Ep_10

6.1K 815 14
                                    

Unicode

"ရဲမှူး‌ဇော်ဏေ ခုစခန်းမှာရိှလားဗျ"

"ဟုတ်ကဲ့ ရဲမှူးကြီးရုံးခန်းထဲမှာရိှပါတယ်"

တာဝန်ခံရဲမေတစ်ဦးမှ ရုံးခန်းသို့လမ်းပြပေးသည်။

"ဟာ နိှုင်း ဒီကို ဘာကိစ္စရိှလို့လဲ"

"ကိစ္စရိှမှလာရမှာလားဗျာ"

မထင်မှတ်ထားသော ဧည့်သည်ရောက်လာသဖြင့် ဇော်ဏေအံ့ဩသွားပြီးနောက်မှ ပြုံးပြုံးရယ်ရယ်နှင့်နှုတ်ဆက်သည်။ ရဲတစ်ယောက်၏အခန်းပီသသည်။ မျက်စိရှုပ်စရာဟူ၍မရှိ ရှင်းရှင်းလင်းလင်းနှင့် သပ်ရပ်သည်။ အခန်းထဲ၌ စားပွဲခုံတစ်လုံးနှင့် ခုံနှစ်ခုံသာထားထားသည်။

"မဟုတ်ပါဘူးငါ့ညီရာ မတွေ့တာကြာလို့ အကိုအံ့ဩသွားလို့ပါ ငါ့ညီလာမယ်လို့မှမထင်တာ"

"ကျွန်တော်စတာပါဗျာ အမှန်တော့ကိုဇော့်ကိုမေးစရာ‌လည်းရိှလို့ပါ"

"ရပါတယ်ကွာ အရင်ထိုင်ပါအုံး"

ဇော်ဏေ နိှုင်းထိုင်ရန်နေရာချပေးသည်။ ဇော်ဏေမှာ ရဲမှူးတစ်ယောက်လည်းဖြစ်သလို မိုဝီ၏အကိုဝမ်းကွဲဆိုလည်းမမှား‌ပေ။ မိုဝီပထမဆုံး မိတ်ဆက်ပေးဖူးသောသူလည်းဖြစ်ပေသည်။ ဇော်ဏေမှာ စိတ်ထားနူးညံ့ကာဖြောင့်မတ်သူဖြစ်သဖြင့် နိှုင်း လေးလည်း‌လေးစားသည်။ ခုံပေါ်တွင်နေရာယူပြီးကာမှ စကားဆက်ပြောကြသည်။

"ဟိုလူ့အကြောင်း သတင်းဘာတွေရသေးလား"

"သူကလောကို ထွက်ပြေးသွားပြီးကတည်းက အကိုလည်းဘာသတင်းမှမကြားတော့တာ အကိုကိုင်ရတဲ့အမှုတွေကလည်းများတော့ သတိမထားမိတာလည်းပါတယ် မိုဝီ့မိဘတွေကလည်း မိုဝီဆုံးသွားပြီးကတည်းက အိမ်ပြောင်းသွားကြတာဆိုတော့ အဒေါ်တို့နဲ့အဆက်အသွယ်မရတာတော်တော်ကြာပြီ"

မိုဝီမဆုံးခင်တစ်လလောက်အလိုကပင် ချင်းပြည်ကို တာဝန်ကျသဖြင့် သွားရောက်ထမ်းဆောင်နေရသည်။ ရဲဝန်ထမ်းတစ်ယောက်အဖို့ တိုင်းပြည်ကချမှတ်ထားသောတာဝန်ကို မလွဲမသွေထမ်းဆောင်ရမည်ပင်။

"မိုဝီဆုံးတာသွေးရိုးသားရိုး လုံးဝမဖြစ်နိုင်ဘူးကိုဇော် ကျွန်တော် သုံးနှစ်လုံးလုံးဆက်တိုက်စုံစမ်းနေပေမယ့် အထောက်အထားခိုင်ခိုင်လုံလုံမပြနိုင်သေးဘူး"

သူမှလွဲ၍ _CompletedWhere stories live. Discover now