Zawgyi
ပိတ္ရက္ႏွစ္ရက္လံုးလံုး, ေ႐ွာင္ယဲ့ရဲ႕ခႏၶာကိုယ္က အရမ္းႀကီး မခံႏုိင္တာေၾကာင့္ - တကယ္တမ္းေတာ့ heat အခ်ိန္အတြင္းမဟုတ္တာေၾကာင့္ သူအေနနဲ႔ ျမန္ျမန္ ျပန္မေကာင္းႏိုင္ဘူးျဖစ္ေနတာ- တစ္ျခားဘယ္မွမသြားဘဲ ႏွစ္ေယာက္သား အိမ္တြင္းပဲေအာင္းခဲ့ၾကတယ္။ ပိတ္ရက္ရဲ႕ ေနာက္ဆံုးညေနခင္းမွာေတာ့, သူတို႔ေတြ သယ္လာခဲ့တဲ့ ပစၥည္းေတြကို ျမန္ျမန္ဆန္ဆန္ ထုပ္ပိုးသိမ္းဆည္းၿပီး ေက်ာင္းကို ျပန္ခဲ့ရတယ္။
အျပည့္အဝ အမွတ္အသားေပးခံရၿပီးတဲ့ေနာက္မွာေတာ့, တစ္ျခားအယ္လ္ဖာေတြရဲ႕ pheromone ဆီက အက်ိဳးသက္ေရာက္မႈခံရတာနဲ႔ ပတ္သက္ၿပီး ေ႐ွာင္ယဲ့ ဆက္ၿပီး စိုးရိမ္ေနစရာမလိုေတာ့ဘူးေလ။ အခုေတာ့ သူက ေရထဲကိုဝင္ေတာ့မဲ့ မိုးနဲ႔ေရလႊမ္းမိုျခင္းကိုျပဳလုပ္ႏိုင္စြမ္း႐ွိတဲ့ ဒ႑ာရီလာနဂါးတစ္ေကာင္လိုမ်ိဳး ေမာ္ေမာ္ႂကြားႂကြားျဖစ္ေနေလရဲ႕။
အဲ့ဒါထက္, အဲ့ညက အယ္လ္ဖာသံုးေကာင္ကို ခုခံကာကြယ္ခဲ့ဖို႔ သူ ဘယ္လိုသူ႔အားသူသံုးခဲ့ရတယ္ဆိုတဲ့ ဇာတ္လမ္းက Tတကၠသိုလ္ တစ္ခုလံုးကို ျပန္႔ႏွံ႔သြားၿပီး အျပင္ကေက်ာင္းေတြေတာင္မွ ဒီသမိုင္းဝင္အေၾကာင္းကို ၾကားသြားၾကတယ္။ အဲ့ဒါေၾကာင့္ပဲ, ေက်ာင္းသားေတြက ဒီလိုၾကမ္းတမ္းရက္စက္တဲ့ အိုမီဂါက ဘယ္လိုပံုမ်ိဳးလဲဆိုတာ သိခ်င္လို႔ပဲ အထူးသျဖင့္ကို လာေရာက္ၾကတယ္။ ခဏတာမွ် ေ႐ွာင္ယဲ့လည္း ေက်ာင္းရဲ႕အဓိကအာရံုစိုက္ခံရတဲ့လူျဖစ္သြားၿပီး Tတကၠသိုလ္ရဲ႕ ေက်ာင္းဘုတ္ေပၚက Man of The Hour စာရင္းမွာ ထိပ္ဆံုးေရာက္သြားခဲ့သည္။
သူနဲ႔အတူတည္႐ွိတဲ့ ဝမ္က်ိဳ႕ရဲ႕အဆင့္ကလည္းပဲ ျမင့္တက္သြားခဲ့သည္။ အဲ့ဒါၿပီးတဲ့ေနာက္မွာေတာ့, ေက်ာင္းက ယို႔ရီနဲ႔ျဖစ္တဲ့ မေတာ္တဆကို ျပန္လည္ေခၚယူသံုးသပ္ၿပီး ယို႔ရီကိုလည္း ေက်ာင္းပိတ္ရက္ေတြမွာကန္႔သတ္ထားခံရမယ္ဆိုတဲ့ ႀကီးမားတဲ့အျပစ္ကို ေပးလိုက္ၾကသည္။ က်ိဳးေရြြးလည္းပါဝင္ပတ္သက္ခဲ့တာေၾကာင့္, သူလည္းပဲ သတိေပးဆံုးမခံလိုက္ရသည္။ အေသးစိတ္တိုင္းလိုကို စိတ္ပါဝင္စားစြာနဲ႔ ေဆြးေႏြးၾကတဲ့ စပ္စပ္စုစုလူေတြကေန က်ိဳးေရြးနဲ႔ ေ႐ွာင္ယဲ့ရဲ႕ မေက်နပ္ခ်က္ေဟာင္းေတြက ျပန္တူးဆြခံခဲ့ရတယ္။ က်ိဳးေရြးနဲ႔ ဝမ္က်ိဳ႕ရဲ႕ရန္ပြဲကလည္း အတင္းအဖ်င္းၾကားကေန မလြတ္ေျမာက္ႏိုင္ခဲ့ပါဘူး။ အဆံုးသတ္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ယခင္က သိမ္ေမြ႕ၿပီး ေခြးေခါက္ေလးလို အယ္လ္ဖာက ယီးတီးယားတား ေျပာင္ေခ်ာ္ေခ်ာ္ သြားလုပ္လို႔ရတဲ့လူ မဟုတ္ဘူးဆိုတာ သေဘာေပါက္သြားၾကတယ္။
ေက်ာင္းရဲ႕ website စာမ်က္ႏွာေပၚက ဝမ္က်ိဳ႕ရဲ႕ နာမည္ႀကီးေနတဲ့ ေခါင္းစဥ္က ေ႐ွာင္ယဲ့အေၾကာင္းကိုေတာင္မွ ဖံုးအုပ္သြားတယ္:
[ငါေျပာၾကည့္တာပါ, ယဲ့ေကာကိုေတာင္ ခ်ဳပ္ႏုိင္တဲ့အယ္လ္ဖာက ဘယ္လိုလုပ္အားနည္းတာ ျဖစ္ႏိုင္မွာလဲ!]
[အယ္လ္ဖာတစ္ေယာက္က နာခံက်ိဳးႏြံသလို ရက္စက္တတ္တယ္ဆုိတာက တကယ္ျဖစ္ႏုိင္ရဲ႕လား? အရမ္းစိတ္လႈပ္႐ွားဖို႔ေကာင္းတာပဲ.....]
[ျခားနားခ်က္ကေတာ့ အရမ္းႀကီးတယ္! ဒါေပမဲ့ သူက တကယ္ႀကီး အရမ္းၾကည့္ေကာင္းတာပဲလို႔!]
[ငါသူ႔ကို အားကစားကြင္းထဲမွာေတြ႕လိုက္တဲ့ ေနာက္ဆံုးတစ္ေခါက္ကဆို, သူ ေခြၽးသုတ္ဖို႔ဆိုၿပီး သူ႔အက်ႌကိုမပလိုက္တာ, အဲ့ဒီ့ႂကြက္သားေတြကေလ.....ယစ္မူးဖြယ္ေကာင္းလိုက္တာ]
[ဝမ္က်ိဳနဲ႔ ယဲ့ေကာၾကားမွာ ရန္ပြဲျဖစ္ရင္ မင္းတို႔အကုန္လံုး ဘယ္သူႏိုင္မယ္လို႔ ထင္လဲ? ငါကေတာ့ ယဲ့ေကာျဖစ္ပါေစလို႔ ဆုေတာင္းတယ္]
[ႏိုးထလိုက္ေတာ့,အေပၚကလူေရ, မင္းရဲ႕ ယဲ့ေကာက လံုးဝအမွတ္အသားအေပးခံလိုက္ရၿပီးၿပီေလ။သူ႔ရဲ႕လည္ပင္းေပၚက ထင္႐ွားျမင္သာေနတဲ့ အနီေရာင္အမွတ္ကို မင္းမျမင္ဘူးလား? ငါခန္႔မွန္းမိတာကေတာ့ သူ႔အယ္လ္ဖာက က်ိန္းေသ သူ႔ကို အိပ္ရာထဲမွာ ႏွိပ္စက္မွာပဲ......]
[ငါေသၿပီ, ယဲ့ေကာက တကယ္ပဲ အရမ္းကိုမွၾကမ္းၾကမ္းတမ္းတမ္း အဖိခံခဲ့ရတာဆိုရင္........ငါေလ တကယ္ပဲ သူ႔ရဲ႕အယ္လ္ဖာ ငါ့ကို အိပ္ရာထဲမွာ ရန္စတာေလးကို လိုခ်င္လာၿပီ]
[ညီအမတို႔, ကလက္တက္တက္ ညဳတုတုေတြမလုပ္ၾကပါနဲ႔ေတာ့]
(T/n သီခ်င္းဆိုျပမယ္ ေကာင္မေတြအရမ္းကို ထႂကြလြန္းတယ္, အဟမ္းအဟမ္း)
……
ေ႐ွာင္ယဲ့ post နဲ႔comment ေတြကို အထက္ေအာက္လွန္ေလွာၾကည့္လိုက္ေတာ့, နားထင္မွာ႐ွိတဲ့ ေသြးေၾကာေတြေတာင္ တဒုတ္ဒုတ္ခုန္ျမည္လာသည္။ သူreply box ကိုႏွိပ္လိုက္ၿပီး တဒုန္းဒုန္းနဲ႔ စာတစ္ေၾကာင္းကို႐ိုက္လိုက္ၿပီးတဲ့ေနာက္ submit ကိုႏွိပ္လိုက္သည္:
[လဲေသလိုက္ၾက, သူက ငါနဲ႔ပဲအိပ္လို႔ရတာ။ သူ႔နဲ႔ပတ္သတ္ၿပီး အေတြး႐ွိတဲ့ဘယ္သူမဆို အရင္ဆံုး ရန္ပြဲမွာ ငါ့ကို အႏုိင္ယူႏိုင္ရမယ္]
ေ႐ွာင္ယဲ့ေဘးနားမွာ ထိုင္ေနတဲ့လ်ိဳ႕ဟန္မွာ မယံုၾကည္ႏိုင္ဘဲ စြံ႕အၿပီးၾကက္ေသေသသြားေတာ့သည္,
"ငါတုိ႔ေတြ နည္းနည္းေလာက္ အဖက္မလုပ္ဘဲ ေနလို႔မရဘူးလား?"
"ငါမ်က္စိေ႐ွ႕တည့္တည့္ႀကီးမွာ ညဳတုတုလာလုပ္ေနၾကေလ, ငါက အဖက္မလုပ္ပဲေနႏုိင္ရမယ္ေပါ့"
ေ႐ွာင္ယဲ့ စာေရးစားပြဲခံုေပၚ ဖုန္းကိုေမွာက္ခ်လိုက္ၿပီး လ်ိဳ႕ဟန္ကို အ႐ူးဆိုတဲ့အၾကည့္မ်ိဳးနဲ႔ၾကည့္ေပးလိုက္သည္။
"မင္း ငါ့ကိုဘာျပခ်င္တာလဲ? ငါ့ကိုဆူဖို႔ပဲ ငါ့ကိုလိုက္႐ွာတာေလးပဲလား?"
လ်ိဳ႕ဟန္ မ်က္ရည္က်လာသလို ခံစားရေကမဲ့ ဘာမ်က္ရည္မွ ႐ွိမေနေပ,
"မင္းရဲ႕အယ္လ္ဖာက အခု အရမ္းကိုေပၚျပဴလာျဖစ္ေနတာမလို႔ မင္းကို ႏိုးထဖို႔ ငါက သတိေပးခ်င္ရံုေလးပါ။ သူ႔ကိုလိုခ်င္ေနတဲ့ အိုမီဂါေတြ အမ်ားႀကီးမို႔ ငါက စိုးရိမ္ေနမိတာပါ။ သူ႔ကိုေစာင့္ၾကည့္ၿပီး တစ္ျခားဘယ္သူ႔ကမွ သူ႔ကို အလစ္သုတ္တာမခံေစနဲ႔"
အဖက္လုပ္ဖို႔မတန္သလိုဟန္ျဖင့္ ေ႐ွာင္ယဲ့ ျပန္ေခ်ပလိုက္သည္, "တကယ္လို႔ သူကိုသာ အလစ္သုတ္လုယူႏိုင္မယ္ဆိုရင္, ငါ မင္းရဲ႕ေခါင္းကို လိမ္ခ်ိဳးၿပီး မင္းကိုေပးမယ္ေလ"
လ်ိဳ႕ဟန္ ျမန္ျမန္ျပန္ေျပာလိုက္သည္, " မရဘူး, မလုပ္ပါနဲ႔ကြာ, အဲ့ဒါက အရမ္း ရက္စက္တာပဲ"
လ်ိဳ႕ဟန္အေနနဲ႔ တုံ႕ျပန္ဖို႔ အခ်ိန္ခဏယူလိုက္ရၿပီး,
"ဘာလို႔ ငါ့ေခါင္းျဖစ္ရတာလဲ?"
"မင္းကို ဘယ္သူက အဓိပၸါယ္မ႐ွိတာေတြ ေျပာခိုင္းလို႔လဲ"
ေ႐ွာင္ယဲ့ လ်ိဳ႕ဟန္ကို ဘာခံစားခ်က္မွမ႐ွိတဲ့အၾကည့္ ပစ္လႊတ္လိုက္ၿပီး, အထက္စီးဆန္စြာ ရယ္ေမာလိုက္သည္။
"သူက ငါ့ကိုေသေလာက္ေအာင္ခ်စ္တာ, ငါမ႐ွိဘဲ သူအသက္႐ွင္မေနႏိုင္ဘူး,နားလည္လား?"
လ်ိဳ႕ဟန္ စိတ္ဆိုးဆိုးနဲ႔ ျပန္ေျပာလိုက္သည္,
"မင္းက ေတာ္ေတာ္ကေလးကို ေဒါသဆြေပးတတ္တဲ့ေကာင္ပဲ! ငါ့ရဲ႕ေ႐ွာင္ေ႐ွာင္ေလးကလည္း ငါ့ကို႐ူး႐ူးမူးမူးခ်စ္တာပါေနာ္, မင္းက ဘာေတြမ်ားေကာင္းေနလို႔လဲ! က်န္႔ေ႐ွာင္ယဲ့, ငါက မင္း မင္းကိုယ္မင္း ဂုဏ္ယူမေနဖို႔ေျပာေနတာ"
"အဲ့ေက်ာင္းသား,ဘာလို႔္ေအာ္ဟစ္ေနတာလဲ! မတ္တပ္ထရပ္စမ္း!"
အေ႐ွ႕မွာ lecture သင္ေနတဲ့ ပေရာ္ဖက္ဆာက ေငါက္ငမ္းလ်က္ ေအာ္ဟစ္ေတာ့သည္။
"ဘယ္သူက သူတို႔ကိုယ္သူတို႔ ဂုဏ္တက္ေနတာလဲ, ငါကေတာ့ မင္းကိုက အရမ္းဂုဏ္ယူေနတာလို႔ထင္တယ္! အတန္းက်န္တဲ့အခ်ိန္အထိ မတ္တပ္သြားရပ္စမ္း!"
အတန္းခ်ိန္ၿပီးတဲ့အခါမွာေတာ့, အတန္းခ်ိန္တစ္ခ်ိန္လံုး မတ္တပ္ရပ္ခဲ့ရတဲ့ သနားစရာ လ်ိဳ႕ဟန္ကို ဖာေထးအေလ်ာ္ေပးဖို႔ ေ႐ွာင္ယဲ့ ရက္ရက္ေရာေရာနဲ႔ ဒါကာခံဖို႔ ဖိတ္ေခၚလိုက္သည္။ ေက်ာင္းအတန္းခ်ိန္ေတြကို စဥ္းစားၾကည့္လိုက္ေတာ့, ဒီအခ်ိန္ဆို ဝမ္က်ိဳ အခန္းျပင္ထြက္သင့္ေနၿပီ။အဲ့ဒါေၾကာင့္ ႏွစ္ေယာက္သား ဝမ္က်ိဳ႕အတန္းကိုပဲ သြားခဲ့လိုက္တယ္။
စာသင္ခန္းကိုသြားတဲ့ လမ္းမွာပဲ႐ွိေသး, အခန္းတံခါးဝမွာ မိန္းကေလးတစ္ေယာက္နဲ႔ စကားေျပာေနတဲ့ဝမ္က်ိဳ႕ကို သူတို႔ေတြ ခပ္လွမ္းလွမ္းကေန လွမ္းေတြ႕လိုက္သည္။
ေက်ာင္းသူေလးက ကိုယ္လံုးကိုယ္ေပါက္က်စ္လ်စ္သြယ္လွၿပီး အေတာ္ကေလးကို ခ်စ္ဖို႔ေကာင္းတဲ့ပံုေလးပင္။ ဝမ္က်ဳိက သူမထက္ ေတာ္ေတာ္ကိုအရပ္႐ွည္ေနတာေၾကာင့္ သူ႔မွာ သူမေျပာတာနားေထာင္ဖို႔ ေခါင္းကို ငံု႔ထားရၿပီး သူမမ်က္ႏွာေပၚက အျပံဳးကလည္း ႏူးညံ့ၿပီးခ်ိဳျမလို႔ေနသည္။
"ေဟး, မင္းျမင္လား?" ,လ်ိဳ႕ဟန္ သူတုိ႔ဆီ ေခါင္းေငါ့ျပလိုက္ၿပီး, "ငါေျပာပါတယ္ မင္းသူ႔ကို ေစာင့္ၾကည့္ဖို႔လိုပါတယ္လို႔"
ေ႐ွာင္ယဲ့ လ်ိဳ႕ဟန္ဗိုက္ကို တံေတာင္နဲ႔ထိုးခ်လိုက္ေတာ့ လ်ိဳ႕ဟန္ခမ်ာ နာလြန္းလို႔ ကိုယ္ေတာင္ ေကြးသြားရတယ္။
"ဘာလို႔ ငါက မင္းအျမဲတမ္းနာေအာင္လုပ္ခံေနရတဲ့လူ ျဖစ္ေနရတာလဲ........"
သူနဲ႔စကားစျမည္ခ်င္စိတ္မ႐ွိတာေၾကာင့္ ေ႐ွာင္ယဲ့ ေအးစက္စက္မ်က္ႏွာထားနဲ႔ တံခါးဝမွာ႐ွိေနတဲ့ လူႏွစ္ေယာက္ဆီ ေလွ်ာက္လွမ္းလိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ဘာေတြေျပာေနၾကတာလဲ,အခ်ိန္ေကာင္းေလး႐ွိေနတာလား?"
မ်က္လံုးထဲမွာ ေရခဲစြယ္ဓားေျမာင္ေတြတလက္လက္ျဖစ္ေနတဲ့ အၾကည့္နဲ႔ ေကာင္မလးကိုၾကည့္လိုက္ၿပီး,
"အတန္းေဖာ္ေလး,ေန႔လည္စာစားခ်ိန္ျဖစ္ေနၿပီ, မင္းေန႔လည္စာ သြားစားသင့္ၿပီေလ"
မိန္းကေလးက ေ႐ွာင္ယဲ့ကို ျမင္သြားတဲ့အခ်ိန္မွာ စိတ္လႈပ္႐ွားၿပီးမမ်ိဳသိပ္ႏိုင္ေတာ့တဲ့ အသံေတြထြက္လာသည္။ သူ႔မမ်က္ႏွာက နီျမန္းသြားၿပီး ဝမ္က်ိဳ႕ကိုျပန္ၾကည့္ကာ, စိတ္လႈပ္႐ွားစြာျဖင့္ စကားဆိုလာ၏။
"ယဲ့-ယဲ့ေကာ, ႐ွင္တို႔ႏွစ္ေယာက္က အရမ္းလိုက္ဖက္တဲ့အတြဲပဲ! ကြၽန္-ကြၽန္မ-ကြၽန္မကေတာ့ ႐ွင္တို႔ႏွစ္ေယာက္ကို super meng ေတြလို႔ထင္တယ္! ႐ွင္တို႔ႏွစ္ေယာက္ ထာဝရအတူ႐ွိရမယ္ေနာ္!!"
အဲ့လိုတံု႔ျပန္မႈကိုမေမွ်ာ္လင့္ထားမိတာေၾကာင့္ ေ႐ွာင္ယဲ့ ခဏတစ္ျဖဳတ္ အံ့အားသင့္သြားသည္။
ဝမ္က်ဳိ ႐ွက္႐ွက္တဲ့ ေခါင္းကိုကုတ္ရင္း, "သေဘာက်ေပးတဲ့အတြက္ မင္းကိုေက်းဇူးတင္ပါတယ္, ငါတုိ႔က........"
ဝမ္က်ဳိ ေ႐ွာင္ယဲ့ကို သတိအေနအထားျဖင့္ ေဝ့ၾကည့္ၿပီး,
"ဟုတ္တယ္မလား........စီနီယာ?"
ေ႐ွာင္ယဲ့ အသက္ကိုျပင္းျပင္း႐ွဴသြင္းကာ ေအးစက္စက္မ်က္ႏွာထားကို ဖံုးကြယ္ပစ္လိုက္ၿပီး ဝမ္က်ိဳ႕လက္ကို လွမ္းဆြဲလိုက္သည္။ ေ႐ွာင္ယဲ့ ေတာက္ေတာက္ပပျပံဳးၿပီး,
"က်ိန္းေသတာေပါ့, ငါမင္းကို အရမ္းခ်စ္တာပဲဟာ"
မ်က္လံုးေတြကို မ်က္ကြယ္ျပဳၿပီး ဝမ္က်ိဳ႕ခမ်ာ ရဲရဲေတာက္နီျမန္းသြားေတာ့သည္။ သူတို႔အနားမွာ သြားလိုက္,လာလိုက္ လုပ္ေနၾကသည့္လူေတြက အမ်ားႀကီးပင္, ၿပီးေတာ့ သူတို႔ထဲက ေတာ္ေတာ္မ်ားမ်ားအခ်ိဳ႕က ဒါကိုၾကားသြားကာ အျမန္ပင္ သူတို႔အသံကိုႏွိမ့္ကာ တစ္ေယာက္နားတစ္ေယာက္ကပ္ၿပီး တီးတိုးအတင္းတုပ္ေတာ့သည္။
မိန္းကေလးက ပိုၿပီးေတာ့ေတာင္ စိတ္လႈပ္႐ွားတက္ႂကြသြားၿပီး,
"ကြၽန္မ ႐ွင္တို႔ႏွစ္ေယာက္အတြက္ အဲ့ဒါေထာင္ေပးဖို႔ CP site ကိုသြားေတာ့မယ္ေနာ္! ႐ွင္တုိ႔ႏွစ္ေယာက္ ဒီႏွစ္အတြက္ Tတကၠသိုလ္ရဲ႕ Most Meng CP Vote ကို ႏိုင္ကိုႏိုင္ရမယ္!"
သူမစကားေျပာလို႔လည္းၿပီးေရာ ႐ွက္႐ွက္နဲ႔ ထြက္ေျပးသြားသည္။
ေ႐ွာင္ယဲ့ကေတာ့ တကယ့္ကိုေခါင္း႐ႈပ္ၿပီး နားမလည္သလိုျဖစ္ေနသည္။
" The Most Meng CP Vote ကဘာလဲ, အဓိပၸါယ္မ႐ွိတဲ့ဟာမ်ိဳးပဲလား?"
ေနာက္ဆံုးေတာ့ လ်ိဳ႕ဟန္ရဲ႕အခ်ိန္ေရာက္႐ွိလာၿပီ။ သူ ေ႐ွ႕ကို တိုးလိုက္ၿပီး ေျပာျပလိုက္သည္,
"ဟုတ္တယ္, မႏွစ္ကဆို ေ႐ွာင္ေ႐ွာင္နဲ႔ ငါနဲ႔ တတိယေနရာရခဲ့တယ္။ ဆုေပးတဲ့အစီအစဥ္လည္း႐ွိတယ္"
"အေတာ္ကေလးကို——”
ေ႐ွာင္ယဲ့ "ေၾကာင္ေတာင္ေတာင္ႏိုင္လိုက္တာ" လို႔ေျပာခ်င္ေပမဲ့ သူ႔ေခါင္းကိုလွည့္လိုက္ေတာ့ ဝမ္က်ိဳ႕ရဲ႕ နက္နက္နဲနဲေတြးေတာေနတဲ့မ်က္ႏွာထားကို ျမင္လိုက္ရတယ္ေလ။
"ဘာလဲ?"
"ဘာမွမဟုတ္ပါဘူး", ဝမ္က်ိဳ ျပံဳးလိုက္ရင္း,
"ပထမေနရာက လူတိုင္းလိုလိုက ကြၽန္ေတာ္ကို စီနီယာ့အတြက္ ေကာင္းမြန္တဲ့တြဲဖက္လို႔ေတြးၾကမွာဆိုၿပီး အဓိပၸါယ္ရေတာ့ ပထမရတာေကာင္းမွာပဲ"
ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕ရဲ႕ ေတာက္ပၾကည့္ေကာင္းလွတဲ့အျပံဳးကို ၾကည့္ၿပီး တံေတံးမ်ိဳခ်လိုက္ရတယ္,
"ငါတို႔သာ တြဲဖက္ညီတယ္ဆိုရင္ final ဆိုတာေလာက္က မေျပာပေလာက္ပါဘူး....တစ္ျခားလူေတြ ေတြးထင္ေနတာေတြကို ဂ႐ုစိုက္ေနစရာမလိုဘူး"
ဝမ္က်ိဳ ေခါင္းညိတ္ၿပီး, "အင္း,စီနီယာေျပာတာ မွန္တယ္"
လ်ိဳ႕ဟန္လည္း သူ႔ဘက္ကေန သံေယာင္လိုက္ေျပာလိုက္သည္, "ဟုတ္တယ္, ငါ့ေ႐ွာင္ေ႐ွာင္နဲ႔ငါက ကမာၻေပၚမွာအေကာင္းဆံုးအတြဲပဲ,သူ႔မွာအျမင့္ဆံုးအဆင့္႐ွိသင့္တယ္"
ေ႐ွာင္ယဲ့ သူ႔ပုခံုးကိုပုတ္လိုက္ၿပီး, "မွန္တယ္"
အဲ့ဒီ့ည, friend group chat ထဲတြင္ေတာ့,
က်န္႔ေ႐ွာင္ယဲ့: [ဒီ url ကိုႏွိပ္လိုက္, No.1 ကို vote ေပးေပး]
(T/n url သိၾကတယ္ဟုတ္, link ပါပဲေနာ္ link ေတြကိုႏွိပ္လိုက္ရင္ url ဆိုၿပီးေပၚတယ္ေလ)
လ်ိဳ႕ဟန္: [??? ဒါက the Most Meng CP Vote မလား? မင္းပဲ ဒါကို အဓိပၸါယ္မ႐ွိဘူးလို႔ေျပာခဲ့တာမဟုတ္ဘူးလား??? မင္း အာရံုမစိုက္ဘူးမလား?]
က်န္႔ေ႐ွာင္ယဲ့: [စစ္မွန္တဲ့ေယာက္်ားဆိုတာ အေပးအယူအသင့္႐ွိေနရတယ္....ငါ့ရဲ႕ေခြး႐ူးေလး ေပ်ာ္ရႊင္ေနသေရြ႕ ငါသူ႔ကို ႐ူးမိုက္ခြင့္ေပးမွာပဲေလ]
လ်ိဳ႕ဟန္: [အဲ့ေတာ့ ဒီေန႔မနက္ေစာေစာတုန္းက မင္းက အဖက္မလုပ္သလို,ျမင့္ျမတ္ေနသလို ဟန္ေဆာင္ေနခဲ့တာေပါ့?? မင္းမွာ အ႐ွက္မ႐ွိဘူးလား??]
က်န္႔ေ႐ွာင္ယဲ့: [ဒါက suprise ေလ...ငါဘာေျပာေနလဲဆိုတာ မင္းနားေရာနားလည္ရဲ႕လား. ေပါက္ကရေတြေလွ်ာက္မေျပာစမ္းနဲ႔, ဒီဆရာသမားအတြက္ vote ေပးလုိက္။ လူတစ္ေယာက္က တစ္ေန႔ကို တစ္ႀကိမ္စီပဲ vote လို႔ရတာတဲ့, အေကာင့္ မလံုေလာက္ရင္ ငါ အေကာင့္ ၅၀၀ ေလာက္ ဝယ္ဖို႔ စီစဥ္ေနတာ]
ေ႐ွာင္ေ႐ွာင္: [ငါ့ကိုသတ္လိုက္ပါေတာ့ hahahahaha LOL!]
လို႔ေယာင္ဟန္: [.......ယဲ့ေကာ, အဲ့လိုလုပ္ဖို႔ တကယ္မလိုအပ္ပါဘူး, မင္းတို႔၂ေယာက္က ပထမေနရာ ရေနၿပီေလ]
က်န္႔ေ႐ွာင္ယဲ့: [deadline ေရာက္ဖို႔ တစ္လလိုေသးတယ္, ၿပီးေတာ့ ဒုတိယေနရာက ငါတို႔ထက္ vote ၃၀၀ေလးပဲ ကြာတာေလ.....ငါ အလုယူခံလိုက္ရမွာ စိုးရိမ္တယ္, ေျပာစမ္းပါဦး, အဲ့ဒုတိယေနရာကလူေတြက ဘယ္႒ာနကလဲ? ငါသူတို႔ကို တစ္ခါမွ မၾကားဖူးဘူး]
႐ႈခ်င္: [ journalism ႒ာနက ေက်ာင္းျမက္ေလးနဲ႔ ေက်ာင္းပန္းေလး (T/n အဲ့႒ာနက နာမည္ႀကီးတဲ့လူေတြ)! အရင္လက, နင္ေဆးရံုတက္ေနတဲ့အခ်ိန္မွာ, သူတို႔က ေက်ာင္းရဲ႕သတင္း live လႊင့္တဲ့ program ေပၚမွာ လူသိ႐ွင္ၾကား ဖြင့္ဟဝန္ခံခဲ့ၾကတာ, အဲ့ဒါေၾကာင့္ နင္မသိတာ။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔လည္း နည္းနည္းေတာ့ အာရံုစိုက္ခံလိုက္ရတယ္, နင္တို႔ႏွစ္ေယာက္ေလာက္ေတာ့ မမ်ားပါဘူး]
က်န္႔ေ႐ွာင္ယဲ့: [journalism ႒ာန, သိၿပီ]
႐ႈခ်င္: [........နင္ဘာေတြေတြးေနတာလဲ, ယဲ့ေကာ, ဘာလို႔ ငါ မေကာင္းတဲ့နမိတ္ေတြ ခံစားေနရတာလဲ....]
က်န္႔ေ႐ွာင္ယဲ့: [.......နင္ဘာေတြေလွ်ာက္ေတြးေနတာလဲ, ငါက ဒီအတိုင္းေမးရံုေလးေမးတာပါ]
"စီနီယာ, စီနီယာ ခ်ယ္ရီသီးစားၿပီးၿပီလား?"
႐ုတ္တရက္, သူ႔အေနာက္ကေန ဝမ္က်ိဳ႕အသံ ထြက္ေပၚလို႔လာသည္။ chat history ကို ဝမ္က်ိဳ ျမင္သြားမဲ့ရန္ကေန ကာကြယ္ဖို႔ ေ႐ွာင္ယဲ့ အျမန္ဖုန္းကို ေအာက္ကိုခ်လိုက္ၿပီး သူ႔ကိုလွည့္ၾကည့္လိုက္သည္။
ဝမ္က်ိဳက ခ်ယ္ရီသီးတစ္ပန္းကန္ကုိ ေဆးလာတဲ့ပံုပင္။ ဝမ္က်ိဳ ပန္းကန္ကို ေ႐ွာင္ယဲ့ေဘးနားမွာ႐ွိတဲ့ စားပြဲခံုေပၚ တင္ထားလိုက္ၿပီး, ထိုင္ဖို႔ ထိုင္ခံုတစ္ခံုဆြဲယူလိုက္သည္။
အျပံဳးလုိက္ၿပီး, "စားၿပီးၿပီလား? ခ်ိဳတယ္" လို႔ ဝမ္က်ိဳ ေမးလိုက္သည္။
ေ႐ွာင္ယဲ့ လတ္လတ္ဆတ္ဆတ္ စိမ္းျမေနသည့္႐ိုးတံကို ကိုင္ကာ ရင့္မွည့္ေနၿပီးအနီရင့္ေရာင္ျဖစ္ေနသည့္ ခ်ယ္ရီသီးကို မယူၿပီး စကၠန္႔အနည္းငယ္မွ် ၾကည့္လိုက္သည္။
႐ုတ္တရက္, စိတ္ထဲ တစ္ခုေပၚလာၿပီး သူေျပာသည္က,
"မင္းသိလား, အနမ္းစေကးေကာင္းေကာင္း႐ွိတဲ့လူေတြက သူတို႔လွ်ာေတြနဲ႔ ခ်ယ္ရီညႇာတံေလးကို အထံုးေလးျဖစ္ေအာင္ ခ်ည္ႏိုင္တယ္လို႔ ေျပာၾကတယ္, လုပ္ၾကည့္ခ်င္လား?"
"ကြၽန္ေတာ္ မလုပ္ႏိုင္......."
ဝမ္က်ိဳ သူ႔မွာယံုၾကည္ခ်က္မ်ားမ်ားစားစားေတာ့ မ႐ွိေပမဲ့ သူ နာနာခံခံနဲ႔ ခ်ယ္ရီသီးကို ပါးစပ္ထဲထည့္ၿပီး အခ်ိန္အေတာ္ၾကာတဲ့အထိ ေအာင္ျမင္သြားျခင္းမသိ႐ွိဘဲ ကိုး႐ိုးကားယား ႀကိဳးစားေနမိသည္။
ေခြး႐ူးေလးက နည္းနည္းေတာ့ စိတ္ဓာတ္က်ေနသလိုပဲ,
"ဒါက ကြၽန္ေတာ့္အနမ္းစေကးက ဆိုးရြားတယ္လို႔ ေျပာတာလား?"
ေ႐ွာင္ယဲ့ ခ်ယ္ရီသီးကို ခ်က္ခ်င္းစားလိုက္ၿပီး အညႇာေလးကို ထုတ္လိုက္ၿပီး, "ရပါတယ္, ငါတို႔ ထပ္ေလ့က်င့္လို႔ရတာပဲ"
လူေတြေျပာခ်က္အရ စုံတြဲစုေပးပြဲအခမ္းအနားမွာ, ပထမေနရာရတဲ့ စံုတြဲက လူေတြအကုန္လံုးေ႐ွ႕မွာ နမ္းရမွာတဲ့။ တကယ္လို႔ သူတို႔ေတြ မေလ့က်င့္ဘူးဆိုရင္ အဲ့အခ်ိန္ေရာက္လာတဲ့အခါ, ေခြး႐ူးေလးက သူ႔ကိုနမ္းဖို႔ အရမ္းကိုမွ တြန္႔ဆုတ္ေလလိမ့္မယ္။
ခ်က္ခ်င္းကိုပင္ ဝမ္က်ိဳ႕မ်က္လံုးေတြက အေရာင္ေတာက္သြားၿပီး, သူ႔မ်က္ႏွာထားကလည္း သိသိသာသာကို ႀကိဳးစားၾကည့္ဖို႔ သူ စိတ္အားထက္သန္ေနတယ္ဆိုတာ ေျပာျပလို႔ေနသည္။
"အိုေကေလ, အဲ့ဒါဆိုရင္........ကြၽန္ေတာ္တို႔ ေလ့က်င့္တာ ဘယ္အခ်ိန္ေလာက္ စသင့္လဲ?"
ဒီစကားလံုးေတြရဲ႕ အဓိပၸါယ္က နားလည္ရလြယ္ကူတယ္။
ေ႐ွာင္ယဲ့ တိုးတိုးေလးက်ိတ္ရယ္လိုက္သည္။ အဲ့ေနာက္ သူ ကိုယ္ကို မတ္မတ္ရပ္လိုက္ၿပီး ဝမ္က်ိဳ႕ေပါင္ေပၚ ထိုင္ဖို႔ ေျပာင္းေရြ႕ကာ, ထပ္ကာတလဲလဲ သူ႔ရဲ႕ လည္စလုတ္ေလးကို ျဖည္းျဖည္းခ်င္း နမ္း႐ႈပ္ပြတ္သပ္ရင္း,
"အခုခ်က္ခ်င္း"
Art from the author’s Weibo
Unicode
ပိတ်ရက်နှစ်ရက်လုံးလုံး, ရှောင်ယဲ့ရဲ့ခန္ဓာကိုယ်က အရမ်းကြီး မခံနိုင်တာကြောင့် - တကယ်တမ်းတော့ heat အချိန်အတွင်းမဟုတ်တာကြောင့် သူအနေနဲ့ မြန်မြန် ပြန်မကောင်းနိုင်ဘူးဖြစ်နေတာ- တစ်ခြားဘယ်မှမသွားဘဲ နှစ်ယောက်သား အိမ်တွင်းပဲအောင်းခဲ့ကြတယ်။ ပိတ်ရက်ရဲ့ နောက်ဆုံးညနေခင်းမှာတော့, သူတို့တွေ သယ်လာခဲ့တဲ့ ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် ထုပ်ပိုးသိမ်းဆည်းပြီး ကျောင်းကို ပြန်ခဲ့ရတယ်။
အပြည့်အဝ အမှတ်အသားပေးခံရပြီးတဲ့နောက်မှာတော့, တစ်ခြားအယ်လ်ဖာတွေရဲ့ pheromone ဆီက အကျိုးသက်ရောက်မှုခံရတာနဲ့ ပတ်သက်ပြီး ရှောင်ယဲ့ ဆက်ပြီး စိုးရိမ်နေစရာမလိုတော့ဘူးလေ။ အခုတော့ သူက ရေထဲကိုဝင်တော့မဲ့ မိုးနဲ့ရေလွှမ်းမိုခြင်းကိုပြုလုပ်နိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာနဂါးတစ်ကောင်လိုမျိုး မော်မော်ကြွားကြွားဖြစ်နေလေရဲ့။
အဲ့ဒါထက်, အဲ့ညက အယ်လ်ဖာသုံးကောင်ကို ခုခံကာကွယ်ခဲ့ဖို့ သူ ဘယ်လိုသူ့အားသူသုံးခဲ့ရတယ်ဆိုတဲ့ ဇာတ်လမ်းက Tတက္ကသိုလ် တစ်ခုလုံးကို ပြန့်နှံ့သွားပြီး အပြင်ကကျောင်းတွေတောင်မှ ဒီသမိုင်းဝင်အကြောင်းကို ကြားသွားကြတယ်။ အဲ့ဒါကြောင့်ပဲ, ကျောင်းသားတွေက ဒီလိုကြမ်းတမ်းရက်စက်တဲ့ အိုမီဂါက ဘယ်လိုပုံမျိုးလဲဆိုတာ သိချင်လို့ပဲ အထူးသဖြင့်ကို လာရောက်ကြတယ်။ ခဏတာမျှ ရှောင်ယဲ့လည်း ကျောင်းရဲ့အဓိကအာရုံစိုက်ခံရတဲ့လူဖြစ်သွားပြီး Tတက္ကသိုလ်ရဲ့ ကျောင်းဘုတ်ပေါ်က Man of The Hour စာရင်းမှာ ထိပ်ဆုံးရောက်သွားခဲ့သည်။
သူနဲ့အတူတည်ရှိတဲ့ ဝမ်ကျို့ရဲ့အဆင့်ကလည်းပဲ မြင့်တက်သွားခဲ့သည်။ အဲ့ဒါပြီးတဲ့နောက်မှာတော့, ကျောင်းက ယို့ရီနဲ့ဖြစ်တဲ့ မတော်တဆကို ပြန်လည်ခေါ်ယူသုံးသပ်ပြီး ယို့ရီကိုလည်း ကျောင်းပိတ်ရက်တွေမှာကန့်သတ်ထားခံရမယ်ဆိုတဲ့ ကြီးမားတဲ့အပြစ်ကို ပေးလိုက်ကြသည်။ ကျိုးရွေးလည်း ပါဝင်ပတ်သက်ခဲ့တာကြောင့်, သူလည်းပဲ သတိပေးဆုံးမခံလိုက်ရသည်။ အသေးစိတ်တိုင်းလိုကို စိတ်ပါဝင်စားစွာနဲ့ ဆွေးနွေးကြတဲ့ စပ်စပ်စုစုလူတွေကနေ ကျိုးရွေးနဲ့ ရှောင်ယဲ့ရဲ့ မကျေနပ်ချက်ဟောင်းတွေက ပြန်တူးဆွခံခဲ့ရတယ်။ ကျိုးရွေးနဲ့ ဝမ်ကျို့ရဲ့ရန်ပွဲကလည်း အတင်းအဖျင်းကြားကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အဆုံးသတ်မှာတော့ လူတော်တော်များများအနေနဲ့ ယခင်က သိမ်မွေ့ပြီး ခွေးခေါက်လေးလို အယ်လ်ဖာက ယီးတီးယားတား ပြောင်ချော်ချော် သွားလုပ်လို့ရတဲ့လူ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြတယ်။
ကျောင်းရဲ့ website စာမျက်နှာပေါ်က ဝမ်ကျို့ရဲ့ နာမည်ကြီးနေတဲ့ ခေါင်းစဉ်က ရှောင်ယဲ့အကြောင်းကိုတောင်မှ ဖုံးအုပ်သွားတယ်:
[ငါပြောကြည့်တာပါ, ယဲ့ကောကိုတောင် ချုပ်နိုင်တဲ့အယ်လ်ဖာက ဘယ်လိုလုပ်အားနည်းတာ ဖြစ်နိုင်မှာလဲ!]
[အယ်လ်ဖာတစ်ယောက်က နာခံကျိုးနွံသလို ရက်စက်တတ်တယ်ဆိုတာက တကယ်ဖြစ်နိုင်ရဲ့လား? အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ.....]
[ခြားနားချက်ကတော့ အရမ်းကြီးတယ်! ဒါပေမဲ့ သူက တကယ်ကြီး အရမ်းကြည့်ကောင်းတာပဲလို့!]
[ငါသူ့ကို အားကစားကွင်းထဲမှာတွေ့လိုက်တဲ့ နောက်ဆုံးတစ်ခေါက်ကဆို, သူ ချွေးသုတ်ဖို့ဆိုပြီး သူ့အင်္ကျီကိုမပလိုက်တာ, အဲ့ဒီ့ကြွက်သားတွေကလေ.....ယစ်မူးဖွယ်ကောင်းလိုက်တာ]
[ဝမ်ကျိုနဲ့ ယဲ့ကောကြားမှာ ရန်ပွဲဖြစ်ရင် မင်းတို့အကုန်လုံး ဘယ်သူနိုင်မယ်လို့ ထင်လဲ? ငါကတော့ ယဲ့ကောဖြစ်ပါစေလို့ ဆုတောင်းတယ်]
[နိုးထလိုက်တော့,အပေါ်ကလူရေ, မင်းရဲ့ ယဲ့ကောက လုံးဝအမှတ်အသားအပေးခံလိုက်ရပြီးပြီလေ။သူ့ရဲ့လည်ပင်းပေါ်က ထင်ရှားမြင်သာနေတဲ့ အနီရောင်အမှတ်ကို မင်းမမြင်ဘူးလား? ငါခန့်မှန်းမိတာကတော့ သူ့အယ်လ်ဖာက ကျိန်းသေ သူ့ကို အိပ်ရာထဲမှာ နှိပ်စက်မှာပဲ......]
[ငါသေပြီ, ယဲ့ကောက တကယ်ပဲ အရမ်းကိုမှကြမ်းကြမ်းတမ်းတမ်း အဖိခံခဲ့ရတာဆိုရင်........ငါလေ တကယ်ပဲ သူ့ရဲ့အယ်လ်ဖာ ငါ့ကို အိပ်ရာထဲမှာ ရန်စတာလေးကို လိုချင်လာပြီ]
[ညီအမတို့, ကလက်တက်တက် ညုတုတုတွေမလုပ်ကြပါနဲ့တော့]
(T/n သီချင်းဆိုပြမယ် ကောင်မတွေအရမ်းကို ထကြွလွန်းတယ်, အဟမ်းအဟမ်း)
……
ရှောင်ယဲ့ post နဲ့comment တွေကို အထက်အောက်လှန်လှောကြည့်လိုက်တော့, နားထင်မှာရှိတဲ့ သွေးကြောတွေတောင် တဒုတ်ဒုတ်ခုန်မြည်လာသည်။ သူreply box ကိုနှိပ်လိုက်ပြီး တဒုန်းဒုန်းနဲ့ စာတစ်ကြောင်းကိုရိုက်လိုက်ပြီးတဲ့နောက် submit ကိုနှိပ်လိုက်သည်:
[လဲသေလိုက်ကြ, သူက ငါနဲ့ပဲအိပ်လို့ရတာ။ သူ့နဲ့ပတ်သတ်ပြီး အတွေးရှိတဲ့ဘယ်သူမဆို အရင်ဆုံး ရန်ပွဲမှာ ငါ့ကို အနိုင်ယူနိုင်ရမယ်]
ရှောင်ယဲ့ဘေးနားမှာ ထိုင်နေတဲ့လျို့ဟန်မှာ မယုံကြည်နိုင်ဘဲ စွံ့အပြီးကြက်သေသေသွားတော့သည်,
"ငါတို့တွေ နည်းနည်းလောက် အဖက်မလုပ်ဘဲ နေလို့မရဘူးလား?"
"ငါမျက်စိရှေ့တည့်တည့်ကြီးမှာ ညုတုတုလာလုပ်နေကြလေ, ငါက အဖက်မလုပ်ပဲနေနိုင်ရမယ်ပေါ့"
ရှောင်ယဲ့ စာရေးစားပွဲခုံပေါ် ဖုန်းကိုမှောက်ချလိုက်ပြီး လျို့ဟန်ကို အရူးဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပေးလိုက်သည်။
"မင်း ငါ့ကိုဘာပြချင်တာလဲ? ငါ့ကိုဆူဖို့ပဲ ငါ့ကိုလိုက်ရှာတာလေးပဲလား?"
လျို့ဟန် မျက်ရည်ကျလာသလို ခံစားရကေမဲ့ ဘာမျက်ရည်မှ ရှိမနေပေ,
"မင်းရဲ့အယ်လ်ဖာက အခု အရမ်းကိုပေါ်ပြူလာဖြစ်နေတာမလို့ မင်းကို နိုးထဖို့ ငါက သတိပေးချင်ရုံလေးပါ။ သူ့ကိုလိုချင်နေတဲ့ အိုမီဂါတွေ အများကြီးမို့ ငါက စိုးရိမ်နေမိတာပါ။ သူ့ကိုစောင့်ကြည့်ပြီး တစ်ခြားဘယ်သူ့ကမှ သူ့ကို အလစ်သုတ်တာမခံစေနဲ့"
အဖက်လုပ်ဖို့မတန်သလိုဟန်ဖြင့် ရှောင်ယဲ့ ပြန်ချေပလိုက်သည်, "တကယ်လို့ သူကိုသာ အလစ်သုတ်လုယူနိုင်မယ်ဆိုရင်, ငါ မင်းရဲ့ခေါင်းကို လိမ်ချိုးပြီး မင်းကိုပေးမယ်လေ"
လျို့ဟန် မြန်မြန်ပြန်ပြောလိုက်သည်, " မရဘူး, မလုပ်ပါနဲ့ကွာ, အဲ့ဒါက အရမ်း ရက်စက်တာပဲ"
လျို့ဟန်အနေနဲ့ တုံ့ပြန်ဖို့ အချိန်ခဏယူလိုက်ရပြီး,
"ဘာလို့ ငါ့ခေါင်းဖြစ်ရတာလဲ?"
"မင်းကို ဘယ်သူက အဓိပ္ပါယ်မရှိတာတွေ ပြောခိုင်းလို့လဲ"
ရှောင်ယဲ့ လျို့ဟန်ကို ဘာခံစားချက်မှမရှိတဲ့အကြည့် ပစ်လွှတ်လိုက်ပြီး, အထက်စီးဆန်စွာ ရယ်မောလိုက်သည်။
"သူက ငါ့ကိုသေလောက်အောင်ချစ်တာ, ငါမရှိဘဲ သူအသက်ရှင်မနေနိုင်ဘူး,နားလည်လား?"
လျို့ဟန် စိတ်ဆိုးဆိုးနဲ့ ပြန်ပြောလိုက်သည်,
"မင်းက တော်တော်ကလေးကို ဒေါသဆွပေးတတ်တဲ့ကောင်ပဲ! ငါ့ရဲ့ရှောင်ရှောင်လေးကလည်း ငါ့ကိုရူးရူးမူးမူးချစ်တာပါနော်, မင်းက ဘာတွေများကောင်းနေလို့လဲ! ကျန့်ရှောင်ယဲ့, ငါက မင်း မင်းကိုယ်မင်း ဂုဏ်ယူမနေဖို့ပြောနေတာ"
"အဲ့ကျောင်းသား,ဘာလို့်အော်ဟစ်နေတာလဲ! မတ်တပ်ထရပ်စမ်း!"
အရှေ့မှာ lecture သင်နေတဲ့ ပရော်ဖက်ဆာက ငေါက်ငမ်းလျက် အော်ဟစ်တော့သည်။
"ဘယ်သူက သူတို့ကိုယ်သူတို့ ဂုဏ်တက်နေတာလဲ, ငါကတော့ မင်းကိုက အရမ်းဂုဏ်ယူနေတာလို့ထင်တယ်! အတန်းကျန်တဲ့အချိန်အထိ မတ်တပ်သွားရပ်စမ်း!"
အတန်းချိန်ပြီးတဲ့အခါမှာတော့, အတန်းချိန်တစ်ချိန်လုံး မတ်တပ်ရပ်ခဲ့ရတဲ့ သနားစရာ လျို့ဟန်ကို ဖာထေးအလျော်ပေးဖို့ ရှောင်ယဲ့ ရက်ရက်ရောရောနဲ့ ဒါကာခံဖို့ ဖိတ်ခေါ်လိုက်သည်။ ကျောင်းအတန်းချိန်တွေကို စဉ်းစားကြည့်လိုက်တော့, ဒီအချိန်ဆို ဝမ်ကျို အခန်းပြင်ထွက်သင့်နေပြီ။အဲ့ဒါကြောင့် နှစ်ယောက်သား ဝမ်ကျို့အတန်းကိုပဲ သွားခဲ့လိုက်တယ်။
စာသင်ခန်းကိုသွားတဲ့ လမ်းမှာပဲရှိသေး, အခန်းတံခါးဝမှာ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ဝမ်ကျို့ကို သူတို့တွေ ခပ်လှမ်းလှမ်းကနေ လှမ်းတွေ့လိုက်သည်။
ကျောင်းသူလေးက ကိုယ်လုံးကိုယ်ပေါက်ကျစ်လျစ်သွယ်လှပြီး အတော်ကလေးကို ချစ်ဖို့ကောင်းတဲ့ပုံလေးပင်။ ဝမ်ကျိုက သူမထက် တော်တော်ကိုအရပ်ရှည်နေတာကြောင့် သူ့မှာ သူမပြောတာနားထောင်ဖို့ ခေါင်းကို ငုံ့ထားရပြီး သူမမျက်နှာပေါ်က အပြုံးကလည်း နူးညံ့ပြီးချိုမြလို့နေသည်။
"ဟေး, မင်းမြင်လား?" ,လျို့ဟန် သူတို့ဆီ ခေါင်းငေါ့ပြလိုက်ပြီး, "ငါပြောပါတယ် မင်းသူ့ကို စောင့်ကြည့်ဖို့လိုပါတယ်လို့"
ရှောင်ယဲ့ လျို့ဟန်ဗိုက်ကို တံတောင်နဲ့ထိုးချလိုက်တော့ လျို့ဟန်ခမျာ နာလွန်းလို့ ကိုယ်တောင် ကွေးသွားရတယ်။
"ဘာလို့ ငါက မင်းအမြဲတမ်းနာအောင်လုပ်ခံနေရတဲ့လူ ဖြစ်နေရတာလဲ........"
သူနဲ့စကားစမြည်ချင်စိတ်မရှိတာကြောင့် ရှောင်ယဲ့ အေးစက်စက်မျက်နှာထားနဲ့ တံခါးဝမှာရှိနေတဲ့ လူနှစ်ယောက်ဆီ လျှောက်လှမ်းလိုက်သည်။
"မင်းတို့နှစ်ယောက်ဘာတွေပြောနေကြတာလဲ,အချိန်ကောင်းလေးရှိနေတာလား?"
မျက်လုံးထဲမှာ ရေခဲစွယ်ဓားမြောင်တွေတလက်လက်ဖြစ်နေတဲ့ အကြည့်နဲ့ ကောင်မလးကိုကြည့်လိုက်ပြီး,
"အတန်းဖော်လေး,နေ့လည်စာစားချိန်ဖြစ်နေပြီ, မင်းနေ့လည်စာ သွားစားသင့်ပြီလေ"
မိန်းကလေးက ရှောင်ယဲ့ကို မြင်သွားတဲ့အချိန်မှာ စိတ်လှုပ်ရှားပြီးမမျိုသိပ်နိုင်တော့တဲ့ အသံတွေထွက်လာသည်။ သူ့မမျက်နှာက နီမြန်းသွားပြီး ဝမ်ကျို့ကိုပြန်ကြည့်ကာ, စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလာ၏။
"ယဲ့-ယဲ့ကော, ရှင်တို့နှစ်ယောက်က အရမ်းလိုက်ဖက်တဲ့အတွဲပဲ! ကျွန်-ကျွန်မ-ကျွန်မကတော့ ရှင်တို့နှစ်ယောက်ကို super meng တွေလို့ထင်တယ်! ရှင်တို့နှစ်ယောက် ထာဝရအတူရှိရမယ်နော်!!"
အဲ့လိုတုံ့ပြန်မှုကိုမမျှော်လင့်ထားမိတာကြောင့် ရှောင်ယဲ့ ခဏတစ်ဖြုတ် အံ့အားသင့်သွားသည်။
ဝမ်ကျို ရှက်ရှက်တဲ့ ခေါင်းကိုကုတ်ရင်း, "သဘောကျပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်, ငါတို့က........"
ဝမ်ကျို ရှောင်ယဲ့ကို သတိအနေအထားဖြင့် ဝေ့ကြည့်ပြီး,"ဟုတ်တယ်မလား........စီနီယာ?"
ရှောင်ယဲ့ အသက်ကိုပြင်းပြင်းရှူသွင်းကာ အေးစက်စက်မျက်နှာထားကို ဖုံးကွယ်ပစ်လိုက်ပြီး ဝမ်ကျို့လက်ကို လှမ်းဆွဲလိုက်သည်။ ရှောင်ယဲ့ တောက်တောက်ပပပြုံးပြီး,
"ကျိန်းသေတာပေါ့, ငါမင်းကို အရမ်းချစ်တာပဲဟာ"
မျက်လုံးတွေကို မျက်ကွယ်ပြုပြီး ဝမ်ကျို့ခမျာ ရဲရဲတောက်နီမြန်းသွားတော့သည်။ သူတို့အနားမှာ သွားလိုက်,လာလိုက် လုပ်နေကြသည့်လူတွေက အများကြီးပင်, ပြီးတော့ သူတို့ထဲက တော်တော်များများအချို့က ဒါကိုကြားသွားကာ အမြန်ပင် သူတို့အသံကိုနှိမ့်ကာ တစ်ယောက်နားတစ်ယောက်ကပ်ပြီး တီးတိုးအတင်းတုပ်တော့သည်။
မိန်းကလေးက ပိုပြီးတော့တောင် စိတ်လှုပ်ရှားတက်ကြွသွားပြီး,
"ကျွန်မ ရှင်တို့နှစ်ယောက်အတွက် အဲ့ဒါထောင်ပေးဖို့ CP site ကိုသွားတော့မယ်နော်! ရှင်တို့နှစ်ယောက် ဒီနှစ်အတွက် Tတက္ကသိုလ်ရဲ့ Most Meng CP Vote ကို နိုင်ကိုနိုင်ရမယ်!"
သူမစကားပြောလို့လည်းပြီးရော ရှက်ရှက်နဲ့ ထွက်ပြေးသွားသည်။
ရှောင်ယဲ့ကတော့ တကယ့်ကိုခေါင်းရှုပ်ပြီး နားမလည်သလိုဖြစ်နေသည်။
" The Most Meng CP Vote ကဘာလဲ, အဓိပ္ပါယ်မရှိတဲ့ဟာမျိုးပဲလား?"
နောက်ဆုံးတော့ လျို့ဟန်ရဲ့အချိန်ရောက်ရှိလာပြီ။ သူ ရှေ့ကို တိုးလိုက်ပြီး ပြောပြလိုက်သည်,
"ဟုတ်တယ်, မနှစ်ကဆို ရှောင်ရှောင်နဲ့ ငါနဲ့ တတိယနေရာရခဲ့တယ်။ ဆုပေးတဲ့အစီအစဉ်လည်းရှိတယ်"
"အတော်ကလေးကို——”
ရှောင်ယဲ့ "ကြောင်တောင်တောင်နိုင်လိုက်တာ" လို့ပြောချင်ပေမဲ့ သူ့ခေါင်းကိုလှည့်လိုက်တော့ ဝမ်ကျို့ရဲ့ နက်နက်နဲနဲတွေးတောနေတဲ့မျက်နှာထားကို မြင်လိုက်ရတယ်လေ။
"ဘာလဲ?"
"ဘာမှမဟုတ်ပါဘူး", ဝမ်ကျို ပြုံးလိုက်ရင်း,
"ပထမနေရာက လူတိုင်းလိုလိုက ကျွန်တော်ကို စီနီယာ့အတွက် ကောင်းမွန်တဲ့တွဲဖက်လို့တွေးကြမှာဆိုပြီး အဓိပ္ပါယ်ရတော့ ပထမရတာကောင်းမှာပဲ"
ရှောင်ယဲ့ ဝမ်ကျို့ရဲ့ တောက်ပကြည့်ကောင်းလှတဲ့အပြုံးကို ကြည့်ပြီး တံတေံးမျိုချလိုက်ရတယ်,
"ငါတို့သာ တွဲဖက်ညီတယ်ဆိုရင် final ဆိုတာလောက်က မပြောပလောက်ပါဘူး....တစ်ခြားလူတွေ တွေးထင်နေတာတွေကို ဂရုစိုက်နေစရာမလိုဘူး"
ဝမ်ကျို ခေါင်းညိတ်ပြီး, "အင်း,စီနီယာပြောတာ မှန်တယ်"
လျို့ဟန်လည်း သူ့ဘက်ကနေ သံယောင်လိုက်ပြောလိုက်သည်, "ဟုတ်တယ်, ငါ့ရှောင်ရှောင်နဲ့ငါက ကမ္ဘာပေါ်မှာအကောင်းဆုံးအတွဲပဲ,သူ့မှာအမြင့်ဆုံးအဆင့်ရှိသင့်တယ်"
ရှောင်ယဲ့ သူ့ပုခုံးကိုပုတ်လိုက်ပြီး, "မှန်တယ်"
အဲ့ဒီ့ည, friend group chat ထဲတွင်တော့,
ကျန့်ရှောင်ယဲ့: [ဒီ url ကိုနှိပ်လိုက်, No.1 ကို vote ပေးပေး]
(T/n url သိကြတယ်ဟုတ်, link ပါပဲနော် link တွေကိုနှိပ်လိုက်ရင် url ဆိုပြီးပေါ်တယ်လေ)
လျို့ဟန်: [??? ဒါက the Most Meng CP Vote မလား? မင်းပဲ ဒါကို အဓိပ္ပါယ်မရှိဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား??? မင်း အာရုံမစိုက်ဘူးမလား?]
ကျန့်ရှောင်ယဲ့: [စစ်မှန်တဲ့ယောက်ျားဆိုတာ အပေးအယူအသင့်ရှိနေရတယ်....ငါ့ရဲ့ခွေးရူးလေး ပျော်ရွှင်နေသရွေ့ ငါသူ့ကို ရူးမိုက်ခွင့်ပေးမှာပဲလေ]
လျို့ဟန်: [အဲ့တော့ ဒီနေ့မနက်စောစောတုန်းက မင်းက အဖက်မလုပ်သလို,မြင့်မြတ်နေသလို ဟန်ဆောင်နေခဲ့တာပေါ့?? မင်းမှာ အရှက်မရှိဘူးလား??]
ကျန့်ရှောင်ယဲ့: [ဒါက suprise လေ...ငါဘာပြောနေလဲဆိုတာ မင်းနားရောနားလည်ရဲ့လား. ပေါက်ကရတွေလျှောက်မပြောစမ်းနဲ့, ဒီဆရာသမားအတွက် vote ပေးလိုက်။ လူတစ်ယောက်က တစ်နေ့ကို တစ်ကြိမ်စီပဲ vote လို့ရတာတဲ့, အကောင့် မလုံလောက်ရင် ငါ အကောင့် ၅၀၀ လောက် ဝယ်ဖို့ စီစဉ်နေတာ]
ရှောင်ရှောင်: [ငါ့ကိုသတ်လိုက်ပါတော့ hahahahaha LOL!]
လို့ယောင်ဟန်: [.......ယဲ့ကော, အဲ့လိုလုပ်ဖို့ တကယ်မလိုအပ်ပါဘူး, မင်းတို့၂ယောက်က ပထမနေရာ ရနေပြီလေ]
ကျန့်ရှောင်ယဲ့: [deadline ရောက်ဖို့ တစ်လလိုသေးတယ်, ပြီးတော့ ဒုတိယနေရာက ငါတို့ထက် vote ၃၀၀လေးပဲ ကွာတာလေ.....ငါ အလုယူခံလိုက်ရမှာ စိုးရိမ်တယ်, ပြောစမ်းပါဦး, အဲ့ဒုတိယနေရာကလူတွေက ဘယ်ဋ္ဌာနကလဲ? ငါသူတို့ကို တစ်ခါမှ မကြားဖူးဘူး]
ရှုချင်: [ journalism ဋ္ဌာနက ကျောင်းမြက်လေးနဲ့ ကျောင်းပန်းလေး (T/n အဲ့ဋ္ဌာနက နာမည်ကြီးတဲ့လူတွေ)! အရင်လက, နင်ဆေးရုံတက်နေတဲ့အချိန်မှာ, သူတို့က ကျောင်းရဲ့သတင်း live လွှင့်တဲ့ program ပေါ်မှာ လူသိရှင်ကြား ဖွင့်ဟဝန်ခံခဲ့ကြတာ, အဲ့ဒါကြောင့် နင်မသိတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း နည်းနည်းတော့ အာရုံစိုက်ခံလိုက်ရတယ်, နင်တို့နှစ်ယောက်လောက်တော့ မများပါဘူး]
ကျန့်ရှောင်ယဲ့: [journalism ဋ္ဌာန, သိပြီ]
ရှုချင်: [........နင်ဘာတွေတွေးနေတာလဲ, ယဲ့ကော, ဘာလို့ ငါ မကောင်းတဲ့နမိတ်တွေ ခံစားနေရတာလဲ....]
ကျန့်ရှောင်ယဲ့: [.......နင်ဘာတွေလျှောက်တွေးနေတာလဲ, ငါက ဒီအတိုင်းမေးရုံလေးမေးတာပါ]
"စီနီယာ, စီနီယာ ချယ်ရီသီးစားပြီးပြီလား?"
ရုတ်တရက်, သူ့အနောက်ကနေ ဝမ်ကျို့အသံ ထွက်ပေါ်လို့လာသည်။ chat history ကို ဝမ်ကျို မြင်သွားမဲ့ရန်ကနေ ကာကွယ်ဖို့ ရှောင်ယဲ့ အမြန်ဖုန်းကို အောက်ကိုချလိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။
ဝမ်ကျိုက ချယ်ရီသီးတစ်ပန်းကန်ကို ဆေးလာတဲ့ပုံပင်။ ဝမ်ကျို ပန်းကန်ကို ရှောင်ယဲ့ဘေးနားမှာရှိတဲ့ စားပွဲခုံပေါ် တင်ထားလိုက်ပြီး, ထိုင်ဖို့ ထိုင်ခုံတစ်ခုံဆွဲယူလိုက်သည်။
အပြုံးလိုက်ပြီး, "စားပြီးပြီလား? ချိုတယ်" လို့ ဝမ်ကျို မေးလိုက်သည်။
ရှောင်ယဲ့ လတ်လတ်ဆတ်ဆတ် စိမ်းမြနေသည့်ရိုးတံကို ကိုင်ကာ ရင့်မှည့်နေပြီးအနီရင့်ရောင်ဖြစ်နေသည့် ချယ်ရီသီးကို မယူပြီး စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်သည်။
ရုတ်တရက်, စိတ်ထဲ တစ်ခုပေါ်လာပြီး သူပြောသည်က,
"မင်းသိလား, အနမ်းစကေးကောင်းကောင်းရှိတဲ့လူတွေက သူတို့လျှာတွေနဲ့ ချယ်ရီညှာတံလေးကို အထုံးလေးဖြစ်အောင် ချည်နိုင်တယ်လို့ ပြောကြတယ်, လုပ်ကြည့်ချင်လား?"
"ကျွန်တော် မလုပ်နိုင်......."
ဝမ်ကျို သူ့မှာယုံကြည်ချက်များများစားစားတော့ မရှိပေမဲ့ သူ နာနာခံခံနဲ့ ချယ်ရီသီးကို ပါးစပ်ထဲထည့်ပြီး အချိန်အတော်ကြာတဲ့အထိ အောင်မြင်သွားခြင်းမသိရှိဘဲ ကိုးရိုးကားယား ကြိုးစားနေမိသည်။
ခွေးရူးလေးက နည်းနည်းတော့ စိတ်ဓာတ်ကျနေသလိုပဲ,
"ဒါက ကျွန်တော့်အနမ်းစကေးက ဆိုးရွားတယ်လို့ ပြောတာလား?"
ရှောင်ယဲ့ ချယ်ရီသီးကို ချက်ချင်းစားလိုက်ပြီး အညှာလေးကို ထုတ်လိုက်ပြီး, "ရပါတယ်, ငါတို့ ထပ်လေ့ကျင့်လို့ရတာပဲ"
လူတွေပြောချက်အရ စုံတွဲစုပေးပွဲအခမ်းအနားမှာ, ပထမနေရာရတဲ့ စုံတွဲက လူတွေအကုန်လုံးရှေ့မှာ နမ်းရမှာတဲ့။ တကယ်လို့ သူတို့တွေ မလေ့ကျင့်ဘူးဆိုရင် အဲ့အချိန်ရောက်လာတဲ့အခါ, ခွေးရူးလေးက သူ့ကိုနမ်းဖို့ အရမ်းကိုမှ တွန့်ဆုတ်လေလိမ့်မယ်။
ချက်ချင်းကိုပင် ဝမ်ကျို့မျက်လုံးတွေက အရောင်တောက်သွားပြီး, သူ့မျက်နှာထားကလည်း သိသိသာသာကို ကြိုးစားကြည့်ဖို့ သူ စိတ်အားထက်သန်နေတယ်ဆိုတာ ပြောပြလို့နေသည်။
"အိုကေလေ, အဲ့ဒါဆိုရင်........ကျွန်တော်တို့ လေ့ကျင့်တာ ဘယ်အချိန်လောက် စသင့်လဲ?"
ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်က နားလည်ရလွယ်ကူတယ်။
ရှောင်ယဲ့ တိုးတိုးလေးကျိတ်ရယ်လိုက်သည်။ အဲ့နောက် သူ ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ဝမ်ကျို့ပေါင်ပေါ် ထိုင်ဖို့ ပြောင်းရွေ့ကာ, ထပ်ကာတလဲလဲ သူ့ရဲ့ လည်စလုတ်လေးကို ဖြည်းဖြည်းချင်း နမ်းရှုပ်ပွတ်သပ်ရင်း,
"အခုချက်ချင်း"
Art from the author’s Weibo