Zawgyi
"*ဟစ်*........အိ!"
7L: “What the fuck!”
8L: “What the fuck!”
9L: “What the fuck!”
ရှောင်ယဲ့ စကားပြောရင်း အင်္ကျီလက်ကို လိပ်တင်လိုက်သည်။
"ဘာဖြစ်တာလဲ"
"Mhm, ကိစ္စမရှိပါဘူး "
T/n
Unicode
ပိုပိုလွန်လွန်အလိုလိုက်ရပြန်တဲ့နောက်ထပ်ညတစ်ညပင်။ ရှောင်ယဲ့ နိုးလာတဲ့အချိန်မှာ သူ့မျက်လုံုးနှစ်ဖက်စလုံးရဲ့အောက်မှာ အမဲရောင်အကွင်းကြီးတွေရှိနေပြီး သူ့လည်ချောင်းကလည်း ခြောက်သွေ့နေကာ သူချောင်းဆိုလိုက်ရင် ဖုန်တွေတောင်ထွက်လာနိုင်တယ်။
ရှောင်ယဲ့ သူ့ဘေးနားက လက်သည်တံရားခံကို ခေါင်းစောင့်ကြည့်လိုက်သည်။ ဟွန့်,သူကတော့ အိပ်မောကျနေလိုက်တာများ။
"*ဟစ်*........အိ!"
ပါးပေါ်ဆွဲဆိတ်ခံလိုက်ရတာကြောင့် ဝမ်ကျို အိပ်ရာကနေ နိုးသွားသည်။ အကြီးအကျယ်ကို မှားနေသလို ခံစားရတာကြောင့်, သူ့ရဲ့ရက်စက်လှတဲ့ အိုမီဂါလေးကို မော့ကြည့်ပြီး , "ဘာတွေဖြစ်နေတာလဲ........."
ရှောင်ယဲ့ လက်တွေဆိုရင် မြှောက်ရုံလေးပဲမြှောက်နိုင်တော့တယ်, ပြီးတော့ သူ့ကိုယ်အောက်ပိုင်းဆိုရင်လည်း လုံးဝသူ့ကိုမထောက်မပေးနိုင်တော့ဘူး။ ဝမ်ကျို့ရဲ့ခွန်အားကတော့ အရမ်းကြောက်ဖို့ကောင်းတယ်။ သူကလေ သူ့ထက်အကြီးရဲ့ဆန္ဒကို ဆန့်ကျင်သလိုအားအကုန်သုံးပြီး သူ့ပါးစပ်ကိုတောင် ပိတ်လိုက်သေးတာမှတ်လား? အဲ့ဒီ့ *pa pa pa* အသံကျယ်ကျယ်တွေက မြန်မြန်ဆန်ဆန် အဆောင်နံရံတွေကို ထိုးဖောက်ဖြတ်သွားကြတယ်။
ဒါပေမဲ့ အဲ့ဒါက ရှောင်ယဲ့ကို စိတ်ဆိုးအောင်လုပ်တဲ့အရာမဟုတ်ဘူး။
"ကိုကိုက အရမ်းအံ့သြဖို့ကောင်းတာပဲ,ကိုကို.......အပြင်ဘက်ဝရန်တာကိုတောင်ထွက်ရဲတယ်။နောက်တစ်ကြိမ်ဆိုရင်, မင်း ငါ့ကိုချစ်စခန်းထနေတာကို ခုံ၁၀၀၀ရှိတဲ့ ကပွဲရုံထဲက လူတွေအကုန်လုံးရှေ့မှာ ပြဖို့လုပ်နေတာလား?"
ဝမ်ကျိုက ရှောင်ယဲ့ကို သူ့လက်မောင်းကြားဆွဲသွင်းဖို့ နမ်းဖို့ကြိုးစားလေရဲ့။
"စီနီယာ့ရဲ့စကားတွေက ကျွန်တော့်ကို မီးလောင်ရာလေပင့်သလိုနှိုးဆွပေးနေတော့ ကျွန်တော်က စီနီယာ့ကို အပြင်ဘက်အဲ့နေရာလေးကိုခေါ်သွားရုံပါ......ကျွန်တော် ကျိန်းသေ တစ်ခြားလူတွေကို စီနီယာ့ကို ကြည့်ခွင့်မပေးပါဘူး"
ရှောင်ယဲ့ကတော့ အဲ့စကားကိုမယုံသေးဘူး။ အဲ့ဒါက သူ့ကို "မီးလောင်ရာလေပင့်သလိုနှိုးဆွ" ပေးတဲ့ ရှောင်ယဲ့စကားတွေကြောင့်ပါလို့ပြောကတည်းက ဝမ်ကျိုကရှင်းရှင်းလင်းလင်းကို အကျင့်ပျက်တဲ့လူဖြစ်သွားပြီ။ သူ့မှာတော့ လေဟာပြင်(အမိုးလွတ်) ဝရန်တာဆီကိုအခေါ်သွားခံရပြီး ပါးစပ်အအုပ်ခံထားလျက်နဲ့ ချစ်တင်းအနှောခံလိုက်ရတာ။
ရှောင်ယဲ့မှာ တကယ့်ကို ပြန်ခုခံဖို့အားကိုမရှိတော့တာ။ အဲ့ဒါက အရမ်းအကြာကြီးတော့မဟုတ်ဘူး,မိနစ်အနည်းငယ်ပဲဆိုပေမဲ့လည်း, သူတို့အဆောင်ခန်းထဲပြန်မဝင်ခင်, တကယ်လို့ ဘေးနားအဆောင်ခန်းမှာနေနေတဲ့လူတွေများ ထူးခြားနေတဲ့မူမမှန်အသံတွေကို သတိပြုမိသွားမယ်ဆိုရင်, လိုက်ကာစလေးနည်းနည်းလောက်ဆွဲပြီး ကြည့်ရုံနဲ့ သူတို့တွေ အကုန်လုံးကို ရှင်းရှင်းမြင်သွားနိုင်တယ်လေ။
"ငါအခုလောလောဆယ်တော့ ဒီဟာက ဟစ်တိုင်ဆွေးနွေးပွဲပေါ်မှာ, 'ညလယ်ခေါင်ကြီး heatဖြစ်နေတဲ့ ဘယ်အယ်လ်လဖာက pheromone တွေအများကြီးထုတ်လိုက်တာလဲ' ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်အတင်ခံလိုက်ရပြီလို့ ထင်နေပြီနော်"
ရှောင်ယဲ့ အေးစက်စက်အကြည့်တစ်ချက် ဝမ်ကျို့ဆီပစ်လွှတ်လိုက်ပြီး, "တကယ်လို့ မင်းpheromone ကြောင့် hate ဖြစ်သွားတဲ့ အိုမီဂါရှိတယ်ဆိုရင် ငါ ဒါကို မင်းဖောက်ပြန်သလို ယူဆရလိမ့်မယ်"
ဝမ်ကျို့မျက်နှာထားက ချက်ချင်းဆိုသလို ပြိုလဲပျက်ဆီးသွားသလိုဖြစ်သွားသည်, "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
"ဘယ်လိုလုပ်မဖြစ်နိုင်ရမှာလဲ? မင်းအနေနဲ့ တစ်ခြားလူတွေကို ငါ့pheromone အနံ့မရသွားစေချင်ဘူးဆိုရင်, ငါကရော ငါ့အယ်လ်ဖာရဲ့ pheromone အနံ့ကို တစ်ခြားလူတွေကိုရသွားစေချင်တယ်လို့ မင်းထင်နေတာလား? မင်းကဘယ်သူလဲဆိုတာ သေသေချာချာစဉ်းစား, မင်းက ငါ့လူ,မင်းကို ငါပဲပိုင်တယ်,ဟုတ်ပြီလား?"
ဝမ်ကျို ဒီစကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ အရမ်းပျော်သွားပြီး သူ့အမြီးတောင် ပြန်ပြီးလှုပ်ယမ်းလာသလိုပဲ။
"ဟုတ်ပါပြီ,ဟုတ်ပါပြီ, ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် ဘယ်တော့မှ ဒီလိုမျိုး ထပ်မလုပ်တော့ပါဘူး"
ရှောင်ယဲ့ ကျေနပ်သလိုခေါင်းညိတ်ကာ သူ့ခွေးရူးလေးခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး, "အရမ်းလိမ္မာတယ်"
သူ့အနေနဲ့ စကားအေးအေးဆေးဆေးပြောလို့လည်းပြီးပြီဆိုတော့ အဲ့ည သူဖုန်းသုံးတဲ့အချိန်မှာ အဲ့ဒါက တကယ်ပဲ ဆွေးနွေးပွဲမှာ hot topicဖြစ်နေတာကို သူတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။
1L: "What the fuck, မင်းတိုအကုန်လုံးမနေ့ညက အနံရလိုက်ကြလား? ဘယ်အယ်လ်ဖာရဲ့ pheromone အနံ့က အရမ်းအားကောင်းနေရတာလဲ?"
2L: "ငါအနံ့ရလိုက်တယ်! ခဏနေတော့, ငါအာရုံခံစားရမိသလောက်တော့ အဲ့ဒါက နောက်ထပ်သုံးလွှာမြောက်ရဲ့အလယ်ကနေ ထွက်လာတာ။ အဲ့မှာဘယ်သူနေတာလဲ?"
3L: "မင်းအထင်မှားနေတာလား,သုံးလွှာဟုတ်လား? ဒီလို pheromone မျိုးရှိနိုင်တဲ့ တစ်ကျောင်းလုံးရဲ့အယ်ဖာတွေထဲမှာဆိုရင်တော့,ငါ့ရဲ့ စုံးစမ်းစစ်ဆေးရေးအရ, သူတို့တစ်ယောက်မှ အဲ့မှာမနေဘူး"
4L: "သုံးလွှာ, ဘာလို့ မင်းအဲ့လိုကိစ္စမျိုးကို စုံစမ်းစစ်ဆေးခဲ့တာလဲ........"
5L: " ဟုတ်တယ်,သုံးလွှာအကြောင်း ညစ်ညစ်ပတ်ပတ်ပြောတဲ့လူတွေကို ကြက်လှောင်အိမ်ထဲထည့်ပိတ်ပစ်မှာကို သတိပေးပါရစေ"
6L: "သုံးလွှာက အတန်းဖော်တို့, မင်းတို့ရွာလေး အင်တာနက်လိုင်းမိရဲ့လား? ယဲ့ကောကို သိမ်းပိုက်နိုင်ခဲ့တဲ့ male god အယ်လ်ဖာအသစ်လေးက အဲ့မှာနေတာမဟုတ်ဘူးလား?"
7L: “What the fuck!”
8L: “What the fuck!”
9L: “What the fuck!”
10L: "သေလိုက်ပါတော့,ငါအဲ့တစ်ယောက်ကိုမေ့တော့မလို့! ပြောကြတာတော့ သူ့pheromone က အယ်လ်ဖာသုံးယောက်ကို ဒူးထောက်ကျသွားတဲ့အထိ ခြောက်လှန့်ပလိုက်တာတဲ့!"
11L: " အဲ့ဒါက အရမ်းကြီးချဲ့ကားမလွန်းဘူးလား? သူ့ pheromone က အဲ့လောက်ရက်စက်ကြမ်းကြုတ်လို့လား? ငါကတော့ သူ့pheromone က သူ့လို့ပဲ နူးညံ့ပြီး နွေးထွေးမယ်လို့ထင်တာပဲ"
12L: " ငါကိုယ်တိုင် မခံစားရဘူးဆိုရင်တော့ ငါယုံမှာမဟုတ်ဘူးနော်"
13L: “12th Floor: hello, flirt.”
14L: “12th Floor: hello, flirt.”
15L: “12th Floor: hello, flirt.”
16L: "မင်းက မင်းကိုယ်တိုင် အဲ့ဒါကို တွေ့ကြုံခံစားချင်တာလား? အိုကေလေ, အခန်း၃၁၂ကိုလာ, ဒီကိုကိုက မင်းကိုယ်တိုင် အဲ့ဒါကို မီးကုန်ကမ်းကုန် တွေ့ကြုံခံစားခွင့်လေးပေးမယ်"
17L: "What the fuck, အပေါ်ထပ်က ဝမ်ကျိုကိုယ်တိုင်ပြောနေတာလား?"
18L: "ကိုကို,ငါ့ကိုကြည့်ပါလို့! ငါ ဘယ်လိုposition မျိုးမဆို လုပ်နိုင်တယ်နော်!"
19L: "ကိုကို,ငါ့ကိုရွေးပါ! ငါ့ရဲ့ နုနုနယ်နယ်ခန္ဓာကိုယ်ပျော့ပျော့လေးက အောက်ကိုဖိချလိုက်ဖို့ လွယ်တယ်နော်!"
20L: "ခဏလောက်နေပါဦး, ၁၆ယောက်မြောက်လူရဲ့ စကားပြောတဲ့ပုံစံက ဝမ်ကျိုစကားပြောတဲ့ပုံနဲ့ တူတယ်လို့ ငါမထင်ဘူး...... "
မျက်နှာထားတင်းတင်းနဲ့ ရှောင်ယဲ့ရယ်မောလိုက်ပြီး ၁၂ယောက်မြောက်,၁၈ယောက်မြောက်နဲ့ ၁၉ယောက်မြောက်တို့ရဲ့ ID တွေကို တိုက်ရိုက် @ ရေးခေါ် ပြီးတဲ့နောက် input box ထဲကို စာရိုက်ထည့်လိုက်သည်။
[ဒီကိုကိုက မင်းတို့အကုန်လုံးကို အဆောင်ခန်းထဲမှာစောင့်နေတယ်နော်, လိမ်လိမ်မာမာနဲ့ အရိုက်ခံဖို့အခုချက်ချင်း လာကြ။ မင်းတို့မလာဘူးဆိုရင်တော့, မင်းတို့ဘယ်သူလဲဆိုတာ ငါရှာရလိမ့်မယ်။ မင်းတို့ဖအေတွေကိုသွားခေါ်နေလည်း အလဟဿပဲ]
send ကိုနှိပ်ပြီးတာနဲ့ ရှောင်ယဲ့ ဖုန်းကို အောက်ပစ်ချလိုက်တယ်။ ဒေါသထွက်နေသေးတာကြောင့် စာရေးစားပွဲခုံမှာ အိမ်စာထိုင်လုပ်နေတဲ့ ဝမ်ကျို့ကို ရှောင်ယဲ့ ကန်ချပလိုက်တယ်။ ဝမ်ကျို့လည်း သတိမထားမိတာကြောင့် ဗြုန်းခနဲ အရှေ့ကိုပစ်ကျသွားသည်။ သူ့ရဲ့ဖောင်တိန်က စာရွက်ပေါ် မျဉ်းကြောင်းအရှည်ကြီးဆွဲသွားတာကြောင့် assignment တစ်ဝက်လောက်တော့ လွှတ်ပစ်ရတော့မယ် ထင်တယ်။
ဒါပေမဲ့ ဝမ်ကျို စိတ်မဆိုးပေ။ ပုံမှန်လိုပဲ ဝမ်ကျိုလှည့်ကြည့်လိုက်ပြီး သူ့ရဲ့ရည်မွန်သောစရိုက်နှင့်အညီ ရှောင်ယဲ့ကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်,
"ဘာဖြစ်လို့လဲ? ဘယ်သူစီနီယာ့ကိုရန်စလို့ စီနီယာစိတ်ဆိုးသွားရတာလဲ?"
ရှောင်ယဲ့ ရုတ်တရက် အရမ်းကိုအားတုံ့အားနာဖြစ်သွားတယ်။ အစကတော့ သူ ရေးကြီးခွင်ကျယ်လုပ်ချင်ရုံလေးပဲဆိုပေမဲ့ သူ ဂရုမစိုက်မိဘဲ ဝမ်ကျိုအချိန်အကြာကြီး လုပ်ခဲ့ရတဲ့ assignment ကိုဖျက်ဆီးမိလိုက်ပြီ။
"ကြည့်လိုက် အခုငါမင်းအပေါ်အကြွေးတင်သွားပြီ......ငါမင်းအတွက် နောက်copy တစ်ခုလုပ်ပေးမယ်,ဖယ်"
ရှောင်ယဲ့ စကားပြောရင်း အကျႌလက်ကို လိပ်တင်လိုက်သည်။
ဝမ်ကျို တခစ်ခစ်ရယ်ပြီး, "ဒါလေးက ဘာမှမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဲ့ဒါကိုအပ်ဖို့ အလျင်မလိုပါဘူး။ ကျွန်တော် အမှားတစ်ခုခုလုပ်မိလို့လား? စီနီယာ ကျွန်တော်အမှားလုပ်မိတယ်လို့ထင်ရင် ကျွန်တော့်ကို အခုချက်ချင်း ရိုက်ပလိုက်ဗျာ"
ရှောင်ယဲ့ တကယ့်ကို သူ့ရဲ့နာခံကျိုးနွံတဲ့အယ်လ်ဖာနဲ့ ပတ်သက်ပြီး ကြံရာမရဖြစ်သွားတယ်။ အကြိမ်အနည်းငယ်မျှ နှာခေါင်းကိုရှုပ်လိုက်ပြီး, " ဘာအတွက် မင်းကို ရိုက်ရမှာလဲ? ငါက မင်းကိုချုပ်ချယ်စိုးမိုးချင်တာပါနော်။ လာ, ငါနဲ့ ဘက်စကက်ဘော သွားကစားမယ်။ တကယ်လို့ မင်းတိုးတက်လာတယ်ဆိုရင်, မင်းဆုရမယ်"
ဝမ်ကျိုက ချက်ချင်းကိုပဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။ ဘောပင်ကိုချလိုက်ပြီး ရှောင်ယဲ့နဲ့ အပြင်ကို ချက်ချင်းထွက်ချသွားသည်။ သွားနေရင်းနဲ့, လျို့ဟန်နဲ့ လို့ယောင်ဟန်ကိုပါ ခေါ်လိုက်တယ်။
နောက်ဆုံး သူတို့တွေ အားကစားကွင်းကိုရောက်သွားတဲ့အချိန်မှာ ဘက်စကက်ဘော ကွင်းက လူတစ်ယောက်မှမရှိပေ။ သူတို့တွေ ကွင်းဆီကိုသွားတော့မဲ့စဲစဲ, နောက်ဘက်စကက်ဘောကွင်းမှာ ကျောင်းဘက်စကက်ဘော အသင်းကအဖွဲ့သားတွေလည်း လေ့ကျင့်ရေးဆင်းနေရတာကို သူတို့သိလိုက်ရတယ်, ကျိုးရွေးနဲ့ ကျန်းဟုန်လည်း ပါတယ်။ ကြည့်ဖို့ဆိုပြီး သူတို့နားမှာဝိုင်းနေတဲ့ ကျောင်းသားတွေလည်း အတော်များများပင်။ ကျိုးရွေးလည်း သူတို့ကိုသတိထားမိသွားပြီး သူ့မျက်နှာက ချက်ချင်းဆိုသလို မြင်မကောင်းရှုမကောင်းတဲ့အထိ ဖြစ်သွားသည်။
ရင်တထိတ်ထိတ်နဲ့ လို့ယောင်ဟန် လှည့်မေးလိုက်သည်,
"ယဲ့ကော, ငါတို့တစ်ခြားနေရာသွားကြမလား?"
ရှောင်ယဲ့ကတော့ လုံးဝကိုစောက်ဂရုမစိုက်ပေ။
"ဒီနေရာလည်း အဆင်ပြေပါတယ်, ကိစ္စမရှိပါဘူး "
သူ နည်းနည်း သွေးပူအောင်လုပ်ပြီး သူ့နားတစ်ဝိုက်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ တစ်ခြားကျောင်းသားတွေရဲ့ တီးတိုးပြောသံတွေကို နည်းနည်းလေးမှ အာရုံမထားဘဲ လူနည်းနည်းပါးပါးကိုသာ စကစားရအောင် အော်ခေါ်လိုက်သည်။
ဝမ်ကျို နည်းနည်းတော်ဟန်ပျက်နေသည်။ အကြိမ်တော်တော်များများ ဘောလုံးဖမ်းတဲ့နေရာမှာ လွဲချော်နေပြီး သူ့ရဲ့မျက်နှာအမူအယာက ပိုပိုပြီးတော့ စိတ်ဓာတ်ကျတဲ့ပုံပေါက်လာတယ်။
ရှောင်ယဲ့ ဘောလုံးကို လျို့ဟန်ဆီပစ်ပေးလိုက်ပြီး,
"မင်းတို့အားလုံးအရင်စော့နှင့်" , အဲ့နောက် သူ ဝမ်ကျို့ဆီ အပြေးသွားလိုက်သည်။
"ဘာဖြစ်တာလဲ"
ကလူ၏သို့မြူ၏သို့ အသံနဲ့ ရှောင်ယဲ့ ဝမ်ကျို့လက်ကိုဆွဲကိုင်းပြီး လှုပ်ယမ်းလိုက်တယ်။ ဒါပေမဲ့ အဲ့ဒါက လူတွေအားလုံး သူ့အပြုအမူကြောင့် အံ့သြသွားကြပြီး သူ့တို့မေးတွေအောက်ကျသွားတဲ့ရန်ကနေ မကာကွယ်နိုင်ခဲ့ပေ။
"အဲ့ဒါက တကယ်ပဲ ယဲ့ကောဟုတ်လို့လား, အိုးမိုင်ဂေါ့..."
"ငါ အရင်တုန်းက တကယ်မယုံခဲ့တာ, ဒါပေမဲ့ ငါအခုတော့ တကယ်ကြီး ဒါကိုယုံရတော့မှာပဲ......."
"စောက်ရမ်းအံ့သြဖို့ကောင်းတာပဲ, ဝမ်ကျိုက စောက်ရမ်းအံ့သြဖို့ကောင်းတာပဲ.........."
ကျိုးရွေးတောင်မှ သတိပြုမိသွားတယ်။
သူရှောင်ယဲ့ကို သုံးနှစ်နီးပါးလောက်သိခဲ့တာ, ဒါပေမဲ့ မကြာသေးခင်အချိန်တုန်းက သူတို့ရင်းနှီးခဲ့တဲ့ အချိန်မှာတောင်မှ, ရှောင်ယဲ့ ဒီလိုမျိုးနေတာကို သူတစ်ခါမှမမြင်ဖူးဘူး။
အဲ့အချိန်တုန်းက, လှပပြီးမာနကြီးလှတဲ့ အသစ်ရောက်လာတဲ့လူသစ်အိုမီဂါလေးကို Tတက္ကသိုလ်မှာမသိတဲ့လူမရှိခဲ့ဘူး။ ဂနာမငြိမ်ဖြစ်နေကြတဲ့ ဆင်ဂနယ်အယ်လ်ဖာအုပ်စုက သူတို့ရဲ့အယ်လ်ဖာဝိညာဉ် ကိုပိုပြီး ကျော်စောသွားအောင်လုပ်ဖို့ဆိုပြီး သူကို့ထိန်းချုပ်ဖို့ ကြိုးစားကြတော့တာပဲ, ဒါပေမဲ့ လအနည်းငယ်အတွင်းမှာပဲ, ရှောင်ယဲ့ ခုနစ်ယောက်မြောက် ပြဿနာလာရှာတဲ့ အယ်လ်ဖာကိုမြေစာဖြစ်အောက် ရိုက်ထုတ်လိုက်တဲ့အချိန်မှာ လူတော်တော်များများ ကြောက်လန့်သွားကြတယ်။ အဲ့အယ်လ်ဖာတွေက သူတို့အတွက် အကြောင်းပြချက်တွေလျှောက်ပြောဖို့လည်း မမေ့ကြဘူး, ဒီလိုအိုမီဂါမျိုးက သူတို့ကိုလာမြူဆွယ်ရင်တောင်, သူတို့ကစိတ်မဝင်စားပါဘူးဆိုပြီး စိတ်ပျက်စရာတွေ ပြောကြတော့တာပဲ။ သူက ညင်ညင်သာသာမရှိသလို, နူးလည်းမနူးညံ့တဲ့အပြင် ချိုမြတဲ့မွှေးရနံ့လည်းမရှိဘူး။ အဲ့ဒါကြောင့် သူ့ကိုဖက်တာလေးကတောင် အတော်ကလေးကို မခံရပ်နိုင်စရာဖြစ်မှာပဲ။
အစကတော့, ကျိုးရွေး ရှောင်ယဲ့ကို စိတ်မဝင်စားပါဘူး။ သူတို့ကိုယ်တိုင် သူ့ဆီပစ်ဝင်နေတဲ့ ချစ်ဖို့ကောင်းတဲ့အိုမီဂါလေးတွေဆိုတာ ပြတ်လပ်တယ်လို့မရှိဘူး, အဲ့ဒါကြောင့်
စိတ်ပျက်စရာကောင်းလောက်အောင် ကျောက်တုံးကိုထွင်းထုထားတာနဲ့တူတဲ့ သူ့ကို ဘာကြောင့်များလိုက်ပိုးရမှာလဲ? ဒါပေမဲ့ အမြဲတမ်းအေးစက်စက်မျက်နှာထားနဲ့ အတိုက်အခံလုပ်တတ်တဲ့ ကျန့်ရှောင်ယဲ့က သူ့ကိုအဲ့လိုမျိုးဂရုစိုက်လာသလိုလိုဖြစ်လာတဲ့အချိန်မှာ ရှောင်ယဲ့အပေါ်သိမ်းပိုက်စိုးမိုးချင်တဲ့ သူ့ရဲ့မာနဘဝင်နဲ့ဆန္ဒတွေ တိုးပွားလာခဲ့တယ်။ သူ့ကိုမြူဆွယ်ပြီး ကစားရတာက စိတ်ဝင်စားဖို့ကောင်းမှာပဲလို့ သူထင်ခဲ့တယ်, အဲ့ဒါကြောင့် ကျန့်ရှောင်ယဲ့ဘက်က အရင်ဆုံးချစ်ခွင့်ပန်မဲ့အချိန်ကိုစောင့်ရင်း စိတ်ရှည်ရှည်နဲ့ ပရောပရည်လုပ်နေခဲ့တယ်။
အဲ့အစီအစဉ်ကြီးအောင်မြင်တော့မဲ့အချိန်မှာ ဘယ်နေရာကမှန်းမသိထွက်လာတဲ့ ဝမ်ကျိုက အဲ့ဒါကိုဖျက်ဆီးသွားနိုင်လိမ့်မယ်လို့ ဘယ်သူကများ ခန့်မှန်းမိမှာလဲ။
သူရရမဲ့အိုမီဂါက ဖြတ်ခုတ်သွားခံရရုံသာမက သူလည်းပဲ မျက်နှာပျက်ခဲ့ရတာကြောင့် ကျိုးရွေးအနေနဲ့ ဖြစ်စဉ်ဖြစ်ရိုးအတိုင်း စိတ်တိုခဲ့ရတယ်။ အဲ့အချိန်တုံးက ကျန့်ရှောင်ယဲ့က သူ့ကိုသေမတတ်ကြိုက်တာပါလို့ သူ တစ်ခြားလူတွေကို ကျိန်တွယ်ပြီးတောင်ပြောခဲ့တာ။ ဒါပေမဲ့ အဆုံးသတ်မှာ, သူ ရက်ရက်စက်စက် အရိုက်ခံခဲ့ရတာလေ, ဘယ်လိုလုပ် စိတ်မတိုဘဲနေမှာလဲ? သူ အစတုန်းကထင်ခဲ့တာက, ရှောင်ယဲ့က ပျော့ညံ့ပြီးမိန်းမပျက်လို အယ်လ်ဖာနဲ့အတူနေရလို့ ဒေါသပုန်ထပြီး ဝိုင်းဒိုင်းကြဲနေတယ်ပေါ့ အဲ့ဒါကြောင့် သူ ရှောင်ယဲ့ တကယ်ပဲအတည်ကြီးဖြစ်သွားလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ အဲ့ဒါပဲမဟုတ်ဘူး, ဝမ်ကျိုဆိုတဲ့ကောင်ကလည်း တကယ်တမ်းအားပျော့တာမဟုတ်ဘူးဆိုတာကိုရောပဲ။
အဲ့ဒါကြောင့်, နောက်ဆုံး သူက အရှုံးကြီးရှုံးသွားတဲ့ အရှုံးသမားဖြစ်သွားခဲ့တယ်။
အရှုံးသမား,အဲ့လိုအရှုံးသမားပဲ။ သူ ခဏတစ်ဖြုတ် စိတ်တိုသွားသေးတယ်, ဒါပေမဲ့ သူ ရှောင်ယဲ့ကို အဲ့လောက်လည်းမလွမ်းပါဘူး။ ကျန့်ရှောင်ယဲ့က နဂိုကတည်းက ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြိုက်ပုံစံလည်းမဟုတ်ဘူး, ဒီအတိုင်း လေ့လာလိုက်စားရမဲ့ စာအုပ်အတွေ့အကြုံလေးတစ်ခုပဲ။ သူ နောက်ဆုံးရှောင်ယဲ့ကို ရခဲ့ရင်တောင်မှ, သူ ခဏလေးနေတာနဲ့ ပျင်းရိသွားမှာပဲ။ ဒီလိုမာနကြီးပြီးကြောက်ဖို့ကောင်းတဲ့အိုမီဂါမျိုးက တစ်ခြားချိုမြပြီး နှစ်လိုဖွယ်ကောင်းတဲ့ အိုမီဂါတွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ? ရှောင်ယဲ့အနေနဲ့ ပရော်ပရည်လုံးဝမလုပ်တတ်မှာတောင် သူ စိုးရိမ်မိတယ်။
ဒါပေမဲ့,ဒီအချိန်လေးမှာ, ရှောင်ယဲ့က တကယ်ပဲ ကလူ၏သို့မြူ၏သို့ လုပ်တတ်ပြီး အရင်ကသူသိခဲ့တဲ့ ပရော်ပရည်လုပ်တတ်တဲ့လူအားလုံးထက် ပိုပြီးတော့တောင် စွဲမက်စရာကောင်းတာကို သူတွေ့လိုက်ရတယ်။
"မင်း ဘက်စကက်ဘောမဆော့နိုင်သေးဘူးလား?"
ရှောင်ယဲ့က သူ့ဘေးနားမှာရှိတဲ့ မျက်လုံးပေါင်းမြောက်မြားစွာနဲ့ ဆွေးနွေးချက်တွေကို လုံးဝသတိမထားမိတဲ့ပုံစံနဲ့ ဝမ်ကျို့ကိုသာ မျက်နှာမူထားသည်။ ရှောင်ယဲ့ ဝမ်ကျို့လက်ဖဝါးကို ကုတ်ခြစ်ရင်း တခစ်ခစ်ရယ်လိုက်မိသည်။
"အများကြီးလေ့ကျင့်ထားတာတောင်မှ မဆော့နိုင်သေးဘူးပဲ။ ငါ မင်းကိုသင်ပေးမယ်လေ,ကိုကိုနော်"
ဒီ "ကိုကို" ဆိုတဲ့ခေါ်သံက အတော်ကလေးကိုသဘာဝဆန်ဆန်နဲ့ ထွက်လာပြီး သူအသံက အရမ်းကိုမယှဉ်နိုင်လောက်အောင် အလိုလိုက်ဖူးဖူးမှုတ်ထားပြီး နာခံတဲ့ဟန်အပြည့်ပင်။ ဒါက ရှောင်ယဲ့ ဝမ်ကျို့ကို ပုံမှန်ဘယ်လိုခေါ်လဲဆိုတာ အရမ်းသိသာနေပြီ။ ဖြစ်ရပ်နေရာမှာရှိတဲ့ လူအကုန်လုံးက ရှောင်ယဲ့က ဝမ်ကျို့ထက်နှစ်နှစ်ကြီးတာကို သိကြတဲ့လူတွေချည်းပင်။ ခဏတာမျှ, သူတို့အကုန်လုံး အချိုတစ်ခုခုစားလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
ကျိုးရွေးလည်း လန့်ဖျပ်တုန်လှုပ်သွားပြီး သူ့နှလုံးသားအောက်ခြေကနေ, နောင်တရတဲ့အရိပ်အယောင်က မမျှော်လင့်ထားဘဲ မြင့်တက်လာသည်။
ကြည့်ရတာတော့, သူ အလွန့်အလွန်ကို ဆွဲဆောင်အားကောင်းတဲ့ အိုမီဂါတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးသွားတာပဲ။
လူသိရှင်ကြား ဒီလိုကြီးနာမည်တပ်ခေါ်ခံလိုက်ရတာကြောင့် ဝမ်ကျို နည်းနည်းတော့ရှက်သွားတယ်, "ကျွန်တော်" , ဝမ်ကျိုသူ့ဘေးနားကလူကိုကြည့်ပြီး ရှောင်ယဲ့နားနားကပ်ပြောဖို့ အနားကိုတိုးမှီလိုက်ပြီး,
"ကျွန်တော် ဆိုးဆိုးရွားရွားကြီး ကစားမိပြီး စီနီယာ့ကို မျက်နှာပျက်အောင် လုပ်မိမှာစိုးလို့......"
နည်းနည်းကလေးမှ ဂရုမစိုက်တဲ့ ရှောင်ယဲ့ကတော့,
"ငါတို့က ဒီအတိုင်း ပေါ့ပေါ့ပါးပါးကစားကြတာပါ, ဒီလိုပါပဲ, ဘာတွေကိုစိတ်ပူနေတာလဲ.....မင်းမျက်နှာပျက်ရတယ်ဆိုရင် မင်းမျက်နှာပျက်ရတာပဲလေ။ သူတို့တွေ ငါကိုမပြောရဲပါဘူး, စိတ်အေးသက်သက်သာသာနေ"
အနားမှာရှိနေတဲ့ လျို့ဟန်ကဒီဟာကိုဘေးကနေကြားသွားပြီး, "သူတို့တွေက မင်းအကြောင်းပြောမှာမဟုတ်ဘူး? ရှောင်ဝမ် မျက်နှာပျက်မှာကျတော့ အဆင်ပြေတယ်ပေါ့?"
"Mhm, ကိစ္စမရှိပါဘူး "
ဝမ်ကျို ပြုံးကာ ရှောင်ယဲ့ကို ပြန်ဖြေလိုက်သည်,
"အဲ့ဒါဆိုရင်တော့, ကျွန်တော် စိတ်အေးပါပြီ"
လျို့ဟန်: "...........နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်ခင်ဗျ"
လူလေးယောက်က မထွက်သွားခင်မှာ တစ်နာရီခန့်လောက် စိတ်ရှိလက်ရှိကစားကြသေးတယ်။ သူတို့ဘေးနားမှာရှိတဲ့လူတွေက စောင့်ကြည့်ပြီး အတင်းအဖျင်းထွက်လာဦးမယ်လို့ ထင်နေတာကြောင့် တစ်ချိန်လုံး သူတို့ဖုန်းကို လက်ကကိုင်ပြီး အပြင်ကိုအသင့်ထုတ်ထားကြတယ်။ မမျှော်လင့်ထားသည်က, ရှောင်ယဲ့တို့အဖွဲ့ ထွက်သွားတဲ့အချိန်အထိ အရာအားလုံးက ငြိမ်သက်ပြီး တိတ်ဆိတ်နေလေရဲ့။ အကုန်လုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး အသီးသီး ထွက်ခွာသွားကြသည်။
ကျောင်းဘက်စကက်ဘော အသင်းလည်း နေ့စဉ်ထရိန်နင်ဆင်းရခြင်း အလုပ်ကိုပြီးသွားပြီဖြစ်သည်။ ကျိုးရွေး သူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ ကိုယ်လုံးကြီးကို အဆောင်ဆီ တရွတ်တိုက်ဆွဲသွားနေရပြီး သူ့ရဲ့ခေါင်းထဲမှာလည်း ခုဏက ရှောင်ယဲ့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ပုံရိပ်တွေ ပြည့်နှက်နေပြီး သူ့ရဲ့ရင်ဘက်ထဲမှာလည်း ချုပ်တည်းထားရတဲ့ ဒေါသအပြည့်ပင်။
ကျန်းဟုန်က ကျိုးရွေးနဲ့အတူ လမ်းလျှောက်လိုက်လာသည်မှာ တစ်လမ်းလုံးပင်။ ကျိုးရွေးစိတ်ပျက်လက်ပျက်ဖြစ်နေတာကို မြင်လိုက်ရတော့, ကျန်းဟုန် သူဘာတွေစဉ်းစားနေတာလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းနိုင်သွားပြီး သူ့ကိုအားပေးနှစ်သိမ့်ဖို့ ကြိုးစားကာ စကားဆိုလိုက်သည်,
"အကိုရွေး, သူတို့က တမင်သက်သက် အကိုရှေ့မှာ ကျိန်းသေ ရှိုးလာလုပ်နေကြတာ။ စိတ်ထဲမထားပါနဲ့။ ကျန့်ရှောင်ယဲ့က ဒေါသကလည်းဆိုးသေး ။ သူတို့နှစ်ယောက်တည်းရှိတဲ့အချိန်ဆို သူရဲ့အယ်လ်ဖာကို အကြင်မဲ့ပြီးရက်ရက်စက်စက်ဆက်ဆံမှာ သေချာသလောက်ပဲ။ အကို အဲ့ဒီ့အချိန်ကိုက်ဗုံးကို လွှတ်ပစ်ခဲ့တာ အကိုကံကောင်းတယ်မှတ်"
ကျိုးရွေး အဲ့ဒါကိုပြန်စဉ်းစားကြည့်ပြီး အဲ့အကြောင်းပြချက်က လက်တွေ့ကျတယ်ဆိုတာ တွေ့လိုက်ရသည်။ သူ့နှလုံးသားက နည်းနည်းတည်ငြိမ်သွားသလိုပဲ, ဒါပေမဲ့ အဲ့အချိန်မှာပဲ, သူအဆောင်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ဝရန်တာတွေထဲက တစ်ခုအပေါ်မှာ လူရိပ်နှစ်ရိပ်ကို ဖြတ်ခနဲမြင်လိုက်ရတယ်။ သူ့ခြေလှမ်းတွေလည်း ချက်ချင်း ရပ်တန့်သွားသည်။
ကျန်းဟုန်လည်း ကျိုးရွေးကြည့်တဲ့နေရာကို လိုက်ကြည့်လိုက်တော့ ထိတ်လန့်အံ့သြသွားပြီး သူ့မျက်လုံးတွေတောင် ချက်ချင်းကို ပြူးသွားတာပဲ။
အဆောင်ရဲ့သုံးလွှာက အရမ်းအမြင့်ကြီးမဟုတ်ဘူး။ အဲ့ဒါကြောင့် အဆောင်အခန်းမီးက ဝရန်တာမှာပါ ထွန်းလင်းနေတဲ့အချိန်ဆို အဲ့နေရာကို အတော်ကလေး ရှင်းရှင်းလင်းလင်းမြင်ရတယ်။
လူရိပ်နှစ်ခုက တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကြပြီး တာရှည်လှတဲ့အနမ်းတစ်ခုကို ဝေမျှနေကြသည်။
လူတွေအကုန်လုံးရဲ့အသိအမြင်ထဲမှာ အမြဲတမ်း မာန်မောက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ကျန့်ရှောင်ယဲ့က ဒီအချိန်မှာတော့ မရပ်မနားအနမ်းအတွက် ခေါင်းကို စောင်းပေးရင်း နာခံကျိုးနွံနေသည်။ သူ့ရဲ့ခါးသွယ်သွယ်က ပိုပိုပြီး အရှေ့ကို ကော့သွားကာ အရမ်းကိုအဆင်မပြေတဲ့ပုံပေါက်နေပေမဲ့ ဝမ်ကျိုက သူအသက်ရှူလို့ရအောင် သူတို့နှုတ်ခမ်းတွေကို ခွာလိုက်တဲ့အချိန်မှာ သူ့အယ်လ်ဖာကို အရသာခံနေရတာကို လွှတ်ပေးဖို့အင်တင်တင်ဖြစ်နေသလိုမျိုး သူက တက်တက်ကြွကြွနဲ့ ဝမ်ကျို့နှုတ်ခမ်းနောက်ပါသွားသည်။
အနမ်းအဆုံးသတ်သွားပြီးတော့, ရှောင်ယဲ့က ဝမ်ကျို့ရဲ့ရင်ဘက်ပေါ် မှီကာ ဘယ်သူမှမသိနိုင်တဲ့ စကားတွေပြောနေလေရဲ့။ ဝမ်ကျိုက ရုတ်တရက် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တယ်။ ရှောင်ယဲ့ နည်းနည်း မကောင်းဆိုးဝါးဆန်ဆန်ပြုံးကာ သူ့ခေါင်းကို ဝမ်ကျို့လည်ပင်းဆီကိုင်းပြီး ခဏတာမျှ ခပ်ဖွဖွလေး လျှက်လိုက်သည်။ အဲ့နောက်, သူ့ရဲ့နှုတ်ခမ်းသားတွေကို ဝမ်ကျို့ကိုယ်ပေါ်မှာ အတည်တကျဖိကပ်ထားလိုက်ပြီး စပြီးအောက်ကိုလျှောဆင်းသွားသည်မှာ, ဝရန်တာနံရံတွေကဖုံးကွယ်သွားတဲ့ နေရာကို သူရောက်သွားတဲ့အထိပင်။ သူ ပြန်ပြီး အပေါ်ကိုတက်မလာတော့ဘူး။
ကျန်းဟန် တံတွေးမျိုချလိုက်ပြီး သူ့ပါးစပ်ကိုဟလိုက်တဲ့အချိန်မှာ, သူ့အသံက နည်းနည်းအက်ကွဲနေတာကို တွေ့လိုက်ရတယ်, "what the fuck.......အကိုရွေး, ကျွန်တော်......"
သူ တစ်ခုခုပြောဖို့ ကြိုးစားလိုက်ပေမဲ့ ကျိုးရွေးလည်း မာနေပြီဆိုတာ သူမြင်လိုက်ရတဲ့အချိန်မှာ, သူ့လည်ချောင်းက သူစကားပြောရလောက်တဲ့အထိ ပြေလျော့သွားသည်,
"ကျန့်ရှောင်ယဲ့.........ဖြစ်နိုင်တာကတာ့ သူ တမင်တကာ အကိုကျိုးလည်းမြင်သွားအောင် ရှိုးလုပ်တာပဲနေမှာ....."
"သောက်ရေးမပါတာ!" , ကျိုးရွေး သွားကိုကြိတ်လိုက်ပြီး,
"ဘာကိုမြင်ရမှာလဲ? သွားရအောင်! ငါအနေနဲ့ မျက်နှာပျက်ရတာမလုံလောက်လေးဘူးလို့ မင်းထင်နေတာလား?"
T/n
ဒီအပိုင်းလေးကို တမြန်နေ့ကတည်းက တစ်ဝက်ရေးလို့ပြီးသွားတာ, မနေ့က အပြီးရေးပြီးတင်ပေးမယ်ပေါ့, အရေးကြီးကိစ္စပေါ်လာလို့ အတော်ကလေး အလုပ်ရှုပ်သွားတာမို့လို့ နည်းနည်းပါးပါးပဲ ပြီးတာကြောင့် ဒီနေ့မှ တင်ပေးရတာပါလို့, ဒါနဲ့ ပြီးဖို့ ၁ပိုင်းပဲကျန်တော့တာမို့ အဲ့တစ်ပိုင်းကို ဒီအပတ်အပြီးသတ်တဲ့အနေနဲ့ စနေ,ဒါမှမဟုတ် တနင်္ဂနွေ နေ့ကျရင် တင်ပေးပါ့မယ်နော်။ ဟေး, extra တွေကျန်သေးတယ်နော်