Ep_15

5.2K 637 15
                                    

Unicode

February 7,2017

Twick Hotel ထဲတွင် ခမ်းခမ်းနားနားစီစဉ်ကျင်းပနေသော ပွဲတစ်ပွဲ။ ကုမ္ပဏီအသီးသီးမှပိုင်ရှင်များ ဟိုတစ်စု သည်တစ်စုနှင့် စကားပြောနေကြ၏။ ထိုစဉ် စင်ပေါ်မှထွက်လာသော မိုက်သံတစ်ခုကြောင့် ခန်းမတွင်းရှိလူအများ၏အာရုံမှာ ထိုနေရာသို့‌ေရာက်ကုန်ကြသည်။

"ကျွန်တော်ဒီဆုကိုရတဲ့အတွက် အရမ်းဝမ်းသာပါတယ် အခုဒုတိယဆုရပေမယ့် နောက်တစ်နှစ်ကျွန်တော်ပထမနေရာကိုရအောင် ကြိုးစားသွားပါ့မယ် ကျေးဇူးတင်ပါတယ်"

သားသားနားနားဝတ်စားထားသော Bring Brilliant Company ၏ဒုသူ‌ေဌးရောင်စဉ် လက်တစ်ဖက်တွင်ပန်းစည်းနှင့်နောက်တစ်ဖက်တွင် ရွှေဒိုင်းတစ်ခုကိုင်ထားလျက် ဆုရရှိ၍ ဝမ်းမြောက်ကြောင်းကျေးဇူးတင်စကားအား စင်ပေါ်တွင်ရပ်ကာပြောကြားနေသည်။

ရောင်စဉ်ဆင်းသွားပြီးနောက်တွင် စင်ပေါ်သို့နှိုင်းတက်လာခြင်းကြောင့် ခန်းမထဲ၌ လက်ခုပ်ဩဘာ‌သံများ လွှမ်းခြုံသွားခဲ့သည်။

"အဲ့ကောင်လေးတော်တော့်ကိုတော်တယ် အသက်အရွယ်နဲ့မလိုက်အောင် အရည်အသွေးကလည်းပြည့်တယ်"

ဘေး‌တွင်ရပ်နေကြသော ကုမ္ပဏီပိုင်ရှင်များ၏ချီးမွမ်းသံကြောင့် ရောင်စဉ်မကျေမနပ်ဖြစ်လာသည်။ အတ္တကြီးသူတစ်ယောက်ဖြစ်သည့်အလျောက် သူ့ကိုကျော်တက်သွားလျှင် ဒေါသအမျက်တထောင်းထောင်းထွက်တတ်သည်။

သူနဲ့ငါနဲ့ကအသက်အရွယ်လည်းအတူတူပဲ‌ေလ ငါ့ကိုကျတော့ဒီလိုမျိုးမချီးကျူးပဲနဲ့ သူ့ကိုကျဘာလို့ဒီလောက်တောင်ဖြစ်ပြနေရတာလဲ။ပထမနေရာလေးရသွားတာနဲ့ပဲ အကုန်လုံးကမြှောက်စားနေကြ‌ေရာလား။

"ကျွန်တော်ဒီနေရာမှာရပ်တည်နိုင်ခဲ့တာ ကျွန်တော့်ဝန်ထမ်းတွေရဲ့ကြိုးစားမှုတွေလည်းအများကြီးပါပါတယ် သူတို့သာမကြိုးစားရင်ကျွန်တော်ဒီနေရာကိုရောက်ခဲ့မှာတောင်မဟုတ်ပါဘူး အကုန်လုံးကိုဒီ‌ေနရာကပဲကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်"

အပိုတွေလုပ်နေတယ်..ဟန်ဆောင်မှုတွေနဲ့ပြည့်နက်နေတာအသိသာကြီးကို အဆန်းလုပ်လို့။

သူမှလွဲ၍ _CompletedWhere stories live. Discover now