, နှစ်လစာပဲဖြစ်ဖြစ် အဖြတ်ခံရလည်း အဆင်ပြေတယ်"
ဝမ်ကျို ခပ်မြန်မြန်ပြန်ဖြေလိုက်သည်, "အဲ့လောက်မကြာပါဘူး, တစ်ပတ်လောက်ပါပဲ"
"ကောင်းပြီလေ, ငါတို့ ဘယ်အချိန်သွားမလဲ?"
"ဂျူလိုင်လလယ်လောက်"
"ကောင်းပြီ, အဲ့ဒါဆိုရင်——”
ရှောင်ယဲ့ စကားတစ်ဝက်လောက်အထိပဲပြောရသေး သူ့နှလုံးသားလေးက နိုးကြွားလာပြီး သူ ရုတ်တရက် သဘောပေါက်သွားသည်။
ဂျူလိုင်လလယ်, အဲ့အချိန်က ဝမ်ကျို့မွေးနေ့မဟုတ်ဘူးလား? ဒီခွေးရူးလေးကတော့ အထူးစပယ်ရှယ်အနေနဲ့ ဘွဲ့ယူပြီးအလွန် မွေးနေ့အတွက် သူနဲ့အတူ သူ့မွေးရပ်မြေကို ပြန်သွားချင်နေတာလား? ဒါပေမဲ့ အဲ့လိုပြောဖို့ကျတော့ ဝမ်ကျို ရှက်နေတာပဲနေမှာ, အဲ့ဒါကြောင့် အခုတလော ညတိုင်းလိုလို စာကြည့်ခန်းထဲမှာပဲနေပြီး thesis စစ်ဆေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခိုးကြောင်ခိုးဝှက်နဲ့ အစီအစဉ်တွေဆွဲနေတာပေါ့။ ပြီးတော့ သူ့ကိုကိုးရိုးကားယားဖိတ်ကြားဖို့ အလုပ်တွေကြိုးစားနေခဲ့တာပဲ..........
သူကလေ တကယ့်ကို...........အရမ်းအူကြောင်ကြောင်ထုံထုံအအနဲ့ ချစ်ဖို့ကောင်းနေတုန်းပဲ။
ရှောင်ယဲ့ သူသိနေတာကိုမပြောပြဘဲ, စိတ်ကိုတည်ငြိမ်အောင်လုပ်ကာ ဣနြေ္ဒအပြည့်ဖြင့် စကားဆက်ပြောလိုက်တယ်, "အဲ့ဒါဆိုရင် ဒီကိစ္စက ပြီးပြီနော်။ ငါမနက်ဖြန် ခွင့်တင်လိုက်မယ်။ မင်းရော မင်း internship ဆင်းနေတဲ့ company နဲ့ ပြဿနာ ဘာညာရှိလား?"
တကယ်က ဒီမေးခွန်းကိုမေးဖို့မလိုပေ။ မနှစ်က ဝမ်ကျိုတို့မိသားစုက ပြည်တွင်းကုမ္ပဏီခွဲတစ်ခုကို အနာဂတ်မှာ ဝမ်ကျိုစီမံခန့်ခွဲဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တယ်။ ဝမ်ကျိုက အခုလက်ရှိ အလုပ်သင်ဖြစ်နေသေးပေမဲ့လည်း ကုမ္ပဏီမှာရှိတဲ့ လူတိုင်းက သူ့ရဲ့နောက်ကြောင်းအထောက်အထားကို သတိပြုမိတဲ့အတွက် ဝမ်ကျိုဆိုရင် သွားလိုရာသွား လာလိုရာလာပင်။
မျှော်လင့်ထားသလို, ဝမ်ကျိုက ခေါင်းညှိတ်ပြတာ,
"ဘာပြဿနာမှမရှိပါဘူး!" ဟု ဆိုလာသည်။
အဲ့လိုနဲ့ပဲ, ခရီးသွားဖို့ ဖြစ်သွားတယ်။
နောက်လ,တစ်လလုံးနီးပါးကို ရှောင်ယဲ့မှာ အတွေးတစ်ခုတည်းဖြင့်သာ စိတ်ဖိစည်းလို့နေသည်: ရှာလို့မတွေ့အောင် ခရီးဆောင်အိတ်ထဲမှာဝှက်ထားလို့ရပြီး သူ့ခွေးရူးလေးကို ပျော်လွန်းလို့ဟောင်ပါဟောင်အောင်လုပ်နိုင်မဲ့ ဘယ်လိုလက်ဆောင်မျိုး သူပေးရမလဲဆိုသည့်အတွေးပင်။
နှစ်တိုင်းလိုလို ဝမ်ကျိုက သူ့အတွက်ဆိုပြီး,သူမွေးနေ့အပြင် အားလပ်ရပ်တိုင်းအတွက် လက်ဆောင်ကြီးကြီး, သေးသေး ပြင်ဆင်ပေးခဲ့တယ်။ အဲ့လက်ဆောင်တွေထဲက အများစုက အရမ်းကြီး creative မဖြစ်ဘူးဆိုပေမဲ့လည်း သူက အဲ့ဒါတွေအကုန်လုံးကို စိတ်နှလုံးနှစ်ပြီး လုပ်ခဲ့တာ။ အဲ့ဒါကြောင့်မို့ ရှောင်ယဲ့လည်း ပြန်ပြီးလုပ်ပေးချင်တယ်။
ဒါပေမဲ့ ခရီးဆောင်အိတ်တစ်ခုတည်းကတင် အတော်ကြီးနေပြီ။ နည်းနည်းလောက်ကြီးတဲ့လက်ဆောင်ဆိုရင် တစ်ချက်လောက်ကြည့်ရုံနဲ့ မြင်သွားမှာပဲ။ အဲ့တော့ လက်ဆောင်အကြီးကြီးအစား ကောင်းမွန်ပြီးသေးတဲ့လက်ဆောင်မျိုးကို ရှောင်ယဲ့ စဉ်းစားလို့ကိုမရတော့ဘူး။ လက်စွပ်ဆိုရင် သူ အရင်ကပေးပြီးသွားပြီလေ, ပြီးတော့ ဝမ်ကျိုက ရက်နည်းနည်းလောက်ကြာရင် လက်စွပ်ကို အရောင်တင်ဖို့ဆိုပြီး ချွတ်ပေမဲ့ အဲ့လက်စွပ်ကို သူ့လက်မှာဝတ်ထားတုန်းပဲ, နာရီကလည်း အလုပ်မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဝမ်ကျို့မိဘတွေက ဝမ်ကျို့ကို မနှစ်က နာရီတစ်ခု လက်ဆောင်ပေးပြီးပြီ, ပိုက်ဆံ၂သန်းကျော်ကျတဲ့ limited editionကြီး, သူအနေနဲ့ အဲ့နာရီနဲ့ မယှဉ်ပြိုင်နိုင်ဘူး။
အဲ့ဒါတွေထက်တစ်ခြားဟာတွေဆို, ရှောင်ယဲ့ ဘာကိုမှ စဉ်းစားလို့မရဘူး။ သူကလေးဘဝတည်းက ရှောင်ယဲ့ သူ့အဖေကိုတောင် တစ်ခါမှလက်ဆောင် မပေးဖူးဘူး။ အဲ့ဒါကြောင့် ဝမ်ကျိုနဲ့ ၃,၄နှစ်ကျော်ကာလအတွက် လက်ဆောင်နဲ့ပတ်သက်ပြီး ခေါင်းခြောက်အောင်စဉ်းစားပြီးတဲ့နောက်, တကယ်ပဲ သူ့ထင်မြင်ချက်တွေ အကုန်ကုန်ခန်းသွားသည်။
ကံကောင်းစွာနဲ့, သူ့မှာ အပြင် အထောက်အပံ့လေးရှိနေသေးတယ်။
"မွေးနေ့လက်ဆောင်လား? မင်း အဲ့လိုကိစ္စမျိုးကို တွေးနေရသေးတာလား? မက်းကောင်လေးက မင်းဆီကလေလေးရရုံနဲ့ တစ်နေ့လုံးပျော်နေမှာလေ, ဟုတ်တယ်မလား?"
တစ်ခြားဖုန်းလိုင်းတစ်ဖက်မှာရှိနေသည့် လျို့ဟန်က ပျက်ရယ်ပြုတော့သည်။
ရှောင်ယဲ့ အဲ့ဒါကို ပြန်မချေပနိုင်ဘဲ, "တစ်ရက်တည်းနဲ့မလုံလောက်ဘူးလေ, သူ့ကိုတစ်နှစ်လုံးပျော်အောင် လုပ်ပေးမဲ့ လက်ဆောင်မျိုးမရှိဘူးလား?"
"အာ, အဲ့ဒါလွယ်ပါတယ်, မင်းကိုယ်မင်း လက်ဆောင်အဖြစ်ပေးလိုက်လေ, အဲ့ဒါဆိုရင် သူ တစ်ဘဝစာလုံးပျော်သွားလိမ့်မယ်"
"အတည်ဖြေဟ" , ရှောင်ယဲ့ ပြန်ပြောလိုက်ပြီး, "ရှောင်ရှောင်မင်းကိုပေးတဲ့ မင်းအကြိုက်ဆုံးလက်တောင်က ဘာလဲ?"
လျို့ဟန် ခဏတာမျှ ရယ်လိုက်ပြီးမှ, " ငါ့အကြိုက်ဆုံး,ဟမ်? ငါမင်းကို လုံးဝမပြောပြနိုင်ဘူး, ရှောင်ရှောင် အရမ်းရှက်သွားလိမ့်မယ်။ ဒါပေမဲ့ ငါအရမ်းကြီးမဆိုးဘူးလို့ တွေးမိတဲ့ လက်ဆောင်မျိုး သူ တစ်ခါပေးဖူးတယ်"
"ဘာလက်ဆောင်လဲ?"
"အဲ့လက်ဆောင်က တစ်ရက်လုံးစာသခင်လိုအခွင့်အရေးရမယ်ဆိုတဲ့ လက်ဆောင်မျိုးကွာ။ အဲ့နေ့မှာ, သူက ငါပြောတာမှန်သမျှ လိုက်နာရမယ်။ ငါတို့လိုမျိုး မိန်းမကြောက်ရတဲ့ အယ်လ်ဖာတွေအတွက်တော့, အဲ့ဒါကကွာ တိုတိုပြောရရင် အိပ်မက်တွေတကယ်ဖြစ်လာတာမျိုးကွ! စိတ်တိုစရာကောင်းလောက်အောင် မင်းဆီကထိန်းချုပ်ခံရတဲ့ ဝမ်ကျို့အတွက်, အဲ့ဒါက ငါထင်တာကတော့ သူ ကျိန်းသေကို ကြိုက်လောက်မဲ့ လက်ဆောက်မျိုးပဲ"
"လဲသေလိုက်, ငါက သူ့ကိုဘယ်နေရာမှာ ဖိနှိပ်ထိန်းချုပ်ထားလို့လဲ" , ဒါပေမဲ့ အံ့သြစရာကောင်းသည်က, ရှောင်ယဲ့ ဒီအကြံပြုချက်ကို အရမ်းစိတ်ဝင်စားနေမိသည်။
"ငါ အဲ့ဒါကို စဉ်းစားလိုက်ဦးမယ်"
"ကံကောင်းပါစေ, မင်းတို့နှစ်ယောက်မှာ သာယာတဲ့ခရီးလေးရှိပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်,ကမြင်းကြောထပြီး ပျော်နိုင်ပါစေ!"
အမှတ်မထင် တုံ့ပြန်လိုက်စကားပြောခံလိုက်ရတဲ့ ရှောင်ယဲ့ ရုတ်တရက် မယုံသင်္ကာဖြစ်သွားပြီး, "ငါတို့နှစ်ယောက် ခရီးသွားမှာကို မင်းက ဘယ်လိုလုပ်သိနေတာလဲ?"
"အာ......အမ်း, ဝမ်ကျို ငါ့ကိုအရင်က ပြောဖူးတာ!"
ရှောင်ယဲ့ အဲ့အကြောင်းနဲ့ပတ်သတ်ပြီး အများကြီးတွေးမနေတော့ဘဲ, "ကောင်းပြီ,ကိစ္စမရှိပါဘူး, မင်းနဲ့ နောက်မှပဲ စကားပြောတော့မယ်"
ရှောင်ယဲ့ ဂွတ်ဘိုင်လို့ပြောကာ ဖုန်းချလိုက်သည်, နောက်ဆုံးတော့ စိတ်ထဲမှာ အကြံတစ်ခုအကောင်အထည်ပေါ်လာသည်။
တစ်ရက်လုံးစာသခင်လိုအခွင့်အရေးတဲ့လား..........တော်တော်လေး ကောင်းမဲ့ပုံပဲ, သဘာဝကျပြီးသင့်တော်တဲ့အပြင် ပျော်ဖို့လည်းကောင်းတယ်, ဒါ့အပြင် ဘာမှယူသွားစရာမလိုဘူး။ ဒါပေမဲ့လည်း, ဒါက ဆန်းသစ်တဲ့အကြံမဟုတ်တော့ ငါ နည်းနည်းတော့ ပြုပြင်ပြောင်းလဲရဦးမယ်။
သူတို့တွေ ခရီးစတင်ထွက်ခွာသည့်နေ့တွင် အရာအားလုံးသည် အစီအစဉ် တကျပင်။ ရှောင်ယဲ့ မိုးသောက်ချိန်အထိ အေးအေးချမ်းချမ်း အိပ်ပျော်သွားပြီး နေရောင်ခြည်နွေးနွေးက သူ့မျက်ခွံကိုရိုက်ခတ်လာသည့်အချိန်အထိ ထချင်စိတ်မရှိပေ။ ပြန်အိပ်ဖို့အကြောင်းစဉ်းစားရင်း သူ ကိုယ်ကို လှိမ့်လိုက်ပေမဲ့ သူ့လက်မောင်းဘေးနားမှာ ဘယ်သူမှမရှိဘူး။ ရှောင်ယဲ့ စိတ်ရှုပ်ထွေးသွားပြီး မျက်ခွံကိုနည်းနည်းလောက်ပင့်ကြည့်လိုက်မှ, အိပ်ရာပေါ်မှာထိုင်နေတဲ့ ဝမ်ကျိုကို ရှောင်ယဲ့ တွေ့လိုက်ရသည်, ဝမ်ကျိုက တိုးတိုးတိတ်တိတ်သာ ခန္ဓာကိုယ်ကို လှုပ်ရှားနေသည့်အတွက် သူ့အကျႌဆီကနေ တရှပ်ရှပ်မြည်သံနည်းနည်းပါးပါး ထွက်နေ၏။
ဝမ်ကျိုရှပ်အကျႌအနားစလေးကို ရှောင်ယဲ့ လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ကာ ဖြည်းဖြည်းလေးဆွဲလိုက်သည်။ ဝမ်ကျိုက ချက်ချင်း လှည့်ကြည့်ကာ အုပ်မိုးလိုက်ပြီး ညင်ညင်သာသာစကားဆို၏, "ကျွန်တော် ရှောင်ယဲ့နိုးအောင် လုပ်မိသွားတာလား? ကျွန်တော် မနက်စာပြင်မလို့။ ရှောင်ယဲ့ပြန်အိပ်လို့ရတယ်"
စိတ်ဆိုးသွားသည့်ရှောင်ယဲ့သည် အိပ်ရာကနေထရပ်ကာ မျက်မှောင်ကြုတ်ပြီး ခေါင်းရမ်းခါပြလိုက်သည်။ ဒီလိုမနက်စောစောမှာတောင် ရှောင်ယဲ့အသံက ပျင်းရိပျင်းတွဲနိုင်ကာ အက်ကွဲနေသည်, "မင်း ဘာလို့ မနက်အစောကြီးထတာလဲ.........ငါနဲ့အတူလာလှဲ...."
ဝမ်ကျို ပြန်မဖြေနိုင်ခင်မှာပဲ, ရှောင်ယဲ့လက်တွေက လှစ်ခနဲထွက်လာကာ သူ့လည်ပင်းကို ရစ်ပတ်ပြီး အားအကုန်သုံးကာ သူ့ကိုအိပ်ရာပေါ် ဆွဲချသွားသည်။ ခိုအာလာတစ်ကောင် သစ်ပင်ကိုဖက်တွယ်ထားသလိုမျိုး သူ့အိုမီဂါဆီက ပွေ့ဖက်ခံလိုက်ရတာကြောင့် ဝမ်ကျို့နှလုံးသားလေးခမျာ နွေးထွေးလို့သွားသည်။
ဝမ်ကျို တခစ်ခစ်ရယ်မောလိုက်ပြီး ထိုလူသားကို တင်းတင်းကြပ်ကြပ် ပြန်ဖက်တွယ်ကာ ခေါင်းကိုငုံ့၍ သူ့နားလေးအပေါ် ညင်သာသောအနမ်းများ ဖြန့်ကျဲလိုက်သည်,
"ဟုတ်ပါပြီ, ကျွန်တော် ရှောင်ယဲ့ကိုအဖော်ပြုပေးပါ့မယ်, အဲ့ဒါဆို ရှောင်ယဲ့ နည်းနည်းပိုပြီး အိပ်လို့ရပြီ"
ဒါပေမဲ့ ရှောင်ယဲ့အိပ်စက်ခြင်းက နှောင့်ယှက်ခံလိုက်ရပြီလေ။ အိပ်သွားမဲ့အစား, သူ့နားထဲကိုပဲ့တင်ရိုက်ဝင်ရောက်လာသည့် ထိုအသံသြသြကြောင့် ဂနာမငြိမ်သည့်အတွေးတွေက အုတ်အော်သောင်းနင်းဖြစ်လာသည်။
အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ရှောင်ယဲ့ ဝမ်ကျို့ရဲ့အဖုအဖောင်းကို ပွတ်သပ်ဖို့ လက်ဆန့်ထုတ်လိုက်ပေမဲ့ ဝမ်ကျိုက ဘောင်းဘီဝတ်ပြီးသားဖြစ်နေသည့်အတွက် တကယ့်အထိအတွေ့ကိုမခံစားလိုက်ရပေ။
"မင်းဘောင်းဘီကို ချွတ်လိုက်....."
စိတ်အနှောင့်အယှက်ဖြစ်ကာ ရှောင်ယဲ့ မျက်လုံးမှိတ်နေလိုက်သည်။
အချိန်အကြာကြီးအတူနေပြီးချိန်မှာတော့ ဝမ်ကျို ရှောင်ယဲ့ဘာကိုပြောချင်နေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။ အရင်သူတို့ကျောင်းဆောင်မှာနေခဲ့တုန်းက သူတို့နှစ်ယောက်ကြားမှာ သို့လောသို့လောအဖြစ်လေးတွေနည်းနည်းရှိခဲ့ဖူးတယ်, ဒါပေမဲ့ရှောင်ယဲ့ ဘွဲ့ရသွားတာနဲ့ သူတို့အပြင်မှာ ပြောင်းနေလိုက်တယ်, ဒီလိုညစ်တီးညစ်ပတ်အပြုအမူလေးတွေရဲ့ကြိမ်ရေနှုန်းကလည်း သိသာထင်ရှားစွာ မြင့်တက်လို့သွားခဲ့သည်။
အခုတောင်မှ, ဝမ်ကျိုအနေနဲ့ ဆင်ခြင်နေတာလို့ ယူဆလို့ရတယ်။ နှစ်လိုဖွယ်အသံဖြင့် ဝမ်ကျို ချော့မြူလိုက်သည်, "ဒီနေ့ ဆယ်နာရီကျော်ကြာအောင် ရှောင်ယဲ့ လေယာဉ်ပေါ်မှာ ထိုင်ရမှာလေ။ ကျွန်တော်တို့လုပ်မယ်ဆိုရင် ရှောင်ယဲ့ အဆင်မပြေဖြစ်လိမ့်မယ်"
ရှောင်ယဲ့ကတော့ လုံးဝကိုဂရုမစိုက်ချေ။ ဒီလိုမနက်စောစောမှာ, စိတ်ဆန္ဒဆိုတာ ခပ်မြန်မြန် မြင့်တက်လာတာပဲလေ, ပြီးတော့ ရှောင်ယဲ့ စိတ်မရှည်ဖြစ်လာပြီ။ ရှောင်ယဲ့ သူ့အယ်လ်ဖာရဲ့ ရင်ဘက်မှာခေါင်းအပ်လိုက်ပြီး ဗလုံးဗထွေးရေရွတ်လိုက်သည်, "ငါတို့ အခုချက်ချင်း မလုပ်ဘူးဆိုရင် ငါပိုပြီးတော့တောင် အဆင်မပြေဖြစ်နေမှာ"
ဝမ်ကျို လည်ချောင်းကို အလုပ်ပေးလိုက်သည်။ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရင်း, ဝမ်ကျို စကားပြန်လိုက်သည်, " အဲ့ဒါဆိုရင်လည်း ကျွန်တော့်လက်ပဲ သုံးမယ်နော်....."
ရှောင်ယဲ့ 'ဟွန်း' ဟု အသံပြုလိုက်ပေမဲ့ ငြင်းဆန်ခြင်းမရှပေ။ ရှောင်ယဲ့ သူ့ခြေထောက်တွေကို ဝမ်ကျို့ခါးမှာ ချိတ်တွယ်လိုက်သည်, သူ့အသက်ရှူသံတွေက သူပြန်ပြီး အိပ်မောကျသွားသလို တည်ငြိမ်ကာ ပြင်းနေ၏။ ဒါပေမဲ့ လက်ချောင်းသွယ်သွယ်တွေက သူ့အတွင်းပေါက်လေးထဲ ဝင်ရောက်လာချိန်မှာ, သူ ချက်ချင်းဆိုသလို သူ့နောက်ကျောကို ကော့လိုက်ပြီး တအင့်အင့်ရှိုက်ကာ ခပ်တိုးတိုးညည်းလိုက်သည်။
"အဲ့ဒါက ဘာလို့........" , 'စိုရွှဲနေတာလဲ' လို့ ဝမ်ကျို မေးလိုက်ချင်ပေမဲ့ အဲ့ဒါကို တကယ်တမ်းထုတ်ပြောဖို့ရာ အရမ်းရှက်ဖို့ကောင်းသည်။ သူ့မျက်နှာက နီမြန်းနေပြီး ဝမ်ကျို နှုတ်ခမ်းသာဆူကာ သူ့လက်ချောင်းတွေကို အရှိန်မြင့်လိုက်သည်။
ရှောင်ယဲ့ သူ့ရဲ့ငွေ့ရည်ဖွဲ့မျက်လုံးတွေကို နည်းနည်းဖွင့်ကြည့်လိုက်သည်, သူ့မျက်လုံးအမူအယာတွေက ရှုပ်ထွေးနေပြီး, ရမ္မက်သွေးကြွနေသည်။ သူ့အသက်ရှူသံက မြန်သွားကာ, " အခုလေးတင်..........အင်းးး.......ငါမင်းကို အိပ်မက်မက်တယ်"
အဆုံးသတ်မှာ, တကယ်တော့, ဝမ်ကျို သူ့ကိုယ်သူ မချုပ်ထိန်းနိုင်ခဲ့ဘူး။
လေယာဉ်ပေါ်ကဆင်းပြီး သူတို့ဟိုတယ်ရောက်တဲ့အချိန်ထိ ရှောင်ယဲ့ကတော့ ပြင်းပြင်းထန်ထန်သတိပေးဆုံးမရင်း သူ့ခါးနဲ့ကျောကို ထောက်ကာကိုင်ထားရသည်။
"မင်း လူရောဟုတ်ရဲ့လား? ဟမ်? နိုးတောင်မနိုးသေးတဲ့လူကို ဒီလိုမကောင်းတဲ့ကိစ္စမျိုး လုပ်ရလား, ငါ့မှာလေ မင်းဆီက ကြမ်းကြမ်းတမ်းတမ်း ဖင်ချခံလိုက်ရပြီး ငါနတ်ပြည်တက်သွားပြီလို့ ထင်နေတာ"
အလွန်အမင်း စမ်းတဝါးဝါးဖြစ်သွားရသည့်ဝမ်ကျိုဘက်က မြန်မေးရှာသည်, " အဲ့-အဲ့ဒါက အရမ်းခံစားလို့ကောင်းတယ်လို့ ဆိုလိုတာလား.........?"
"ငါသေတော့မလိုခံစားရတယ်လို့ ပြောတာကွ!"
(T/n ကိုယ်ကတော့ နတ်ပြည်တက်စကားပြောကတည်းက သူဂိတော့မယ်လိုထင်တယ်လို့ပြောမှန်းသိတယ် အဟိ)
ရှောင်ယဲ့ စွံ့အသွားတယ်။ သူ့ဒေါသကိုပုံချသည့်အနေနဲ့ ရှောင်ယဲ့ သူ့ခွေးရူးလေးရဲ့အမွေးစုတ်ဖွားခေါင်းကိုသာ ခပ်ပြင်းပြင်းလေး ပွတ်သပ်လိုက်သည်။
သူလေယာဉ်စီးနေတဲ့တစ်လျှောက်လုံး လုံးဝကောင်းကောင်းမွန်မွန်မအိပ်ခဲ့ရဘူး။ သူ ဟိုတယ်ခန်းထဲမှာ ခရီးဆောင်အိတ်ကိုပစ်ချပြီး တစ်ရေးတစ်မောအိပ်ဖို့ အိပ်ရာပေါ် ပစ်ခုန်ကာ အစားထိုးအိပ်တော့မည့်အချိန်မှာပဲ သူ့မျက်စိရှေ့က မြင်ကွင်းကြောင့် ရှောင်ယဲ့ အံ့သြသွားသည်။
"ဘာလို့ ဒီမှာပန်းတွေအများကြီးရှိနေတာလဲ?"
ဟိုတယ်ခန်းရဲ့ ဧည့်ခန်းနဲ့အိပ်ခန်းကို ပန်းရောင်ဖျော့ဖျော့နှင်းဆီပန်းများစိုက်ထိုးထားသည့် အနုစိတ်ကာရှေးကျသည့် ပန်းအိုး သုံး,လေးလုံးဖြင့် အလှဆင်ထားသည်, အရမ်းကိုမှ စိုပြည်ပြီးလတ်လတ်ဆတ်ဆတ်ဖြစ်နေသည့်အတွက် နှင်းစက်လေးများတောင် ပန်းပွင့်ဖတ်ပေါ်တွင် တင်ကျန်ရစ်နေသည်။ misty rose : လို့ရေးထားသည့် အိပ်ရာဘေးနားက ကတ်တစ်ခုနှင့်အတူ, ကြီးမားသည့်အိပ်ရာပေါ် ဖြတ်ပြီး ဖြန့်ကျဲထားသည့် ပန်းတွေတောင်ရှိသည်။
ရှောင်ယဲ့ ကတ်ကိုကြည့်လိုက်ပေမဲ့ သူအနေနဲ့ vocabulary နဲ့ပတ်သက်ရင် များများစားစားမသိတာကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ဝမ်ကျို့ဘက်ကို အကူအညီတောင်းခံဖို့လှည့်လိုက်ရသည်,
"ဒီပထမဆုံးတစ်လုံးက ဘာအဓိပ္ပါယ်လဲ?"
"အဲ့ဒါရဲ့ အဓိပ္ပါယ်က မြူဆိုင်းကာမှုန်ဝါးနေသောတဲ့ ။ ဘာလို့လဲဆိုတော့ အရောင်ကအရမ်းအရမ်းဖျော့လို့လေ, အဲ့ဒါကို misty rose လို့ခေါ်တာ" ဟု ဝမ်ကျိုကရှင်းပြသည်, "ကျွန်တော် ဟိုတယ်ကို booking လှမ်းလုပ်လိုက်တုန်းက ကျွန်တော်တို့က အတွဲဆိုတာ ကျွန်တော်ရေးလိုက်တယ်, အဲ့ဒါကြောင့် ဒါကို ဟိုတယ်က စီစဉ်ပေးထားတာနေမှာ"
ရှောင်ယဲ့လည်း ခေါင်းညှိတ်ကာ, "ဂျာမန်တွေက အရမ်းရိုမန်တစ်ဆန်လိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး။ ဒါပေမဲ့ ဒီအရောင်က အရမ်းမိန်းကလေးဆန်တယ်,ငါ အဲ့ဒါကိုမကြည့်နိုင်တော့ဘူး။ ဒီပန်းအိုးတွေကို အပြင်ဘက်ကိုရွေ့ရအောင်, အဲ့ဒါဆို ငါနည်းနည်လောက် အိပ်လို့ရပြီ"
“……” တစ်ချို့အကြောင်းပြချက်တွေကြောင့် စက္ကန့်အနည်းငယ်မျှကြာအောင် ဝမ်ကျို တိတ်ဆိတ်သွားသည်, ပြီးတော့မှ သူ လေးလေးပင်ပင်ဖြင့် ခေါင်းညှိတ်ပြကာ,
"ကောင်းပါပြီ........"
ရှောင်ယဲ့ရဲ့ခါးက တကယ့်ကို အတော်ကလေးကိုက်ခဲနေတာကြောင့် သူက အနောက်ကနေလိုက်ကာ ဝမ်ကျို့ကို မေးမြန်းမနေတော့ပေ, သူ့ခေါင်းက ခေါင်းအုံးကိုထိသွားသည်နှင့် သူအိပ်ပျော်သွားခဲ့သည်။ သူ့ရဲ့တရေးတမောအိပ်စက်ခြင်းက နေ့လည်အထိကြာမြင်သွားလေရဲ့။ သူနိုးပြီးတဲ့နောက်, အနီးမှာရှိတဲ့ လာရောက်လည်ပတ်သည့်ခရီးသည်တွေသွားရောက်သည့်နေရာကို ဝမ်ကျိုနှင့်အတူ လျှောက်ပတ်သွားက ဓာတ်ပုံလည်းအများကြီးရိုက်ခဲ့ကြသည်။ အစားအစာနဲ့သောက်စရာအချို့ဝယ်ဖို့ သူတို့တွေနယ်ခံ စူပါမားကတ်လည်း သွားခဲ့ကြသေးတယ်။ ဘေလ်ပေးချေတဲ့အချိန်မှာ ဝမ်ကျိုက သူ့ဖုန်းကိုသုံးကာပေးချလိုက်တယ်, ရှောင်ယဲ့ အမှုမဲ့အမှတ်မဲ့ ဝမ်ကျို့ lock code ကို ရိပ်ခနဲမြင်လိုက်ရတယ်။ အဲ့ဒါက ရှောင်ယဲ့အရင်ကသတိထားလိုက်မိတဲ့ code ဆိုတာ တော်တော်သေချာသည်။ lock code က သူ့ရဲ့မွေးနေ့မဟုတ်တော့ဘူး, ဒါပေမဲ့ အဲ့ဒါက “7922″.
ရှောင်ယဲ့ အဲ့ဒါကို ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန်စဉ်းစားနေတာကြောင့် သူ့ခေါင်းတောင် ကွဲထွက်တော့မတတ်ပင်။ ဒါပေမဲ့ သူ အဲ့နံပါတ်တွေရဲ့ အချိတ်အဆက်အဓိပ္ပါယ်ကို မဖော်ထုတ်နိုင်ဘူးဖြစ်နေတယ်။
ဖြစ်နိုင်တာကတော့ ဝမ်ကျို နံပါတ်တွေကို ဒီအတိုင်း ကြုံရာကျပန်း ပြောင်းလိုက်တာပဲနေမယ်။
T/n
စာလုံးရေး ၈ထောင်၉ရာနဲ့၁၃လုံးပါ, အူးဝါးအများကြီးနော် တော်တော်လေး ဘာသာပြန်လိုက်ရတယ်။ latte က စာရိုက်ရင် လက်နှစ်ဖက်သုံးတာပါ။ အရေးထဲ တစ်ဖက် လက်အကြောနာနေလို့ နားလိုက်ရပါတယ်။