သူမှလွဲ၍ _Completed

By Noon_i

259K 26.8K 1.1K

အိပ်မက်တစ်ခုကနေ ဆုံတွေ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့အကြောင်း.... သင်အိပ်မက်ဆိုတဲ့အရာကို ယုံပါသလား။ အိပ္မက္တစ္ခုကေန... More

Intro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32
Ep_33
End

Ep_34

6K 581 27
By Noon_i

Unicode

"ခွန်း မိုလေးမှာအစ်မရှိတယ်လို့‌ေပြာတယ်‌ေနာ် သူဘယ်မှာအလုပ်လုပ်တာလဲ"

"သူကဖက်ရှင်ဆိုင်တစ်ဆိုင်ဖွင့်ထားတာကိုနှိုင်း ကျွန်တော်တို့နဲ့တော့သိပ်မဝေးဘူး က်ုိနှိုင်းသွားမလို့လား"

မိုဝီ့တွင်အစ်မရှိကြောင်းကိုနှိုင်းမသိခဲ့ရ‌ေသာ‌ေကြာင့် တစ်ယောက်နှင့်‌တစ်ယောက် မမြင်ဖူး၊မတွေ့ဖူးကြပေ။

"အင်း အခုချိန်က ငါကိုယ်တိုင်မိုလေးအနားကိုကပ်လို့မရသေးဘူးဆိုတော့ သူ့အစ်မကိုပဲဖြစ်ဖြစ်အကူအညီတောင်းကြည့်မှရမယ် နာမည်ကကီဝီနော်"

"ဟုတ်တယ်ကိုနှိုင်း ကျွန်တော်လိုက်ပို့ပေးရမလား"

"နေနေရတယ် ကိုယ့်ဘာကိုယ်ပဲသွားလိုက်မယ် လိပ်စာလေးပဲရေးပေးလိုက်"

ခွန်းတေဇရေးပေးလိုက်သောလိပ်စာအတိုင်း မောင်းလာကာ ဆိုင်ရှေ့တွင်ကားရပ်လိုက်သည်။ဆိုင်အပြင်ဖက်တွင် ပန်းအိုးလေးများအစီအစဉ်‌ထားရှိထားသည်။ပန်းနုရောင်‌ေဆးသုတ်ထား၍ ဝင်လိုက်သည်နှင့် တရုတ်၊ကိုရီးယား၊ဂျပန်၊ထိုင်းစ‌ေသာ နိုင်ငံအသီးသီးမှမင်းသားတို့၏ပုံများ‌ကို‌ေဘာင်ခတ်ကာနံရံတွင် ချိတ်ဆွဲထားသည်ကို‌ေတွ့ရသည်။

ထို့နောက် မိန်းကလေးဝတ်ကြွကြွရွရွ ဂါဝန်အတိုအရှည်၊တီရှပ်၊ရင်ဟိုက်အထည်များအပြင်အဆင်လှလှနှင့် စီစီရီရီတန်းတွင်ချိတ်ထားသည်။

မိန်းကလေးဝတ်စုံရောင်းသည့်ဆိုင်ထဲသို့ နှိုင်းဝင်လာသဖြင့် ဆိုင်ထဲမှမိန်းကလေးများမှာ ပါးစပ်ပင်စိ၍မရနိုင်ပေ။ဓာတ်ပုံခိုးရိုက်သူကခိုးရိုက်၊မျက်စပစ်ပြသူက ပစ်ပြနှင့်ပလူပျံနေကြသည်။နှိုင်းကတော့တစ်ယောက်ကိုမှဂရုမစိုက်ပဲ ထိုမိန်းကလေးများကိုကျော်ကာ ကီဝီ့ဆီသို့တန်းသွားသည်။
ကီဝီကတော့သူပေးစားချင်တာ ကြာနေခဲ့ပြီဖြစ်သည့်အတွက် သူ့မောင်အစားဖြည့်တွေးပြီးရင်ခုန်နေလေရဲ့။

နှိုင်းမှာဝတ်စုံအပြည့်ဝတ်ထားသောကြောင့် မြင်သူတကာခိုက်လောက်‌ေသာဒယ်ဒီ typeဖြစ်နေသည်။သေသပ်နေအောင်ဖြီးလိမ်းကာ‌ေထာင်ထား‌ေသာဆံပင်၊ကျစ်လစ်‌ေတာင့်တင်းသောကိုယ်ခန္ဓာနှင့်ရှည်လျားသောအရပ်အ‌ေမာင်းမှာပြည့်စံုလွန်းသည်ထက်ကို ပို၍ပြည့်စုံလှသည်။

တပ်‌ထားသော နေကာမျက်မှန်ကိုဆွဲချွတ်လိုက်သည်နှင့် စူးရှသောအကြည့်တို့မှာဆီးလို့ကြိုနေသည်။အဝတ်လာဝယ်ကြသော မိန်းကလေးများမှာအဝတ်ကိုပင်ဆက်မရွေးနေနိုင်တော့ပဲ နှိုင်းကိုသာခေါင်းအစခြေအဆုံးလိုက်ကြည့်နေကြသည်။ကီဝီတစ်ယောက်ကတော့ role ခွဲပြီးပြီဖြစ်သည့်အတွက် ထိခိုက်ရှနာဒဏ်ရာများဖြစ်ရန်မလိုတော့ပေ။

"အစ်မ ကျွန်တော်စကားခဏလောက်ပြောလို့ရမလား"

"ရတာပေါ့မောင်လေးရဲ့လာ အစ်မတို့နားနေခန်းထဲမှာသွားပြောကြမယ် ဝောာ်ကြာမောင်လေးသူတို့ဆွဲစိတာခံလိုက်ရရင် ကူကူးစိတ်မကောင်းဖြစ်နေအုံးမယ်"

နှိုင်း ကီဝီပြောသည့်စကားကိုသဘောမပေါက်သော်လည်း နောက်ကိုလှည့်ကြည့်တော့ အရိုးတခြား၊အသားတခြားဖြစ်သွားနိုင်‌ေလာက်သည့်အကြည့်များဖြင့်ကြည့်‌နေကြသည်ကိုမြင်တာကြောင့် ဇောချွေးများပင်ပြန်လာသည်။တံတွေးတစ်ချက်မျိုချရင်း ကီဝီဆွဲခေါ်ရာနောက်သို့ပါသွားတော့သည်။

"မောင်လေး ဒီမှာထိုင် အစ်မကိုဘာပြောမလို့လည်းပြော"

ကီဝီနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး နဖူးစပ်မှ‌စီးကျလာသောချွေးတို့ကိုလက်ဖြင့်သုတ်ကာ မျက်မှန်နှင့်ကားသော့ကို‌ေရှ့စားပွဲခုံပေါ်သို့တင်လိုက်သည်။

"ဟိုလေ ကျွန်တော်နဲ့မိုလေးတို့အကြောင်းကို အစ်မသိပြီးလောက်ပြီထင်ပါတယ်"

"အင်း အစ်မအဲ့အကြောင်းကိုသိပေမယ့် မောင်လေးဖြစ်နေမယ်မှန်းမထင်ထားဘူး ကူ..မဟုတ်သေးပါဘူး မိုဝီ့ကိုအဲ့နေ့ကကယ်ပေးခဲ့တဲ့အတွက် အစ်မကျေးဇူးတင်ပါတယ် အစ်မကမောင်လေးတို့ကိုသဘောတူတယ် အရင်လိုလေးပြန်ဖြစ်စေချင်တယ်"

"ဝမ်းသာလိုက်တာ ဒါဆိုရင် မိုလေးအတိတ်ကိုပြန်မှတ်မိအောင်လို့ တစ်ဖက်တစ်လမ်းကနေကျွန်တော့်ကိုကူညီပေးလို့ရလား"

"ပြောသာပြော ကူညီပေးမယ်"

အင်တိုက်အားတိုက်နှင့် လိုလိုလားလားပြောဆိုလာသောကြောင့် နှိုင်းလိုရင်းကိ‌ုပြောဖို့ပြင်လိုက်သည်။

"ဒီလိုဗျာ မိုလေးနဲ့ကျွန်တော်တွဲတုန်းက တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် ကာနေးရှင်းပန်းတွေပေးဖြစ်တယ် ကျွန်တော်သူ့ကိုတိုက်ရိုက်ကြီးပြောဖို့ကျတော့လည်း မိုလေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒါကြောင့်မိုလေးအဲ့ပန်းတွေကိုမြင်ရင်ပြန်ပြီးသတိရလာမယ်ထင်လို့"

ကီဝီဒီတစ်ခေါက်တော့ မိုဝီ့ကိုအားကျနေရပါသည်။မိန်းက‌ေလးဖြစ်ပါရက်နဲ့ တစ်သက်နဲ့တစ်ကိုယ် ပန်းဆိုလို့ ခွေးသေးပန်းတောင်မရဖူးတဲ့ကီဝီ ၊မောင်ဖြစ်သူမှာ ပန်းတစ်ပွင့်တောင်မဟုတ်ပန်းစည်းပါရဖူးသည်ကိုသိလိုက်ရသည့်အတွက် ရင်ထဲ၌စို့သွားသည်။

"ဘယ်လိုလုပ်ပေးရမှာလဲ"

"မို့ကိုကာနေးရှင်းပန်းပုံတွေပြပြီး အရောင်တစ်ခုစီနဲ့ပတ်သက်တဲ့အနက်အဓိပ္ပာယ်တွေကိုပြောပြပေးပါလား"

"သိပ်မကြာသေးခင်တုန်းက အစ်မသူငယ်ချင်းအတွက် ကာနေးရှင်းပန်းအပြာ‌ေလးတွေမှာသေးတယ် အဲ့တုန်းကမိုဝီဘာပန်းမှန်းတောင်သူမသိဘူး ဒါပေမယ့် အစ်မမောင်လေးပြောသလိုလုပ်ကြည့်ပေးပါမယ်"

"ကျေးဇူးတင်ပါတယ်ဗျာ တကယ်ကိုကျေးဇူးတင်ပါတယ် ပြီးတော့လေ တစ်ခုကျန်သေးတယ်မိုလေးကို အိပ်မွေ့ချတဲ့ဆရာဝန်နဲ့ပြကြည့်ပါလား ကျွန်တော်နဲ့သိတဲ့ဦး‌ေကျာ်စွာဆိုတဲ့ဆရာဝန်တစ်ယောက်ရှိတယ် အဲ့ဆရာနဲ့ပြဖူးတဲ့လူတော်တော်များများ ရက်ပိုင်းအတွင်းမှာပဲအတိတ်ကိုမှတ်မိသွားတယ်တဲ့"

အရင်ကဘာကြောင့်များဒီလိုအတွေးမျိုးမဝင်ခဲ့မိသလဲဆိုပြီး ကီဝီကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။နှိုင်းပြောသည်ကိုနားထောင်ကြည့်တော့ အိပ်မွေ့ချတာလည်းအလုပ်ဖြစ်လောက်သည်ကို ကီဝီလည်းစဉ်းစားမိသည်။

နှိုင်းယခုလိုပြောရခြင်းကတော့ နှိုင်းယခင်ကဦးကျော်စွာဆီမှာ အိပ်မွေ့ချတဲ့နည်းနဲ့ပဲ ထိခိုက်သွားသောစိတ်ဝေဒနာကိုအောင်အောင်မြင်မြင်ကုသခဲ့ဖူးသည်။အိပ်မွေ့ချခြင်းသည်လည်း စိတ်ရောဂါကုသခြင်းတစ်မျိုးပင်ဖြစ်သောကြောင့် နှိုင်းအကြံရသွားခြင်းဖြစ်သည်။

"မောင်လေးပြောပုံအရဆိုအဆင်ပြေမယ့်ပုံပဲ အစ်မ အမေ့ကိုသေချာပြောပြပြီး မိုဝီ့ကိုခေါ်သွားလိုက်မယ် ဘယ်နေရာလဲဆိုတာအစ်မကိုတစ်ချက်ပြောပေး"

"ကျွန်တော်သန်ဘက်ခါအတွက်ဘိုကင်လုပ်ထားပေးမယ် လိပ်စာရေးပေးဖို့ စာရွက်တစ်ရွက်လောက်ပေးပါလား"

မှန်တင်ခုံပေါ်က မှတ်စုစာအုပ်နှင့်ဘောပင်ကိုဆွဲယူလိုက်ပြီး နှိုင်းကိုကမ်းပေးလိုက်သည်။ ဆရာဝန်အမည်၊ဖုန်းနံပါတ်နှင့် လိပ်စာအစုံအလင်ကို ရှင်းလင်းပြတ်သားစွာရေးပေးပြီး ကီဝီ့ကိုစာအုပ်ပြန်ပေးရင်း...

"တကယ်လို့များ တကယ်လို့များပေါ့လေ မိုလေးပြန်ပြီးသတိရလာခဲ့မယ်ဆိုရင် ညနေဖက်ပိုးစုန်းကြူးလေးတွေရှိတဲ့နေရာမှာကျွန်တော်စောင့်နေမယ်လို့ပြောပေးပါ"

"အဲ့အတွက်စိတ်မပူပါနဲ့ အစ်မအကုန်အဆင်ပြေအောင်လုပ်ပေးမယ်"

နှစ်ဦးတည်းသိသော စကားဝှက်ဖြင့် အမှာစကားပါးလိုက်ပါသဖြင့် ကီဝီဘာကိုဆိုလိုမှန်းမသိပေမယ့် ပြောပေးမည်ဟူသောကတိကိုတော့ သူပေးလိုက်သည်။

"ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါ"

"အင်းအင်း"

ကီဝီ့ကိုပြုံးပြပြီး နေကာမျက်မှန်ပြန်တပ်ကာ အခန်းထဲမှထွက်လာခဲ့သည်။ဆိုင်အတွင်းထဲက မိန်းကလေးများမှာတော့ ယခုအချိန်ထိတောင်မပြန်နိုင်သေးဘဲ နှိုင်းကိုကြည့်ချင်နေပုံရသည်။နှိုင်းထွက်လာတော့ မိန်းကလေးတွေအကုန်သမင်လည်ပြန်ကြည့်နေကြသည်မှာ နှိုင်းကိုမှန်တစ်ချပ်လို့ထင်နေကြသည်လားမသိ။အလကားရတိုင်းချောမောမှုကိုအပြည့်အဝခံစားနေကြသည်။

နှိုင်းမြန်မြန်ဆန်ဆန်ပင် ဆိုင်ထဲမှထွက်၍ကားပေါ်သို့တက်ကာမောင်းထွက်လာသည်။ကားမောင်းနေရင်း လည်ပင်းမှဆွဲကြိုးကိုကိုင်ကာ..

ဒီဆွဲကြိုးလေးကို ပိုင်ရှင်ဖြစ်တဲ့ကလေးဆီ ကိုယ်ပြန်ပို့ပေးမှာပါ။ ဒါကြောင့်ကျေးဇူးပြုပြီးမြန်မြန်သတိရလာပါတော့ ကလေးရယ်...ကိုယ်ရင်မောလှပြီ။

ထို့နောက်အပြင်သို့ထွက်နေသောဆွဲကြိုးကို အကျီအတွင်းထဲပြန်ထည့်လိုက်ပြီး ကုမ္ပဏီသို့ကားဆက်မောင်းသွားတော့သည်။
______________________

ကူကူးဆေးရုံကနေဆင်းလာပြီးကတည်းက အပြင်မထွက်ဘဲအိမ်ထဲမှာသာ အိပ်လိုက်၊စားလိုက်နှင့်အချိန်ကုန်နေခဲ့ပါသည်။ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် လက်တစ်ဖက်ကို‌ေခါင်း‌ေနာက်တွင်ထားကာဖိပြီးပက်လက်လှဲနေရင်း ကျန်တစ်ဖက်နှင့်ဖုန်းကြည့်နေသည်။

Facebook newfeeds တွင်ပေါ်လာသမျှပုံများအား like‌မပေးဘဲကျော်ကာကြည့်နေရင်း ပန်းပုံတွေတက်လာသည်ကိုမြင်တော့....

ဒီပန်းက ကာနေးရှင်းဆိုတဲ့ပန်းမလား တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲ အော်... သိပြီ ဟိုတစ်ခါ မကြီးမေလေးစေ့‌စပ်ပွဲတုန်းက မကီလက်‌ေဆာင်ပေးတဲ့ပန်းပဲ ဒါနဲ့နေပါအုံး မကီဘာလို့ဒီပုံတွေတင်ထားတာလဲ။

တစ်ဖက်လှည့်နည်းဖြင့် ကိုယ်တိုင်ပုံကိုမပြပဲ ဖုန်းထိုင်သုံးနေသောကူကူးမြင်စေရန်အတွက် ကီဝီရှိသမျှဉာဏ်အကုန်ထုတ်သုံးကာစဉ်းစားပြီး ပုံတင်ထားခြင်းဖြစ်သည်။ထို post တွင် ကာနေးရှင်း အနီရောင်၊အဖြူရောင်၊အပြာရောင်၊အဝါရောင် စသည့်အရောင်စုံပါသောပုံများတင်ထားသည်။တစ်ပုံချင်းစီ၏အောက်တွင်လည်း အရောင်တစ်မျိုးလျှင်အဓိပ္ပာယ်တစ်မျိုးစီရှိကြောင်း ရေးပေးထားသည်။

ပထမဆုံးပုံမှာ အပြာရောင်ဖြစ်ပြီး ဒုတိယပုံမှာတော့အဝါရောင်ဖြစ်သည်။အပြာရောင်၏အဓိပ္ပာယ်ကို ကီဝီပြောပြဖူးသည့်အတွက်မဖတ်တော့ပဲကျော်ကာ ဒုတိယမြောက်ပုံဖြစ်သော အဝါရောင်ကာနေးရှင်းအောက်မှစာကိုဖတ်နေသည်။

အဝါရောင်က ကိုယ်မနှစ်သက်တဲ့လူတစ်ယောက်ကိုငြင်းဆိုတဲ့အခါမျိုးမှာသုံးရတယ် မကောင်းတဲ့သဘောဖက်ရောက်လို့သိပ်ပြီးသုံးလေ့သုံးထ‌ေတာ့မရှိဘူး။
အနီရင့်ရောင်က ဝမ်းနည်းမှု၊စိတ်ထိခိုက်မှုဆိုတဲ့ အဓိပ္ပာယ်ရှိသလို အနီဖျော့‌က နက်ရှိုင်းသောအချစ်လို့လည်း နှစ်မျိုးရှိပါတယ်။
အဖြူရောင်က‌ေတာ့ သိမ်မွေ့တယ်၊ဖြူစင်တယ် ဒါကြောင့် တစ်ယောက်ယောက်ကိုကံကောင်းစေချင်တဲ့အခါ ဒါမှမဟုတ်ဖြူစင်တဲ့အချစ်ကိုသက်သေပြချင်တဲ့အခါသုံးလို့ရတဲ့ပန်းလေးဖြစ်တယ်။

ကူကူးတစ်လုံးချင်းစီကိုလိုက်ဖတ်ပြီး ပုံကိုပါကြည့်သော်လည်း ဘာမှမထူးခြားပေ။ ဗဟုသုတတစ်ခုရသွားသည်ဟူသောစိတ်ကြောင့် ခံစားချက်လည်းတစ်စုံတစ်ရာလည်းမရှိခဲ့ပေ။ထို့ကြောင့် ပထမဆုံးနည်းလမ်းမှာတော့ ‌အောင်မြင်ခဲ့ခြင်းမရှိပေ။

ထို့နောက်ဒုတိယတစ်ရက်မြောက်နေ့တွင်လည်း အနီရောင်ကာနေးရှင်းပုံတွေထပ်တင်ပြန်ပါသည်။ကူကူး စိတ်မဝင်စားသည်ကိုတွေ့သဖြင့် ကီဝီကူကူးအခန်းရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်။

"ကူကူး ငါဝင်လာပြီနော်"

တံခါးခေါက်ကာ ကီဝီအခန်းထဲသို့ဝင်လာခဲ့သည်။ကူကူးဘောင်းဘီတိုနှင့် တီရှပ်လက်ပြတ်တစ်ထည်ဝတ်ကာ ပြတင်းပေါက်ရှေ့တွင်မတ်တပ်ရပ်နေသဖြင့် ကီဝီကူကူးဘေးတွင်သွားရပ်ကာ ပြတင်းပေါက်ဘောင်ပေါ်တွင်လက်တင်လိုက်သည်။

"ဘာပြောစရာရှိလို့လဲ ခုတလောထူးထူးဆန်းဆန်းပန်းပုံတွေချည်းပဲ တင်နေတယ်နော်"

"အဲ့တာလား ဘာမှမဟုတ်ဘူး ဒီအတိုင်းစိတ်ကူးပေါက်လို့တင်လိုက်တာ ဒါနဲ့လေ ကူကူးနင်ဒီရက်ပိုင်း စိတ်ပင်ပန်းသွားရတာဆိုတော့ အိမ်မွေ့ချပြီး စိတ်ဖိစီးမှုသွားလျှော့ကြည့်ကြမလား ဆရာဝန်တစ်ယောက်အိပ်မွေ့ချပေးတာကောင်းတယ်လို့ပြောတယ်"

"သွားလေရတယ် အဆင်ပြေတယ်"

"တကယ်နော် ဒါဆိုမနက်ဖြန်အတူတူသွားကြမယ်"

"အင်း"

ကီဝီပြောစရာရှိသည်ကိုပြောပြီး အခန်းထဲမှခုန်ဆွခုန်ဆွနှင့်ထွက်သွားသည်။ဒီလောက်ဆိုရင် အကြံအစည်မှာတစ်ဝက်နီးနီးအောင်မြင်သွားပြီဖြစ်သည့်အတွက် ဝမ်းသာအားရဖြစ်နေသည်။ဒေါ်မာလာကိုလည်း ပြောပြကြည့်တော့ လက်ခံသဖြင့် အခြေအနေတော့ကောင်းသည်။

အိပ်မွေ့ချတာက စိတ်ညှို့တာနဲ့အတူတူပဲဆိုတော့... ငါ‌ေမ့‌ေနတဲ့ အရင်ကအဖြစ်အပျက်တွေ ပြန်မှတ်မိလာလောက်မယ်ထင်တယ်။မှတ်မိလည်းကောင်းတာပဲ ဒါမှ...ဒီဒဏ်ရာကဘာကြောင့်ရတာလည်းဆိုတာသိရမှာ ပြီးတော့ ငါကဘယ်သူလဲဆို‌တာကိုရောပဲ..။

ကူကူးလည်း ရင်ဘတ်မှဒဏ်ရာကိုစမ်းကာ ထိုစိတ်ကူးဖြင့်ကီဝီပြောသည်ကို အသာတကြည်လက်ခံလိုက်ခြင်းပင်။

ဒိုင်ယာရီစာအုပ်လေးကိုနောက်တစ်ခေါက်ထပ်ပြီးဖတ်ကြည့်ရင်ကောင်းမယ်...။

စားပွဲခုံပေါ်တွင်တင်ထားသောဒိုင်ယာရီဟောင်းလေးကိုဆွဲယူကာ အိပ်ရာ‌ပေါ်သို့တက်၍ ဝမ်းလျားမှောက်ကာအိပ်ပြီး စာအုပ်ကိုဖွင့်လိုက်သည်။

တစ်ရွက်ချင်းစီလှန်ကာ အစမှပြန်ဖတ်ကြည့်နေသည်။ယခုအကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီဖြစ်သဖြင့် အလွတ်နီးပါးမှတ်မိနေပြီ။စာရွက်ကိုလှန်ရင်းလှန်ရင်းနှင့် နောက်ဆုံးစာမျက်နှာသို့ရောက်သွားခဲ့သည်။

ဖတ်ပြီးသည်မှာငါးခါမြောက်ဖြစ်သော်လည်း ထိုနောက်ဆုံးစာမျက်နှာကိုတော့ မဖတ်ကြည့်ဖြစ်ခဲ့ပါ။ထိုစာမျက်နှာရှိ ခေါင်းစဉ်ကိုအသံထွက်ကာဖတ်လိုက်သည်။

ကိုကိုပေးဖူးသောအရာများ နံပါတ်တစ်-ပိတောက်ပန်း၊ နှစ် -ကာနေးရှင်း၊ သုံး-ဆင်တူလက်စွပ် ၊ လေး-အမှတ်တရလက်ပတ် ၊ ငါး-ဆွဲကြိုး။

ပစ္စည်းအသေးစိတ်အား အစီအစဉ်တကျရေးထားသည်မှာ အင်မတန်ပင်တန်ဖိုးထားကြောင်းသိသာသည်။ကူကူး ထိုစာကိုဖတ်ပြီးတော့ စိတ်ထဲတွင်ထင့်နေသောအရာတစ်ခုရှိသည်။၎င်းမှာ ကာနေးရှင်းဟူသောအချက်ပင်။အစ်မဖြစ်သူကီဝီကလည်း အဲ့ပုံတွေတင်တယ်၊ခုလည်း မိုဝီရခဲ့ဖူးတဲ့ပစ္စည်းစာရင်းထဲမှာပါတော့ ကူကူးအတွက်စဉ်းစားစရာတစ်ခုဖြစ်နေခဲ့သည်။

သို့သော် စိတ်ထင်သည်အနေနှင့်ခေါင်းထဲမှထုတ်ကာ ခုတင်ဘေးကခုံပေါ်ကိုစာအုပ်တင်ထားလိုက်သည်။လုပ်စရာမရှိသဖြင့် ပျင်းနေသည်မို့အိပ်ဖို့သာဆုံးဖြတ်လိုက်ပြီး ဖက်ခေါင်းအုံးကိုခွကာ ဟိုလှိမ့်သည်လှိမ့်နှင့် မကြာခင်မှာဘဲ အိပ်ပျော်သွားသည်။
__________________

ယနေ့မှာ ဆရာဝန်သွားတွေ့ရမည့်ရက်ဖြစ်သောကြောင့် ကီဝီနှင့်ကူကူး နှိုင်းဘိုကင်လုပ်ပေးထားသည့်ဦးကျော်စွာထံသို့ရောက်လာခဲ့ကြသည်။

"လာသား...ဒီမှာထိုင်"

ဦးကျော်စွာမှာ အသက်ငါးဆယ်ကျော်အရွယ်ဖြစ်သော်လည်း နုပျိုနေစဲပင်။ဆေးခန်းကိုလာကုသမျှ ဝေဒနာရှင်တွေအားလံုးကိုချိုသာ‌ေသာအပြံုးများပင် နှုတ်ဆက်လေ့ရှိသူဖြစ်သည်။

ဆရာဝန်ထိုင်ခိုင်းသောပက်လက်ကုလားထိုင်ပေါ်တွင်ကူကူးထိုင်ကာလှဲချလိုက်သည်။ထို့နောက် မျက်လွှာကိုဖြေညှင်းစွာချထားလိုက်သည်။

"အသက်ကိုဖြည်းဖြည်းချင်းရှုထားသား ပခုံးပေါ်မှာရှိတဲ့အားတွေအကုန်လျှော့ထား၊ခန္ဓာကိုယ်ကို လေထဲမှာလွင့်နေတယ်ဆိုတဲ့စိတ်ကလေးသွင်း အခုချိန်မှာဘယ်ဘက်ပခုံးကြော၊ညာဘက်ပခုံးကြော ဘယ်ညာပခုံးကြောမှာရှိတဲ့အားတွေအကုန်လုံးကိုလျှော့ထားလိုက်"

ကူကူးပခုံးကို လက်ချောင်းထိပ်ကလေးများဖြင့်တို့ထိကာ အကြောတွေဖြေလျှော့ထားရန်‌ေပြာ‌ေတာ့ကူကူး၏လက်‌ေမာင်းတို့မှာဖြည်းဖြည်းချင်း အားလျော့လာသည်။

"ဘယ်ဘက်ဇက်ကြော၊ညာဘက်ဇက်ကြော ဇက်ကြောနှစ်ခုစလုံးဆုံတဲ့နေရာကအားတွေကို‌ေဖြလျှော့ထားလိုက် ဦးနှောက်ကစဉ်းစားရလွန်းလို့ ဦးခွံကြောတွေတောင့်တင်းလာတယ်၊မာကျောလာတယ် နေလို့ထိုင်လို့မကောင်းတော့ဘူး ခေါင်းထဲမှာရှုပ်ထွေးလာတယ် အဲ့ဒီရှုပ်ထွေးနေတာတွေ၊တင်းကြပ်နေတာတွေ၊မွန်းကြပ်နေတာတွေကိုဖြေလျှော့ထားလိုက် ဖြေလျှော့ထားလိုက်တယ်လို့ စိတ်ကူးလိုက်ရုံနဲ့တင် ချက်ချင်းပြေလျော့သွားတယ် ပြေလျော့သွားတယ် ပြေလျော့သွားတယ်"

ဦးကျော်စွာ ပြောနေသည်ကို ကူကူးပြတ်သားစွာကြား‌ေနရသည်။သို့သော် စိတ်မှာတော့အခြားနေရာတစ်ခုသို့ တဖြည်းဖြည်းနှင့်လွင့်မြောလာသည်။

"ဘာမြင်ရလဲသား"

"ယောက်ျားလေးတစ်ယောက် လက်ထဲမှာလည်းပိတောက်ပန်းတွေပါတဲ့ပန်းစည်းတစ်ခုကိုင်ထားပြီး ကျွန်တော့်ကိုပေး‌ေနတယ်"

"နောက်ကော ဘာမြင်ရသေးလဲ"

"ကား‌ေပါ်ကို‌ေရာက်သွားပြီ ကျွန်‌ေတာ့လက်ထဲမှာ ဆွဲ..ဆွဲကြိုးလေးတစ်ကုံးတွေ့တယ် ကျွန်တော့်စိတ်ထဲမှာပျော်နေတယ်"

ကူကူးဆေးကုနေသည့်ပုံစံကို ကီဝီဘေးကနေထိုင်ကြည့်နေသည်။စိတ်ထဲတွင်တော့ ပြန်မှတ်မိလာစေရန်သာဆုတောင်းနေမိသည်။

"အဲ့ဆွဲကြိုးကိုဘယ်သူပေးတာလဲ"

"ယောက်ျားလေးတစ်ယောက်ပဲ"

"သူ့မျက်နှာကိုသေချာကြည့်ပါအုံး သူဘယ်သူလဲဆိုတာ"

"မမြင်ရဘူး သူ့မျက်နှာကဝါးနေတယ်"

ကူကူးဖြေသမျှကို ဦးကျော်စွာမေးခွန်းတစ်ခုချင်းပြန်မေးကာ အတိတ်များကိုဖော်ထုတ်နေသည်။တစ်ချို့တစ်ဝက်ကိုတော့ မျက်လုံးထဲတွင်ပြန်မြင်ယောင်လာ‌ေသာ်လည်း ပုံရိပ်မှာတော့ ဝေဝါးနေသေးသည်။

"အ..အား"

ကူကူးအော်သံကြောင့် ကီဝီစိုးရိမ်သွားသည်။အတိတ်ကိုပြန်မှတ်မိစေချင်သော်လည်း မကောင်းသောမှတ်ဉာဏ်များကိုတော့ ပြန်မမြင်ယောင်စေချင်ခဲ့ပါ။

"ဘာဖြစ်တာလဲသား စိတ်အေးအေးထားပါ သားဘာတွေမြင်နေရလဲဆိုတာဆရာ့ကိုပြောပြ"

"ကျွန်တော့်ကို ကား..ကားတစ်စီးဝင်တိုက်လိုက်တယ် အဝေးကြီးကိုလွင့်သွားပြီး သွေးအိုင်ထဲမှာလဲနေတယ် နောက်...နောက်ပြီး လူတစ်ယောက်ကျွန်တော့်ကိုပွေ့ချီထားတယ်"

"မကြောက်နဲ့သား အသက်ကိုပုံမှန်ရှု အခုသားဘယ်ကိုရောက်သွားပြီလဲ"

ကူကူးမျက်လံုးအစွန်းအဖျားက‌ေန မျက်ရည်စလေးတွေကျလာကာ အသက်ရှူလည်းနည်းနည်းမြန်လာသည်။

"အခုတစ်ခြားနေရာကိုရောက်သွားပြန်ပြီ ကျွန်တော်ကားတစ်စီးရဲ့‌ေနာက်ခန်းမှာမတ်တပ်ရပ်နေတယ် ရေတွေလည်းပက်နေကြတယ်"

"ဟုတ်ပြီသား သားအပြင်ဘယ်သူတွေပါသေးလဲ"

"ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်"

"သူတို့နာမည်တွေဘယ်လိုခေါ်လဲ"

"လူးရိပ်၊ဇူဇူး၊ကေတုမဒီ ပြီးတော့ နှိုင်း...ဆူးသစ်နှိုင်း"

သူငယ်ချင်းတွေရဲ့နာမည်ကိုရော နှိုင်းရဲ့နာမည်ကိုပါသတိရသွားသည့်အတွက် ကီဝီအတော်လေးဝမ်းသာနေသည်။

"သူတို့ကသားနဲ့ဘာတော်စပ်လဲ"

"လူးရိပ်၊ဇူဇူးနဲ့ကေတုမဒီက အချစ်ဆုံးသူငယ်ချင်းတွေ နှိုင်း.နှိုင်းကတော့ ကျွန်တော့်ရဲ့ချစ်သူ"

"ဒါဆိုရင် သားရဲ့နာမည်ကရော"

"ကျွန်တော်..ကျွန်တော့်နာမည်က မို..ဝီ..ထူး"

"ရပြီသား ထလို့ရပြီ"

ကူကူးမျက်လုံးလေးတွေ ပြန်ပွင့်လာပြီးလှဲနေရာမှထထိုင်လိုက်သည်။မျက်နှာပေါ်တွင်စီးကျနေသောမျက်ရည်တို့သုတ်ကာ..

"ဆရာ ကျွန်တော်ကမိုဝီထူးတဲ့၊နှိုင်းရဲ့ချစ်သူမိုဝီတဲ့"

"ဟုတ်တယ်သား သား‌ကမိုဝီအစစ်အမှန်ပဲ ခုသားမြင်လိုက်ရတဲ့အရာတွေအားလုံးက လွန်ခဲ့တဲ့သုံးနှစ်ကဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးပဲ မှတ်ဉာဏ်ဆိုတာ ပျောက်တုန်းခဏပါပဲ လိုအပ်တဲ့အချိန်ကျရင်တော့ပြန်ပေါ်လာရတာပဲ သားရဲ့ဦးနှောက်က ထိပ်လန့်မှုတွေ၊ကြောက်ရွံ့မှုတွေကြောင့် ရှိခဲ့ဖူးတဲ့မှတ်ဉာဏ်အစိတ်အပိုင်းအချို့ကိုဖျက်ပစ်လိုက်တာ ခုဆရာတို့ပြန်ရှာဖွေလိုက်တော့ ပုန်းနေတဲ့နေရာကနေပြန်ထွက်လာကြတာ"

ကူကူးပျော်လွန်းသဖြင့် မျက်ရည်များတစ်ဖန်ကျဆင်းလာပြန်သည်။သူအဖြစ်ချင်ဆုံး ဆန္ဒမှာယခုပြည့်ဝသွားခဲ့ရပါပြီ။နောက်ထပ်တစ်ကြိမ် ပြန်လည်ရှင်သန်ခွင့်ကိုသူထပ်မံရရှိခဲ့ပါသည်။

"ကျေးဇူးတင်ပါတယ်ဆရာရယ် ကျေးဇူးတင်ပါတယ်"

"မလိုပါဘူးကွာ နှိုင်းတုန်းကလည်းဆရာပဲကုပေးခဲ့တာ သားကစိတ်ဆန္ဒပြင်းပြတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးမြန်မြန်နဲ့သတိပြန်ရလာတာ တော်ရုံလူဆိုရင် တစ်ပတ်လောက်အချိန်ယူရတယ် သားကျတော့အခုတစ်ခေါက်နဲ့တင် အားလံုးကိုပြန်ပြီးမှတ်မိသွားပြီ"

ဝမ်းသာအားရဖြင့် ဆရာဝန်နှင့်ဖက်ကာ ကျေးဇူးတင်စကားပြောလိုက်ပြီး ကီဝီ့ဘက်သို့လှည့်ကာ..

"ကျေးဇူးတင်ပါတယ် မကီ ကျွန်တော့်ကိုအခုလိုကူညီပေးတဲ့အတွက်"

"မောင်လေးရဲ့အစ်မပဲဟာ ကျေးဇူးတင်စကားပြောစရာမလိုပါဘူး အော်..ဒါနဲ့ နှိုင်းအစ်မကိုမှာလိုက်တယ် ကူးလေးတစ်ကယ်လို့များအတိတ်တွေကိုအကုန်ပြန်မှတ်မိသွားခဲ့မယ်ဆိုရင် ပိုးစုန်းကြူးလေးတွေရှိတဲ့နေရာမှာ သူစောင့်နေပါမယ်တဲ့ အခုညနေလေးနာရီထိုးပြီဆိုတော့ မှီလောက်..."

ကီဝီနာရီကိုကြည့်ကာ ပြောနေသည့်စကားမဆုံးခင်မှာတင် ကူကူးဆေးခန်းထဲမှပြေးထွက်သွားခဲ့သည်။

"ဟယ် ဒီကလေး ငါ့ကိုထားခဲ့ပြီ ကူးရေ ကူး"

"ခေါ်မနေပါနဲ့တော့သမီးရယ် သူတို့လေးတွေပျော်ကြပါစေတော့"

ဦးကျော်‌စွာပြောသည်ကို ကီဝီလက်ခံသဖြင့် ဆက်အော်ခေါ်မနေတော့ပဲ ကုသ‌ပေးသည့်အဖိုးအခကို ဦးကျော်စွာထံပေးလိုက်သည်။

"မပေးနဲ့သမီး နှိုင်းနဲ့ဆရာနဲ့ရှင်းသွားပြီ သမီးပြန်ယူထားလိုက်ပါ"

ငါ့မောင်လေးကတော့ တော်တော်အချစ်ခံရတာပဲ။ထိုက်တန်တဲ့လူတစ်ယောက်ကိုလည်းသေချာရှာတွေ့ထားတာပဲ ပျော်ရွှင်ပါ‌ေစငါ့‌ေမာင်။

ကီဝီပါးစပ်ကတတွတ်တွတ်ပြောကာ ဆရာဝန်ကိုနှုတ်ဆက်ပြီးအိမ်သို့ပြန်သွားခဲ့သည်။
______________________

နှိုင်းမနေ့ကလည်း ဒီကန်ရေပြင်ရှေ့မှာ‌ေရာက်လာနိုးနုိးနှင့်ထိုင်စောင့်နေခဲ့ပါသေးသည်။သို့သော် ဆုတောင်းတော့မပြည့်ခဲ့ပါ။

ကီဝီ့ကိုပြောခဲ့သည့်စကားအတိုင်း ‌ယနေ့ည‌ေန‌ေစာင်းတွင်လည်းကန်ရေပြင်ရှေ့မှာထိုင်ပြီး စောင့်နေပြန်ပါသည်။
နားထဲနားကြပ်ထည့်ကာ တစ်ချိန်ကဆိုပြခဲ့ဖူးသည့်သီချင်းများကို မျက်လုံးမှိတ်၍နားထောင်နေသည်။

"ကိုကို!"

နားကြပ်တပ်ထားတာကြောင့် ကူကူးအော်ခေါ်နေသည့်အသံကိုနှိုင်းမကြားပေ။

"ကိုကို!"

ကူကူး taxi ပေါ်ကနေအလောတကြီးပြေးဆင်းလာပြီး နာမ်စားလေးတစ်လုံးကိုအားကုန်အော်ကာခေါ်နေသည်။

ငါခုကြားနေရတဲ့ ကိုကိုဆိုတဲ့အသံကစိတ်ထင်တာလား။နားကြားပဲမှားနေတာလား....။

"ကိုကို"

ခေါ်နေသည်ကို နှိုင်းမကြားသဖြင့် ကူကူးလမ်းလျှောက်လာပြီး ကန်ဘောင်ပေါ်မှာထိုင်နေသည့်နှိုင်း၏နားကြပ်တပ်ထား‌ေသာနားနားလေးကိုကပ်ကာ ညင်းသဲ့သဲ့လေသံလေးတစ်ချက်ဖြင့်ပြောလိုက်သည်။

နှိုင်းနားကြပ်ကိုဖြုတ်ကာ ဘေးသို့လှည့်လိုက်တော့ ရယ်ပြနေသောကူကူးကိုထင်ထင်ရှားရှားမြင်လိုက်ရသဖြင့် လန့်သွားခဲ့သည်။အဘယ်‌ေကြာင့်ဆို‌ေသာ် ထိုသို့ရောက်လာမည်ဟုနှိုင်းမထင်ထားမိခဲ့‌ေပ။

"ကလေး...တကယ်ပဲကိုယ့်ရဲ့ကလေးလား"

နှိုင်းမေးသည်ကိုမဖြေသေးဘဲ နှိုင်း၏ဘေးတွင်ထိုင်ချလိုက်ပြီးကာမှ...

"ကိုကို့ရဲ့ကလေးမိုဝီလေ ကိုကိုကလေးကိုမြင်ရတာဝမ်းမသာဘူးလား"

ဝမ်းမသာတာမဟုတ်ဘူး ကိုယ်အံ့ဩသွားတာ။
ကလေးဆီက ကိုကိုဆိုတဲ့အသံကိုပြန်ပြီးကြားလိုက်ရလို့ ကိုယ်စိတ်လှုပ်ရှားသွားတာ။

အသက်ရှုသံတွေမြန်လာကာ နှိုင်းပြောစရာစကားများလွန်း၍ ဘယ်ကနေစပြောရမှန်းမသိဖြစ်နေစဉ် ကူကူးနှိုင်းပါးကို အားပါပါနှင့်ဆွဲညှစ်လိုက်သည်။

"အား..နာတယ်"

"အိပ်မက်မက်နေတာမဟုတ်ဘူးကိုကိုရေ တကယ်ဖြစ်နေတာ"

"ကလေးကိုယ့်ကိုတကယ်မှတ်မိသွားပြီပေါ့ ဝမ်းသာလိုက်တာ"

နှိုင်း ဝမ်းသာအားရနှင့်ကူကူးကိုတင်းတင်းကြပ်ကြပ်ပင် ဆွဲဖက်ထားလိုက်သည်။

"အသက်ရှုကြပ်တယ် လွှတ်ပါအုံး"

လက်မောင်းကို တဖြန်းဖြန်းရိုက်ကာ လွှတ်ပေးရန်ပြောတော့မှ ဖက်ထားသောလက်တို့ကို ဖြည်ချပေးသည်။

သုံးနှစ်တာမေ့ပျောက်ထားခဲ့မိတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်နှိုင်း.....။
အခုချိန်ကနေစပြီး မချစ်ပေးမိခဲ့တဲ့ သုံးနှစ်စာအတွက်အတိုးကော၊အရင်းပါစုပြီး ချစ်ပေးပါမယ်လို့ကျွန်တော်ကတိပေးပါတယ်။
နှိုင်းအပြုံးလေးတွေကို ကျွန်တော်ထပ်မြင်ခွင့်ရခဲ့ပါပြီ။
ကျေးဇူးတင်ပါတယ် မိုးနတ်မင်းကြီးရယ် ပြီးတော့ကူကူး မင်းကိုလည်း ကျေးဇူးတင်ပါတယ် နှလုံးလှူဒါန်းပေးခဲ့တဲ့အတွက်။

"ကလေး ကလေးကိုထိခိုက်‌ေအာင်လုပ်ခဲ့တဲ့လူကိုကိုယ်တို့ဖမ်းမိသွားခဲ့ပြီသိလား ဒီတစ်ပတ်သောကြာနေ့ရုံးချိန်းရှိတယ် အမှန်တော့အဲ့ရုံးချိန်းမတိုင်ခင် ကလေးသတိရလာပါ့မလားဆိုပြီးကိုယ်စိုးရိမ်နေခဲ့တာ ဒါပေမယ့်ခုတော့အဆင်ပြေသွားပြီ ကိုယ်နဲ့အတူတူ ရုံးချိန်းကိုသွားကြမယ်နော်"

"ဒါပေါ့ သူအပြစ်ဒဏ်ချမှတ်ခံရမှာကို ကြည့်မှဖြစ်မှာ ဒါမှကလေးတို့ခံစားခဲ့ရတာတွေအတွက်ဖြေဆည်လို့ရမှာလေ"

နှိုင်းအတိုင်းထက်အလွန်ကို ဝမ်းသာနေခဲ့ပါသည်။သူလွမ်း‌ေန‌ခဲ့‌ေသာမျက်နှာလေးကို တစ်ဝကြီးတစိမ့်စိမ့်ကြည့်နေသည်။

နှစ်ယောက်မျက်လံုးချင်းဆုံကာပြုံးပြပြီး‌နောက် ကူကူးနှိုင်းပခုံးထက်သို့ခေါင်းလေးမှီလိုက်သည်။နှိုင်းလည်းကူကူးပခံုးတစ်ဖက်ကိုကိုင်ကာဖက်ထားလိုက်ပြီး နေဝင်ချိန်ကိုအတူထိုင်ကြည့်နေကြသည်။

ငြိမ်သက်နေတဲ့ ကန်ရေပြင်ကြီးမှာလည်း တစ်ဖန်ပြန်လည်ကာလှုပ်ရှားလာခဲ့ပါသည်။ကျေးငှက်ကလေးများ၏ တီတီတာတာ အော်မြည်သံတို့မှာလည်း တေးသံသာကဲ့သို့နားဝင်ချိုမြိန်ခဲ့ပါသည်။

အချစ်စစ်မှန်ရင် မည်သို့ပင်တားတားပြတ်ရိုးထုံးစံမရှိ‌ေပ။ဒီလူသားနှစ်ယောက်၏အချစ်များသည်လည်း စစ်မှန်ခဲ့သည့်အတွက် အတားအဆီးဟူသမျှကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့ပါသည်။

=====================

=====================
Nun's note~

         ရေးရင်းရေးရင်းနဲ့ ရှည်သွားပြန်ပါပြီ နေ့လည်းကူးနေပြီဆိုတော့လျှာမရှည်တော့ပါဘူး အိပ်ပါတော့မယ် ညကျရင်ပြန်တွေ့ကြမယ်နော် I Remember Youဆိုတဲ့သီချင်းလေးနဲ့နှုတ်ဆက်လိုက်ပါတယ်~

==================

==================

Zawgyi

"ခြန္း မိုေလးမွာအစ္မရွိတယ္လို႔‌ေျပာတယ္‌ေနာ္ သူဘယ္မွာအလုပ္လုပ္တာလဲ"

"သူကဖက္ရွင္ဆိုင္တစ္ဆိုင္ဖြင့္ထားတာကိုႏွိုင္း ကၽြန္ေတာ္တို႔နဲ႔ေတာ့သိပ္မေဝးဘူး က္ုိႏွိုင္းသြားမလို႔လား"

မိုဝီ့တြင္အစ္မရွိေၾကာင္းကိုႏွိုင္းမသိခဲ့ရ‌ေသာ‌ေၾကာင့္ တစ္ေယာက္ႏွင့္‌တစ္ေယာက္ မျမင္ဖူး၊မေတြ႕ဖူးၾကေပ။

"အင္း အခုခ်ိန္က ငါကိုယ္တိုင္မိုေလးအနားကိုကပ္လို႔မရေသးဘူးဆိုေတာ့ သူ႔အစ္မကိုပဲျဖစ္ျဖစ္အကူအညီေတာင္းၾကည့္မွရမယ္ နာမည္ကကီဝီေနာ္"

"ဟုတ္တယ္ကိုႏွိုင္း ကၽြန္ေတာ္လိုက္ပို႔ေပးရမလား"

"ေနေနရတယ္ ကိုယ့္ဘာကိုယ္ပဲသြားလိုက္မယ္ လိပ္စာေလးပဲေရးေပးလိုက္"

ခြန္းေတဇေရးေပးလိုက္ေသာလိပ္စာအတိုင္း ေမာင္းလာကာ ဆိုင္ေရွ႕တြင္ကားရပ္လိုက္သည္။ဆိုင္အျပင္ဖက္တြင္ ပန္းအိုးေလးမ်ားအစီအစဥ္‌ထားရွိထားသည္။ပန္းႏုေရာင္ေဆးသုတ္ထား၍ ဝင္လိုက္သည္ႏွင့္ တ႐ုတ္၊ကိုရီးယား၊ဂ်ပန္၊ထိုင္းစ‌ေသာ နိုင္ငံအသီးသီးမွမင္းသားတို႔၏ပုံမ်ား‌ကို‌ေဘာင္ခတ္ကာနံရံတြင္ ခ်ိတ္ဆြဲထားသည္ကို‌ေတြ႕ရသည္။

ထို႔ေနာက္ မိန္းကေလးဝတ္ႂကြႂကြရြရြ ဂါဝန္အတိုအရွည္၊တီရွပ္၊ရင္ဟိုက္အထည္မ်ားအျပင္အဆင္လွလွႏွင့္ စီစီရီရီတန္းတြင္ခ်ိတ္ထားသည္။

မိန္းကေလးဝတ္စုံေရာင္းသည့္ဆိုင္ထဲသို႔ ႏွိုင္းဝင္လာသျဖင့္ ဆိုင္ထဲမွမိန္းကေလးမ်ားမွာ ပါးစပ္ပင္စိ၍မရနိုင္ေပ။ဓာတ္ပုံခိုးရိုက္သူကခိုးရိုက္၊မ်က္စပစ္ျပသူက ပစ္ျပႏွင့္ပလူပ်ံေနၾကသည္။ႏွိုင္းကေတာ့တစ္ေယာက္ကိုမွဂ႐ုမစိုက္ပဲ ထိုမိန္းကေလးမ်ားကိုေက်ာ္ကာ ကီဝီ့ဆီသို႔တန္းသြားသည္။
ကီဝီကေတာ့သူေပးစားခ်င္တာ ၾကာေနခဲ့ၿပီျဖစ္သည့္အတြက္ သူ႔ေမာင္အစားျဖည့္ေတြးၿပီးရင္ခုန္ေနေလရဲ့။

ႏွိုင္းမွာဝတ္စုံအျပည့္ဝတ္ထားေသာေၾကာင့္ ျမင္သူတကာခိုက္ေလာက္‌ေသာဒယ္ဒီ typeျဖစ္ေနသည္။ေသသပ္ေနေအာင္ၿဖီးလိမ္းကာ‌ေထာင္ထား‌ေသာဆံပင္၊က်စ္လစ္‌ေတာင့္တင္းေသာကိုယ္ခႏၶာႏွင့္ရွည္လ်ားေသာအရပ္အ‌ေမာင္းမွာျပည့္စံုလြန္းသည္ထက္ကို ပို၍ျပည့္စုံလွသည္။

တပ္‌ထားေသာ ေနကာမ်က္မွန္ကိုဆြဲခၽြတ္လိုက္သည္ႏွင့္ စူးရွေသာအၾကည့္တို႔မွာဆီးလို႔ႀကိဳေနသည္။အဝတ္လာဝယ္ၾကေသာ မိန္းကေလးမ်ားမွာအဝတ္ကိုပင္ဆက္မေရြးေနနိုင္ေတာ့ပဲ ႏွိုင္းကိုသာေခါင္းအစေျခအဆုံးလိုက္ၾကည့္ေနၾကသည္။ကီဝီတစ္ေယာက္ကေတာ့ role ခြဲၿပီးၿပီျဖစ္သည့္အတြက္ ထိခိုက္ရွနာဒဏ္ရာမ်ားျဖစ္ရန္မလိုေတာ့ေပ။

"အစ္မ ကၽြန္ေတာ္စကားခဏေလာက္ေျပာလို႔ရမလား"

"ရတာေပါ့ေမာင္ေလးရဲ့လာ အစ္မတို႔နားေနခန္းထဲမွာသြားေျပာၾကမယ္ ေဝာာ္ၾကာေမာင္ေလးသူတို႔ဆြဲစိတာခံလိုက္ရရင္ ကူကူးစိတ္မေကာင္းျဖစ္ေနအုံးမယ္"

ႏွိုင္း ကီဝီေျပာသည့္စကားကိုသေဘာမေပါက္ေသာ္လည္း ေနာက္ကိုလွည့္ၾကည့္ေတာ့ အရိုးတျခား၊အသားတျခားျဖစ္သြားနိုင္‌ေလာက္သည့္အၾကည့္မ်ားျဖင့္ၾကည့္‌ေနၾကသည္ကိုျမင္တာေၾကာင့္ ေဇာေခၽြးမ်ားပင္ျပန္လာသည္။တံေတြးတစ္ခ်က္မ်ိဳခ်ရင္း ကီဝီဆြဲေခၚရာေနာက္သို႔ပါသြားေတာ့သည္။

"ေမာင္ေလး ဒီမွာထိုင္ အစ္မကိုဘာေျပာမလို႔လည္းေျပာ"

ကီဝီႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၿပီး နဖူးစပ္မွ‌စီးက်လာေသာေခၽြးတို႔ကိုလက္ျဖင့္သုတ္ကာ မ်က္မွန္ႏွင့္ကားေသာ့ကို‌ေရွ႕စားပြဲခုံေပၚသို႔တင္လိုက္သည္။

"ဟိုေလ ကၽြန္ေတာ္နဲ႔မိုေလးတို႔အေၾကာင္းကို အစ္မသိၿပီးေလာက္ၿပီထင္ပါတယ္"

"အင္း အစ္မအဲ့အေၾကာင္းကိုသိေပမယ့္ ေမာင္ေလးျဖစ္ေနမယ္မွန္းမထင္ထားဘူး ကူ..မဟုတ္ေသးပါဘူး မိုဝီ့ကိုအဲ့ေန႔ကကယ္ေပးခဲ့တဲ့အတြက္ အစ္မေက်းဇူးတင္ပါတယ္ အစ္မကေမာင္ေလးတို႔ကိုသေဘာတူတယ္ အရင္လိုေလးျပန္ျဖစ္ေစခ်င္တယ္"

"ဝမ္းသာလိုက္တာ ဒါဆိုရင္ မိုေလးအတိတ္ကိုျပန္မွတ္မိေအာင္လို႔ တစ္ဖက္တစ္လမ္းကေနကၽြန္ေတာ့္ကိုကူညီေပးလို႔ရလား"

"ေျပာသာေျပာ ကူညီေပးမယ္"

အင္တိုက္အားတိုက္ႏွင့္ လိုလိုလားလားေျပာဆိုလာေသာေၾကာင့္ ႏွိုင္းလိုရင္းကိ‌ုေျပာဖို႔ျပင္လိုက္သည္။

"ဒီလိုဗ်ာ မိုေလးနဲ႔ကၽြန္ေတာ္တြဲတုန္းက တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ ကာေနးရွင္းပန္းေတြေပးျဖစ္တယ္ ကၽြန္ေတာ္သူ႔ကိုတိုက္ရိုက္ႀကီးေျပာဖို႔က်ေတာ့လည္း မိုေလးစိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ ဒါေၾကာင့္မိုေလးအဲ့ပန္းေတြကိုျမင္ရင္ျပန္ၿပီးသတိရလာမယ္ထင္လို႔"

ကီဝီဒီတစ္ေခါက္ေတာ့ မိုဝီ့ကိုအားက်ေနရပါသည္။မိန္းက‌ေလးျဖစ္ပါရက္နဲ႔ တစ္သက္နဲ႔တစ္ကိုယ္ ပန္းဆိုလို႔ ေခြးေသးပန္းေတာင္မရဖူးတဲ့ကီဝီ ၊ေမာင္ျဖစ္သူမွာ ပန္းတစ္ပြင့္ေတာင္မဟုတ္ပန္းစည္းပါရဖူးသည္ကိုသိလိုက္ရသည့္အတြက္ ရင္ထဲ၌စို႔သြားသည္။

"ဘယ္လိုလုပ္ေပးရမွာလဲ"

"မို႔ကိုကာေနးရွင္းပန္းပုံေတြျပၿပီး အေရာင္တစ္ခုစီနဲ႔ပတ္သက္တဲ့အနက္အဓိပၸာယ္ေတြကိုေျပာျပေပးပါလား"

"သိပ္မၾကာေသးခင္တုန္းက အစ္မသူငယ္ခ်င္းအတြက္ ကာေနးရွင္းပန္းအျပာ‌ေလးေတြမွာေသးတယ္ အဲ့တုန္းကမိုဝီဘာပန္းမွန္းေတာင္သူမသိဘူး ဒါေပမယ့္ အစ္မေမာင္ေလးေျပာသလိုလုပ္ၾကည့္ေပးပါမယ္"

"ေက်းဇူးတင္ပါတယ္ဗ်ာ တကယ္ကိုေက်းဇူးတင္ပါတယ္ ၿပီးေတာ့ေလ တစ္ခုက်န္ေသးတယ္မိုေလးကို အိပ္ေမြ႕ခ်တဲ့ဆရာဝန္နဲ႔ျပၾကည့္ပါလား ကၽြန္ေတာ္နဲ႔သိတဲ့ဦး‌ေက်ာ္စြာဆိုတဲ့ဆရာဝန္တစ္ေယာက္ရွိတယ္ အဲ့ဆရာနဲ႔ျပဖူးတဲ့လူေတာ္ေတာ္မ်ားမ်ား ရက္ပိုင္းအတြင္းမွာပဲအတိတ္ကိုမွတ္မိသြားတယ္တဲ့"

အရင္ကဘာေၾကာင့္မ်ားဒီလိုအေတြးမ်ိဳးမဝင္ခဲ့မိသလဲဆိုၿပီး ကီဝီကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ေနမိသည္။ႏွိုင္းေျပာသည္ကိုနားေထာင္ၾကည့္ေတာ့ အိပ္ေမြ႕ခ်တာလည္းအလုပ္ျဖစ္ေလာက္သည္ကို ကီဝီလည္းစဥ္းစားမိသည္။

ႏွိုင္းယခုလိုေျပာရျခင္းကေတာ့ ႏွိုင္းယခင္ကဦးေက်ာ္စြာဆီမွာ အိပ္ေမြ႕ခ်တဲ့နည္းနဲ႔ပဲ ထိခိုက္သြားေသာစိတ္ေဝဒနာကိုေအာင္ေအာင္ျမင္ျမင္ကုသခဲ့ဖူးသည္။အိပ္ေမြ႕ခ်ျခင္းသည္လည္း စိတ္ေရာဂါကုသျခင္းတစ္မ်ိဳးပင္ျဖစ္ေသာေၾကာင့္ ႏွိုင္းအႀကံရသြားျခင္းျဖစ္သည္။

"ေမာင္ေလးေျပာပုံအရဆိုအဆင္ေျပမယ့္ပုံပဲ အစ္မ အေမ့ကိုေသခ်ာေျပာျပၿပီး မိုဝီ့ကိုေခၚသြားလိုက္မယ္ ဘယ္ေနရာလဲဆိုတာအစ္မကိုတစ္ခ်က္ေျပာေပး"

"ကၽြန္ေတာ္သန္ဘက္ခါအတြက္ဘိုကင္လုပ္ထားေပးမယ္ လိပ္စာေရးေပးဖို႔ စာရြက္တစ္ရြက္ေလာက္ေပးပါလား"

မွန္တင္ခုံေပၚက မွတ္စုစာအုပ္ႏွင့္ေဘာပင္ကိုဆြဲယူလိုက္ၿပီး ႏွိုင္းကိုကမ္းေပးလိုက္သည္။ ဆရာဝန္အမည္၊ဖုန္းနံပါတ္ႏွင့္ လိပ္စာအစုံအလင္ကို ရွင္းလင္းျပတ္သားစြာေရးေပးၿပီး ကီဝီ့ကိုစာအုပ္ျပန္ေပးရင္း...

"တကယ္လို႔မ်ား တကယ္လို႔မ်ားေပါ့ေလ မိုေလးျပန္ၿပီးသတိရလာခဲ့မယ္ဆိုရင္ ညေနဖက္ပိုးစုန္းၾကဴးေလးေတြရွိတဲ့ေနရာမွာကၽြန္ေတာ္ေစာင့္ေနမယ္လို႔ေျပာေပးပါ"

"အဲ့အတြက္စိတ္မပူပါနဲ႔ အစ္မအကုန္အဆင္ေျပေအာင္လုပ္ေပးမယ္"

ႏွစ္ဦးတည္းသိေသာ စကားဝွက္ျဖင့္ အမွာစကားပါးလိုက္ပါသျဖင့္ ကီဝီဘာကိုဆိုလိုမွန္းမသိေပမယ့္ ေျပာေပးမည္ဟူေသာကတိကိုေတာ့ သူေပးလိုက္သည္။

"ဒါဆိုကၽြန္ေတာ့္ကိုသြားခြင့္ျပဳပါ"

"အင္းအင္း"

ကီဝီ့ကိုျပဳံးျပၿပီး ေနကာမ်က္မွန္ျပန္တပ္ကာ အခန္းထဲမွထြက္လာခဲ့သည္။ဆိုင္အတြင္းထဲက မိန္းကေလးမ်ားမွာေတာ့ ယခုအခ်ိန္ထိေတာင္မျပန္နိုင္ေသးဘဲ ႏွိုင္းကိုၾကည့္ခ်င္ေနပုံရသည္။ႏွိုင္းထြက္လာေတာ့ မိန္းကေလးေတြအကုန္သမင္လည္ျပန္ၾကည့္ေနၾကသည္မွာ ႏွိုင္းကိုမွန္တစ္ခ်ပ္လို႔ထင္ေနၾကသည္လားမသိ။အလကားရတိုင္းေခ်ာေမာမွုကိုအျပည့္အဝခံစားေနၾကသည္။

ႏွိုင္းျမန္ျမန္ဆန္ဆန္ပင္ ဆိုင္ထဲမွထြက္၍ကားေပၚသို႔တက္ကာေမာင္းထြက္လာသည္။ကားေမာင္းေနရင္း လည္ပင္းမွဆြဲႀကိဳးကိုကိုင္ကာ..

ဒီဆြဲႀကိဳးေလးကို ပိုင္ရွင္ျဖစ္တဲ့ကေလးဆီ ကိုယ္ျပန္ပို႔ေပးမွာပါ။ ဒါေၾကာင့္ေက်းဇူးျပဳၿပီးျမန္ျမန္သတိရလာပါေတာ့ ကေလးရယ္...ကိုယ္ရင္ေမာလွၿပီ။

ထို႔ေနာက္အျပင္သို႔ထြက္ေနေသာဆြဲႀကိဳးကို အက်ီအတြင္းထဲျပန္ထည့္လိုက္ၿပီး ကုမၸဏီသို႔ကားဆက္ေမာင္းသြားေတာ့သည္။
______________________

ကူကူးေဆး႐ုံကေနဆင္းလာၿပီးကတည္းက အျပင္မထြက္ဘဲအိမ္ထဲမွာသာ အိပ္လိုက္၊စားလိုက္ႏွင့္အခ်ိန္ကုန္ေနခဲ့ပါသည္။ဧည့္ခန္းထဲရွိဆိုဖာေပၚတြင္ လက္တစ္ဖက္ကို‌ေခါင္း‌ေနာက္တြင္ထားကာဖိၿပီးပက္လက္လွဲေနရင္း က်န္တစ္ဖက္ႏွင့္ဖုန္းၾကည့္ေနသည္။

Facebook newfeeds တြင္ေပၚလာသမၽွပုံမ်ားအား like‌မေပးဘဲေက်ာ္ကာၾကည့္ေနရင္း ပန္းပုံေတြတက္လာသည္ကိုျမင္ေတာ့....

ဒီပန္းက ကာေနးရွင္းဆိုတဲ့ပန္းမလား တစ္ေနရာရာမွာ ေတြ႕ဖူးေနသလိုပဲ ေအာ္... သိၿပီ ဟိုတစ္ခါ မႀကီးေမေလးေစ့‌စပ္ပြဲတုန္းက မကီလက္‌ေဆာင္ေပးတဲ့ပန္းပဲ ဒါနဲ႔ေနပါအုံး မကီဘာလို႔ဒီပုံေတြတင္ထားတာလဲ။

တစ္ဖက္လွည့္နည္းျဖင့္ ကိုယ္တိုင္ပုံကိုမျပပဲ ဖုန္းထိုင္သုံးေနေသာကူကူးျမင္ေစရန္အတြက္ ကီဝီရွိသမၽွဉာဏ္အကုန္ထုတ္သုံးကာစဥ္းစားၿပီး ပုံတင္ထားျခင္းျဖစ္သည္။ထို post တြင္ ကာေနးရွင္း အနီေရာင္၊အျဖဴေရာင္၊အျပာေရာင္၊အဝါေရာင္ စသည့္အေရာင္စုံပါေသာပုံမ်ားတင္ထားသည္။တစ္ပုံခ်င္းစီ၏ေအာက္တြင္လည္း အေရာင္တစ္မ်ိဳးလၽွင္အဓိပၸာယ္တစ္မ်ိဳးစီရွိေၾကာင္း ေရးေပးထားသည္။

ပထမဆုံးပုံမွာ အျပာေရာင္ျဖစ္ၿပီး ဒုတိယပုံမွာေတာ့အဝါေရာင္ျဖစ္သည္။အျပာေရာင္၏အဓိပၸာယ္ကို ကီဝီေျပာျပဖူးသည့္အတြက္မဖတ္ေတာ့ပဲေက်ာ္ကာ ဒုတိယေျမာက္ပုံျဖစ္ေသာ အဝါေရာင္ကာေနးရွင္းေအာက္မွစာကိုဖတ္ေနသည္။

အဝါေရာင္က ကိုယ္မႏွစ္သက္တဲ့လူတစ္ေယာက္ကိုျငင္းဆိုတဲ့အခါမ်ိဳးမွာသုံးရတယ္ မေကာင္းတဲ့သေဘာဖက္ေရာက္လို႔သိပ္ၿပီးသုံးေလ့သုံးထ‌ေတာ့မရွိဘူး။
အနီရင့္ေရာင္က ဝမ္းနည္းမွု၊စိတ္ထိခိုက္မွုဆိုတဲ့ အဓိပၸာယ္ရွိသလို အနီေဖ်ာ့‌က နက္ရွိုင္းေသာအခ်စ္လို႔လည္း ႏွစ္မ်ိဳးရွိပါတယ္။
အျဖဴေရာင္က‌ေတာ့ သိမ္ေမြ႕တယ္၊ျဖဴစင္တယ္ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကိုကံေကာင္းေစခ်င္တဲ့အခါ ဒါမွမဟုတ္ျဖဴစင္တဲ့အခ်စ္ကိုသက္ေသျပခ်င္တဲ့အခါသုံးလို႔ရတဲ့ပန္းေလးျဖစ္တယ္။

ကူကူးတစ္လုံးခ်င္းစီကိုလိုက္ဖတ္ၿပီး ပုံကိုပါၾကည့္ေသာ္လည္း ဘာမွမထူးျခားေပ။ ဗဟုသုတတစ္ခုရသြားသည္ဟူေသာစိတ္ေၾကာင့္ ခံစားခ်က္လည္းတစ္စုံတစ္ရာလည္းမရွိခဲ့ေပ။ထို႔ေၾကာင့္ ပထမဆုံးနည္းလမ္းမွာေတာ့ ‌ေအာင္ျမင္ခဲ့ျခင္းမရွိေပ။

ထို႔ေနာက္ဒုတိယတစ္ရက္ေျမာက္ေန႔တြင္လည္း အနီေရာင္ကာေနးရွင္းပုံေတြထပ္တင္ျပန္ပါသည္။ကူကူး စိတ္မဝင္စားသည္ကိုေတြ႕သျဖင့္ ကီဝီကူကူးအခန္းရွိရာအေပၚထပ္သို႔တက္လာခဲ့သည္။

"ကူကူး ငါဝင္လာၿပီေနာ္"

တံခါးေခါက္ကာ ကီဝီအခန္းထဲသို႔ဝင္လာခဲ့သည္။ကူကူးေဘာင္းဘီတိုႏွင့္ တီရွပ္လက္ျပတ္တစ္ထည္ဝတ္ကာ ျပတင္းေပါက္ေရွ႕တြင္မတ္တပ္ရပ္ေနသျဖင့္ ကီဝီကူကူးေဘးတြင္သြားရပ္ကာ ျပတင္းေပါက္ေဘာင္ေပၚတြင္လက္တင္လိုက္သည္။

"ဘာေျပာစရာရွိလို႔လဲ ခုတေလာထူးထူးဆန္းဆန္းပန္းပုံေတြခ်ည္းပဲ တင္ေနတယ္ေနာ္"

"အဲ့တာလား ဘာမွမဟုတ္ဘူး ဒီအတိုင္းစိတ္ကူးေပါက္လို႔တင္လိုက္တာ ဒါနဲ႔ေလ ကူကူးနင္ဒီရက္ပိုင္း စိတ္ပင္ပန္းသြားရတာဆိုေတာ့ အိမ္ေမြ႕ခ်ၿပီး စိတ္ဖိစီးမွုသြားေလၽွာ့ၾကည့္ၾကမလား ဆရာဝန္တစ္ေယာက္အိပ္ေမြ႕ခ်ေပးတာေကာင္းတယ္လို႔ေျပာတယ္"

"သြားေလရတယ္ အဆင္ေျပတယ္"

"တကယ္ေနာ္ ဒါဆိုမနက္ျဖန္အတူတူသြားၾကမယ္"

"အင္း"

ကီဝီေျပာစရာရွိသည္ကိုေျပာၿပီး အခန္းထဲမွခုန္ဆြခုန္ဆြႏွင့္ထြက္သြားသည္။ဒီေလာက္ဆိုရင္ အႀကံအစည္မွာတစ္ဝက္နီးနီးေအာင္ျမင္သြားၿပီျဖစ္သည့္အတြက္ ဝမ္းသာအားရျဖစ္ေနသည္။ေဒၚမာလာကိုလည္း ေျပာျပၾကည့္ေတာ့ လက္ခံသျဖင့္ အေျခအေနေတာ့ေကာင္းသည္။

အိပ္ေမြ႕ခ်တာက စိတ္ညႇို႔တာနဲ႔အတူတူပဲဆိုေတာ့... ငါ‌ေမ့‌ေနတဲ့ အရင္ကအျဖစ္အပ်က္ေတြ ျပန္မွတ္မိလာေလာက္မယ္ထင္တယ္။မွတ္မိလည္းေကာင္းတာပဲ ဒါမွ...ဒီဒဏ္ရာကဘာေၾကာင့္ရတာလည္းဆိုတာသိရမွာ ၿပီးေတာ့ ငါကဘယ္သူလဲဆို‌တာကိုေရာပဲ..။

ကူကူးလည္း ရင္ဘတ္မွဒဏ္ရာကိုစမ္းကာ ထိုစိတ္ကူးျဖင့္ကီဝီေျပာသည္ကို အသာတၾကည္လက္ခံလိုက္ျခင္းပင္။

ဒိုင္ယာရီစာအုပ္ေလးကိုေနာက္တစ္ေခါက္ထပ္ၿပီးဖတ္ၾကည့္ရင္ေကာင္းမယ္...။

စားပြဲခုံေပၚတြင္တင္ထားေသာဒိုင္ယာရီေဟာင္းေလးကိုဆြဲယူကာ အိပ္ရာ‌ေပၚသို႔တက္၍ ဝမ္းလ်ားေမွာက္ကာအိပ္ၿပီး စာအုပ္ကိုဖြင့္လိုက္သည္။

တစ္ရြက္ခ်င္းစီလွန္ကာ အစမွျပန္ဖတ္ၾကည့္ေနသည္။ယခုအႀကိမ္ႏွင့္ဆိုလၽွင္ ငါးႀကိမ္ေျမာက္ရွိၿပီျဖစ္သျဖင့္ အလြတ္နီးပါးမွတ္မိေနၿပီ။စာရြက္ကိုလွန္ရင္းလွန္ရင္းႏွင့္ ေနာက္ဆုံးစာမ်က္ႏွာသို႔ေရာက္သြားခဲ့သည္။

ဖတ္ၿပီးသည္မွာငါးခါေျမာက္ျဖစ္ေသာ္လည္း ထိုေနာက္ဆုံးစာမ်က္ႏွာကိုေတာ့ မဖတ္ၾကည့္ျဖစ္ခဲ့ပါ။ထိုစာမ်က္ႏွာရွိ ေခါင္းစဥ္ကိုအသံထြက္ကာဖတ္လိုက္သည္။

ကိုကိုေပးဖူးေသာအရာမ်ား နံပါတ္တစ္-ပိေတာက္ပန္း၊ ႏွစ္ -ကာေနးရွင္း၊ သုံး-ဆင္တူလက္စြပ္ ၊ ေလး-အမွတ္တရလက္ပတ္ ၊ ငါး-ဆြဲႀကိဳး။

ပစၥည္းအေသးစိတ္အား အစီအစဥ္တက်ေရးထားသည္မွာ အင္မတန္ပင္တန္ဖိုးထားေၾကာင္းသိသာသည္။ကူကူး ထိုစာကိုဖတ္ၿပီးေတာ့ စိတ္ထဲတြင္ထင့္ေနေသာအရာတစ္ခုရွိသည္။၎မွာ ကာေနးရွင္းဟူေသာအခ်က္ပင္။အစ္မျဖစ္သူကီဝီကလည္း အဲ့ပုံေတြတင္တယ္၊ခုလည္း မိုဝီရခဲ့ဖူးတဲ့ပစၥည္းစာရင္းထဲမွာပါေတာ့ ကူကူးအတြက္စဥ္းစားစရာတစ္ခုျဖစ္ေနခဲ့သည္။

သို႔ေသာ္ စိတ္ထင္သည္အေနႏွင့္ေခါင္းထဲမွထုတ္ကာ ခုတင္ေဘးကခုံေပၚကိုစာအုပ္တင္ထားလိုက္သည္။လုပ္စရာမရွိသျဖင့္ ပ်င္းေနသည္မို႔အိပ္ဖို႔သာဆုံးျဖတ္လိုက္ၿပီး ဖက္ေခါင္းအုံးကိုခြကာ ဟိုလွိမ့္သည္လွိမ့္ႏွင့္ မၾကာခင္မွာဘဲ အိပ္ေပ်ာ္သြားသည္။
__________________

ယေန႔မွာ ဆရာဝန္သြားေတြ႕ရမည့္ရက္ျဖစ္ေသာေၾကာင့္ ကီဝီႏွင့္ကူကူး ႏွိုင္းဘိုကင္လုပ္ေပးထားသည့္ဦးေက်ာ္စြာထံသို႔ေရာက္လာခဲ့ၾကသည္။

"လာသား...ဒီမွာထိုင္"

ဦးေက်ာ္စြာမွာ အသက္ငါးဆယ္ေက်ာ္အရြယ္ျဖစ္ေသာ္လည္း ႏုပ်ိဳေနစဲပင္။ေဆးခန္းကိုလာကုသမၽွ ေဝဒနာရွင္ေတြအားလံုးကိုခ်ိဳသာ‌ေသာအၿပံဳးမ်ားပင္ ႏွုတ္ဆက္ေလ့ရွိသူျဖစ္သည္။

ဆရာဝန္ထိုင္ခိုင္းေသာပက္လက္ကုလားထိုင္ေပၚတြင္ကူကူးထိုင္ကာလွဲခ်လိုက္သည္။ထို႔ေနာက္ မ်က္လႊာကိုေျဖညႇင္းစြာခ်ထားလိုက္သည္။

"အသက္ကိုျဖည္းျဖည္းခ်င္းရွုထားသား ပခုံးေပၚမွာရွိတဲ့အားေတြအကုန္ေလၽွာ့ထား၊ခႏၶာကိုယ္ကို ေလထဲမွာလြင့္ေနတယ္ဆိုတဲ့စိတ္ကေလးသြင္း အခုခ်ိန္မွာဘယ္ဘက္ပခုံးေၾကာ၊ညာဘက္ပခုံးေၾကာ ဘယ္ညာပခုံးေၾကာမွာရွိတဲ့အားေတြအကုန္လုံးကိုေလၽွာ့ထားလိုက္"

ကူကူးပခုံးကို လက္ေခ်ာင္းထိပ္ကေလးမ်ားျဖင့္တို႔ထိကာ အေၾကာေတြေျဖေလၽွာ့ထားရန္‌ေျပာ‌ေတာ့ကူကူး၏လက္‌ေမာင္းတို႔မွာျဖည္းျဖည္းခ်င္း အားေလ်ာ့လာသည္။

"ဘယ္ဘက္ဇက္ေၾကာ၊ညာဘက္ဇက္ေၾကာ ဇက္ေၾကာႏွစ္ခုစလုံးဆုံတဲ့ေနရာကအားေတြကို‌ေျဖေလၽွာ့ထားလိုက္ ဦးေႏွာက္ကစဥ္းစားရလြန္းလို႔ ဦးခြံေၾကာေတြေတာင့္တင္းလာတယ္၊မာေက်ာလာတယ္ ေနလို႔ထိုင္လို႔မေကာင္းေတာ့ဘူး ေခါင္းထဲမွာရွုပ္ေထြးလာတယ္ အဲ့ဒီရွုပ္ေထြးေနတာေတြ၊တင္းၾကပ္ေနတာေတြ၊မြန္းၾကပ္ေနတာေတြကိုေျဖေလၽွာ့ထားလိုက္ ေျဖေလၽွာ့ထားလိုက္တယ္လို႔ စိတ္ကူးလိုက္႐ုံနဲ႔တင္ ခ်က္ခ်င္းေျပေလ်ာ့သြားတယ္ ေျပေလ်ာ့သြားတယ္ ေျပေလ်ာ့သြားတယ္"

ဦးေက်ာ္စြာ ေျပာေနသည္ကို ကူကူးျပတ္သားစြာၾကား‌ေနရသည္။သို႔ေသာ္ စိတ္မွာေတာ့အျခားေနရာတစ္ခုသို႔ တျဖည္းျဖည္းႏွင့္လြင့္ေျမာလာသည္။

"ဘာျမင္ရလဲသား"

"ေယာက္်ားေလးတစ္ေယာက္ လက္ထဲမွာလည္းပိေတာက္ပန္းေတြပါတဲ့ပန္းစည္းတစ္ခုကိုင္ထားၿပီး ကၽြန္ေတာ့္ကိုေပး‌ေနတယ္"

"ေနာက္ေကာ ဘာျမင္ရေသးလဲ"

"ကား‌ေပၚကို‌ေရာက္သြားၿပီ ကၽြန္‌ေတာ့လက္ထဲမွာ ဆြဲ..ဆြဲႀကိဳးေလးတစ္ကုံးေတြ႕တယ္ ကၽြန္ေတာ့္စိတ္ထဲမွာေပ်ာ္ေနတယ္"

ကူကူးေဆးကုေနသည့္ပုံစံကို ကီဝီေဘးကေနထိုင္ၾကည့္ေနသည္။စိတ္ထဲတြင္ေတာ့ ျပန္မွတ္မိလာေစရန္သာဆုေတာင္းေနမိသည္။

"အဲ့ဆြဲႀကိဳးကိုဘယ္သူေပးတာလဲ"

"ေယာက္်ားေလးတစ္ေယာက္ပဲ"

"သူ႔မ်က္ႏွာကိုေသခ်ာၾကည့္ပါအုံး သူဘယ္သူလဲဆိုတာ"

"မျမင္ရဘူး သူ႔မ်က္ႏွာကဝါးေနတယ္"

ကူကူးေျဖသမၽွကို ဦးေက်ာ္စြာေမးခြန္းတစ္ခုခ်င္းျပန္ေမးကာ အတိတ္မ်ားကိုေဖာ္ထုတ္ေနသည္။တစ္ခ်ိဳ႕တစ္ဝက္ကိုေတာ့ မ်က္လုံးထဲတြင္ျပန္ျမင္ေယာင္လာ‌ေသာ္လည္း ပုံရိပ္မွာေတာ့ ေဝဝါးေနေသးသည္။

"အ..အား"

ကူကူးေအာ္သံေၾကာင့္ ကီဝီစိုးရိမ္သြားသည္။အတိတ္ကိုျပန္မွတ္မိေစခ်င္ေသာ္လည္း မေကာင္းေသာမွတ္ဉာဏ္မ်ားကိုေတာ့ ျပန္မျမင္ေယာင္ေစခ်င္ခဲ့ပါ။

"ဘာျဖစ္တာလဲသား စိတ္ေအးေအးထားပါ သားဘာေတြျမင္ေနရလဲဆိုတာဆရာ့ကိုေျပာျပ"

"ကၽြန္ေတာ့္ကို ကား..ကားတစ္စီးဝင္တိုက္လိုက္တယ္ အေဝးႀကီးကိုလြင့္သြားၿပီး ေသြးအိုင္ထဲမွာလဲေနတယ္ ေနာက္...ေနာက္ၿပီး လူတစ္ေယာက္ကၽြန္ေတာ့္ကိုေပြ႕ခ်ီထားတယ္"

"မေၾကာက္နဲ႔သား အသက္ကိုပုံမွန္ရွု အခုသားဘယ္ကိုေရာက္သြားၿပီလဲ"

ကူကူးမ်က္လံုးအစြန္းအဖ်ားက‌ေန မ်က္ရည္စေလးေတြက်လာကာ အသက္ရွူလည္းနည္းနည္းျမန္လာသည္။

"အခုတစ္ျခားေနရာကိုေရာက္သြားျပန္ၿပီ ကၽြန္ေတာ္ကားတစ္စီးရဲ့‌ေနာက္ခန္းမွာမတ္တပ္ရပ္ေနတယ္ ေရေတြလည္းပက္ေနၾကတယ္"

"ဟုတ္ၿပီသား သားအျပင္ဘယ္သူေတြပါေသးလဲ"

"ေယာက္်ားေလးႏွစ္ေယာက္နဲ႔ မိန္းကေလးႏွစ္ေယာက္"

"သူတို႔နာမည္ေတြဘယ္လိုေခၚလဲ"

"လူးရိပ္၊ဇူဇူး၊ေကတုမဒီ ၿပီးေတာ့ ႏွိုင္း...ဆူးသစ္ႏွိုင္း"

သူငယ္ခ်င္းေတြရဲ့နာမည္ကိုေရာ ႏွိုင္းရဲ့နာမည္ကိုပါသတိရသြားသည့္အတြက္ ကီဝီအေတာ္ေလးဝမ္းသာေနသည္။

"သူတို႔ကသားနဲ႔ဘာေတာ္စပ္လဲ"

"လူးရိပ္၊ဇူဇူးနဲ႔ေကတုမဒီက အခ်စ္ဆုံးသူငယ္ခ်င္းေတြ ႏွိုင္း.ႏွိုင္းကေတာ့ ကၽြန္ေတာ့္ရဲ့ခ်စ္သူ"

"ဒါဆိုရင္ သားရဲ့နာမည္ကေရာ"

"ကၽြန္ေတာ္..ကၽြန္ေတာ့္နာမည္က မို..ဝီ..ထူး"

"ရၿပီသား ထလို႔ရၿပီ"

ကူကူးမ်က္လုံးေလးေတြ ျပန္ပြင့္လာၿပီးလွဲေနရာမွထထိုင္လိုက္သည္။မ်က္ႏွာေပၚတြင္စီးက်ေနေသာမ်က္ရည္တို႔သုတ္ကာ..

"ဆရာ ကၽြန္ေတာ္ကမိုဝီထူးတဲ့၊ႏွိုင္းရဲ့ခ်စ္သူမိုဝီတဲ့"

"ဟုတ္တယ္သား သား‌ကမိုဝီအစစ္အမွန္ပဲ ခုသားျမင္လိုက္ရတဲ့အရာေတြအားလုံးက လြန္ခဲ့တဲ့သုံးႏွစ္ကျဖစ္ခဲ့တဲ့ကိစၥေတြအကုန္လုံးပဲ မွတ္ဉာဏ္ဆိုတာ ေပ်ာက္တုန္းခဏပါပဲ လိုအပ္တဲ့အခ်ိန္က်ရင္ေတာ့ျပန္ေပၚလာရတာပဲ သားရဲ့ဦးေႏွာက္က ထိပ္လန႔္မွုေတြ၊ေၾကာက္ရြံ့မွုေတြေၾကာင့္ ရွိခဲ့ဖူးတဲ့မွတ္ဉာဏ္အစိတ္အပိုင္းအခ်ိဳ႕ကိုဖ်က္ပစ္လိုက္တာ ခုဆရာတို႔ျပန္ရွာေဖြလိုက္ေတာ့ ပုန္းေနတဲ့ေနရာကေနျပန္ထြက္လာၾကတာ"

ကူကူးေပ်ာ္လြန္းသျဖင့္ မ်က္ရည္မ်ားတစ္ဖန္က်ဆင္းလာျပန္သည္။သူအျဖစ္ခ်င္ဆုံး ဆႏၵမွာယခုျပည့္ဝသြားခဲ့ရပါၿပီ။ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ရွင္သန္ခြင့္ကိုသူထပ္မံရရွိခဲ့ပါသည္။

"ေက်းဇူးတင္ပါတယ္ဆရာရယ္ ေက်းဇူးတင္ပါတယ္"

"မလိုပါဘူးကြာ ႏွိုင္းတုန္းကလည္းဆရာပဲကုေပးခဲ့တာ သားကစိတ္ဆႏၵျပင္းျပတဲ့ကေလးျဖစ္တဲ့အတြက္ေၾကာင့္ ဒီလိုမ်ိဳးျမန္ျမန္နဲ႔သတိျပန္ရလာတာ ေတာ္႐ုံလူဆိုရင္ တစ္ပတ္ေလာက္အခ်ိန္ယူရတယ္ သားက်ေတာ့အခုတစ္ေခါက္နဲ႔တင္ အားလံုးကိုျပန္ၿပီးမွတ္မိသြားၿပီ"

ဝမ္းသာအားရျဖင့္ ဆရာဝန္ႏွင့္ဖက္ကာ ေက်းဇူးတင္စကားေျပာလိုက္ၿပီး ကီဝီ့ဘက္သို႔လွည့္ကာ..

"ေက်းဇူးတင္ပါတယ္ မကီ ကၽြန္ေတာ့္ကိုအခုလိုကူညီေပးတဲ့အတြက္"

"ေမာင္ေလးရဲ့အစ္မပဲဟာ ေက်းဇူးတင္စကားေျပာစရာမလိုပါဘူး ေအာ္..ဒါနဲ႔ ႏွိုင္းအစ္မကိုမွာလိုက္တယ္ ကူးေလးတစ္ကယ္လို႔မ်ားအတိတ္ေတြကိုအကုန္ျပန္မွတ္မိသြားခဲ့မယ္ဆိုရင္ ပိုးစုန္းၾကဴးေလးေတြရွိတဲ့ေနရာမွာ သူေစာင့္ေနပါမယ္တဲ့ အခုညေနေလးနာရီထိုးၿပီဆိုေတာ့ မွီေလာက္..."

ကီဝီနာရီကိုၾကည့္ကာ ေျပာေနသည့္စကားမဆုံးခင္မွာတင္ ကူကူးေဆးခန္းထဲမွေျပးထြက္သြားခဲ့သည္။

"ဟယ္ ဒီကေလး ငါ့ကိုထားခဲ့ၿပီ ကူးေရ ကူး"

"ေခၚမေနပါနဲ႔ေတာ့သမီးရယ္ သူတို႔ေလးေတြေပ်ာ္ၾကပါေစေတာ့"

ဦးေက်ာ္‌စြာေျပာသည္ကို ကီဝီလက္ခံသျဖင့္ ဆက္ေအာ္ေခၚမေနေတာ့ပဲ ကုသ‌ေပးသည့္အဖိုးအခကို ဦးေက်ာ္စြာထံေပးလိုက္သည္။

"မေပးနဲ႔သမီး ႏွိုင္းနဲ႔ဆရာနဲ႔ရွင္းသြားၿပီ သမီးျပန္ယူထားလိုက္ပါ"

ငါ့ေမာင္ေလးကေတာ့ ေတာ္ေတာ္အခ်စ္ခံရတာပဲ။ထိုက္တန္တဲ့လူတစ္ေယာက္ကိုလည္းေသခ်ာရွာေတြ႕ထားတာပဲ ေပ်ာ္ရႊင္ပါ‌ေစငါ့‌ေမာင္။

ကီဝီပါးစပ္ကတတြတ္တြတ္ေျပာကာ ဆရာဝန္ကိုႏွုတ္ဆက္ၿပီးအိမ္သို႔ျပန္သြားခဲ့သည္။
______________________

ႏွိုင္းမေန႔ကလည္း ဒီကန္ေရျပင္ေရွ႕မွာ‌ေရာက္လာနိုးႏုိးႏွင့္ထိုင္ေစာင့္ေနခဲ့ပါေသးသည္။သို႔ေသာ္ ဆုေတာင္းေတာ့မျပည့္ခဲ့ပါ။

ကီဝီ့ကိုေျပာခဲ့သည့္စကားအတိုင္း ‌ယေန႔ည‌ေန‌ေစာင္းတြင္လည္းကန္ေရျပင္ေရွ႕မွာထိုင္ၿပီး ေစာင့္ေနျပန္ပါသည္။
နားထဲနားၾကပ္ထည့္ကာ တစ္ခ်ိန္ကဆိုျပခဲ့ဖူးသည့္သီခ်င္းမ်ားကို မ်က္လုံးမွိတ္၍နားေထာင္ေနသည္။

"ကိုကို!"

နားၾကပ္တပ္ထားတာေၾကာင့္ ကူကူးေအာ္ေခၚေနသည့္အသံကိုႏွိုင္းမၾကားေပ။

"ကိုကို!"

ကူကူး taxi ေပၚကေနအေလာတႀကီးေျပးဆင္းလာၿပီး နာမ္စားေလးတစ္လုံးကိုအားကုန္ေအာ္ကာေခၚေနသည္။

ငါခုၾကားေနရတဲ့ ကိုကိုဆိုတဲ့အသံကစိတ္ထင္တာလား။နားၾကားပဲမွားေနတာလား....။

"ကိုကို"

ေခၚေနသည္ကို ႏွိုင္းမၾကားသျဖင့္ ကူကူးလမ္းေလၽွာက္လာၿပီး ကန္ေဘာင္ေပၚမွာထိုင္ေနသည့္ႏွိုင္း၏နားၾကပ္တပ္ထား‌ေသာနားနားေလးကိုကပ္ကာ ညင္းသဲ့သဲ့ေလသံေလးတစ္ခ်က္ျဖင့္ေျပာလိုက္သည္။

ႏွိုင္းနားၾကပ္ကိုျဖဳတ္ကာ ေဘးသို႔လွည့္လိုက္ေတာ့ ရယ္ျပေနေသာကူကူးကိုထင္ထင္ရွားရွားျမင္လိုက္ရသျဖင့္ လန႔္သြားခဲ့သည္။အဘယ္‌ေၾကာင့္ဆို‌ေသာ္ ထိုသို႔ေရာက္လာမည္ဟုႏွိုင္းမထင္ထားမိခဲ့‌ေပ။

"ကေလး...တကယ္ပဲကိုယ့္ရဲ့ကေလးလား"

ႏွိုင္းေမးသည္ကိုမေျဖေသးဘဲ ႏွိုင္း၏ေဘးတြင္ထိုင္ခ်လိုက္ၿပီးကာမွ...

"ကိုကို႔ရဲ့ကေလးမိုဝီေလ ကိုကိုကေလးကိုျမင္ရတာဝမ္းမသာဘူးလား"

ဝမ္းမသာတာမဟုတ္ဘူး ကိုယ္အံ့ဩသြားတာ။
ကေလးဆီက ကိုကိုဆိုတဲ့အသံကိုျပန္ၿပီးၾကားလိုက္ရလို႔ ကိုယ္စိတ္လွုပ္ရွားသြားတာ။

အသက္ရွုသံေတြျမန္လာကာ ႏွိုင္းေျပာစရာစကားမ်ားလြန္း၍ ဘယ္ကေနစေျပာရမွန္းမသိျဖစ္ေနစဥ္ ကူကူးႏွိုင္းပါးကို အားပါပါႏွင့္ဆြဲညႇစ္လိုက္သည္။

"အား..နာတယ္"

"အိပ္မက္မက္ေနတာမဟုတ္ဘူးကိုကိုေရ တကယ္ျဖစ္ေနတာ"

"ကေလးကိုယ့္ကိုတကယ္မွတ္မိသြားၿပီေပါ့ ဝမ္းသာလိုက္တာ"

ႏွိုင္း ဝမ္းသာအားရႏွင့္ကူကူးကိုတင္းတင္းၾကပ္ၾကပ္ပင္ ဆြဲဖက္ထားလိုက္သည္။

"အသက္ရွုၾကပ္တယ္ လႊတ္ပါအုံး"

လက္ေမာင္းကို တျဖန္းျဖန္းရိုက္ကာ လႊတ္ေပးရန္ေျပာေတာ့မွ ဖက္ထားေသာလက္တို႔ကို ျဖည္ခ်ေပးသည္။

သုံးႏွစ္တာေမ့ေပ်ာက္ထားခဲ့မိတဲ့အတြက္ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ႏွိုင္း.....။
အခုခ်ိန္ကေနစၿပီး မခ်စ္ေပးမိခဲ့တဲ့ သုံးႏွစ္စာအတြက္အတိုးေကာ၊အရင္းပါစုၿပီး ခ်စ္ေပးပါမယ္လို႔ကၽြန္ေတာ္ကတိေပးပါတယ္။
ႏွိုင္းအျပဳံးေလးေတြကို ကၽြန္ေတာ္ထပ္ျမင္ခြင့္ရခဲ့ပါၿပီ။
ေက်းဇူးတင္ပါတယ္ မိုးနတ္မင္းႀကီးရယ္ ၿပီးေတာ့ကူကူး မင္းကိုလည္း ေက်းဇူးတင္ပါတယ္ ႏွလုံးလွူဒါန္းေပးခဲ့တဲ့အတြက္။

"ကေလး ကေလးကိုထိခိုက္‌ေအာင္လုပ္ခဲ့တဲ့လူကိုကိုယ္တို႔ဖမ္းမိသြားခဲ့ၿပီသိလား ဒီတစ္ပတ္ေသာၾကာေန႔႐ုံးခ်ိန္းရွိတယ္ အမွန္ေတာ့အဲ့႐ုံးခ်ိန္းမတိုင္ခင္ ကေလးသတိရလာပါ့မလားဆိုၿပီးကိုယ္စိုးရိမ္ေနခဲ့တာ ဒါေပမယ့္ခုေတာ့အဆင္ေျပသြားၿပီ ကိုယ္နဲ႔အတူတူ ႐ုံးခ်ိန္းကိုသြားၾကမယ္ေနာ္"

"ဒါေပါ့ သူအျပစ္ဒဏ္ခ်မွတ္ခံရမွာကို ၾကည့္မွျဖစ္မွာ ဒါမွကေလးတို႔ခံစားခဲ့ရတာေတြအတြက္ေျဖဆည္လို႔ရမွာေလ"

ႏွိုင္းအတိုင္းထက္အလြန္ကို ဝမ္းသာေနခဲ့ပါသည္။သူလြမ္း‌ေန‌ခဲ့‌ေသာမ်က္ႏွာေလးကို တစ္ဝႀကီးတစိမ့္စိမ့္ၾကည့္ေနသည္။

ႏွစ္ေယာက္မ်က္လံုးခ်င္းဆုံကာျပဳံးျပၿပီး‌ေနာက္ ကူကူးႏွိုင္းပခုံးထက္သို႔ေခါင္းေလးမွီလိုက္သည္။ႏွိုင္းလည္းကူကူးပခံုးတစ္ဖက္ကိုကိုင္ကာဖက္ထားလိုက္ၿပီး ေနဝင္ခ်ိန္ကိုအတူထိုင္ၾကည့္ေနၾကသည္။

ၿငိမ္သက္ေနတဲ့ ကန္ေရျပင္ႀကီးမွာလည္း တစ္ဖန္ျပန္လည္ကာလွုပ္ရွားလာခဲ့ပါသည္။ေက်းငွက္ကေလးမ်ား၏ တီတီတာတာ ေအာ္ျမည္သံတို႔မွာလည္း ေတးသံသာကဲ့သို႔နားဝင္ခ်ိဳၿမိန္ခဲ့ပါသည္။

အခ်စ္စစ္မွန္ရင္ မည္သို႔ပင္တားတားျပတ္ရိုးထုံးစံမရွိ‌ေပ။ဒီလူသားႏွစ္ေယာက္၏အခ်စ္မ်ားသည္လည္း စစ္မွန္ခဲ့သည့္အတြက္ အတားအဆီးဟူသမၽွကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္သြားနိုင္ခဲ့ပါသည္။

=====================

=====================
Nun's note~

         ေရးရင္းေရးရင္းနဲ႔ ရွည္သြားျပန္ပါၿပီ ေန႔လည္းကူးေနၿပီဆိုေတာ့လၽွာမရွည္ေတာ့ပါဘူး အိပ္ပါေတာ့မယ္ ညက်ရင္ျပန္ေတြ႕ၾကမယ္ေနာ္ I Remember Youဆိုတဲ့သီခ်င္းေလးနဲ႔ႏွုတ္ဆက္လိုက္ပါတယ္~

Continue Reading

You'll Also Like

14.1K 2.1K 6
HYBRID. مـ..ماذا تَكون ؟ هَجين بَين جِنسين؟ ربما. أ-تُريدين مِني أن أجربَ إمتصاصكِ لـتري؟ حِين تُجبَر على الإعتِراف بالحُب الكَاذب إلى جيون جونغكوك ا...
2.6M 147K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
3.2M 133K 59
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...